Channel Myanmar

Hana Sugisaki

Blue, Painful, Fragile (2020) 6.4
Blue, Painful, Fragile (2020) Blue, Painful, Fragile (2020) *******************************ဒီတစ်ခေါက် CM ပရိသတ်ကြီးကို တင်ဆက်ပေးမယ့် ဂျပန်ကားကောင်းလေးကတော့ Blue, Painful, Fragile ဆိုတဲ့ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း *****************အပြာရောင်၊ နာကျင်ဖို့ကောင်းပြီးတော့ ကြေမွလွယ်တဲ့အရာက ဘာပါလိမ့်...ကမ္ဘာကြီးပေါ်မှာ လူအမျိုးမျိုး စိတ်ထွေထွေနေကြသလို တစ်ယောက်နဲ့တစ်ယောက် ဘဝခံယူချက်ဆောင်ပုဒ်တွေလည်း မတူကြပါဘူး။ဒီဇာတ်ကားလေးထဲမှာတော့ နာကျင်ရမှာကြောက်လို့ သို့မဟုတ် သူများကို နာကျင်စေမိမှာ စိုးရိမ်လို့ အမြဲတစေ တစ်သီးတခြားနေတတ်တဲ့ တာဘာတာ တက္ကသိုလ်ကျောင်းသားလေးနဲ့ ..အမြဲတက်ကြွပြီး ကိုယ့်အတွေးအမြင်ကို ယုံကြည်မှုရှိရှိ ထုတ်ပြောရဲတဲ့ အာကိယိုရှိဆိုတဲ့ ဆံပင်ဂုတ်ဝဲကောင်မလေးတို့ ပေါင်းစည်းမိပြီး "မိုအာအိ" ဆိုတဲ့ လျှို့ဝှက်လူ့အဖွဲ့အစည်းတစ်ခုကို စပြီးတည်ထောင်ခဲ့ကြပါတယ်။ရည်ရွယ်ချက်ကတော့ "ကမ္ဘာကြီးကိုပြောင်းလဲမယ်" "ကိုယ်ဖြစ်ချင်တဲ့လူဖြစ်လာမယ်" ဆိုတဲ့ ဆောင်ပုဒ်နှစ်ခုကို ဦးတည်ပြီး ကမ္ဘာပေါ်က စစ်ပွဲတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ ဆင်းရဲမွဲတေမှူတွေကို အဆုံးသတ်ချင်ခဲ့ကြတာပါ။အသင်းဆိုသော်ငြား သူတို့နှစ်ယောက်ပဲ ပါကြပြီး ပင်လယ်က အမှိုက်တွေကို ဆည်ယူတယ်၊ အခမဲ့ကျောင်းတွေမှာ လုပ်အားပေးတွေ လုပ်ကြရင်း တာဘာတာကလည်း အာကိယိုရှိနဲ့ အတူတူရှိရတာကို ပျော်နေခဲ့ပါတယ်။သို့ပေမဲ့ တစ်နေ့မှာတော့ အာကိရိုရှိက မထင်မှတ်ဘဲ တိတ်တဆိတ် ပျောက်သွားပါတယ်။ အဲဒီနောက်မှာ မိုအာအိကလပ်ကလည်း မူရင်းရည်ရွယ်ချက်ကနေပြောင်းသွားပြီး အလုပ်အကိုင်ရှာဖွေတဲ့ ...
movie

Blue, Painful, Fragile (2020)

