Channel Myanmar

Ha Jung-woo

The Terror Live(2013) 7.5
The Terror Live(2013) The Terror Live(2013) အညွှန်း*************************IMDb...7.5ယွန်းယောင်ဟွာဟာ နာမည်ကြီးသတင်းတင်ဆက်သူဖြစ်ခဲ့ပေမယ့်သူရဲ့လာဘ်စားတယ်ဆိုတဲ့သတင်းကြောင့် ရေဒီယိုတင်ဆက်သူအနေနဲ့ ရာထူးချခံထားရပါတယ် ...တစ်နေ့မှာ ရေဒီယိုကနေ အစီအစဉ်တင်ဆက်နေတုန်း မာဖိုတံတားကို ဖောက်ခွဲပစ်မယ်ဆိုပြီးခြိမ်းခြောက်တဲ့ဖုန်းခေါ်ဆိုမှုတစ်ခုကို ရရှိခဲ့ပါတယ် ...အစပိုင်းမှာတော့ စနောက်တယ်ထင်ပြီး ဖောက်ခွဲလိုက်လို့ ပြောခဲ့ပါတယ် ...အကြမ်းဖက်သမားဟာတကယ်ပဲ ဖောက်ခွဲပြလိုက်တဲ့အခါမှာတော့အားလုံးကထိတ်လန့်ကုန်ကြပါတယ်..ဒီအခြေအနေက သူ့အတွက် သတင်းတင်ဆက်သူနေရာကို ပြန်ရနိုင်မယ့်အခွင့်အရေးပဲဆိုပြီး ရဲကိုအကြောင်းမကြားဘဲ သူ့ရဲ့အထက်လူကြီးနဲ့တိုင်ပင်ပြီး သူတို့အစီအစဉ်ကို ကြည့်သူရှုသူများအောင်လုပ်မယ်ဆိုပြီး ညှိနှိုင်းမှုလုပ်ကြပါတယ်...အကြမ်းဖက်သမားနဲ့လည်း သဘောတူညီမှုတွေ လုပ်ခဲ့ကြပြီးတစ်နိုင်ငံလုံး ကြည့်ရှုနိုင်ဖို့ သူတို့ဖုန်းပြောတာကို တိုက်ရိုက်ပြသခဲ့ပါတယ် ...သူ့ရဲ့  တကိုယ်ကောင်းဆန်တဲ့လုပ်ရပ်ဟာ အကုန်လုံး ပြဿနာအကြီးကြီးတက်ဖို့ဖြစ်လာပါတော့တယ်...ဒီကားက ကိုရီးယားရဲ့နာမည်ကြီးမင်းသားဖြစ်တဲ့ Ha Jung-woo အဓိက ပါဝင်ထားပြီးအခြားနာမည်ကြီ:သရုပ်ဆောင်များစွာပါဝင်ထားပါတယ်...ဇာတ်လမ်းဟာ အစမှ အဆုံးထိ ဇာတ်ရှိန်ကျမသွားသလိုရင်တထိတ်ထိတ်နဲ့ကြည့်ရအောင်မြိုင်ဆိုင်လွန်းလှတယ်...လူတွေရဲ့သဘော တွေ နိုင်ငံရေးသမားတွေရဲ့ လှည့်ကွက်တွေ အမြတ်ထုတ်မှုတွေအကြောင်းရိုက်ပြထားသလိုဘက်ဂျက်လည်းအတော်ကုန်ကျခံထားတဲ့ဇတ်ကားဖြစ်တယ်...ဒါ့ကြောင့်  ရုံတင်ပြီးပြီးချင်း ၆ရက်မှာပဲ လက်မှတ်အ​စောင်ရေ ၂မီလီယံရောင်းချခဲ့ရပြီးBox Officeမှာလည်း ဒုတိယအနေရာအထိရောက်ရှိခဲ့ပါတယ်....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Estel ဖြစ်ပါတယ်..    File Size : (1.8GB)(921 MB) and ...
movie

The Terror Live(2013)

