Channel Myanmar

Harby Sangha

Tenu Ghodi Kinney Chadaya (2025) 4.1
Tenu Ghodi Kinney Chadaya (2025) Tenu Ghodi Kinney Chadaya 2025 ( ဘန်တီနှင့် ဘာဘီတို့ရဲ့ မင်္ဂလာဆောင်ပွဲလေး)ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ ပန်ချာပီ ဟာသကားလေးဖြစ်ပါတယ်။ဘဝမှာ အိပ်မက်တစ်ခုပဲရှိပါတယ်၊ အဲဒီအိပ်မက်ကတော့ မိန်းမယူချင်တာပါဆိုတဲ့ ဘန်တေဆိုတဲ့ကောင်လေးဟာ ရွာပတ်ဝန်းကျင်မှာပါ ဂုဏ်သတင်းတစ်ခုနဲ့ နေတဲ့ ဇိုရာဝါဆင်းဂ်ဆိုတဲ့ လူကြီးရဲ့ မြေးမလေး ဘာဘီနဲ့ လက်ထပ်ဖို့အတွက် ဖြစ်လာပါတော့တယ်။မင်္ဂလာပွဲလုပ်ဖို့အတွက် ဘန်တေတစ်ယောက် ဘာဘီရှိရာ ရွာလေးကို ရောက်လာခဲ့ပါတော့တယ်။အဲဒီမှာ ဇိုရာဝါဆင်းဂ်တို့ အိမ်က စားပွဲထိုးတဲ့သူတွေအကုန်လုံးဟာ သေနတ်ကိုယ်စီကိုင်ထားတာကို ထူးဆန်းစွာ တွေ့လိုက်ရပါတယ်။ ဒီနောက်မှာတော့ ဇိုရာဝါဆင်းဂ်ရဲ့ လူတွေဟာ ဘန်တေ့ကို မင်္ဂလာပွဲကနေ ပြန်ပေးဆွဲသွားရာကဘာဘီတစ်ယောက် သူ့ သတို့သားလောင်းလေးကို ဘယ်လို ဘယ်ပုံ လိုက်လို့ရှာမလဲဆိုတာကို ဟာသလေးတွေနဲ့အတူ ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Cym~ V~ KKKZ~ Zwe Yan တို့ပဲဖြစ်ပါတယ်) File size… 2 GB/ 1 GB Quality…WEB DL ...
movie

Tenu Ghodi Kinney Chadaya (2025)

Bina Band Chal England (2023) 6.3
Bina Band Chal England (2023) Bina Band Chal England (2023) "အင်္ဂလန်မှဖူးစာ"ဒီတစ်ခါမှာတော့ ပန်ချာပီ အချစ်ဟာသဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ဂူမန်က ဂူလင်းဆိုတဲ့ကောင်မလေးနဲ့ UK မှာ စတွေ့ကာ ချစ်သူတွေ ဖြစ်လာကြတာဖြစ်ပြီး ကောင်မလေးမိဘတွေက UK မှာနေတဲ့ အရာရှိမျိုးရိုးဖြစ်ကာ ဂူမန့်မိဘတွေကတော့ ပန်ဂျာ့ဘ်ပြည်က ကျေးလက်တောင်သူတွေပါဂူမန်က သူ့မိဘတွေဟာ စာမတတ်တဲ့ကျေးလက်နေသူတွေ ဖြစ်တယ်ဆိုတာကို ယောက္ခမလောင်းကိုမပြောဘဲ ဖုံးကွယ်ထားပြီး ရွာကမိဘနှစ်ပါးကို သူလက်ထပ်တော့မယ့်အကြောင်း ဖုန်းဆက်လှမ်းပြောလိုက်တဲ့အခါမှာရွာကမိဘတွေက UK က သားဖြစ်သူ ပြန်မလာခင်မှာပဲ ဆွေမျိုးတွေအကုန်လိုက်ဖိတ်ပြီး အိမ်ကိုခေါ်ထားပြီးသားဖြစ်နေတော့ ဘယ်လိုအလွဲတွေဆက်ကြုံရမှာလဲ ကြည့်ရှုလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Star ~ ToMo ~ Cym မှ ဖြစ်ပါတယ် File size… 2.5 GB / 1.25 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by KKKZ ~ Star ~ ToMo ...
movie

Bina Band Chal England (2023)