Sakura (2024) 6.9
Sakura (2024) Sakura (2024)***************တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ဟာ ယောက်ျားတစ်ယောက် နောက်ယောင်ခံလိုက်ပြီး သတ်တာခံလိုက်ရပါတယ်။ခရီးစဉ်တစ်ခုစီစဉ်နေရတာကြောင့် သူမရဲ့ အမှုကို ရဲတွေက အချိန်ဆွဲခဲ့လို့ နှောင့်နှေးခဲ့ရတာဆိုပြီး သတင်းတိုက်တစ်ခုကနေပြီး ဖွင့်ချလာတဲ့အခါမှာ အဲဒီသတင်း ပေါက်ကြားတဲ့ကိစ္စကို ရှာဖွေရင်း စခန်းမှာရှုပ်သွားခဲ့ရပါတယ်။အီဇုမိဆိုတဲ့ ရဲဌာနတစ်ခုရဲ့ လူမှုဆက်ဆံရေးဌာနမှာအလုပ်လုပ်နေတဲ့ ကောင်မလေးက သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ချီကာက အဲဒီသတင်းကို ပေါက်ကြားအောင်လုပ်တာလို့ ထင်နေခဲ့တာဖြစ်ပြီး ချီကာက သူလုပ်တာမဟုတ်ကြောင်း ငြင်းခဲ့ပါတယ်။တစ်ပတ်အကြာလောက်မှာတော့ ချီကာ့ကို သေဆုံးလျက်သားတွေ့ခဲ့ရပြီး အီဇုမိက သူ့ကြောင့်ဆိုတဲ့ အပြစ်ရှိစိတ်နဲ့ ချီကာ့သေဆုံးမှုကို အားစိုက်ပြီး စုံစမ်းရင်းနဲ့သူသိခဲ့ရတဲ့ ခါးသက်တဲ့အမှန်တရားတွေကို လက်ခံနိုင်ပါ့မလားဆိုတာ.... (အညွှန်းကို Kim မှ ရေးသားထားပါတယ်) File size…1.73GB / 760MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Thriller, Mystery Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou & Kim Encoded by AHtet
movie

Sakura (2024)

Perfect World (2018) 7.9
Perfect World (2018) Perfect World (2018) *********************ဒီတစ်ခေါက် CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးမယ့် Japanese Movie လေးကတော့ အချစ်ဦးကို စိတ်ကူးယဉ်လွမ်းဆွတ်မိစေမယ့် Perfect World ဇာတ်ကားလေးပဲဖြစ်ပါတယ်။တိုကျိုမြို့က အတွင်းပိုင်းဒီဇိုင်း ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ခါဝါနာဟာ ‌အထက်တန်း ကျောင်းက အချစ်ဦးနဲ့ အမှတ်မထင် ပြန်ဆုံမိပါတယ်။ပြန်တွေ့ရလို့ ဝမ်းသာပေမဲ့ အချစ်ဦးဟာ မတော်တဆမှုတစ်ခုကြောင့် မသန်စွမ်းတစ်ဦးအဖြစ် ဝီးချဲလ်ကို အကူအညီယူ သွားလာလှုပ်ရှားနေရတာကို တွေ့ပြန်တော့ အချစ်ဦးရဲ့ အားအင်တစ်ခု ဖြစ်ပေးမယ်ဆိုတဲ့စိတ်နဲ့ ဘေးနားကနေ အစစအရာရာ ကူညီပေးဖို့ ကြိုးစားပါတော့တယ်။အချစ်ဦးဖြစ်သူ စီနီိယာအာယူကာဝါကို ဘေးနားကကူညီပေးရင်း ချစ်ခြင်းမေတ္တာတွေက တစ်ဖန်အသက်ဝင်လာပါတော့တယ်။လောကဓံကို ခံစားနေရတဲ့ အာယူကာဝါကတော့ နှလုံးသားကို နံရံတစ်ခုခြားထားပြီး ဘယ်သူ့ကိုမှ သူ့ဘဝထဲကို ဝင်ခွင့်မပေးတော့ပါဘူး။ခါဝါနာရဲ့ မေတ္တာဟာ စစ်မှန်တာကြောင့် ဘယ်လောက်ပဲ တွန်းထုတ်ပါစေ လက်မလျှော့ခဲ့ပေမဲ့လည်း မိဘတွေ ကြားဝင်လာတဲ့အခါ...မသန်စွမ်းတစ်ယောက်အတွက် ဘယ်လောက်ပဲ ကူညီပေးသူတွေ ရှိနေပါ‌စေ ကန့်သတ်မှုတွေရှိတဲ့အခါ...သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းမှာ ဘယ်လိုအခက်အခဲတွေကို ကြုံတွေ့ကြရမလဲဆိုတာ မျက်ရည်တလည်လည် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ အညွှန်းရေးသူကတော့ Reddy ဖြစ်ပါတယ်.. File size…1.87GB / ...
movie