She’s on Duty (2005) 6.3
She’s on Duty (2005) အခုတလော နာမည်ကြီးနေတဲ့ Squid Game ဇာတ်ကားမှာ ပါးတွေချည်း လှိမ့်ရိုက်ခဲ့တဲ့ မှင်စာဦးလေးကြီး Gong Yoo ငယ်ငယ်တုန်းက ကားဟောင်းလေးပါရဲစုံထောက်တစ်ဦးဖြစ်တဲ့ ချွန်းဂျယ်အင်း(Kim Sun Ah)ဟာ ကျောင်းကိုမုန်းတီးပြီး စာညံ့ခဲ့သူ ဖြစ်ပေမယ့် စစ်ဆင်ရေးတစ်ခုကြောင့် အထက်တန်းကျောင်းသူယောင်ဆောင်ခဲ့ရပါတယ် ပစ်မှတ်ဖြစ်သူနဲ့ ရင်းနှီးဖို့လုပ်ရာက ပစ်မှတ်အစားအထက်တန်းကျောင်းသား ဂန်နိုယောင်း(Gong Yoo) နဲ့ သိကျွမ်းခဲ့ပါတယ် ပြောင်းသွားတဲ့အိမ်အသစ်ကလည်း ဂန်နိုယောင်း အိမ်ဘေးမှာဖြစ်နေပြန်ရော ဒါနဲ့ပဲ စုံထောက်အစ်မကြီးက ကျောင်းသားမောင်လေးကို ချစ်မိသွားတယ်ပေါ့ စစ်ဆင်ရေးထက်ကို ကျောင်းက ကလေးဆိုးတွေနဲ့ပဲရန်ဖြစ်ရင်း အတော်ဆုံးဖိုက်တာတောင်ဖြစ်လိုက်ပါသေးတယ် စစ်ဆင်ရေးကတော့ တကယ့်ကိုအကြမ်းစားပါ ကျောင်းထဲမှာ ဂျယ်အင်းလိုပဲ အသွင်ယူထားတဲ့ နောက်ထပ် ၂ယောက်ရှိနေသေးတယ် ကျောင်းသားတစ်ယောက်နဲ့ ဆရာတစ်ယောက်... သူတို့တွေထဲမှာမှ လူသတ်သမား လူဆိုးရဲ့ သူလျှိုက ရှိနေတဲ့အခါ...ဖိုက်တင်ခန်းတွေလည်းပါပြီး drama လည်းခင်းတဲ့အပြင် ဟာသပါနှောပြီး ရိုက်ထားတာဖြစ်လို့ ရသစုံစွာနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထား Oleander ပါ )File Size__2 GB, ...
movie

She’s on Duty (2005)

Miss & Mrs. Cops (2019) 5.5
Miss & Mrs. Cops (2019) Weightlifting fairy ကားထဲက မင်းသမီးလေး ပါတဲ့ ကားသစ်လေးပါအလွန်တရာထူးချွန်တဲ့ စုံထောက်ပတ်ခ်မီယောင်းဟာ အိမ်ထောင်ကျ၊ကလေးရပြီးနောက်မှာ သူမ ချစ်ခင်နှစ်သက်ရတဲ့စုံထောက်အလုပ်ကိုစွန့်လွှတ်ခဲ့ရပြီး ပြည်သူ့တိုင်ကြားချက်များဌာနမှာပဲပြောင်းရွှေ့တာဝန် ထမ်းဆောင်နေခဲ့ရပါတယ်သူ့ယောင်းမဖြစ်သူ ချွဲဂျီဟေးကလည်း ရဲဖြစ်ဖို့မွေးဖွားလာတယ်ထင်ရတဲ့ရဲမေတစ်ယောက်ပါပဲတစ်ရက်မှာတော့ ဂျီဟေးဟာ သံသယရှိသူတစ်ယောက်ကိုဖမ်းဆီးရာမှာ အလွန်အကျွံအားသုံးတယ်ဆိုတဲ့ ပြစ်မှုနဲ့ အရေးယူခံရပြီးမီယောင်းရှိရာ ဌာနကို ခေတ္တပြောင်းရွှေ့ခန့်ထားခံခဲ့ရပါတယ်ပုံမှန်ဆိုမတည့်လေ့ရှိတဲ့ သမီးယောင်းမနှစ်ယောက်ဟာမတော်တဆ မှုခင်းတစ်ခုထဲပါဝင်မိပြီး သူတို့မထင်ထားလောက်တဲ့အထိပြစ်မှုကကြီးမားနေတဲ့အခါမှာတော့..သာမန်ချိန်းခြောက်အကြပ်ကိုင်မှုလို့သာ ယူဆထားခဲ့တဲ့ အမှုခင်းလေးတစ်ခုဟာကွင်းဆက်ရာဇဝတ်မှုကြီးဖြစ်နေတဲ့အခါမှာတော့..သမီးယောင်းမနှစ်ယောက်ဘယ်လိုဖော်ထုတ်ကြမလဲဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာဟာသနှောပြီးကြည့်ရမှာပဲဖြစ်ပါတယ်ဝါရင့်သရုပ်ဆောင်တွေဆိုတော့ ကြည့်ရတာ အပိုအလိုမရှိ ကွက်တိပါပဲနော် File Size : (1 GB , 367 MB)Quality :  WEB-DL 720pRunning Time : 1 hr 47 minFormat : Mp4Genre : Comedy , CrimeSubtitle : Myanmar Subtitle (Hard Sub)Translated by NeveEncoded ...
movie

