Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hal Holbrook
The Bachelor (1999)
အခုတစ်ခေါက်က The Bachelor (1999) ဆိုတဲ့ ရိုမန်တစ်ကားလေးကြည့်ဖြစ်တယ်။ ဒီဇာတ်ကားက ရိုတယ်ဆိုပေမယ့် ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ရောထားတော့ ကြည့်ရတာ စိတ်အပန်းဖြေဖို့ ကောင်းတာပေါ့။ ဒါက Seven Chances (1925) ဆိုတဲ့ကားကို ပြန်လည်ရိုက်ကူးထားတာလို့လည်း သိရတယ်။ဇာတ်လမ်းကတော့ ဂျင်မီရှန်နွန် (Chris O'Donnell) ဆိုတဲ့ လူပျိုကြီးတစ်ယောက်အကြောင်း။ သူက အိမ်ထောင်ရေးဆိုတာကို သိပ်မစဉ်းစားတဲ့သူ လွတ်လွတ်လပ်လပ် နေရတာကိုပဲ သဘောကျတယ်။ ဒါပေမယ့် သူ့ရည်းစား အန်နီ (Renée Zellweger) ကတော့ အိမ်ထောင်ပြုဖို့ မျှော်လင့်နေတာပေါ့။ တစ်နေ့ ဂျင်မီက အန်နီကို လက်ထပ်ခွင့်တောင်းဖို့ ကြိုးစားပေမယ့် သူ့စကားတွေက တကယ့်ကို အဆင်မပြေလို့ အန်းက စိတ်ဆိုးပြီး ထွက်သွားတယ်။ ဒီမှာ ပြဿနာက စတာပဲ။ဂျင်မီရဲ့ အဘိုးဖြစ်သူ ဆုံးသွားပြီး သူ့ကို ဒေါ်လာ ၁၀၀ သန်းတန် ...
movie
The Bachelor (1999)
7.2
Men of Honor (2000)
Men of Honor(2000) ******************** IMDb.....7.2 ကားနာမည်ကိုမြင်လိုက်ရုံနဲ့ ခင်ဗျားတို့ဟာ ဒီဇာတ်ကားရဲ့ အတိမ်အနက်ကို အနည်းငယ်ခန့်မှန်းမိလောက်မယ်ထင်မိပါရဲ့....ဇာတ်ကားရဲ့နာမည်က လေးနက်သလို ဒီကားထဲက သရုပ်ဆောင်တွေ ဇာတ်လမ်းဇာတ်ကွက်တွေစကားပြောတွေ ပေးချင်တဲ့ message တွေဟာလည်း ခမ်းနားလှပလွန်းပါတယ်....ဒီကားက အမေရိကန် ရေတပ်မတော်မှာ ပထမဆုံးသော လူမည်းရေငုတ်သမားဘဝကို ဖိနှိပ်တားဆီးမှုကြားကကြိုးစားခဲ့ရတဲ့ ကားလ်ဘရေးရှီးရှား Carl Brashear ရဲ့ ဘဝဖြစ်စဉ်ကို ရိုက်ပြထားတာဖြစ်ပါတယ်...ဒီကားထဲက မင်းသားကြီးတွေဖြစ်တဲ့ Robert De Niro နဲ့ Cuba Gooding Jr. တို့ကိုတော့ တော်တော်များများသိကြမယ်ထင်ပါတယ်....ဇာတ်လမ်းနဲ့ပတ်သက်ပြီး ကျွန်တေ်ာဒီလောက်ပဲပြောပြချင်တယ်...ဒီကားက ဟာသတွေ CGI နည်းပညာတွေ မျက်ရည်ချူကွက်တွေ ရိုဆန်ဆန်အမူအရာတွေ တစ်ခုမှ မပါပါဘူး...သို့ပေမဲ့ ခင်ဗျားဟာ ဇာတ်လမ်းအမျိုးအစားရွေးချယ်ကြည့်ရှုရာမှာ ဘယ်လောက်ပဲ ဇီဇာကြောင်နေနေ ...ဒီကားက ခြွင်းချက်ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် မဝံမရဲ အာမခံပေးလိုက်ပါ့မယ်...ခံစားကြည့်လိုက်ပါဦးဗျ.... File Size : 2.37GB/ 1.02GB Quality : Blu-Ray 1080p ...
