Channel Myanmar

Haley Leary

Adult Swim Yule Log 2: Branchin’ Out (2024)
Adult Swim Yule Log 2: Branchin’ Out (2024) IMDb - 6.5/102022ခုနစ်က ထွက်ရှိခဲ့တဲ့ Adult Swim Yule Logရဲ့အဆက် ဟော်ရာရုပ်ရှင်ပေါ့။ မီးလောင်နေတဲ့သစ်တုံးပျံကြီးကနေ လွတ်မြောက်ရှင်ကျန်ခဲ့ပေမဲ့ သူ့ရှေ့မှာသေသွားတဲ့ ရည်းစားနဲ့ တခြားသူတွေကြောင့် စိတ်ဒဏ်ရာရနေခဲ့တဲ့ ဇိုဝီ။ ဘယ်ကိုသွားသွား ပုဆိန်တစ်လက်နဲ့ဖြစ်တာရော၊ သစ်တုံးပျံကြီးကို ပြန်ပြန်မြင်ယောင်ပြီး ကယောင်ကတမ်းတွေအော်နေတို့ အလုပ်မှာလည်း အဆင်မပြေဖြစ်နေရတယ်။စိတ်ပြေလက်ပျောက်ဆိုပြီး ခရီးထွက်လာကာမှ မစ်တေးတိုးဆိုတဲ့ မြို့ငယ်လေးမှာ ပိတ်မိသွားရာကစ သစ်တုံးပျံကြီး သူ့ကိုလာသတ်တော့မှာဆိုတဲ့စိတ်နဲ့ မြို့ငယ်လေးကနေ ထွက်ရဖို့အရေး ကြိုးစားပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်။)File size…(1.5 GB)/(871 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Horror, Comedy, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Pyae Phyo
movie

Adult Swim Yule Log 2: Branchin’ Out (2024)

Bad Candy (2020) 4.8
Bad Candy (2020) Bad Candy (2020) ==============တစ်ချိန်တည်း တစ်မြို့တည်းမှာ တချို့တွေကပျော်ပါးနေပြီး တချို့တွေက လူမသိသူမသိကမ္ဘာပျက်နေတဲ့အဖြစ်မျိုးတွေ မြင်ဖူးမှာပါ။ ဒီဇာတ်လမ်း ထဲမှာပါတဲ့ နယူဆဲလမ်မြို့လေးရဲ့ ဟောလိုး၀င်းညဟာလည်း အဲဒီလိုပါပဲ။နယူဆဲလမ်မှာ Chilly Billy ဆိုတာ သရဲအကြောင်းတွေတင်ဆက်ပေးနေတဲ့ ဒေသခံတွေအကြိုက် ရေဒီယိုအစီစဉ်တစ်ခုပေါ့။ ဟောလိုး၀င်းညမှာ တင်ဆက်သူ ဘီလီပြောပြမယ့် ခြောက်ခြားဖွယ်သရဲဇာတ်လမ်းတွေကို ပုံဖော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွေဟာ လက်တွေ့လိုလို ပုံပြင်သက်သက်လိုလို ရောထွေးပြီး သို့လောသို့လော ကြည့်ရှုကြရမှာကို ဒီဇာတ်လမ်းရဲ့အသက်လို့ ပြောရမယ်ထင်ပါတယ်။လူ့လောကနဲ့ ဝိညာဉ်လောကရဲ့ကြားနံရံဟာ အပါးလွှာဆုံးဖြစ်သွားတယ်လို့ အယူရှိကြတဲ့ ဟောလိုး၀င်းည၊ နယူးဆဲလမ်မြို့လေးမှာ ဘယ်သူတွေက ကမ္ဘာ ပျက်သလိုခံစားကြရမလဲဆိုတာ ခြောက်ခြားဖွယ် ကြည့်ကြရမှာပါ။ ဒီဇာတ်လမ်းထဲမှာ Slipknot band ရဲ့ lead vocalist, Corey Taylor ကလည်း Chilly Billy ရဲ့တင်ဆက်သူ ဘီလီနေရာက ပါ၀င်သရုပ်ဆောင်ထားပါတယ်။ သွေးရဲရဲသံရဲရဲ သတ်ဖြတ်ခန်းတွေ၊ ၁၈ ယောက်စုကြည့်ရမယ့် ဇာတ်၀င်ခန်းနဲ့ စကားပြောခန်းတချို့ပါ၀င်ကြောင်း ကြိုတင်သတိပေးထားပါရစေနော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.68 GB) / (652 MB) / ...
movie

Bad Candy (2020)

2020