Miss & Mrs. Cops (2019)

2019
The Client (2011) 6.9
The Client (2011)   [Unicode]ဒီကားထဲမှာဆိုရင် နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Ha Jung-Woo နဲ့ Park Hee-Soon တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းဟန်ချောမင်ဟာ ရုပ်ရှင်ထုတ်လုပ်ရေးက ဝန်ထမ်းတစ်ယောက်ပါမင်္ဂလာနှစ်ပတ်လည်နေ့ရှိတာကြောင့် အလုပ်ခရီးကိုမသွားခဲ့ပဲ လမ်းတစ်ဝက်ကနေ ပြန်လှည့်လာခဲ့ပါတယ်အိမ်ရှေ့ရောက်တဲ့ အခါမှာ လူတွေ အုံနေပြီး ရဲကားတွေကိုပါ မြင်ခဲ့ရပြီး အထဲကိုဝင်ကြည့်တဲ့အခါ အိမ်ထဲမှာ ရဲတွေရောက်နေပါတယ်အိပ်ယာပေါ်မှာ သွေးကွက်ကြီးရှိနေပြီး အိပ်ယာအောက်က သွေးစီးကြောင်းကြီးကိုလည်း မြင်နေရလျက်...တစ်ဆက်တည်းမှာစုံထောက်တွေရောက်လာပြီး မိန်းမဖြစ်သူကို သတ်တဲ့အမှုနဲ့ ဟန်ချောမင်ကို ဖမ်းဆီးခဲ့ပါတယ်ဒီအမှုဟာ အလောင်းလည်းပျောက် လူသတ်လက်နက်လည်း မတွေ့ရတဲ့ အမှုတစ်ခုဖြစ်တာကြောင့်တရားခံအစစ်ဟာ ဘယ်သူလဲနောက်ဆုံးမှာ တရားခံအစစ်ကို ဖမ်းမိမလားဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုပါနော်..။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Seung ဖြစ်ပါတယ် ) [Zawgyi]ဒီကားထဲမွာဆိုရင္ နာမည္ႀကီးမင္းသားေတြျဖစ္တဲ့ Ha Jung-Woo နဲ႔ Park Hee-Soon တို႔က အဓိက ပါ၀င္သ႐ုပ္ေဆာင္ထားပါတယ္။ဇာတ္လမ္းအက်ၪ္းဟန္ေခ်ာမင္ဟာ ႐ုပ္ရွင္ထုတ္လုပ္ေရးက ၀န္ထမ္းတစ္ေယာက္ပါမဂၤလာႏွစ္ပတ္လည္ေန႔ရွိတာေၾကာင့္ အလုပ္ခရီးကိုမသြားခဲ့ပဲ လမ္းတစ္၀က္ကေန ျပန္လွည့္လာခဲ့ပါတယ္အိမ္ေရွ႕ေရာက္တဲ့ အခါမွာ ...
movie

The Client (2011)