Ucha Dar Babe Nanak Da (2024) 7.4
Ucha Dar Babe Nanak Da (2024) Ucha Dar Babe Nanak Da (2024) "ငြိမ်းအေးရာ"ပန်ချာပီ မိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ပျော်ရွှင်မှု၊ ငြိမ်းအေးချမ်းသာမှုဆိုတာက လူတိုင်းလိုချင်ကြတဲ့အရာ၊ တောင့်တကြတဲ့အရာပါပဲ။ဒီရုပ်ရှင်မှာတော့ နိုင်ငံရပ်ခြားမှာ လုပ်ကိုင်စားသောက်ရင်း မိသားစုပြဿနာ၊ အလုပ်ပြဿနာတွေနဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ရင်ဆိုင်နေရတဲ့ မိသားစုတစ်စုအကြောင်း။ ပျော်ရွှင်ငြိမ်းအေးမှုကိုရဖို့ ဂူဘာနီလို့ခေါ်တဲ့ တရားတော်ကို လိုက်နာကျင့်သုံးရင်း ပြဿနာတွေ၊ ပူလောင်မှုတွေနဲ့ ကင်းဝေးလာပုံကို ရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး၊(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။ File size… 1.85 GB / 928 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 58m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Ucha Dar Babe Nanak Da (2024)

Teriya Meriya Hera Pheriyan (2024)
Teriya Meriya Hera Pheriyan (2024) Teriyaan Meriyaan Hera Pheriyan 2024 (ယူကေကို သွားချင်တဲ့ ကားသမားလေးလက်ကီး)လက်ကီးဆိုတဲ့ တက္ကစီဒရိုက်ဘာတစ်ယောက်ဟာ ယူကေကို အရမ်းသွားချင်နေသူဖြစ်ပေမယ့် ငွေရေးကြေးရေးအခြေအနေအရ မသွားနိုင်တဲ့သူတစ်ယောက်ပါ၊ ကားလေးတစ်စီးကို အရစ်ကျစနစ်နဲ့ဝယ်ထားပြီးတော့ တက္ကစီလေးမောင်းရင်း အရစ်ကျလေးပေးရင်းနဲ့ ဘဝကို ဖြတ်သန်းနေတဲ့သူပေါ့။တစ်ရက်ကျတော့ ယူကေကနေ အိန္ဒိယကို ပြန်လာတဲ့ မေဂျာဆရာဆိုတဲ့သူက ကားငှားလို့ သူသွားချင်တဲ့နေရာတွေ လိုက်ပို့ပေးရပါတယ်။ မေဂျာဆရာကြီးကတော့ ယူကေမှာ မိန်းမရှိပေမယ့် အိန္ဒိယမှာလည်း အသည်းလေးထားပြီး တစ်နှစ်တစ်ခါ မိဘတွေရဲ့နှစ်ပတ်လည်နေ့ကို အကြောင်းပြပြီး အိန္ဒိယက အသည်းလေးနဲ့ ပြန်လာကြည်နူးနေကြသူပေါ့။ဒီလိုနဲ့ တစ်ရက်မှာ လက်ကီးဆီကို ကောင်မလေးတစ်ယောက်က ဖုန်းဆက်ပြီး ကားငှားတဲ့အတွက် သွားရာကနေ အဲဒီကောင်မလေးဟာ IELTS ဖြေတာကို ၄ခါမြောက်ကျထားပြီး အခုမှာတော့ ၅ခါမြောက်ဖြေဆိုတာဖြစ်ကြောင်း သိခဲ့ရပါတယ်။အဲဒီကောင်မလေးရဲ့ ဖခင်ဖြစ်သူကတော့ သမီးကို နိုင်ငံခြားရောက်ပြီး ဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်စေချင်သူတစ်ယောက်ပါ။ယူကေကို အရမ်းသွားချင်တဲ့ လက်ကီးတစ်ယောက်နဲ့ နိုင်ငံခြားမှာဘဝကို ကောင်းစားစေချင်တဲ့ ဖခင်ဖြစ်သူရဲ့ သမီးတို့ ဆုံတွေ့ကြရာကနေ ဘယ်လိုအချစ်ဇာတ်လမ်းလေးတွေ ဖြစ်ပေါ်လာမလဲ .........လက်ကီးတစ်ယောက် မေဂျာဆရာကြီးရဲ့ အရှုပ်တွေကြားထဲမှာရော ဘယ်လိုတွေကြားညပ်ဦးမလဲ..... ဆိုတာတွေကို ကြည့်ရှုရမယ့် အချစ်ဟာသဇာတ်မြူးကားလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ...
movie

