Channel Myanmar

Hal Yamanouchi

Iron Fighter (2024) 5.5
Iron Fighter (2024)  လက်ဝှေ့ဝါသနာရှင်များအတွက် အကြမ်းစားကြီးရိုက်ကူးထားတာတော့မဟုတ်ပေမဲ့ အပျင်းပြေကြည့်လို့ကောင်းမဲ့Iron Fighter ဆိုတဲ့ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ထူးခြားတာတစ်ခုကတော့ ဒီဇာတ်ကားကစိတ်ကူးယဉ်ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပေမဲ့ဒီဇာတ်ကားရဲ့မင်းသားဖြစ်တဲ့လက်ဝှေ့သမားကလောက်ဒီယိုကအပြင်လောကမှာလည်း ဒီနာမည်နဲ့ပဲလက်ဝှေ့နဲ့ကရာတေးချန်ပီယံဖြစ်ပြီး သူ့ရဲ့အတွေ့အကြုံတွေကိုဒီဇာတ်ကားထဲထည့်သွင်းပုံဖော်ထားတာပဲဖြစ်ပါတယ်။ဇာတ်ညွှန်းထဲမှာ ကလောက်ဒီယိုကို မိန်းမဆုံးသွားပြီးတဲ့နောက်မှာအကြီးအကျယ်စိတ်ထိခိုက်ပြီး လက်ဝှေ့လောကနဲ့ပရိသတ်ရှေ့ကနေပျောက်သွားတဲ့ ၁၀၂ ပွဲဆက်တိုက်အနိုင်ရရှိထားတဲ့ချန်ပီယံကြီးအနေနဲ့ပုံဖော်ထားပါတယ်။ဒါပေမယ့်လည်းဘ၀ကရှေ့ဆက်သွားနေရမှာဖြစ်တဲ့အတွက်သမီးဖြစ်သူနဲ့နောက်မိန်းမနဲ့အတူတူအေးဆေးနေသွားရဖို့အတွက်နောက်ဆုံးတစ်ပွဲအနေနဲ့နာမည်ကြီးလက်ဝှေ့သမားတစ်ယောက်နဲ့စိန်ခေါ်ထိုးသတ်ခဲ့ပါတော့တယ်။ဆုကြေးကလည်း ဒေါ်လာ ၁၀ သန်းနဲ့၃ သန်းတန်တဲ့ဆုဖလားကြီးဖြစ်တဲ့အတွက် အပြင်းအထန်ထိုးသတ်တဲ့သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကိုလည်း ရှုစားရဦးမှာဖြစ်ပါတယ်။ဒီလိုကြမ်းတမ်းမဲ့ထိုးသတ်ပွဲကြီးမှာ ကလောက်ဒီယိုတစ်ယောက်အနိုင်ရသွားမလား ကြိုး၀ိုင်းအပြင်ကနေစောင့်ကြည့်နေကြတဲ့ကြေးကြီးလောင်းတဲ့ လောင်းကစားသမားတွေနဲ့ရော ဘာအရှုပ်တွေဖြစ်လာဦးမလဲဆိုတာတွေကို အက်ရှင်နဲ့လက်ဝှေ့ အချိုးကျကျပေါင်းစပ်ပြီး လှလှပပရှုစားရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။  File size… (998MB) / (502MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 20m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Iron Fighter (2024)