Assassination (2015) 7.3
Assassination (2015)   [Unicode] IMDb Rating (7.3/10) နဲ့ Rotten Tomatoes (86%) ထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ တောင်ကိုရီးယားမှာ ဇူလိုင် ၂၂ ရက်နေ့က ရုံတင်ခဲ့ပြီး သြဂုတ် ၁၅ ရက်ထိ လက်မှတ်စောင် ရေ ၁၀ သန်းကျော်ရောင်းချနိုင်ခဲ့တဲ့ အောင်ပွဲခံဇာတ်ကားဆိုလည်း မမှားပါဘူး။ ဂျပန်ခေတ်နောက်ခံဇာတ်လမ်းဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်များဆီက ဂျပန်လက်အောက်ခံဖြစ်နေတဲ့ ကိုရီးယားနိုင်ငံရဲ့ အခြေအနေကို မြင်တွေ့ရမှာဖြစ်ပြီး ကိုရီးယားတော်လှန်ရေးသမားတွေဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း မန်ချူးရီးယားမှာ အခြေစိုက်ပြီး ပုန်းခိုနေခဲ့ရပါတယ်။ ကိုရီးယားနိုင်ငံ ဂျပန်လက်အောက်ကို ကျရောက်ခဲ့စဉ် အပြစ်မဲ့တဲ့ ပြည်သူများစွာဟာ ရက်စက်စွာ အစုလိုက် အပြုံလိုက်အသတ်ခံခဲ့ရပါတယ်။ လွတ်လပ်ရေး လှုပ်ရှားသူတွေက ဒီသတ်ဖြတ်မှုမှာ ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်မှူးနဲ့ ဂျပန် အလိုတော်ရိ တစ်ယောက်ကို လုပ်ကြံဖို့ စီစဉ်ကြတယ်။ စနိုက်ပါသမား အန်းအို့ယွန်း စက်သေနတ်သမား ချူဆန်းအို့ ဖောက်ခွဲရေးသမား ဟွမ်ဒေါဆန်းတို့ ၃ ယောက်ပါဝင်တဲ့ လုပ်ကြံသူအဖွဲ့ ဖွဲ့ခဲ့ပြီးနောက်... သစ္စာဖောက်တစ်ယောက်ကြောင့် သူတို့ရဲ့ အစီအစဉ် ကျရှုံးသွားတဲ့အခါ... ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ...
movie

Assassination (2015)

2015
The Handmaiden (2016) 8.3
The Handmaiden (2016) မနေ့က ရုပ်ရှင်ကား တစ်ကားကြည့်တယ်။ The Handmaiden တဲ့...(function(f,b,n,j,x,e){})();IMDb မှာ rating 8.1 ရထားတဲ့ ဇာတ်ကား တစ်ခုပေါ့။ ကိုရီးယားနိုင်ငံရဲ့ ဗစ်တိုးရီးယားခေတ် ဂျပန်ကိုလိုနီကာလကို အခြေပြုပြီး တည်ထားတဲ့ ဇာတ်လမ်းပဲ။ စာရေးဆရာမ Sarah Waters ရဲ့ Fingersmith ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဇာတ်ကား။ ကိုရီးယားဒါရိုက်တာ Park Chan Wook က ရိုက်ထားပြီး အဲ့ဒီဇာတ်ကားနဲ့ ဆုတွေအများကြီးရခဲ့ကြတယ်။ 8.8 millions သုံးခဲ့ပြီး box office မှာတော့ 38.6 millions လောက် ပြန်ရခဲ့တဲ့ ဇာတ်လမ်းပေါ့။ 16+,18+,21+ အမျိုးမျိုး သတ်မှတ်ကြပေမယ့် ကိုယ့်အတွက်တော့ 18+ လောက်ပါပဲ။ သိမ်မွေ့တယ်ပေါ့။ လူလိမ် မြို့စားမင်း Fujiwara ဟာ သိပ်ပြီးချမ်းသာတဲ့ မိဘမဲ့အမျိုးသမီးလေး Hideko ကို လက်ထပ်ယူဖို့ ကြိုးစားနေတယ်။ သူ့ကို လက်ထပ်ချင်လာအောင် သွေးဆောင်ဖျားယောင်းပေးဖို့ Sook Hee ဆိုတဲ့ ပစ္စည်းအတုလုပ်ကျွမ်းကျင်တဲ့ လူလိမ်မိသားစုက ကောင်မလေးကို အိမ်ဖော်အဖြစ် Hideko အနားကို ပို့ခဲ့တယ်။ Hideko ဟာ ...
movie

The Handmaiden (2016)