Teriya Meriya Hera Pheriyan (2024)

Lambran da Laana (2024) 5.8
Lambran da Laana (2024) Lambram Da Laana (2024) "အစဥ်အလာနဲ့ ချစ်ခြင်းတရားလွန်ဆွဲပွဲIMDB 5.8/10 ရရှိထားတဲ့အပြင် အသစ်စက်စက်ထွက်ရှိထားတဲ့ ဘောလီးဝုဒ်ဟာသဒရမ်မာကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မိသားစုအကြားကျိန်စာမိပြီး လပြည့်ညရောက်တိုင်း ဖခင်ဖြစ်သူနဲ့ ဦးလေးဖြစိသူထံဝိဉာဥ်ဝင်ပူးပြီး တစ်ရွာလုံးကို ခြောက်လှန့်နေလို့ ဗျာများနေရတဲ့ လမ်ဘာမိသားစု....မိသားစုထဲမှာ သားအကြီးဆုံးလည်းဖြစ်တဲ့အပြင် စစ်သည်တော်အဖြစ်နယ်စပ်မှာတာဝန်ထမ်းဆောင်နေပြီး ခေတ်အသိခေတ်အမြင်ရှိတဲ့ Jeet ...ရွာကိုပြန်လာပြီး ဖခင်နဲ့ဦးလေးကိုဆေးကုသပေးဖို့ပြောဆိုရင်း လိုက်ပို့ရာက ဆေးခန်းက Rano ဆိုတဲ့ကောင်မလေးကိုချစ်ကျွမ်းဝင်မိသွားခဲ့ရာက မိသားစုနဲ့အချစ်နဲ့အကြားမှာလွန်ဆွဲပွဲဆင်နွဲရဖို့ ဖြစ်လာတဲ့အခါမှာတော့.....ဇာတ်ကားလေးက အချစ်၊ ဟာသတွေနဲ့ ကြွကြွရွရွပေါင်းစပ်ထားတာမလို့ ကြည့်ရှုသင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကို CM Bollywood Team က ရေးသားပေးထားပါတယ်) File size… 2.14 GB/ 1.01 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Lambran da Laana (2024)

Rose Rosy Te Gulab (2024) 6.6
Rose Rosy Te Gulab (2024) Rose Rosy Te Gulab (2024) "နှင်းဆီများပေါင်းဆုံရာ"ပေါ့ပေါ့ပါးပါး ပန်ဂျာဘီ အချစ်ဟာသကားလေးကို တင်ဆက်ပေးပါရစေဂူလာ့ဘ်ဆိုတာ ငယ်ငယ်ကတည်းက မိဘတွေမရှိတော့ဘဲ သူ့ဦးလေးဖြစ်သူ လူပျိုကြီးနဲ့ အတူတူကြီးပြင်းလာရတာ ဖြစ်ပါတယ်အိမ်ထောင်ဖက်လာတွေ့ကြတဲ့ မိသားစုတွေနဲ့ တစ်ခါမှ အဆင်မပြေခဲ့တာကြောင့် ဆင်ဂယ်ဘဝကို မပျော်ပိုက်နိုင်ဘဲ သူ့ဦးလေးလို အထီးကျန်သွားမှာကို စိုးရိမ်ကာသူငယ်ချင်းတွေအကြံနဲ့ မင်္ဂလာရက် နီးနီးကပ်သတ်မှတ်လို့ မင်္ဂလာခန်းမပါ ကြိုတင်ငှားလိုက်ပြီး အချိန်တိုအတွင်း သတို့သမီး ရှာပုံတော်ဖွင့်ရင်း ရို့စ်နဲ့ ရိုစီ ဆိုတဲ့ အမျိုးသမီးနှစ်ဦးနဲ့ ဘယ်လိုပတ်သက်ရှုပ်ထွေးမိသွားမှာလဲ ဆိုတာကတော့ .....အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပါ File size… 2.45 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Rose Rosy Te Gulab (2024)

