Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Haley Joel Osment
5.3
The Jungle Book 2 (2003)
The Jungle Book 2 (2003)1967 မှာ ထွက်ရှိခဲ့တဲ့ The Jungle Book ကာတွန်းကားရဲ့ အဆက်ဖြစ်ပြီး2003 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကာတွန်းကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အပိုင်း 1 မှာတော့ တောတွင်းသားလေး မောဂလိဟာ ဝက်ဝံကြီး ဘလူး၊ကျားသစ်နက် ဘက်ဂီယာတို့နဲ့အတူ လူသားတွေနေတဲ့ရွာနားရောက်သွားပြီးမြစ်ထဲမှာရေခပ်နေတဲ့ ရှန်တီဆိုတဲ့ကောင်မလေးနောက်ကိုလိုက်သွားရင်း အဆုံးသတ်သွားခဲ့ပါတယ်။ အခုအပိုင်း 2 မှာတော့ မွေးကင်းစကတည်းက တောတွင်းမှာပဲကျင်လည်လာခဲ့တဲ့မောဂလိတယောက် လူတွေကြားထဲမှာ စည်းကမ်း၊ အလုပ်တွေနဲ့ နေရတဲ့ ဘဝကိုငြီးငွေ့လို့လာနေပါတယ်။ဒီလိုညတညမှာ မောဂလိကို လက်စားချေချင်နေတဲ့ ရန်သူတော်ဟောင်းကျားကြီး ရှီယာခမ်းနဲ့ မောဂလိကို သူ့ရဲ့သားအရင်းလိုချစ်ရှာတဲ့ ဝက်ဝံကြီး ဘလူးတို့ကမောဂလိတို့နေတဲ့ရွာထဲကို ရောက်လာခဲ့ကြပါတယ်။ ရွာထဲကိုကျားဝင်လာလို့ရှုပ်ရှုပ်ယှက်ယှက်တွေဖြစ်နေချိန် မောဂလိလည်း ဘလူးနဲ့အတူ တောထဲပြန်ပါသွားခဲ့ပြီးမောဂလိတယောက် တောအုပ်ထဲနေရတဲ့ လွတ်လပ်တဲ့ ဘဝကို ရွေးချယ်မလား၊သူနဲ့မျိုးနွယ်တူ လူသားတွေရှိတဲ့ လူသားရွာကိုပဲရွေးချယ်မလားဆိုတာကိုရှီယာခမ်းလက်ကလွတ်အောင်ကြိုးစားတဲ့ စွန့်စားခန်းတွေနဲ့အတူ ကြည့်ရှုလိုက်ကြပါဦး။ File size… 1.6 GB / 800MB Quality… ...
movie
The Jungle Book 2 (2003)
8.2
The Sixth Sense (1999)
The Sixth Sense (1999)IMDb Rating (8.2) / Rotten Tomatoes (86%) မင်းသားကြီး ဘရုစ်ဝီလီ ရဲ့ ၁၉၉၉ က ဇာတ်ကားဟောင်းလေးပါ။အော်စကာ ဆန်ကာတင် ခြောက်ခုအထိဝင်ခဲ့တဲ့ Psycho-Thriller ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကလေးသူငယ်စိတ်ဓါတ်မြှင့်တင်ရေးအလုပ်တွေမှာစိတ်ရောကိုယ်ပါနှစ်ထားတဲ့ ဒေါက်တာမယ်လ်ကွန်ဟာ ကလေးတယောက်ကိုကူညီဖို့ပျက်ကွက်ခဲ့တယ်။ဒီအလုပ်နဲ့ပါတ်သက်ပြီး စိတ်ရောကိုယ်ပါနှစ်ထားတဲ့သူ့အတွက်တော့ ဒီပျက်ကွက်မှုဟာ သူ့ကိုယ်သူခြောက်လှန့်နေခဲ့တယ်..တစ်နေ့မှာ သူ့ရဲ့ အောင်မြင်မှုတွေအတွက် မြို့တော်ဝန်က ဂုဏ်ပြုလွှာ ချီးမြှင့်တာကိုခံရပါတယ်။သူ့ရဲ့ဇနီးနဲ့အတူ အောင်ပွဲခံနေစဉ်မှာပဲ ကလေးဘဝက သူ့ရဲ့လူနာဖြစ်ခဲ့ဖူးတဲ့ ဗင်းဆင့်ဆိုသူ အိမ်ထဲဖောက်ထွင်းဝင်ရောက်လာပါတယ်..သူ့ကိုမကူညီပေးနိုင်ခဲ့တဲ့ ဒေါက်တာခရိုးကို ဒေါသတကြီး လာရှာခဲ့တာပါ..သူ့စိတ်က ဒီကလေးပေါ်မှာ စွဲလန်းနေခဲ့သလို ကိုးလ် ဆိုတဲ့ ၉ နှစ်အရွယ်ကလေးတယောက်မှာ ဒီလိုစရိုက်လက္ခဏာတွေတွေ့လာရတဲ့အခါမှာသူဟာ ဇနီးကိုပါ တာဝန်မကျေသလိုဖြစ်ခဲ့ရတယ်..ကိုးလ်ဆိုတဲ့ကလေးကလဲ မွေးရာပါ တမလွန်ကလူတွေကိုမြင်ရတဲ့စရိုက်တခုပါလာခဲ့တယ် သူဟာဝိဉာဉ်တိုင်းကို မြင်နိုင်ခဲ့ပြီး ဒီအစွမ်းကပဲ ဒီဇာတ်လမ်းရဲ့အဓိက မြှုပ်ကွက်ဖြစ်လာခဲ့တယ်..ကိစ္စတွေဘယ်လိုရှုပ်ထွေးသွားဦးမလဲ ဒေါက်တာခရိုးတစ်ယောက် အတိတ်ကနေ ရုန်းထွက်နိုင်ပါ့မလား..ဇာတ်လမ်းဇာတ်ကွက်အကူးအပြောင်းများနဲ့ ရင်ခုန်စရာ ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲ ...