movie
Men of Honor (2000)
8.1
Into the Wild (2007)
Into the Wild (2007)IMDb Rating (8.1) / Rotten Tomatoes (83%)၁၉၉၃ ခုနှစ်၊ အမေရိကန်နိုင်ငံမှာ လှုပ်လှုပ်ရှားရှား သတင်းတစ်ပုဒ် ထွက်ပေါ်ခဲ့တယ်။ အသက် ၂၀ ကျော်၊ ဘွဲ့ရပညာတတ်လူငယ်တစ်ဦး၊ ငွေရေးကြေးရေး အခက်အခဲ မရှိသလို၊ မိသားစုပြသနာ၊ အချစ်ရေး ပြသနာ ဘာမှ မရှိတဲ့ လူငယ်လေးတစ်ဦးဟာ တောထဲကို ဝင်ရောက်သွားခဲ့တယ်။တောထဲမှာ တစ်ကိုယ်တော်နေထိုင်ရင်း သစ်သားဘတ်စ်ကားအိုကြီးထဲမှာ ပျက်စီးနေတဲ့ သူ့ရုပ်အလောင်းကို ဆတ်မုဆိုးအဖွဲ့ကနေ တွေ့ရှိခဲ့ပါတော့တယ်။♦️ ဘာကြောင့်သူဟာ ပိုင်ဆိုင်မှူတွေကို စွန့်ခွာခဲ့တာလဲ♦️ ဘာကြောင့်သူဟာ အောင်မြင်မှူတွေကို စွန့်ခွာခဲ့တာလဲ♦️ ဘာကြောင့်သူဟာ ချစ်ခင်တဲ့ မိသားစုကို စွန့်ခွာခဲ့တာလဲအဆိုပါ လူငယ်လေးအကြောင်းဟာ အမေရိကန်နိုင်ငံသားတွေကြားမှာ ဆွေးနွေးစရာ ဘာသာရပ် တစ်ခု ဖြစ်ခဲ့ပါတယ်။ အဆိုပါ လူငယ်လေးရဲ့ ကိုယ်ရေးမှတ်တမ်းတွေအပါအဝင် သူပတ်သက်ခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ ဆရာ ဆရာမတွေ၊ မိသားစုဝင်တွေနဲ့ သူ့ချစ်သူတို့ကို မေးမြန်းကာ စာရေးဆရာ Jon Krakauer က Into the Wild ဆိုပြီး စာအုပ်တစ်အုပ်ထုတ်ဝေလိုက်ပါတယ်။အဆိုပါစာအုပ်ဟာ အမေရိကန်ပြည်တွင်းကို ကျော်လွန်ကာ နိုင်ငံတကာထိ ပေါက်မြောက် ...
movie
Into the Wild (2007)
2007
7.3
Wall Street (1987 )
IMDb 7.3/10, Rt 73 % ရရှိထားတဲ့ Crime/Thriller ဇာတ်ကားဖြစ်ပြီး မင်းသားကြီး Michael Douglas က ဒီဇာတ်ကားမှာ အော်စကာဆုအပြင် Golden Globe နဲ့ အခြားဆု ၇ ဆုပါ ရရှိခဲ့ပါတယ်။ Hot Shots မင်းသားကြီး Charlie Sheen ကလည်း အပြိုင်သရုပ်ဆောင်ထားသေးတာမို့ ၂ နာရီစာ အချိန်ပေးရကျိုးနပ်မှာတော့ အသေအချာပါပဲ။ဒီကားက World of Wall Street (2013) မတိုင်ခင်ကားဖြစ်ပြီး သူ့ခေတ်သူ့အခါကတော့ အတော်လေးအောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ Wall Street ကားတွေဆိုရင် စတော့ရှယ်ယာလောကရဲ့ လောဘကိုအခြေခံထားတာ များတာနဲ့အညီ ဒီကားကလည်း လောဘကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ဖြတ်လမ်းကအောင်မြင်ချင်ပြီး ချမ်းသာချင်တဲ့ ဘတ်ဒ်ဖော့စ်ဆိုတဲ့ လူငယ်လေးက သူ့ရဲ့စံပြပုဂ္ဂိုလ်ကြီး ဂေါ်ဒန်ဂတ်ကိုအနား မရောက်ရောက်အောင်သွားကာ ဂတ်ကို့ဆီက ပညာသင်ရဖို့ ...