Perfect World (2018)

Mary and the Witch’s Flower (2017) 6.8
Mary and the Witch’s Flower (2017) မယ်ရီဆိုတဲ့ ကလေးမလေးဟာ မွေးရာပါ ဆံပင်နီကြောင်ကြောင်လေးပေါ့အရမ်းသွတ်သွတ်လက်လက် နေတက်သလို လုပ်သမျှတိုင်းကလဲ အလွဲတွေကြီးပါပဲသူဟာ လူကြီးမိဘ တွေကို အရမ်းကူညီချင်ပေမယ့် သူလုပ်လိုက်တိုင်း အလွဲကြီးတွေ ဖြစ်လို့ မခိုင်းရဲကြဘူးဒီလိုနဲ့ မယ်ရီ လေးဟာ ဟိုယောင်ယောင် ဒီယောင်ယောင် လေး ဖြစ်နေတာပေါ့တစ်ရက်မှာတော့ တောစပ်အနီးမှာ မုန့်စားနေတုန်း ကြောင်လေး တစ်ကောင် မုန့်လာတောင်းစားလို့ကျွေးလိုက်မိရင်း အဲ့ဒီကြောင်လေး တောအုပ်ထဲကို အဝင် စပ်စုပြီး လိုက်သွားပါတော့တယ်မယ်ရီ တစ်ဖြေးဖြေး လိုက်သွားရင် ကြောင်လေးဟာ ၂ ကောင်ဖြစ်သွားပြီးထူးဆန်းတဲ့ ပန်းတွေ ရှိရာကို လမ်းပြပေးခဲ့ပါတယ်အရမ်းလှလွန်းတဲ့ ပန်းလေးမို့ မနေနိုင်ပဲ ခူးမိပြီး အိမ်သို့ သယ်သွားတဲ့နောက်မယ်ရီ ဘ၀ မှာ ထူးထူးဆန်းဆန်း ကိစ္စတွေပဲ ဆက်တိုက်ကြုံလာခဲ့ရသောအခါ... File size…   3.5 GB / 1.3 GB / 781 MB Quality… BluRay 4K HEVC 1080p / 720p Format… mp4 & mkv Audio ... AAC Duration…. 1h 43m Genre ..... Animation, ...
movie

Mary and the Witch’s Flower (2017)

2017
4K HEVC
52-Hertz Whales (2024) 6.9
52-Hertz Whales (2024) မိသားစုရဲ့နှိပ်စက်မှုဒဏ်တွေကိုငယ်စဉ်ကတည်းက ခံစားလာခဲ့ရတဲ့ မီရှီမာခီကို ဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ယောက် တစ်နေ့မခံ‌တော့တဲ့အဆုံး စူစိုက်လုပ်ဖို့ကြိုးစားနေစဉ်မှာပဲ ကျောင်းတုန်းကသူငယ်ချင်းနဲ့ အန်ကိုဆိုတဲ့‌ကျောင်းဆရာလေးနဲ့တွေ့ပြီး သူ့ဘဝလေး တဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။သုံးယောက်သား ပျော်ရွှင်စွာအချိန်တွေအတူကုန်ဆုံးပြီးနောက် အန်ကိုက ခီကို့အပေါ် ချစ်ကြိုက်မိသွားတယ်။ တစ်နေ့မှာတော့ ခီကိုက အိုအီတာမြို့လေးကို ပြောင်းသွားပြီးနောက် မူရှိ(ပိုးကောင်) ဆိုတဲ့ ကလေးလေးနဲ့ဆုံတွေ့ခဲ့တယ်။ပိုးကောင်လေးက မိခင်ဖြစ်သူရဲ့ရိုက်နှက်မှုဒဏ်တွေခံလာခဲ့ရတဲ့ကလေးဆိုတော့ ခီကိုက နားလည်ခံစားမိသွားပြီး ကလေးကိုကာကွယ်ပေးဖို့ဆုံးဖြတ်လိုက်တယ်။အဲလိုနဲ့ ခီကိုတစ်ယောက် သူအလုပ်လုပ်‌နေတဲ့နေရာကအလုပ်ရှင်နဲ့ချစ်ကြိုက်သွားမိတဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုရမဲ့ ဂျပန်ဒရာမာ‌ကားကောင်းလေးပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.7GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:10:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing 
movie