movie
The Sixth Sense (1999)
1999
4K HEVC
Pay It Forward (2000)
Pay It Forward (2010) *********************ဒီကားလေးဟာ ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့လေတော့ တော်ရုံသတိထားမိကြမယ်မထင်ဘူးဗျ...ဒီကား အဓိက လုပ်ဖြစ်ရတဲ့အကြောင်း (၂) ချက်ရှိပါတယ်...ပထမအချက်က စာရေးဆရာမ ဂျူး ရေးသားထားတာကိုဖတ်မိလို့ပါ....ဆရာမ ရေးသားသုံးသပ်ထားတွေဟာ အတော်စိတ်ဝင်စားဖို့ကောင်းသလို...သူမကိုယ်တိုင်ညွှန်းပြီဆိုတော့ ဒီကားလေးကို လုပ်ဖြစ်သွားပါတယ်...ဒုတိယ အချက်က A.I. Artificial Intelligence ဇာတ်ကားထဲမှာ...ကလေးအရွယ်စက်ရုပ်အဖြစ်သရုပ်ဆောင်ပြီး...ကျွန်တော်တို့နှလုံးသားတွေကို...ကြေကွဲဆိုနင့်ပြိုကျအောင် အလဲထိုးခဲ့ဖူးတဲ့ ကလေးသရုပ်ဆောင် Haley Joel Osment ကြောင့်ပါ။ဇာတ်လမ်းအကျဉ်း --------------အဖေနဲ့ကွဲသွားတဲ့ အမူးသမားအမေနဲ့အတူနေရတဲ့ အလယ်တန်းကျောင်းသားလေးတစ်ယောက်ဟာ...ကျောင်းမှာ ဆရာကနေ တစ်နှစ်လုံးစာ လုပ်ရမယ့် Social Studies သင်ခန်းစာ Project တစ်ခု လုပ်ခိုင်းလာတဲ့အခါ...သူ့ရဲ့အသက်အရွယ်နဲ့မတန်လောက်အောင် သိပ်ကိုလှပတဲ့ စိတ်ကူးလေးတစ်ခု ရသွားပါတယ်။ အဲဒါကတော့ ဘာဖြစ်မလဲ...ဒီဇာတ်ကားလေးနဲ့ပတ်သက်ပြီး ပြောချင်တာက ခင်ဗျားဟာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်နေနေ...ဘယ်လိုကားအမျိုးအစားကိုမှ ကြိုက်နှစ်သက်သည်ဖြစ်စေ...ခင်ဗျားရဲ့ အသက်ဟာ ဘယ်အရွယ်ကိုပဲရောက်နေနေ...ခင်ဗျားရဲ့နှလုံးသားဟာ ခံစားနိုင်စွမ်း အကန့်အသတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ..ဒီကားလေးကို ဒေါင်းကြည့်ကြပါလို့ တိုက်တွန်းပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Sherlock ဖြစ်ပါတယ်.....File Size : 2.54GB / 953MB Quality : WEB-DL ...