movie
Wall Street (1987 )
6.9
Cats Don’t Dance (1997)
Cats Don't Dance (1997) ================== IMDb Rating - 6.9/10တစ်ခါတုန်းက ဒန်နီဆိုတဲ့လယ်လုပ်သားကြောင်လေးတစ်ကောင် သီဆိုကပြဖျော်ဖြေချင်လို့ သူ့ရဲ့တောရွာလေးကနေ ဟောလိဝုဒ်မြို့ကို တက်လာခဲ့တယ်။ အဲဒီမြို့မှာ ဒါလာဒင်ပယ်လ်ဆိုတဲ့ ကလေးမလေးက နာမည်ကြီး ဟောလိဝုဒ်ကြယ်ပွင့်ပေါ့။ဒါပေမဲ့ ဒန်နီမသိခဲ့တာက အဲဒီဟောလိဝုဒ်မှာ လူတွေကသာနေရာရပြီး တိရိစ္ဆာန်တွေက သီဆိုကပြဖို့အရွေးမခံရတာပါပဲ။ သူထင်ထားတဲ့ အိပ် မက်အတိုင်း လက်တွေ့ဖြစ်မလာတဲ့ ကြောင်လေးက သူ့အိပ်မက်ကို လက်မလျှော့ဘဲ ဘယ်လိုရအောင် ဆက်ကြိုးစားမလဲဆိုတာကိုတော့ ဒီကာတွန်းဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.35 GB) / (549 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 15Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Comedy, Family Translator.......Thwal Htoo Zin Encoder..........SWM
movie
Cats Don’t Dance (1997)
1997
6.3
Shade (2003)
Genre – Crime, Thriller IMDB – 6.3/10သူများ မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်တာမျိုး ကတုံးပေါ် ထိပ်ကွက်တာမျိုးတစ်ပတ်ရိုက်တာမျိုးတွေ သဘောကျသပါ့ဆိုရင်တော့ ဒီ ပိုကာဖဲကားလေးလာပြီဗျို့။ Ocean Trilogy တို့ 21 တို့ Rounders တို့လို လောင်းကစားကို အခြေခံပြီးစိတ်ဝင်စားဖွယ်ရာ ဇာတ်ကွက်တွေ မထင်ထားရလောက်အောင် ဖြစ်သွားတဲ့လှည့်ကွက်တွေနဲ့ ဇာတ်ကားမျိုးတွေ ကျွန်တော်တို့ သိပ်သဘောကျခဲ့ကြတာပေါ့။လူတွေကို အယုံသွင်း အားနည်းချက်ကို အခွင့်ကောင်းကိုယူ လူလိမ်ချင်းတောင်နည်းနည်းလျှော့တွက်မိရင် ခံရတာမျိုးတွေကို အပြင်ကနေကြည့်ရင်း အားကျမိတာမျိုးရှိသလို လက်တွေ့ဘဝအတွက်လည်း သင်ခန်းစာရတာတွေလည်း ရှိခဲ့ကြပါတယ်။ကဲ ကြာပါတယ် ဇာတ်ကားအကြောင်း ပြောကြတာပေါ့။ဇာတ်လမ်းက တိုတိုပြောရရင် ဒါမျိုးကားတွေက အညွန်းရေးရတာ မကောင်းဘူးSpoiler တွေ ပါကုန်မှာစိုးလို့ တကယ်တမ်း ဒီကားဆို နာရီဝက်လောက်ကတည်းကလှည့်ကွက်တွေက စသုံးနေပြီ။ ဒီတော့ ပထမဆုံး ဒီကားအခြေခံထားတာက အယ်အေပိုကာဖဲလောကပေါ့နော် အဲဒီမှာ ဘုရင်တစ်ဆူ ရှိတယ် နံပါတ် ၁ ...