52-Hertz Whales (2024)

The Imaginary (2023)
The Imaginary (2023)  Netflix က အသစ်ထွက်ရှိလာတဲ့ ရင်ကိုနွေးစေမယ့် anime လေးကို တင်ဆက်ပေးလိုက်ပါတယ်ရာဂျာဆိုတဲ့ ကောင်လေးက အာမန်ဒါဆိုတဲ့ ကောင်မလေးရဲ့ စိတ်ကူးယဥ်သူငယ်ချင်းဖြစ်ပြီး အာမန်ဒါစိတ်ကြိုက်ဖန်တီးတဲ့ စိတ်ကူးယဥ်ကမ္ဘာအလီလီမှာ အတူကစားခုန်စားပျော်ပါးရင်း အာမန်ဒါရဲ့ အထီးကျန်မှုကို ဖြေဖျောက်ပေးရတယ်အာမန်ဒါကလွဲ ဘယ်သူမှ မမြင်ရတဲ့ ရာဂျာ၊ သူ့ဘဝအတွက် တစ်ဦးတည်းသော အဖော် အာမန်ဒါ အက်ဆီးဒင့်ဖြစ်တဲ့အခါ တခြား အမေ့လျော့ခံ စိတ်ကူးယဥ်ဇာတ်ကောင်တွေလို တဖြည်းဖြည်း ဗလာနတ္ထိအဖြစ် ပျောက်ဆုံးသွားတော့မှာလား စိတ်ကူးယဥ်ဇာတ်ကောင်တွေရဲ့ ဝမ်းနည်းမျက်ရည် သင်းရနံ့ကို စားသုံးချင်တဲ့ လူထူးဆန်းကြီးနဲ့ ဘယ်လိုရင်ဆိုင်ဦးမှာလဲ ဆိုတာကတော့ ဇာတ်ကားထဲမှာပဲ အဖြေရှာကြပါလို့ ... File size…(1.4 GB)/(864 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre... Animation, Drama, Family, Fantasy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

The Imaginary (2023)