movie
Pay It Forward (2000)
6.8
Blink Twice (2024)
ဖရီဒါတစ်ယောက် ချမ်းသာတဲ့ သက်လတ်ပိုင်း သူဌေးသားကို ထောင်ဖမ်းရင်းအဆင်ပြေသွားရာက သူဌေးသားရဲ့ ကိုယ်ပိုင်ကျွန်းကို လိုက်သွားပြီးမထင်မှတ်ထားတာတွေ ကြုံလာရတဲ့အခါ ဘယ်လိုများ…..ဖရီဒါနဲ့ ဂျက်စ်ဟာ သူငယ်ချင်းကောင်းတွေဖြစ်ပြီးတော့ နာမည်ကြီးကုမ္မဏီတွေ စားပွဲပါတီတွေ ကျင်းပတဲ့အခါမျိုးမှာ စားပွဲထိုး ဝင်လုပ်ပါတယ်။သူတို့ဟာ ပွဲတက်ဝတ်စုံတွေ ထည့်လာပြီး လစ်ရင်လစ်သလို ဝတ်စုံလဲကာပါတီထဲ ဝင်ရောပြီး သူဌေးသားတွေကို ထောင်ဖမ်းဖို့ ကြံဖန်တတ်ပါသေးတယ်။တစ်ညမှာတော့ သူတို့ဟာ ကင်းနည်းပညာကုမ္မဏီရဲ့ ပါတီပွဲမှာ အစားအသောက်တည်ခင်းပြီးလို့ ပွဲတက်ဝတ်စုံလဲပြီး အဆင်ရှာထွက်တဲ့အချိန်မှာ ဖရီဒါတစ်ယောက်ကင်းနည်းပညာကုမ္မဏီရဲ့ ဥက္ကဌဖြစ်တဲ့ စလေတာကင်းနဲ့ သွားဆုံပါတယ်။ဒီလိုနဲ့ ဖရီဒါနဲ့ စလေတာကင်းမှာ တစ်ညလုံး လေကြောသင့်ပြီး ကြည်နူးနေရာကပွဲပြီးတော့ စလေတာကင်းက သူ့မိတ်ဆွေတွေနဲ့ ကိုယ်ပိုင်ကျွန်းကို အပျော်ခရီးသွားမှာဖြစ်ကြောင်း တခြားကောင်မလေးတွေလည်း ပါမှာဖြစ်ကြောင်းပြောပြီး ဖရီဒါနဲ့ ဂျက်စ်ကို လိုက်ခဲ့ဖို့ ခေါ်ပါတော့တယ်။ ဒီယုန်မြင်လို့ ဒီခြုံထွင်တဲ့ဖရီဒါကတော့ နှစ်ခါမငြင်းပဲ လိုက်သွားခဲ့ပါတယ်။ ကျွန်းပေါ်ရောက်တော့သူတို့ရဲ့ ဖုန်းတွေ လျှပ်စစ်ပစ္စည်းတွေကို သိမ်းသွားပေမဲ့ သူတို့ဟာ ဘဝရဲ့အကောင်းဆုံးအချိန်တွေကို ...
movie
Blink Twice (2024)
4K HEVC
7.1
A.I. Artificial Intelligence(2001)
A.I. Artificial Intelligence(2001)အညွှန်း *********************************** IMDb....7.1,,,,Rotten....73 ဒါရိုက်တာ Steven Spielberg ဆိုတာနဲ့ ခင်ဗျားတို့ ဒီကားကိုနည်းနည်းတော့စိတ်ဝင်စားသွားမယ်ထင်တယ်....ဒီကားရိုက်တော့ သူကိုယ်တိုင်လည်း အော်စကာ ဆန်ကာတင်အဆင့်ပါခဲ့တယ်...ကျွန်တော်တို့တွေဟာ ရုပ်ရှင်ကြည့်သက်ရင့်လာတာနဲ့အမျှ ဇာတ်ကားကြည့်တဲ့နေရာမှာ အစပိုင်းနည်းနည်းကြည့်ပြီးတာနဲ့တစ်ကားလုံးမဟုတ်တောင် ရှေ့ဆက်ဖြစ်နိုင်ခြေရှိတဲ့ဟာတစ်ချို့ကိုမှန်းဆနိုင်ပါတယ်...ဒါပေမယ့် ဒီကားကိုကြည့်မိရင် ခင်ဗျားတို့ ထင်ထားတာတခြားစီဖြစ်သွားနိုင်တယ်..ဘာလို့ဆို ၁၀မိနစ်လောက်စထားတဲ့ plotတစ်ခုဟာနောက်တစ်နေရာရောက်တော့ ခင်ဗျားတို့လုံးဝထင်မထားတဲ့ရှုထောင့်တစ်ခုကိုချိုးကွေ့လိုက်တယ်.....