Channel Myanmar

Harish Dudhade

Fussclass Dabhade (2025) 6.1
Fussclass Dabhade (2025) Fussclass Dabhade (2025) "ချစ်ခြင်းမေတ္တာအပိုင်းအစများ"မာရသီစကားပြော အိန္ဒိယမိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ခုနောက်ပိုင်း မာရသီစကားပြောရုပ်ရှင်တွေ ဆက်တိုက်တင်ဆက်ပေးခဲ့တာမှာ တွေ့ရသလောက် ဇာတ်ကြောင်းက မင်သက်ရလောက်အောင်ထိမဖြစ်တောင် ဇာတ်လမ်းကို အငြိမ့်လေးနဲ့ ခံစားမှုတစ်ခုခုရအောင် ရိုက်ကူးထားတာကို တွေ့ရပါတယ်။ဒီရုပ်ရှင်မှာဆိုလည်း မိသားစုညီကိုမောင်နှမတွေကြား၊ သူငယ်ချင်းတွေကြား၊ အမျိုးတွေကြားက သံယောဇဉ်အနှောင်အဖွဲလေးတွေနဲ့ အထင်လွဲမှားမှုတွေကို သဘာ၀ကျကျ ဖန်တီးရိုက်ကူးထားပါတယ်။ဒါဘာဒေမိသားစုက အငယ်ဆုံးသားမင်္ဂလာဆောင်မှာ မောင်နှမတွေ ဆွေမျိုးတွေ ပြန်ဆုံစည်းကြတာကစ သားလတ်ရဲ့ မိသားစုအပေါ်ရှိခဲ့ဖူးတဲ့ စိတ်အစာမကြေမှုလေးတွေ၊ အငယ်ဆုံးကောင်ရဲ့ ဇနီးလောင်းနဲ့ တလွဲဖြစ်ကြတာလေးတွေကို ဟာသတစ်လှည့် အတည်တစ်လှည့်နဲ့ မပျင်းရအောင်ရိုက်ကူးတင်ဆက်ထားတာမို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ဖြစ်ပါတယ်) File size…2.46 GB  / 1.23 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 36mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM BOLLYWOOD TEAM
movie

Fussclass Dabhade (2025)

CTRL (2024) 6.4
CTRL (2024) Ctrl 2024 ကွန်ထရိုးIMDb - 6.4/10 နယ်လာနဲ့ဂျိုးက အန်ဂျွိုင်းဆိုတဲ့ ဘလော့ချန်နယ်လေးကို စထောင်ခဲ့တဲ့ ဆိုရှယ်မီဒီယာမှာ လူတိုင်းအားကျရတဲ့ ဆယ်လီအတွဲပေါ့။ဘလော့ဂါဆယ်လီအတွဲပီပီ ဘလော့ရိုက် ဈေးရောင်းရင်းနဲ့ပဲဘဝကို ဖြတ်သန်းနေတာပေါ့လေ ။ ဒီလိုနဲ့ ချစ်သူသက်တမ်း ၅ နှစ်ပြည့်မှာ နယ်လာတစ်ယောက် လိုက်ဖ်လွှင့် ဂျိုးကိုစပရိုက်စ်သွားအတိုက်မှာ ဟိုက စပရိုက်အကြီးကြီးနဲ့ ကြိုဆိုလိုက်ပါသတဲ့။အဲဒါကတော့ ဘုရားစူး သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်လေးနဲ့ ဂျိုးတစ်ယောက် ပါတီမှာ အနမ်းချင်းဖလှယ်နေတာကို နယ်လာကတန်းမြင်သွားတာပါပဲ။ တွဲခဲ့တဲ့အချိန်တွေလည်းကြာပြီမလို့ လူနေမှုဘဝမှာရော အလုပ်မှာ ဘလော့ဂ်မှာ ဆိုရှယ်မီဒီယာမှာ ဂျိုးရဲ့အရိပ်တွေက စိုးမိုးနေတဲ့အပြင် ပါတီမှာသောင်းကျန်းခဲ့တဲ့နယ်လာရဲ့လိုက်ဖ်ကြောင့် လူတိုင်းက ဂျိုးဘက်ကပါနေကြလို့ ဘဲကပစ် အလုပ်ကမပြေ အထီးကျန် ဒီပျက်ရှင်ကောင်မဇိုးလေးဖြစ်နေရင်းကနေ ctrlapp.inဆိုတဲ့Chat Bot AIတစ်ခုနဲ့ အာရုံပြောင်းဖို့လုပ်ရာက....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ်) File size… 1.32 GB / 667 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 39m Subtitle….Myanmar Subtitle ...
movie

CTRL (2024)

Pawankhind (2022) 9.5
Pawankhind (2022) Pawankhind 2022ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ အိန္ဒိယသမိုင်းနောက်ခံစစ်ရာဇဝင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။အိန္ဒိယရာဇဝင်မှာနာမည်ကျော်တဲ့ ပါဝမ်ခိုင်စစ်ပွဲအကြောင်းကိုမှတ်တမ်းမှတ်ရာတွေနဲ့ သူတို့ကိုးကွယ်ရာနတ်ဘုရားတွေနဲ့ပတ်သက်တဲ့လူကြီးတွေရဲ့ပါးစပ်ရာဇဝင်တွေ ပေါင်းစပ်ပြီး အချက်အလက်တွေထက်ရသဘက်ကိုဦးစားပေးရိုက်ကူးထားတယ်လို့ဆိုနိုင်ပါတယ်။ဆစ်ဒီဂျိုဟာရဲ့စစ်သည်တော်တွေဟာ ရှီဗာဂျီမာဟာရဂ်ျကို ပန်ဟာလာခံတပ်မှာလပေါင်းများစွာဝန်းရံထားသောကြောင့် အဝိုင်းခံတပ်များကပါးနပ်လှသောညနည်းဗျူဟာများဖြင့် ကြိုးပမ်းရုန်းထွက်ကြပုံကိုပုံဖော်ထားပြီး မာရသာစစ်သည်တော်တွေရဲ့ဘဝကိုအခြေခံရိုက်ကူးထားပါတယ်။Historical/Action/Drama ဖြစ်ပြီးနှစ်နာရီခွဲကြာပေမယ့်ထိုင်ရာမထကြည့်ချင်လောက်အောင် ဆွဲခေါ်သွားနိုင်တဲ့ဇာတ်ကားမျိုးဖြစ်လို့လက်မလွှတ်တမ်းကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ။  File size…2.9GB / 1.5GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 33min Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Shwe Pyae & Honey & Haruko
movie

Pawankhind (2022)

2022