movie
Shade (2003)
6.9
The Majestic (2001)
The Majestic (2001)~ IMDb - 6.9/10, Rotten Tomatoes - 42% ~ဒီရုပ်ရှင်နဲ့ ပတ်သက်ရင် ပြောစရာတွေများပါလိမ့်မယ်။ ဝေဖန်သံဆူသလောက် ချီးမွမ်းသံညံခဲ့တဲ့ရုပ်ရှင်ပါ။ The Shawshank Redemption, The Green Mile နဲ့ The Mist တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီး Frank Darabont လက်ရာကို အသည်းစွဲခဲ့ဖူးတဲ့လူတွေကတော့ "ဆရာကြီး ခင်ဗျားဒီတစ်ခါ နည်းနည်းလက်ချော်သလိုပဲနော်" လို့ ပြောချင်ကြမှာပေါ့။ အနုပညာလက်ရာအားဖြင့်ဆိုတာထက် အပေါ်ကလို Box Office မှာ ဝင်ငွေအရကော အနုပညာအရပါ အောင်မြင်ခဲ့တဲ့ကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာကြီးက Jim Carrey ကို မင်းသားတင်ရိုက်တာတောင် ဝင်ငွေအရ 49 သန်းလောက် ရှုံးခဲ့လို့ပါတဲ့လေ။ရုပ်ရှင်ကားတစ်ကားကို ဝေဖန်ဖို့ Box Office လေးတစ်ခုတည်းကိုပဲ ကြည့်လို့မရမှန်း အနည်းနဲ့အများတော့လက်ခံကြမှာပါ။ လူတွေရဲ့အမြင်နဲ့ရပ်တည်ချက်တွေကိုတော့ ...
movie
The Majestic (2001)
2001
6.8
The Fog (1980)
The Fog (1980)~ IMDb - 6.8/10, Rotten Tomatoes - 75% ~ဒီကားရဲ့ ဒါရိုက်တာက John Carpenter။ နာမည်ကျော် Franchise ဖြစ်တဲ့ Halloween ရဲ့ ပထမဆုံးကားကို ရေးသားရိုက်ကူး အသက်သွင်းခဲ့တဲ့သူလည်းဟုတ်တယ်။ Escape from New York, The Thing, They Live စတဲ့ နာမည်ကြီးကားတွေကိုလည်းရိုက်ခဲ့တယ်။ The Thing ဆို အခု တော်တော်များများကြိုက်ကြတဲ့ Sci-Fi Horror ကားပဲမလား။ မာစတာပိစ်ကားတစ်ကားလည်း ဟုတ်တယ်။ ထူးတာက သူ့ရုပ်ရှင်အများစုက Science Fiction ဆိုတဲ့စကားလုံးနဲ့စတာများတယ်။ Horror များပေမဲ့ Science Fiction Action, Science Fiction Drama အစရှိတာတွေကိုလည်းရိုက်ခဲ့တယ်။ သူ့ကားတော်တော်များများကလည်း ထူးထူးဆန်းဆန်းတွေချည်း။ သူ့ကို Horror ...
movie
The Fog (1980)
1980
6.9
Water for Elephants (2011)
Water for Elephants (2011) ===========================ဒီဇာတ်ကားက Twilight မင်းသား Robert Pattinson, Django Unchained, Inglorious Bastards ထဲက မင်းသားကြီး Christoph Waltz နဲ့ မင်းသမီး Reese Witherspoon တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Romance/ Drama ဇာတ်ကား တစ်ကားပဲဖြစ်ပါတယ်IMDb - 6.9/10, Rotten Tomatoes - 60% ရထားပါတယ်ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ပိုလန်ကနေထွက်လာတဲ့ ကော့စကီးမိသားစုက သားဖြစ်သူ ဂျေကော့ ဂျန်ကော့စကီးဟာ တိမွေးကု ဆရာဝန်ဖြစ်ဖို့ နောက်ဆုံး စာမေးပွဲကို ဖြေဆိုနေတုန်းမှာပဲ သူ့ဘဝရဲ့ အချိုးအကွေ့တစ်ခု ဖြစ်လာခဲ့ပြီး စီစဉ်ထားသမျှ အကုန်လွဲကာ လေလွင့်တဲ့ဘဝကို ရောက်သွားခဲ့ပါတယ် ဒီလိုနဲ့ လမ်းမတွေထက် ဦးတည်ရာမဲ့ သွားလာနေရင်း သူ ရထားတစ်စီးကိုမြင်တော့ ပြေးတက်သွားခဲ့ရာကနေ သူ့အတွက် ရှင်သန်ဖို့ မျှော်လင့်ချက်တွေ ဘယ်လိုပြန်ရလာမလဲ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ် ဆပ်ကပ်အဖွဲ့သားတွေရဲ့ ဘဝတွေကို ရိုက်ကူးထားပြီး ဖြစ်ရပ်မှန်တချို့နဲ့ Fiction ပေါင်းစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်The Greatest Showman လို ...