အချိုးအကွေ့ပေါင်းများစွာနဲ့ဒီကားကိုတည်ဆောက်ထားတယ်...ဒါကြောင့်လည်း Steven Spielberg ဟေ့ဆိုပြီးနာမည်ကြီးတာနေမယ်...ပြီးတော့ကျွန်တော်ပဲ စဉ်းစားဉာဏ်နဲ့ရေးသားမှုပိုင်းညံလေသလားမသိ ဒီကားကိုအညွှန်းဘယ်လိုရေးရမှန်းမသိဘူး...ကောင်းလားလို့မေးရင်တော့ ပြန်ဖြေလို့ရတယ်....ကျွန်တော်တို့တွေလေထဲကအောက်ဆီဂျင်ကိုရှူကြတယ်...တစ်ယောက်ယောက်က လေဘယ်မှာလဲပြဆိုရင် လက်ဆုပ်လက်ကိုင်ပြလို့မရဘူး...ဒီတော့လေမရှိဘူးလားဆိုတော့မဟုတ်ပြန်ဘူး လေဟာနေရာတိုင်းမှာရှိတယ်...ဒီလိုပဲ ဒီကားရဲ့ကောင်းကွက်ကဘာလဲ ဘယ်နေရာဘယ်အပိုင်းကကောင်းတာလဲ music ပိုင်းလား plotပိုင်းလား ..သရုပ်ဆောင်ပိုင်းလား နည်းပညာပိုင်းလား..ဆိုတော့ လေရှိလားဆိုတဲ့မေးခွန်းကိုဖြေသလိုပြန်တုန့်ပြန်ရမယ်ထင်တယ်....အယ် ဒေါင်းမဲ့သူတွေအတွက် ဆင်ခြင်လို့ရအောင်ပြောလို့ရတာတော့တော့ရှိတယ် ..အမိုက်စားအက်ရှင်ခန်းတွေ ...ဘီကီနီဝတ်အလှအပတွေ....၁၅၀၀ဖွဲ့ romantic ဆန်အကွက်တွေ မပါဘူး...File Size…(3GB) and (1.43GB) Quality…Blu-Ray 1080p, 720p Format…mp4 Duration…02:26:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe
movie
A.I. Artificial Intelligence(2001)
2001
HEVC 1080p 5.1
5.3
Tusk (2014)
Tusk (2014)Tusk ဟာ နာမည်ကျော် A24 ကနေ ၂၀၁၄က ထွက်ခဲ့တဲ့ကားပေမဲ့ A24 ပရိသတ်တွေကြား အခုထိ တခုတ်တရထည့်ထည့်ပြောနေရတဲ့ ကားပါ။ A24 က ဒီလိုကား အခုထိ ဒီတစ်ကားပဲရှိနေတော့ သူ့ဖန်တွေအတွက် ဒီကားက အမြဲအမှတ်တရလို ဖြစ်နေမယ့်ကားလည်းဖြစ်နေပါတယ်။ A24 က ဒီလိုကားတွေလည်း ဖြန့်တာလားဟလို့လည်း ပြောချင်ပြောလို့ရသလို တကယ်တမ်းပြောကြတာကတော့ ဒီကားရဲ့ စိတ်ညစ်ညူးအောင်လုပ်နိုင်စွမ်းကို ပြောကြတာက ပိုများတာပေါ့။ ဟာသမင်းသား ကီဗင်စမစ်က ရိုက်ထားတာမို့လို့လည်း ဒီကားက Comedy Horror ကားဖြစ်နေတယ်။ ဒီကားရဲ့ Horror ကတော့ Body Horror ပါ။ အားလုံးလည်းသိကြတဲ့အတိုင်း Body Horror ဆိုတာမျိုးက ကြည့်ရတဲ့သူတင်မဟုတ် တစ်ခါတလေကျ ဘာသာပြန်တဲ့လူကိုပါ တော်တော်စိတ်ထဲစွဲပြီး စိတ်ညစ်အောင်လုပ်နိုင်တယ်။ သေချာတာကတော့ ဒီဇာတ်ကားရဲ့ အကြောင်းအရာနဲ့ အပြတွေဟာ ထူးထူးခြားခြားနဲ့ ရှားပါးပါတယ်။ ...