Carry on Jatta 3 (2023) 7.4
Carry on Jatta 3 (2023) Carry on Jatta 3 (2023) IMDb-7.5/10ဂျက်တာတို့ သူငယ်ချင်းသုံးယောက်ရဲ့ အမွှေစိန်ကားလေး သုံးကားမြောက်ထွက်ရှိလာပါပြီ။ ရှေ့နှစ်ကားလို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ကြည့်ရမယ့် ဟာသဇာတ်မြူးလေးပါပဲ။ သူတို့တွေပဲ သရုပ်ဆောင်ထားကြပေမယ့် တစ်ကားထဲသပ်သပ်ကြည့်လို့ရပါတယ်။ဂျက်စ်က ရှေ့နေကြီးဒီလွန်ရဲ့ မိတဆိုးသားလေး။မိန်းမယူချင်တာ ပြာယာခတ်နေပေမယ့် အဖေလုပ်သူကို မလွန်ဆန်နိုင်တာကြောင့် ချစ်ရတဲ့အမျိုးသမီးလေးကို အဖေနဲ့မိတ်ဆက်ပေးပေမယ့် အနှောင့်အယှက်တွေကြောင့် အဖေဖြစ်သူကသဘောမတူ။ အဖေဖြစ်သူသဘောတူဖို့အရေး ဘော်ဒါဘော်ကျွတ်နဲ့တိုင်ပင်တဲ့အခါ ဘယ်လောက်ဆိုးနေပါစေ သူ့ထက်ဆိုးတဲ့တစ်ယောက်နဲ့တွေ့ရင် ကောင်းတယ်ထင်သွားမှာပဲဆိုတဲ့စိတ်နဲ့ ချွေးမအတုရှာကြတဲ့အခါမှာတော့။သူတို့ရှာလိုက်တဲ့ ချွေးမအတုကလည်း ဘော်ဒါအရင်းကြီးရဲ့မိန်းမ ကလေးတစ်ယောက်အမေဆိုတော့။ ဘယ်လိုတိုင်တွေပတ်ပြီး ဘယ်လိုတွေဇာတ်သိမ်းကြမလဲဆိုတာ ဟီးဟီးဟားဟားနဲ့ အပျင်းတော်ပြေစေကြောင်းရယ် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်တွေက Saii~V~Cherry~YH~Dee~Zwe Yanတို့ပဲဖြစ်ပါတယ်) File size…9.9GB / 3GB / 1.36GB Quality…1080p WEB DL /720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Saii~V~Cherry~YH~Dee~Zwe Yan
movie

Carry on Jatta 3 (2023)

2023
4K HEVC
Honeymoon (2022) 6.2
Honeymoon (2022) Honeymoon (2022) Comedy, Drama IMDb 6.2/10ကဲ အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ပန်ချာပီအချစ်ဟာသကားလေးပဲဖြစ်ပါတယ်နော်စစ်ပွဲကာလအတွင်း ဗုံးကိုဘာမှန်းမသိဘဲ ပျော်ပြီး အိမ်ယူပြေးမိနေရင်းနဲ့မှ လမ်းမှာတင် ဗုံးပေါက်သေသွားခဲ့ရတဲ့ လူတစ်ယောက်ရဲ့နောင်လာနောက်သားတွေအကြောင်းပေါ့။ အူတူတူ အတတ မိသားစုလေး။အဲ့ဒီမိသားစုအတွင်း အနူတောမှာ လူချောဖြစ်နေတဲ့ နည်းနည်းဉာဏ်ရှိတဲ့ကောင်လေးရဲ့ နာမည်ကတော့ ဒီပ်ပဲဖြစ်ပါတယ်။အိမ်မှာမီးဖြတ်ခံရလို့ မီတာသွားဆောင်ရင်း မီတာရုံးမှာ စွတ်ခ်ဆိုတဲ့ ကောင်မလေးနဲ့ သွားဆုံမိတယ်။ဒီပ်ဟာ စွတ်ခ်ကို မြင်မြင်ချင်းပဲ ကြွေဆင်းမိသွားပါတော့တယ်။အဲ့ဒီမှာပဲ သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာ နှစ်ဖက်မိဘတွေရဲ့ရိုက်ခတ်မှုနဲ့ လွဲချော်မှုလေးတွေကို တလွဲဟာသလေးတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်နော်။သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးမှာ အဓိကအလွဲကြီးတစ်ခုဖြစ်တဲ့ ဟန်းနီးမွန်းအလွဲကိုတော့ တစ်ဝကြီးခွီရဦးမှာဖြစ်လို့ ဇာတ်ကားကြည့်ရင်းနဲ့ ရယ်မောလိုက်ကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်။ File size…2.5GB  / 1.2GB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ Taylor ~ Yunni
movie

Honeymoon (2022)

2022