Ichiko (2023) 6.5
Ichiko (2023) Ichiko 2023 IMDb 6.6/10ဂျပန်နိုင်ငံမှာ ဥပဒေတစ်ခုရှိတယ် ယောကျာ်းနဲ့ကွာရှင်းပြီးရက်ပေါင်း ၃၀၀ အတွင်းမှာမွေးလာတဲ့ ကလေးကို နောက်ယောကျာ်းနဲ့အိမ်ထောင်မှာ စာရင်းသွင်းလို့မရဘူး အဲ့ဒီကလေးကို အရင်ယောကျာ်းရဲ့ မိသားစုဝင်လို့ပဲသတ်မှတ်တယ်ပေါ့ ဒါဆို အဖေဘယ်သူမှန်းမသိပဲ မွေးလာတဲ့ကလေးဆိုဘယ်လိုလုပ်ကြမလဲ....ဒီကားလေးကတော့ မွေးစာရင်းမရှိ မှတ်ပုံတင်လဲမရှိ တဲ့ အီချီကို ဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ ဘဝကို ဘယ်လိုရှင်သန်နေထိုင်သွားလဲဆိုတာ ဇာတ်အိမ်ခိုင်ခိုင်လေးနဲ့ရိုက်ပြသွားမှာဖြစ်ပါတယ် သူ့ကို အရမ်းချစ်တဲ့ ကောင်လေးနှစ်ယောက်ကရော သူ့ကိုဘယ်လိုတွေကူညီသွားမှာလဲ ပထွေးဖြစ်သူကရော သူ့အပေါ်ဘယ်လိုတွေ ဆက်ဆံမလဲ ယောက်ကျားတွေတစ်ယောက်ပြီးတစ်ယောက်ယူနေတဲ့ မိခင်အရင်းကရော ဘာလို့သူ့ကို မကူညီနိုင်တာလဲဆိုတာနဲ့ အရမ်းချစ်ရတဲ့သူတစ်ယောက်ရုတ်တရက်ပျောက်ဆုံးသွားပြီး ပြန်မလာတော့ အသည်းအသန်လိုက်ရှာကြတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ပူဆွေးမှုကလဲ တကယ်ကို ဝမ်းနည်းစရာကောင်းပါတယ် ဇာတ်လမ်းက ရှေ့ရောက်လိုက်နောက်ရောက်သွားလိုက်ဖြစ်နေပေမယ့် အောက်ထောင့်မှာ ရက်စွဲလေးနဲ့ ဖော်ပြထားတော့ အလွယ်တကူနားလည်နိုင်ပါတယ် မိသားစုနဲ့ အေးအေးဆေးဆေးကြည့်မယ်ဆိုလဲ အဆင်ပြေတဲ့ကားလေးပါ တစ်ကောင်ကြွက် FA ဆိုရင်တော့ ကြည့်ရင်းနဲ့ ကြိတ်ငိုပေါ့အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။Genre..... Drama, Mystery Quality…. 1080p | 720p File size… 1.8GB | 876MB Format… mp4 Duration…. 2h ...
movie

Ichiko (2023)

2023
99.9 Criminal Lawyer: The Movie (2021) 6.3
99.9 Criminal Lawyer: The Movie (2021) 99.9 Criminal Lawyer: The Movie (2021) ============================= IMDb Rating - 6.3/10"ဂျပန်နိုင်ငံက ရာဇဝတ်မှုတွေရဲ့ ၉၉.၉%ဟာ အပြစ်ရှိကြောင်း စီရင်ချက်ချခံရတယ်"၊ "တရားစွဲခံရပြီဆိုတာနဲ့ အပြစ်ဒဏ်ချခံရမှာ သေချာသလောက်ပဲ"၊"ဒီဇာတ်ကားဟာ ကျန်တဲ့(၀.၁%) နောက်ကွယ်ကဖုံးကွယ်နေတဲ့ အမှန်တရားဆီအရောက်သွားဖို့ ဘာမဆိုလုပ်မယ့် ရှေ့နေတွေအ ကြောင်းဖြစ်ပါတယ်"။ဤကား ဇာတ်ကားမိတ်ဆက်။99.9 Criminal Lawyer ဟာ စီးရီးသပ်သပ်ရှိပါတယ်။ ဒါကမူဗီပါ။ စီးရီးနဲ့ ဒီမူဗီရဲ့ အမှုတွေက ဆက်စပ်မနေတာမို့ စီးရီးမကြည့်ဖူးလည်း ဒီမူဗီကိုတန်းကြည့်လို့ရပါတယ်။ဟီရိုတိုမိယာမဆိုတဲ့ လူငယ်ရှေ့နေ့တစ်ယောက်ဟာ မာဒရာမဲဥပေဒေ ရုံးမှာ အလုပ်လုပ်ပါတယ်။ သူက အခင်းဖြစ်ပွားတဲ့ပုံစံကို ပြန်လည်သ ရုပ်ဖော်ပြီး ထင်မထားတဲ့နေရာက သဲလွန်စတွေနဲ့ အမှန်တရားကိုရှာဖွေ တတ်သူပါ။  ဒီကားထဲမှာတော့ လွန်ခဲ့တဲ့၁၅နှစ်က ဝိုင်အဆိပ်သင့်မှုကို မိယာမနဲ့သူ့အဖွဲ့သားတွေ ရှာဖွေစုံစမ်းပုံကို စိတ်ဝင်စားဖွယ်ကြည့်ရှူရ မှာပါ။ တစ်ကားလုံး တရားခံဘယ်သူလဲ စဉ်းစားလာခဲ့ပြီးမှ နောက်ဆုံးမှာ "ဟာ!" ဆိုပြီး ပါးစပ်အဟောင်းသားဖြစ်ရမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.9 GB) / (828 MB) / (495 MB) Quality............WEB-RIP ...
movie