movie
Tusk (2014)
2014
5.5
The World Made Straight (2015)
The World Made Straight (2015)=====================ဒီ "The World Made Straight" ဆိုတာကတော့ 2015 တုန်းက ထွက်ရှိထားတဲ့ ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ ဒုတိယကမ္ဘာစစ်တုန်းက သွေးမြေကျခဲ့တဲ့ အပါလာချီယန်နယ်မြေရဲ့ သမိုင်းကိုနောက်ခံထားရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဇာတ်ဆောင်ဖြစ်တဲ့ ထရာဗစ်ဆိုတဲ့လူငယ်လေးဟာ ငယ်စဉ်ကတည်းကအရမ်းဆိုးခဲ့တဲ့ အထက်တန်းကျောင်းထွက်တစ်ယောက်ဖြစ်ပါတယ်။ နယ်ခံဖြစ်တဲ့ ထရာဗစ်ဟာတစ်နေ့ မြို့နားကချောင်းငယ်လေးကိုသွားရင်း ဆေးခြောက်ပင်တွေကိုတွေ့သွားပါတယ်။ အဲဒီအခါမှာ သူငယ်ချင်းဖြစ်သူကိုပြောတော့ သူငယ်ချင်းဖြစ်သူက သူတို့နားတစ်ဝိုက်က ဆေးရောင်းဝယ်လုပ်သူဆီရောင်းဖို့အကြံပေးလိုက်ပါတယ်။ ဒီလိုနဲ့ ဆေးရောင်းဝယ်လုပ်နေတဲ့ လီယွန်နက်ဆိုတဲ့သူနဲ့ သိသွားကြပါတယ်။ နောက်တစ်နေ့ ထရာဗစ်က အဖေနဲ့ပြဿနာတက်လို့ အိမ်ကထွက်လာပြီး ဆေးခြောက်ပင်တွေရှိတဲ့ ချောင်းငယ်နားကိုသွားတဲ့အခါ ဆေးခြောက်ပင်ပိုင်ရှင်ထောင်ထားတဲ့ ထောင်ချောက်မှာမိပြီး ဒဏ်ရာရသတိမေ့သွားခဲ့ပါတယ်။ ဆေးခြောက်ပင်ကို ပိုင်တဲ့လူမိုက်နှစ်ယောက်က ထရာဗစ်ကို ခြိမ်းခြောက်ပြီးပြန်လွှတ်ခဲ့ပါတယ်။ ဆေးရုံကအဆင်းမှာ ထရာဗစ်ရဲ့ အဖေက အိမ်ကိုမပြန်လာခိုင်းတာနဲ့ ထရာဗစ်က သူ့ရဲ့အသိဖြစ်တဲ့လီယွန်နက်ဆီကို ခြေဦးတည့်သွားဖို့ဖြစ်လာခဲ့ပါတယ်။ လီယွန်နက်အိမ်မှာနေခွင့်ရသွားတဲ့ ထရာဗစ်ဟာ တစ်နေ့ လီယွန်နက်ဖတ်နေတဲ့ စာအုပ်ကိုယူကြည့်လိုက်တဲ့အချိန် ...
movie
The World Made Straight (2015)
5.5
Drugstore June (2024)
ယခုခေတ်လူငယ်တွေ ကြုံတွေ့ဖြတ်သန်းနေရတဲ့အဖြစ်အပျက်တွေကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးနှောပြီးတင်ဆက်ရိုက်ကူးထားတဲ့ “Drug store June” ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားလေးထဲမှာတော့ -ဆိုရှယ်မီဒီယာ ဆယ်လီကောင်မလေးဖြစ်ချင်တဲ့ ဇွန်အများအပေါ် ဝေဖန်ပြစ်တင်တတ်တဲ့ ဇွန်မိဘတွေနဲ့ သဘောထားမတိုက်ဆိုင်တဲ့ ဇွန်ရည်းစားဟောင်းအပေါ် စိတ်မပြတ်နိုင်သေးတဲ့ ဇွန်စတဲ့ လူမှုရေးပြဿာနာပေါင်းစုံကြားထဲမှာ ရုန်းကန်နေရတဲ့ဇွန်လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ….တစ်နေ့မှာတော့ သူအလုပ်လုပ်တဲ့ဆေးဆိုင်ဓားပြတိုက်ခံလိုက်တော့ အမှုကို သူကိုယ်တိုင်ဝင်ရောက်ဖြေရှင်းဖို့ ကြိုးစားပါတော့တယ်….အမှုဖြေရှင်းရင်း ဇွန်တစ်ယောက် ဘယ်လိုပြောင်းလဲသွားလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းစွာနဲ့ ကြည့်ရှုခံစားရမှာပါ..လက်တွေ့အပြင်လောက လူငယ်သဘောသဘာဝတွေကိုပါထည့်ရိုက်ပြထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရပျော်စေမှာ အမှန်ပါပဲ.. File size…1.19GB / 536MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Comedy , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thinn & Aoi