The Last Redemption (2024) 5.5
The Last Redemption (2024)  အမိန့်ကိုနာခံနေရတဲ့လူတစ်ယောက်ရဲ့ဘ၀မှာ တစ်ခါတစ်လေကျရင်အမိန့်ထက်ပိုပြီး နှလုံးသားကလမ်းပြတဲ့ ပိုသင့်တော်တဲ့လမ်းကိုရွေးချယ်ရတဲ့အခိုက်အတန့်တွေရှိတတ်ပါတယ်။အဲ့ဒီအခိုက်အတန့်တွေကို ရောက်လာခဲ့ရင် ကိုယ်ဆိုရင်ကောငြင်းဆန်နိုင်မဲ့သတ္တိရှိပါ့မလား မှန်ရာကိုလုပ်ဖို့ရွေးချယ်တဲ့အခါမှာဘာတွေပေးဆပ်ရမလဲဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်သာလာအောင် အရင်ခေတ်ကစစ်သည်တော်ခေတ်နဲ့ နှိုင်းယှဉ်ရိုက်ကူးပြသထားတဲ့ The Last Redemption ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။အရင်ခေတ်မှာနစ်စ်ထရိုးလို့ခေါ်တဲ့ ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့နာမည်ကြီးဓားပြဂိုဏ်းတစ်ခုရှိခဲ့ပါတယ်။နစ်စ်ထရိုးလို့ဘာလို့ခေါ်ရလဲဆိုရင် အဖွဲ့ခေါင်းဆောင်ကလီလန်းနစ်စ်ထရိုးဖြစ်ပြီးတော့အကြင်နာကင်းမဲ့တဲ့ လူတစ်ယောက်ဖြစ်နေလို့ပါပဲ။အဖွဲ့သားတွေအားလုံးက၀ရမ်းပြေးတွေဖြစ်ပြီး လက်ရှိအုပ်ချုပ်နေတဲ့ ဘုရင်ဖယ်ရယ်ရဲ့စစ်တပ်တွေလက်ထဲကနေ အမြဲတမ်းထွက်ပြေးနေရတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ဘုရင်ရှိရင် ဘုရင့်နေရာလိုချင်သူတွေကလည်းရှိတယ်ဆိုတဲ့အတိုင်း ဘုရင်ဖယ်ရယ်ရဲ့ဝမ်းကွဲညီက ဘုရင့်ကိုသတ်ပြီးဘုရင်နေရာယူဖို့အတွက်တစ်နေ့မှာ နစ်စ်ထရိုးတို့ကိုမက်လုံးပေးပြီးခိုင်းပါတော့တယ်။ဘုရင်ဖယ်ရယ်ကိုသတ်နိုင်ပေမဲ့ ဘုရင်ဖယ်ရယ်ရဲ့သမီးလေးကမျက်မြင်သက်သေဖြစ်သွားတဲ့အတွက် ကလေးကိုပါသတ်ဖို့လုပ်ချိန်မှာတော့ မှန်ရာကိုလုပ်မဲ့အဖွဲ့သားတွေနဲ့ ပိုက်ဆံရဖို့အတွက်ဘာမဆိုလုပ်မဲ့ နစ်စ်ထရိုးတို့အဖွဲ့ ကွဲသွားကြပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။  File size… (1.79GB) / (1.01GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 2m Genre …..Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Last Redemption (2024)

Push (2009) 6.1
Push (2009) Push (2009)IMDb Rating (6.1)မင်းသားချော Chris Evans ၊ Djimon Hounsou ၊Clifford Curtis၊ မင်းသမီးချော Dakota Fanning ၊ Camilla Belle တို့လို သရုပ်ဆောင်တွေနဲ့ Push ရုပ်ရှင်ကတော့ စူပါဟီးရိုးခေတ်ဦးကို အမှတ်ရစေမယ့် စူပါဟီးရိုးရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ဇာတ်လမ်းကတော့...ဒုတိယ ကမ္ဘာစစ်အတွင်းမှာ နာဇီစစ်တပ်ဟာ သူတို့စစ်သားတွေရဲ့စွမ်းရည် မြင့်မားလာအောင် ဆေးဖော်စပ်ဖို့အတွက် မွေးရာပါ စွမ်းအားရှိသူ တွေကို ဖမ်းဆီးပြီး သုတသန လုပ်ခဲ့ပါတယ်။ အဲ့ဒီ့သုတေသနကြောင့် စွမ်းအားရှိသူတွေ အများအပြားသေဆုံးခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး စစ်ကြီးပြီးသွားတဲ့အခါမှာတော့ အမေရိကန်လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Division လို့ခေါ်တဲ့အဖွဲ့က ထိုသုတေသနကိုဆက်လက်ဆောင်ရွက်ခဲ့ပြီး Kira လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်က မသေဘဲ စမ်းသပ်ချက်အောင်မြင်ခဲ့ပေမယ့် ထွက်ပြေးလွတ်မြှောက်သွားတဲ့အခါမှာတော့ . . . ။ File size…(9.7 GB)/ (2.9 GB ) / (1.4 GB) Quality….BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration….01:51:27 Subtitle….Myanmar ...
movie

Push (2009)