99.9 Criminal Lawyer: The Movie (2021)

2021
12 Suicidal Teens (2019)
12 Suicidal Teens (2019) 12 Suicidal Teens (2019) ‌လောကကြီးကိုစိတ်ကုန်ပြီး ကိုယ့်ကိုယ့်ကိုယ်အဆုံးစီရင်ချင်နေတဲ့ ဆယ်ကျော်သက်အရွယ် ကလေး ၁၁ ယောက်ဟာ အွန်လိုင်းပေါ်မှာတင်ထားတဲ့ အဆုံးစီရင်သူများစုဝေးမှုကြောင့် စွန့်ပစ်ထားတဲ့ ဆေးရုံဟောင်းတစ်ခုမှာ လာရောက်ဆုံစည်းမိကြပါတယ်။ သူတို့အားလုံးဆုံကြတဲ့အချိန် သူတို့ထက်အရင် အဆုံးစီရင်ထားတဲ့ စီစဥ်သူကိုမြင်လိုက်ရလို့ အားလုံးအံ့ဩားသင့်ပြီး သူတို့ဖာသာရှေ့ဆက်ကြတော့မယ့်အချိန်မှာ နောက်ဆုံးမှတကယ်ဝင်လာတဲ့ စီစဥ်သူ "ဆာတိုရှိ" လူ ၁၂ ယောက်စုဝေးမှုမှာ ၁၃ ယောက်ဖြစ်နေပြီး စာရင်းထဲမှာမပါတဲ့ ကုတင်ပေါ်မှကိုယ်တော်ချောကို သူတို့ဟာ အမှတ်စဥ် သုည လို့အမည်ပေးပြီး သူဘယ်လိုဒီကိုရောက်လာတယ်ဆိုတာကိုရှာဖွေကြပါတယ် ဝင်လာတဲ့ လူ ၁၂ ယောက်မှာ တစ်ယောက်ချင်းစီတွေ့ခဲ့ကြတဲ့ မူမမှန်တဲ့ သဲလွန်စတွေကိုပေါင်းပြီးတော့ ဒီ သုညကိုယ်တော် ဘယ်ကရောက်လာပြီး ဘယ်သူသတ်တာလဲကို ပူးပေါင်းဖော်ထုတ်ပြီးမှ သူတို့သတ်သေမှုကိုဆက်လုပ်ကြမယ်သဘောတူကြရင်း ရှာဖွေရင်းက မထင်မှတ်တာတွေဖြစ်ခဲ့ကြတယ်... လျို့ဝှက်ချက်ကိုယ်စီရှိနေတဲ့ သူတို့ ၁၂ ယောက်ဟာ သုည စုဝေးတဲ့အခန်းထဲရောက်လာပုံကို ဘယ်လိုအဖြေရှာကြမလဲ သူတို့တွေသတ်သေမှုရောဘယ်လိုဖြစ်သွားမလဲ "ဆာတိုရှိ" ရဲ့ တကယ့်ရည်ရွယ်ချက်ကရော ဘာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဂျပန်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။File Size : (1.66GB)/(866MB) Quality : Bluray (1080p,720p) Running Time : 1h57min  Format : Mp4 Genre : Mystery,Thriller Subtitle : ...
movie