movie
Drugstore June (2024)
LEGO Marvel Avengers: Code Red (2023)
Lego အဗန်ဂျာကာတွန်းကားအသစ်ပါ။ Lego ကာတွန်းတွေရဲ့ ထုံးစံအတိုင်း နာမည်ကျော်ဇာတ်ကောင်တွေ အစုံထည့်သွားထားပြီး ဟာသလုပ်ထားတာတွေကို တွေ့ရမှာပါ။ မူရင်းအဗန်ဂျာတွေအပြင် အခြား ဟီးရိုးတွေ ဗီလိန်တွေအစုံနဲ့ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြထားတာမို့ လူကြီးရော ကလေးရော ကြည့်လို့ရတဲ့အမျိုးအစားပါပဲ။ဇာတ်လမ်းအကျဉ်းဘလက်ဝစ်ဒိုးရဲ့အဖေ ရက်ဂါဒီယံဟာ ထူးဆန်းတဲ့လူတစ်ယောက်ရဲ့အဖမ်းခံလိုက်ရပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီအမှုကိုစုံစမ်းရင်းနဲ့ ခေါင်းခွံနီတို့ဘာတို့ နာမည်မှာ အနီပါတဲ့သူတွေအကုန် အဖမ်းခံနေရတာကို အဗန်ဂျာတွေသိသွားပါတော့တယ်။ ဒါကြောင့် အဖမ်းမခံရဘဲနောက်ဆုံးကျန်တဲ့ အနီရောင်ဟော့ခ်ဆီကနေ တဆင့် စုံစမ်းဖို့ သွားကြရင်းနဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ File size…(1 GB)/(553 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:46:00 Genre...Animation, Action, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
movie
LEGO Marvel Avengers: Code Red (2023)
6.7
Somebody I Used to Know(2023)
Somebody I Used to Know(2023)*******************************ဒီရုပ်ရှင်လေးကတော့ ရည်းစားဟောင်းရဲ့ မင်္ဂလာဆောင်ကို သွားရှုပ်တဲ့အကြောင်းကိုမှပူရဆွေးရတာတွေ၊လက်ခံပေးရတာ၊အသည်းကွဲရတာ၊ အသစ်ပြန်စရတာမျိုးတွေစတဲ့ ချိုချဥ်စပ်ခါးအရသာလေးနဲ့ကြည့်ရှုရမှာပါ၊ ဇာတ်လမ်းကိုတော့ မမAlison Brieနဲ့ ခင်ပွန်းဖြစ်သူ now you see meထဲက မင်းသားDave Francoတို့အတူတူဇာတ်ညွှန်းရေးပြီး အယ်လီနေရာမှာ မမAlison Brieကသရုပ်ဆောင်၊ Dave Francoက ဒါရိုက်တာလုပ်ပြီးအပြိုင်ကြဲထားကြပါတယ်။ အတိတ်မှာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အတိတ်မှာပဲထားခဲ့၊ လက်ရှိဘဝကိုယူလာရင်တော့ အနာဂတ်ပါရှုပ်ထွေးသွားနိုင်တာကိုရိုက်ပြထားပြီး ကိုယ့်ကိုယ်ကိုလက်ခံတတ်စေဖို့ စိတ်ဝင်စားစရာဇာတ်လမ်းလေးနဲ့ရိုက်ပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ အယ်လီဟာ အစီအစဥ်တင်ဆက်သူတစ်ယောက်၊အလုပ်ကိုပဲတမ်းတမ်းစွဲလုပ်တတ်သူပေါ့၊ ဒီအလုပ်ကိုရွေးချယ်ခဲ့တာကြောင့် ရည်းစားဟောင်းဖြစ်သူရှောင်နဲ့ ကွေကွင်းခဲ့ရတာပေါ့နော်။ သူလုပ်ချင်တဲ့ ရှိုးကို သုံးနှစ်လောက်လုပ်အပြီးမှာ အကြောင်းမလှဘဲရှိုးပွဲကရပ်နားခံလိုက်ရတော့ အယ်လီတစ်ယောက်စိတ်ဓာတ်တွေကျပြီး မိခင်ရှိရာနယ်မြို့လေးကိုပြန်လာခဲ့တယ်ပေါ့၊ ရောက်တဲ့နေ့မှာပဲ မထင်မှတ်ဘဲ ရီးစားဟောင်း ရှောင်နဲ့ပြန်တွေ့ပြီး ဇာတ်လမ်းလေးတွေပြန်စမယ်ကြံမိခါမှသူက မင်္ဂလာဆောင်တော့မှာတဲ့၊ အဲ့ဒီနောက်မှာတော့File Size :(1.5GB) and (644MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:46:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Somebody I Used to Know(2023)