2009
4K HEVC
Emanuelle and the Last Cannibals (1977) 5.0
Emanuelle and the Last Cannibals (1977) Emanuelle and the Last Cannibals (1977) Original title: Emanuelle e gli ultimi cannibali Genre – Adventure, Horror(ရှေးခေတ် အီတလီကားဖြစ်လို့ ရှင်းလင်းသော လိင်မှုဆိုင်ရာပြကွက်များ ပါဝင်တဲ့အပြင် လူသားစားလူရိုင်းရုပ်ရှင် ဖြစ်တဲ့အတွက် သွေးထွက်သံယို အော်ဂလီဆန်စရာအခန်းများ ပါဝင်သောကြောင့် ကြည့်ရှုသူများအနေနဲ့ သတိချပ်စေလိုပါတယ်။) ဂျာနယ်လစ်တစ်ဦးဖြစ်သူ အီမာနူရယ်ဟာ စိတ်ကျန်းမာရေးဆေးရုံအကြောင်း ဇာတ်လမ်းရေးဖို့ အသွင်ယူနေတုန်း ဆေးရုံကို လူသားစားလူရိုင်းတွေလက်ကနေ လွတ်မြောက်လာတဲ့ ကောင်မလေးတစ်ယောက် ရောက်ရှိလာပါတယ်။တစ်ရက်ကျ ဒီကောင်မလေးဟာ သူ့ကို လိင်ပိုင်းဆိုင်ရာ အမြတ်လာထုတ်တဲ့ သူနာပြုတစ်ယောက်ရဲ့ ရင်သားကို ကိုက်ဖြတ်ပြီး စားသောက်လိုက်တော့ နာမည်ကြီးပြီး အီမာနူရယ်တစ်ယောက် သူ့ကို လေ့လာကြည့်တဲ့အခါ ဒီကောင်မလေးကိုယ်ခန္ဓာကိုယ်ပေါ် ပါလာတဲ့အမှတ်အသားက မျိုးတုန်းသွားပြီလို့ ယူဆရတဲ့ အမေဇုန်လူရိုင်းမျိုးနွယ်တစ်ခုရဲ့ သင်္ကေတ ဖြစ်နေပါတယ်။ဒီအတွက် အီမာနူရယ်ဟာ ဒီထက်ပိုကြီးမားတဲ့ဇာတ်လမ်း လိုက်နိုင်ဖို့ မနုဿပညာရှင် ပရော်ဖက်ဆာတစ်ယောက်ရယ် တောတွင်းလမ်းပြကောင်မလေးရယ် သူနာပြုတစ်ယောက်ရယ် အမေဇုန်တောထဲမှာ နောက်ဆုံးလက်ကျန် လူသားစားမျိုးနွယ်တွေကို လိုက်ရှာဖို့ စွန့်စားခန်းထွက်ကြရင်း ဘယ်လို ခြောက်ခြားစရာ အန္တရာယ်ဒုက္ခတွေနဲ့ တွေ့ကြမလဲဆိုတာကို ...
movie

Emanuelle and the Last Cannibals (1977)

Zoolander 2 (2016) 4.8
Zoolander 2 (2016) ၂၀၀၁ ခုနှစ်က ထွက်ရှိထားတဲ့ Zoolander 1 ရဲ့ ဒုတိယကားဖြစ်ပါတယ်။ ပထမကားထဲမှာလိုပဲ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် Benedict Cumberbatch၊ Justin Bieber၊ Katy Perry နဲ့ တခြားအဆိုတော်များစွာက ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။အဆိုတော် ဂျက်စတင်ဘီဘာရဲ့သေဆုံးမှုအပြီး ပေါ့ပ်စတားတွေ ထူးဆန်းစွာသေဆုံးနေမှုကို စုံစမ်းဖို့ အင်တာပိုက သူတို့ကို ကူညီနိုင်မယ့်သူတွေကို ရှာဖွေခဲ့ပါတယ်။ ဒဲရစ်နဲ့ ဟန်ဆယ်တို့က လူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး နှစ်အတော်ကြာ နေပြီးချိန်မှာ ကမ္ဘာတစ်ဝှမ်းက ပေါ့ပ်စတားတွေ အသတ်ခံရမှုကို စုံစမ်းဖို့ အင်တာပိုက အေးဂျင့်မလေးက သူတို့ကို ဆက်သွယ်လာတာမို့ နှစ်ယောက်သား အမှုတွဲထဲကို ဘယ်လိုပါဝင်ပတ်သက်သွားမိမလဲ ဆိုတာကို ...
movie

Zoolander 2 (2016)