movie
Water for Elephants (2011)
2011
7.3
Lincoln (2012)
Lincoln (2012) ============ IMDb Rating = 7.3/10 Directed By Steven Spielbergအေဘရာဟမ်လင်ကွန်းဆိုတဲ့ နာမည်ကြားရင် ၁၆ဆက်မြောက် အမေရိကန်သမ္မတဆိုတဲ့ဂုဏ်ပုဒ်ထက် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပိုသိကြတယ်။ ဂျော့ဝါရှင်တန် သောမတ်ဂျက်ဖာဆန်၊ အေဘရာဟမ်လင်ကွန်း၊ သီအိုဒိုးရုစဘဲ့စတဲ့ Mount Rushmoreမှာ ထွင်းထုထားတဲ့ အကြီးကျယ်ဆုံးအမေရိကန်သမ္မတ လေးယောက်ထဲကတစ်ယောက်။ သူကသစ်လုံးအိမ်ကလေးကနေ သမ္မတဖြစ်လာသူ၊ အသွားအပြန်ရထားပေါ်စာဖတ်ရင်းလေ့လာခဲ့တဲ့သူ စသဖြင့် အချက်တွေနဲ့လည်း နာမည်ကျော်တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်သမိုင်းရဲ့ လုပ်ကြံသတ်ဖြတ် ခံရတဲ့လေးဦးတည်းသော သမ္မတတွေထဲက တစ်ယောက်ဖြစ်တယ်။ ဒီရုပ်ရှင်ဟာ သူ့နာမည်ကြီးတပ်ထားပေမဲ့ သူ့အတ္ထုပ္ပတ္တိကို ရိုက်ပြထားတာတော့ မဟုတ်ဘူး။ ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းဖို့ ဘယ်လိုဘယ်ပုံ အားလုံးကြိုးပမ်းခဲ့ရလဲဆိုတဲ့ အကြောင်းအရာဘက် ပိုသွားတယ်။ အဲ့ဒီကာလအကြောင်းသိထားမှပဲ ဒီရုပ်ရှင်ကြည့်ရတာ ပိုအဆင်ပြေလောက်မယ်။ လုပ်ကြံမခံရခင်အထိ ၁၈၆၁- ၁၈၆၅ လင်ကွန်းရဲ့ သမ္မသက်တမ်းတစ်လျှောက်ဟာ ပြည်တွင်းစစ် ဖြစ်ရာကာလနဲ့ အတူတူပဲ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်းပြည်နယ် ၁၁ခုက ခွဲထွက်ဖို့ကြိုးစားရာက စခဲ့တယ်။ အဲ့ဒီတောင်ပိုင်းပြည်နယ်တွေကို ကွန်ဖက်ဒရိတ်စီလို့ ခေါ်ပြီး ...
movie
Lincoln (2012)
2012
7.0
Promised Land(2012)
Promised Land(2012)မင်းသားကြီး မက်ဒါမွန် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်...လတ်တလော ရေပန်းစားနေတဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်ဖို့ကိစ္စအတွက် ကုမ္ပဏီကမက်လုံးတွေပေးတာကို နယ်ခံတွေရဲ့ မြေဝယ်ဖို့ကြိုးစားကြတယ်....ဒီလိုအနေအထားမှာ ဘိုးစဉ်ဘောင်စဉ်မြေမို့ ဘယ်လောက်ပေးပေး မြူတစ်မှုန့်စာတောင်ရောင်းဖို့ဆန္ဒမရှိတဲ့ သူတွေ ရှိကြသလို များပျားလွန်းတဲ့ ငွေကြေးကြောင့် ရောင်းပြီးပိုမိုကောင်းမွန်တဲ့ဘဝကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ကြသူတွေလည်းရှိတယ်..တစ်ချို့တွေကလည်း သဘာဝဓာတ်ငွေ့ကုမ္ပဏီကြောင့် မိမိတို့လူနေမှုဘဝကိုပါများစွာထိခိုက်မယ်လို့လည်း ယူဆနေကြတဲ့သူတွေရှိတယ်...ဘယ်သူတွေက အနိုင်ရသွားမလဲ...အနိုင်ရဖို့ကြိုးစားတဲ့နေရာမှာ ဘယ်လိုမြှုတ်ကွက်တွေရှိမလဲ...ဘယ်သူတွေကရော မှန်နေကြလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်....File Size :(900 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…01:46:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Initiative Encoded by Phyo Pyae
