Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Haqi Ali
7.1
The Buckingham Murders (2024)
The Buckingham Murders ( 2024 ) ဘက်ကင်ဟမ်လူသတ်သမားများဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဘောလိဝုဒ်ပရိသတ်ကြီးတွေအကြိုက်တွေ့မယ့် လျှို့ဝှက်သည်းဖိုစုံထောက်ကားပဲဖြစ်ပါတယ်။ နာမည်ကြီးမင်းသမီးကြီး ကရီးနာကပူးရ်ပါဝင်သရုပ်ဆောင်ထားပြီး IMDb 7.1 ရရှိထားတာဆိုတော့ အထွေအထူးညွှန်းဖို့တောင်လိုမယ်မထင်ပါဘူးဗျာ။ဇာတ်လမ်းကို ဂျက်စ်မိဘမ်ရာလို့အမည်ရတဲ့ စုံထောက်တစ်ဦးပေါ်အခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂျက်စ်ဟာ လတ်တလောတင်မှ ကလေးဆုံးရှုံးထားတဲ့မိခင်တစ်ဦးဖြစ်ပြီး တခြားမြို့ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့မှပဲ ၁၀ နှစ်သားကောင်လေးတစ်ဦးပျောက်ဆုံးတဲ့အမှုနဲ့ တည့်တည့်တိုးပါတော့တယ်။သူက ဒီအမှုကိုလိုက်ရင်း သူ့ကလေးကိုဆုံးရှုံးခဲ့ရတဲ့ ကြေကွဲဝမ်းနည်းမှုတွေကို ပြန်လည်သတိရတာကြောင့် သူ့အတွက် ထိရှလွယ်တဲ့အမှုဖြစ်လို့နေပါတယ်။ ဒါကြောင့် သူ့အတွက် ဒီအမှုကို အောင်မြင်စွာဖြေရှင်းနိုင်ပါ့မလား။ ပျောက်ဆုံးနေတဲ့ကောင်လေးကိုရော အသက်ရှင်လျက်ရှာတွေ့နိုင်ပါ့မလားဆိုတာကို ဇာတ်ကွက်အရမ်းနိုင်တဲ့ ဒါရိုက်တာ Hensal Mehta ရဲ့လက်ရာကိုကြည့်ရှုခံစားရင်း ရင်ခုန်စွာကြည့်ရှုခံစားပေးပါဦးဗျာ။ဒီဇာတ်ကားဟာ သရုပ်ဆောင်ချက်ကောင်းမွန်မှုကြောင့် အထူးချီးကျူးမှုတွေရရှိထားတာဖြစ်ပြီး သားသမီးဆုံးရှုံးထားတဲ့မိခင်ရဲ့စိတ်ဒဏ်ရာ ၊ နောင်တတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတို့ရဲ့အတွေ့အကြုံတို့ကိုပါ စုံလင်စွာရိုက်ကူးထားတာဖြစ်လို့ အချိန်ကုန်ဘေကုန်ရကျိုးနပ်မယ့်ဇာတ်ကားကောင်းတစ်ခုဖြစ်မှာ အသေအချာပါပဲ။( ဘာသာပြန်နဲ့အညွှန်းကိုတော့ V, Yunni , Tomo, Alex နဲ့ LinnLunn တို့မှရေးသားထားတာဖြစ်ပါတယ် ) File size… 1.25 GB / 638 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 47m Subtitle….Myanmar ...
movie
The Buckingham Murders (2024)
5.9
Waiting for the Barbarians (2020)
စာပေဆုတွေရရှိခဲ့တဲ့ J.M. Coetzee ရဲ့Waiting For The Barbarians ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြောင်းလဲရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ဝတ္ထုရဲ့စာရေးဆရာကပဲ ရုပ်ရှင်အတွက် ဇာတ်ညွှန်းကို ရေးသားခဲ့တာပါ။ဒီရုပ်ရှင်မှာ အောင်မြင်ကျော်ကြားကြတဲ့ မင်းသားတွေဖြစ်ကြတဲ့ Mark Rylance၊မင်းသားကြီး Johnny Depp နဲ့ Robert Pattinson တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အင်ပါယာတစ်ခုမှာ အပါအဝင်ဖြစ်တဲ့ တိုင်းပြည်တစ်ခုရဲ့ နယ်စပ်စွန်းဖျားတပ်စခန်းတစ်ခုမှာ ဇာတ်အိမ် အခြေတည်ထားတယ်။အဲ့ဒီဒေသဟာ တိုင်းပြည်ရဲ့ဝေးလံခေါင်ဖျားနေရာ ကန္တာရအလယ်မှာ တည်ရှိနေတယ်။အချိန်အပိုင်းအခြားတစ်ခုတိုင်း အဲ့ဒီနယ်စပ်တစ်လျှောက်မှာ ဖြစ်ပျက်တတ်တာက ဘာဘေရီယန်တွေနဲ့ပတ်သက်တဲ့ ဆူပူအုံကြွမှုပါပဲ။ဘာဘေရီယန်တွေကို ဘယ်ယဥ်ကျေးမှုအဖွဲ့အစည်းတစ်ခုနဲ့မှ ပတ်သက်ခြင်းမရှိတဲ့ယဥ်ကျေးမှုအဆင့်အတန်းမဲ့ လူမျိုးစုတွေလို့ သတ်မှတ်ကြတယ်။ သူတို့က နိုမက်လို့ခေါ်တဲ့ ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာကြသူတွေလည်း ဖြစ်တယ်။ အဲ့ဒီ နယ်စပ်ဒေသမြို့မှာ တရားသူကြီးမင်းတစ်ယောက်ရှိတယ်။ တရားသူကြီးမင်းက ဘယ်ဒေသခံအပေါ်မှ ထိခိုက်စေလိုခြင်းမရှိတဲ့ငြိမ်းငြိမ်းချမ်းချမ်း အလုပ်လုပ်တတ်သူဖြစ်တယ်။ သူ့ရဲ့ အေးချမ်းတဲ့တည်ရှိမှုဟာ ကာနယ်ဂျိုးလ်ရဲ့ ရောက်ရှိလာမှုနဲ့အတူ ကွယ်ပျောက်တော့မှာဖြစ်ပါတယ်။ ကာနယ်ဂျိုးလ်ဟာ ...
movie
Waiting for the Barbarians (2020)