2016
The Way Back (2010) 7.3
The Way Back (2010)  ဒီရုပ်ရှင်ကို ဒါရိုက်တာ Peter Weirက နာမည်ကြီး ဝတ္ထု The Way Backရဲ့ စာရေးဆရာ ပိုလန်လူမျိုး reporter Slavomir Rawicz ရဲ့ကိုယ်တွေ့ဖြစ်ရပ်ကိုမှ နောက်ခံဇာတ်ကောင်တွေထပ်ထည့်ပြီး ရိုက်ကူးထားတာပါ။ Jim Sturgess, Colin Farrell, Ed Harris နဲ့ Saoirse Ronan တို့လို နာမည်ကြီးတွေ ဦးဆောင်ပါဝင်ထားပါတယ်။ Oscar nominationကို Best makeup နဲ့ဝင်ခဲ့ပေမယ့် The Wolfmanကို ရှုံးသွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံကို ဆိုဗီယက်ကျူးကျော်ထားစဥ်မှာ စစ်အရာရှိငယ် Janusz Wieszczekက ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။ဆိုဗီယက်တွေက သူ့ရဲ့အမျိုးသမီးကိုပါ ခေါ်ယူရိုက်နှက်စစ်ဆေးပြီး Januszကို စပိုင်လို့ အမည်တပ်ကာ နိုင်ငံရေးအကျဥ်းသားတွေကို ဖမ်းဆီးပြီး အလုပ်ကြမ်းအတင်းခိုင်းစေတဲ့ စနစ်ဖြစ်တဲ့ Gulagကိုကျင့်သုံးနေတဲ့ Siberiaက campတစ်ခုဆီပို့လိုက်ပါတယ်။ ရာသီဥတုက အင်မတန်အေးပြီး ဆိုးလွန်းတဲ့အထဲ အလုပ်ကြမ်းတွေမနားလုပ်ရပါတယ်။နှင်းကိုက်ဒဏ် ...
movie

The Way Back (2010)

They Talk (2021) 3.8
They Talk (2021) They Talk (2022)ပရလောကဆိုတာကို တစ်ချို့ကယုံကြတယ်။ တစ်ချို့က မယုံကြဘူးပေါ့။ တစ်ချို့ကျ တစ္ဆေဆိုတာ အကြောင်းတစ်ခုခုနဲ့ဖြစ်လာတဲ့ လူ့ရဲ့ပုံရိပ်ယောင်တွေ ပဲ့တင်သံတွေလို့ ထင်ကြတယ်။ တစ်ခါတလေကျလည်း သဘာ၀ရဲ့လှည့်ကွက်ပေါ့။ သဘာ၀ထဲက လေအေးနဲ့ လေနွေးပေါင်းစပ်မိတဲ့အခါမှာတောင် တစ်ခါတလေ ထင်ယောင်ထင်မှားဖြစ်လောက်စရာတွေပေါ်တတ်တယ်။ ဟော့ကင်းကတော့ လူဆိုတာ ကွန်ပြူတာတစ်လုံးလိုပဲလို့ ဆိုတယ်။ ပျက်ပြီး ပြီးပြီပေါ့။ ဒါပေမဲ့ တကယ်ရှိရှိမရှိရှိ ယုံတဲ့လူတွေရှိနေသရွေ့ သရဲကတော့ ရှိနေဦးမှာပါပဲ။ဒီဇာတ်လမ်းမှာ လူတစ်ယောက်ဟာ ပရလောကက အသံတွေကို ကြားနေရတယ်။ ကြုံရာကျပန်းတွေပါပဲ။ ဘာတွေလဲကို သူလည်းမသိဘူး။ သူ့လိုပဲ ကြားရတဲ့ ပရော်ဖက်ဆာတစ်ယောက်ဆီ သူအကြံသွားတောင်းတယ်။ ပရော်ဖက်ဆာကတော့ သရဲတွေက ကြုံရာကျပန်းပြောတာမဟုတ်ဘူး။ သူ့ကို သတင်းတစ်ခုခုပေးချင်တာတဲ့။ ဒီတော့ သူအဖြေရှာတယ်။ သူ့ကောင်မလေးက ဒါတွေကိုမယုံဘူး။ ဆက်မလုပ်တော့ဖို့ပြောတယ်။ ဒီလိုနဲ့ တစ်မနက်ကျ ပရော်ဖက်ဆာကြီးဆီက ဖုန်း၀င်လာပြီး သူ့ကို တစ်ခုခုလာနေပြီ သတိထားလို့ပြောတယ်။ အဲဒီညနေသူ ဖုန်းပြန်ဆက်တော့ ...
movie

They Talk (2021)

2021