movie
Promised Land(2012)
6.8
Midway (1976)
unicodeဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက် Old but Gold ဆိုတဲ့အတိုင်း1976 က စစ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်းအမေရိကန်နဲ့ ဂျပန် ရဲ့ပစိဖိတ်တိုက်ပွဲတွေထဲက တစ်ခုဖြစ်တဲ့Midway တိုက်ပွဲအကြောင်းရိုက်ကူးထားတာပါ။ဒီတိုက်ပွဲကတော့ ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုအပြီးခြောက်လအကြာမှာ Midway ကျွန်းကိုဂျပန်တွေတိုက်ခိုက်ဖို့ စီစဉ်ရာကနေ စတင်တာပါ။ဒီတိုက်ပွဲမှာ ဂျပန်ရေတပ်က အင်အားသာနေပေမယ့်အမေရိကန်စစ်တပ်ဘက်က တိုက်ခိုက်မယ့်နေရာအချိန်တွေကို ကြားဖြတ်နားထောင်ရင်း သိရှိလိုက်ရပါတယ်။ဒါပေမယ့် ဂျပန်တွေက အာရုံပြောင်းချင်လို့ တမင်သတင်းပေးတာလား?တကယ်ပဲ သူတို့ရဲ့ရည်ရွယ်ရင်း အမှန်လား?ဆိုတာသေသေချာချာမသိရတဲ့ အခြေအနေတစ်ခုမှာအမေရိကန်က ဘယ်လိုဆက်လက်စီစဉ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ဒီတိုက်ပွဲဟာ အမေရိကန်နဲ့ ဂျပန်တို့အကြား အဆုံးအဖြတ်ပေးလိုက်တဲ့တိုက်ပွဲလို့တောင်ဆိုကြပါတယ်။လတ်တလော 2019 version ဇာတ်လမ်းလဲထွက်နေပြီမလို့အခု1976က ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းကို အရင်တင်ဆက်ပေးလိုက်ပါတယ်။Imdb Rating 6.8/10 Rotten Tomatoes 47% ရရှိထားတဲ့ ဒီကားလေးနာမည်ကတော့ Midway(1976)ပါ။File Size : ( 1 GB , 442 MB )Quality : BluRay ...
movie
Midway (1976)
1976
6.8
The Firm (1993)
The Firm (1993) IMDB - 6.8/10_____Rotten Tomatoes - 75% Tom Curise ဆိုရင် အတော်များများလည်း သိပြီး ကြိုက်ပြီး ဖြစ်ကြမှာပါ။ ၁၉နှစ်မှာ သရုပ်ဆောင်စလုပ်ခဲ့ပြီး လက်ရှိအသက်၅၆ထိ နာမည်ရနေဆဲ မင်းသားတစ်လက်လည်း ဟုတ်ပါတယ်။ဒီ ရုပ်ရှင်ရဲ့ စိတ်ဝင်စားစရာ ဇာတ်အိမ်ကျောရိုးမှာ Memphis မြို့က Bendini, Lambert & Lock ဆိုတဲ့ လူအနည်းအကျဉ်းသာ ပါပေမဲ့ သတင်းကြီးတဲ့ ရှေ့နေ အဖွဲ့လေးတစ်ခုရှိပါတယ်။ဒီ ရှေ့နေ အဖွဲ့ဟာ တရားဥပဒေဘက်သား အဖွဲ့မဟုတ်ပဲ Mafiaဂိုဏ်းက ငွေမဲတွေကို ခဝါချပေးတဲ့ရှေ့နေ အဖွဲ့တစ်ခုပါ။ဒီရှေ့နေအဖွဲ့မှာ Mitch MacDeere ဆိုတဲ့ ဆင်းရဲတဲ့ အသိုင်းအဝိုင်းနဲ့ရှေ့နေဖြစ်ဖို့ အလားအလာအရမ်းကောင်းနေတဲ့ ဟားဗက်ရှေ့နေ့ ကျောင်းသားတစ်ယောက်ဟာပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ သူ့ မိန်းမကဒီကိစ္စဟာ အစစ်အမှန်ဖြစ်ဖို့အတွက် ကောင်းလွန်းနေတယ် ပြောပေမဲ့ သူ နားမထောင်ခဲ့ပါဘူး။ရက်သတ္တပတ်အတော်ကြာ အလုပ်လုပ်ပေးပြီးတဲ့အခါMitch ဟာ သူအလုပ်လုပ်ပေးနေရတဲ့ ရှေ့နေအဖွဲ့ဟာ မှုခင်းဘုရင် Joey Moroltoနဲ့ ...
movie
The Firm (1993)
1993