Entourage(2015)
ဒီဇာတ်ကားလေးဟာတော့ဖြင့် Entourage ဆိုတဲ့ နာမည်ကြီး တီဗွီစီးရီးရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ အဲဒါကြောင့် Entourage စီးရီးဖန်တွေ သေချာပေါက် ကြည့်ရမဲ့ ဇာတ်ကားဖြစ်ပါတယ်၊ ဒါပေမဲ့ ဇာတ်လမ်းနဲ့ ဇာတ်အိမ်က စီးရီးမကြည့်ဖူးသေးသူတွေလည်း နားလည်နိုင်အောင် ဖွဲ့စည်းထားတာကြောင့် သူ့ရဲ့ဇာတ်လမ်းတွဲကို မကြည့်ရသေးသူတွေလည်း ကြည့်လို့အဆင်ပြေမှာပါ။ ဇာတ်လမ်းကတော့ နာမည်ကြီးရုပ်ရှင်မင်းသား Vince၊ အောင်မြင်တဲ့စတူဒီယိုတစ်ခုကို ဦးစီးနေနိုင်ပြီဖြစ်တဲ့ Ari နောက်တော့ Vince ရဲ့ မန်နေဂျာ Eric ရယ်၊ Vince ရဲ့အစ်ကို Johnny Drama ပြီးတော့ အဲအပေါင်းအပါအုပ်စုကြီးရဲ့ နောက်ဆုံး အဖွဲ့ဝင် Turtle တို့နဲ့အတူ Hollywoodရဲ့ ရှာရှာကြံကြံ အဖြစ်သနစ်တွေကို ဟာသနှောကာရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားကတော့ အရင်ဇာတ်လမ်းတွဲဇာတ်သိမ်းသွားတဲ့နေရာကနေ စထားပါတယ်။ Ari ဟာ Vince ကို သူထုတ်လုပ်မဲ့ကားမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းလိုက်ပါတယ်။ ဒါမဲ့ Vince ကတော့ သူ့ကိုဒါရိုက်တာပါ လုပ်ခွင့်ပေးမှ လုပ်ပါမယ်တဲ့။ ...
movie
Entourage(2015)
5.2
Rise of the Teenage Mutant Ninja Turtles: The Movie(2022)
Rise of the Teenage Mutant Ninja Turtles:The MovieRotten tomatoes 78%Metacritic 6.2/10 ဒါကတော့ အားလုံးသိကြတဲ့ TMNT ရဲ့နောက်ဆုံးထွက်လာတဲ့Animation ရုပ်ရှင်ပါ။2018 ကထွက်ရှိလာတဲ့ ပြန်ဆန်းသစ်ထားတဲ့ Nickelodeon tv series ရဲ့အဆက်ပါ။ လိပ်နင်ဂျာညီအစ်ကိုလေးဦးတို့ Shredder ကိုနှိမ်နင်းပြီး နှစ်နှစ်အကြာမှာ အနာဂတ်ကပြန်ရောက်လာတဲ့ Casay Jonesနဲ့ပူပေါင်းပြီး အစွမ်းထက်လှတဲ့ ဂြိုလ်သားKrangတွေကို တားဆီးဖို့ကြိုးစားကြပါတယ်။ ဒီ Rise of the Teenage Mutant Ninja Turtles ကတော့ Family dynamicတွေနဲ့တချို့ Character တွေကို ပုံစံတစ်မျိုးနဲ့ပြန်ဖန်တီးထားပါတယ်။ဥပမာ ဒီVersion မှာLeo ကအကြီးဆုံးမဟုတ်တော့ဘဲ Ralph ကအကြီးဆုံးဖြစ်နေပါတယ်။ ဒါပေမယ့် Animation style ကပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းပြီး Action sequence တွေကလည်း တော်တော်မိုက်ပါတယ်။လိပ်နင်ဂျာ ညီအစ်ကိုတွေကြားက ဆက်ဆံရေးကလည်း စိတ်၀င်စားစရာပါပဲ။ File size…1.6GB / 855MB Quality…1080p WEB DL AAC5.1CH ...