12 Suicidal Teens (2019)

When Marnie Was There (2014) 7.7
When Marnie Was There (2014) ဇာတ်လမ်းပုံစံလုံးဝမသိပဲကြည့်မှဖီးလ်လို့ကောင်းမယ့်ဂျပန်ကာတွန်းပါ Studio Ghibliရဲ့လက်ရာကောင်းတစ်ခုဖြစ်ပြီး မူရင်းဝတ္ထုကလည်းဆယ်စုနှစ်တစ်ခုရဲ့အကောင်းဆုံးဝတ္ထုတစ်ခုဖြစ်ခဲ့တာမို့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ် နောက်ခံတေးဂီတပိုင်းမှာဆိုရင်လည်းအပြစ်ပြောစရာမလိုလောက်တောင်ပြီးပြည့်စုံလွန်းနေပြီး ဇာတ်လမ်းထဲစီးဝင်သွားလောက်တဲ့ထိကိုကောင်းမွန်နေပါတယ် ဇာတ်လမ်းအကျဉ်းကတော့ကျန်းမာရေးမကောင်းလို့ ဘောင်ပြင်ရောက်နေတဲ့ဆယ်ကျော်သက်ကောင်လေးနဲ့ ပိုက်ဆံချမ်းသာလွန်းလို့ဘောင်ပြင်ထွက်ပေးနေရတဲ့ ဆယ်ကျော်သက်ကောင်မလေးတို့ရဲ့အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ် (English dubကိုဘာသာပြန်ထားတာကြောင့်မူရင်းဂျပန်versionတွင်စာကြောင်းအနည်းငယ်ကျန်နေတာမျိုးဖြစ်နိုင်ပါသည်။) File Format - mp4 IMDB rating - 7.7/10 Quality - Blu-ray1080p/Blu-ray480p Running Time - 1h 43min Translated by Dolly Encoded by sithu
movie


2014
Bleach (2018) 6.4
Bleach (2018) Bleach (2018) IMDb - 6.4/10_____Rotten - 67%   တစ်လောကမှထွက်ရှိထားတဲ့ဂျပန်live action ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဂျပန်အန်နီမေးရှင်းကိုပြန်ပြောင်းရိုက်ကူးထားတဲ့ဒီကားလေးဟာဂျပန်မှာတော့အတော်ရေပန်းစားသွားပါတယ်ငယ်ငယ်လေးကတည်းကမိခင်ဖြစ်သူမတော်တဆမှုတစ်ခုကြောင့်သေဆုံးသွားတဲ့ကောင်လေးခုယိုစကိထိုမတော်တဆမှုကြောင့်သူဟာမကောင်းဆိုးဝါးတွေကိုမြင်တွေ့လာနိုင်ခဲ့တယ်ကောင်းမွန်တဲ့မကောင်းဆိုးဝါးတွေကိုလမ်းမှန်သွားနိုင်အောင်သူသင်ပြပြောပြပေးခဲ့တယ်လောကမှာကောင်းတဲ့မကောင်းဆိုးဝါးတွေရှိသလိုမကောင်းတဲ့မကောင်းဆိုးဝါးတွေလည်းရှိနေခဲ့တယ်ကောင်းမွန်တဲ့သရဲတစ္ဆေတွေကိုဝိညာဉ်လောကကိုကောင်းကောင်းမွန်မွန်သွားနိုင်အောင်လုပ်ဆောင်ပေးသူတွေကတော့သေမင်းနတ်ဘုရားတွေပါပဲဝိညာဉ်ဖမ်းသူတွေလို့လည်းအလွယ်ခေါ်နိုင်ပါတယ်သူတို့ဟာမကောင်းတဲ့သရဲတစ္ဆေတွေကိုလည်းနှိမ်နင်းနိုင်တဲ့အစွမ်းရှိသူတွေပါသူတို့ဟာနှစ်ပေါင်းရှည်ကြာပြီးအလွန်အစွမ်းထက်တဲ့မကောင်းဆိုးဝါးးတစ်ကောင်ကိုနှိမ်နင်းဖို့သေမင်းနတ်ဘုရားမလေးကိုလူ့လောကကိုစေလွတ်လိုက်ပါတယ်လူသာမာန်တွေမမြင်နိုင်တဲ့ထိုသေမင်းနတ်ဘုရားမလေးကိုခုယိုစကိကမြင်တွေ့နိုင်တဲ့အခါမှာတော့ဘာတွေဆက်ဖြစ်မလဲသူတို့နှစ်ယောက်ပေါင်းပြီးမကောင်းဆိုးဝါးတွေကိုဘယ်လိုနှိမ်နင်းမလဲဆိုတာကိုကြည့်လိုက်ကြပါဒီဇတ်ကားကိုအမျိူးမျိူးဝေဖန်ကြပါတယ် မူရင်းကိုမမှီဘူးဆိုတာတွေ မုူရင်းထက်ကောင်းတယ်လို့ပြောသူတွေအမျိူးမျိူးပါပဲကြည့်ပြီးမှဆုံးဖြတ်ကြပါလို့ပဲပြောချင်ပါတယ်  (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုစိုးထွေးပါ)     File Size : (900 MB) Quality : NF WEB-DL 720p Running Time : 1h 48min Format : Mp4 Genre : Action , Adventure , Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p NF WEB-DL DD+5.1 x264-NTG Translated by Soe Htwe Encoded by Thanhtike Zaw
movie