movie
Rise of the Teenage Mutant Ninja Turtles: The Movie(2022)
2022
5.4
The Devil Has a Name (2019)
ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ မှုခင်း ဒရာမာလေး တစ်ခုလောက် ကြည့်လိုက်ရအောင်။ စက်ရုံကြီးတွေရဲ့ လုပ်ရပ်ကြောင့် ပတ်ဝန်းကျင်မှာ ထိခိုက်မှုတွေဖြစ်တဲ့အကြောင်းကိုအခြေခံထားပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ ရေတွေအဆိပ်သင့်စေတဲ့အတွက် ဧရာမကုမ္ပဏီကြီးကို တရားစွဲတဲ့ လယ်သမားကြီးတစ်ယောက်အကြောင်းပေါ့။ လယ်သမားကြီးကိုအမှုရှုံးဖို့နည်းမျိုးစုံဖိအားပေးပုံတွေ၊ လယ်သမားကြီးဘက်က မျိုးစုံ ရုန်းကန်ရပုံတွေကို စိတ်လှုပ်ရှားစရာ ပြသထားတာဖြစ်ပါတယ်။ကြည့်လိုက်ပါဦး။File size…(1.57GB)/(787Mb)/( Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre...Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TainHlwar
movie
The Devil Has a Name (2019)
6.8
Extremely Wicked, Shockingly Evil and Vile
အမေရိက သမိုင်းရဲ့ အချောဆုံး အခန့်ညားဆုံး လူသတ်ကောင် . .(သို့မဟုတ်)Ted Bundy ဆိုတဲ့ စိတ္တဇ လူသတ်သမားတစ်ယောက်ရဲ့ အကြောင်း . ._________________ ဖြစ်ရပ်မှန် အဖြစ်အပျက်ပါ။ _________________၁၉၇၀ ဝန်းကျင်တုန်းက အမေရိက မှာ Ted Bundy ဆိုတဲ့ လူတစ်ယောက် ရှိဖူးခဲ့တယ်။ သူက ရုပ်ချောတယ်။ တဖက်သားကို အရမ်း လွမ်းမိုးနိုင်တယ်။ သူ့ကိုမြင်တဲ့ ကောင်မလေးတိုင်း တဖြုတ်ဖြုတ် ကြွေကြတယ်။ စကားပြောညက်တယ်။ လူကြီးလူကောင်း ပီပီသသ နဲ့ တကယ့် ယောကျာ်းဖြောင့်ကြီး တစ်ယောက်လို နေတတ်တယ်။ဒါပေမယ့် . . သူက လူ သတ်သမား တဲ့။ သတ်တာမှ ကောင်မလေးတွေ အမျိုးသမီးတွေကို သတ်တာ။ ပိုးစိုးပက်စက် ကို သတ်တာ။ လွှနဲ့ ခေါင်းဖြတ်သတ်တယ်။ မျက်နှာတစ်ခုလုံး ကြေမွသွားအောင် တုတ်နဲ့ ရိုက်တယ်။ မုဒိန်းကျင့်တယ်။ ဘာအကြောင်းမှ ...
movie
Extremely Wicked, Shockingly Evil and Vile
2019
8.8
Forrest Gump (1994)
IMDb Rating (8.8) / Rotten Tomatoes (71%)Winston Groom ရဲ့ Novel ကိုအခြေခံလို့ Eric Roth ဇာတ်ညွှန်းရေးကာ ဒါရိုက်တာ Robert Zemeckis ရိုက်ကူးခဲ့တဲ့ ဒီကားဟာ အော်စကာ Best picture, Best director, Best actor, Best adapted screenplay, Best visual effects, Best editing ဆုတွေရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ မင်းသား Tom Hanks အတွက်တော့ ရှားရှားပါးပါး နှစ်နှစ်ဆက်(Philadelphia, Forrest Gump) အော်စကာရရှိစေခဲ့တာပါ။ Tom Hanks အပြင် Robin Wright, Gary sinise, Mykelti Williamson, Sally Field တို့ပါဝင်ပါတယ်။ Tom Hanks ဟာ Forrest ...
movie
Forrest Gump (1994)
7.5
Secondhand Lions 2003
ဝေါလ်တာဆိုတဲ့ ဆယ့်လေးနှစ်သားလေးဟာ လိမ္မာရှာပေမဲ့ မြာပွေတဲ့ အမေနဲ့နေ နေရရှာတဲ့ ဖတဆိုးသားလေးပါ ဒီလိုနဲ့တစ်နေ့မှာ သူ့အမေ ရည်းစားရှာထွက်ဖို့ ကောင်လေးဝေါ်လ်တာကို သူ့ရဲ့ လူပျိုကြီးအဖိုးလေးနှစ်ယောက်ဖြစ်တဲ့ ဟက်ဘ်နဲ့ ဂါ့သ်ဆီမှာ ချန်ထားခဲ့ပါတယ် ဒီလူပျိုကြီးနှစ်ယောက်ဆီမှာ ဝှက်ထားတဲ့ပိုက်ဆံတွေရှိနေတယ်လို့သတင်းထွက်လို့ အမျိုးတိုင်းက စိတ်၀င်စားနေကြတာပါ ဒီလိုနဲ့ ဝေါလ်တာက ဟက်ဘ် နဲ့ ဂါ့သ်တို့အိမ်ရောက်အပြီးမှာတော့ တကယ်ပဲပိုက်ဆံတွေရှိနေလား သူတို့နှစ်ယောက်က ဘယ်လိုနောက်ကြောင်းတွေရှိမလဲ ဝေါ်လ်တာကရော ဘာဆက်ဖြစ်လာမှာလဲ စတဲ့အကြောင်းအရာပေါင်းများစွာကို ကြည့်ရှုရမဲ့ မိသားစုဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ် File Size : 600 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 49min Genre : Comedy, Drama, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Chuck Chuck Encoded by Littleneo
movie
Secondhand Lions 2003