Bleach (2018)

2018
Blade of the Immortal (2017) 7.2
Blade of the Immortal (2017) နာမည်ကြီး Manga series ဖြစ်တဲ့ Blade of the Immortal ကို live action ပြန်ရိုက်ထားတာပါManga series ကို ကြည့်ဖူးသူတွေကို အထွေအထူးမိတ်ဆက်ပေးစရာ မလိုပေမဲ့မကြည့်ဖူးတဲ့သူတွေအတွက် အတိုချုပ် ပြီး ပြောပြပါမယ်နော်ကိုယ့်ဆရာနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပြန်သတ်မိပြီး ထွက်ပြေးနေတဲ့ Manji ဟာ တိုက်ပွဲတစ်ခုမှာ ဒဏ်ရာရပြီး သေလုမျောပါးဖြစ်နေတဲ့အချိန်မှာ Yaobikuni ဆိုတဲ့အဖွားကြီးက သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ထူးဆန်းတဲ့တီကောင်လိုအကောင်တွေ ထည့်ပေးလိုက်လို့ Immortal တစ်ယောက်ဖြစ်လာခဲ့တယ်နောက်နှစ်ပေါင်းကြာလာတဲ့အခါ Itto-Ryu လို့ခေါ်တဲ့ ဓားပညာရှင်တွေစုစည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ကြောင့် မိဘနှစ်ပါးလုံးကို ဆုံးရှုံးသွားတဲ့ Rinn ဆိုတဲ့ ကောင်မလေးသူ့ရဲ့ကလဲ့စားချေလိုစိတ်ကြောင့် Rinn က Manji ကို လိုက်ရှာပြီး အကူအညီတောင်းခဲ့တယ်Manji က သူ့ကို ကူညီပြီးတော့ ဘယ်လိုကလဲ့စားချေကြမလဲသူတို့ နှစ်ယောက်ပေါင်းပြီး Itto-Ryu ကို ကလဲ့စားချေနိုင်မှာလားကြားထဲမှာ ဘယ်လိုအခက်အခဲတွေ တွေ့ရဦးမှာလဲ ...
movie

Blade of the Immortal (2017)

2017