2016
My Dear Enemy (2008) 7.1
My Dear Enemy (2008) [Unicode]အလုပ်လက်မဲ့ လက်ပေါက်ကပ်ပြီး တစ်ကိုယ်တည်းသမားဖြစ်နေတဲ့ Hee Su တစ်ယောက် သူ့ရဲ့ရုပ်ချောပြီးပျိုတိုင်းကြိုက်တဲ့ အရင်ရည်းစားဟောင်း Cho Byung Woon ဆီကနေ တစ်နှစ်ကြာပြီးနောက်မှတော့ ရုတ်တရက်ကြီး အကြွေးပြန်တောင်းဖို့ရောက်ချလာပါတော့တယ် ။Byung Woon တစ်ယောက် ဆပ်စရာပိုက်ဆံမရှိတော့ Hee Su ရဲ့အကြွေးကိုဆပ်ဖို့အတွက် Hee Su နဲ့အတူသူ့သူငယ်ချင်းအသိတွေဆီကနေ ပိုက်ဆံလိုက်ချေးရပါတော့တယ် ။တစ်နေရာဝင်တစ်နေရာထွက်နဲ့ ချစ်သူဟောင်းနှစ်ယောက် တနေကုန်ကားနဲ့လျှောက်ပတ်ရင်း ဘာတွေဖြစ်ကြဦးမလဲ ဟီဆူရဲ့ပိုက်ဆံကိုဘယ်လိုဆပ်မလဲ အချိန်အကြာကြီးနေမှ တွေ့ကြတဲ့ ချစ်သူဟောင်းနှစ်ယောက် ဘာတွေရင်ဖွင့်ကြမလဲဆိုတာ ဇာတ်အေးအေးလေးနဲ့ စောင့်ကြည့်လိုက်ပါဦး...။( အညွှန်းနဲ့ဘာသာပြန်သူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် )[Zawgyi]အလုပ္လက္မဲ့ လက္ေပါက္ကပ္ၿပီး တစ္ကိုယ္တည္းသမားျဖစ္ေနတဲ့ Hee Su တစ္ေယာက္ သူ႔ရဲ႕႐ုပ္ေခ်ာၿပီးပ်ိဳတိုင္းႀကိဳက္တဲ့ အရင္ရည္းစားေဟာင္း Cho Byung Woon ဆီကေန တစ္ႏွစ္ၾကာၿပီးေနာက္မွေတာ့ ႐ုတ္တရက္ႀကီး အေႂကြးျပန္ေတာင္းဖို႔ေရာက္ခ်လာပါေတာ့တယ္ ။Byung Woon ...
movie

My Dear Enemy (2008)

Ashfall (2019) 6.5
Ashfall (2019) ဒီကားကတော့ ရုံမှာကြည့်ဖူးတဲ့သူတွေ အတွက်ဘယ်လောက်ကောင်းတယ်ဆိုတာ အထူးညွှန်းဖို့တောင် လိုမယ်မထင်ဖူး။ IMDB 10 out of 6.5 နဲ့ Rotten Tomatoes 71% အထိရရှိထားတဲ့၂၀၁၉ ခုနှစ်ထွက် အမိုက်စား Action/Drama ရုံတင်ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ကြတဲ့သူတွေကလည်း အကုန်ဒိတ်ဒိတ်ကြဲတွေချည်းပါပဲ။ ပရိတ်သတ်ရင်းနှီးပြီးသား Lee Byung Hun,Train to Busan ထဲကလူသန်ကြီး Ma Dong Seok,Along with the God ထဲက Ha Jung woo,The King ထဲက ဘုရင်ကြီးရဲ့အဆက်ဟောင်းလေး Bae Suzyအစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်အားဖြည့်ထားတဲ့ ကြည့်လို့တော်တော်ကောင်းတဲ့ Action ကားကောင်းလေးပါ။ ဇာတ်လမ်းဇာတ်ကွက်လေးလဲ ကောင်းသလို Action ခန်းတွေကလည် းတော်တော်အားရစရာကောင်းလို့ Action ကားကောင်းမျှော်နေတဲ့ ပရိတ်သတ်ကြီးနဲ့ကွက်တိကျမယ်ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့နည်းနည်းပဲပြောပြမယ်။ အရမ်းကောင်းလို့ကိုယ်တိုင်ကြည့်စေချင်ပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတာမျိုးက ကြိုတင်ခန့်မှန်းမရတဲ့အရာမျိုးပါ။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားဆိုတာကလည်း မတည့်သာမတည့်တာ နိုင်ငံချင်းကျစပ်ဆက်နေတာပါ။ မြောက်မှာတစ်ခုခုဖြစ်ရင်အဲ့အကျိုးဆက်ကို တောင်ကိုရီးယားက ခံစားရမှာဖြစ်သလို တောင်ကိုရီးယားမှာ တစ်ခုခုဖြစ်ရင်လည်း မြောက်ကိုရီးယားကခံစားကြရမှာပါ။ နိုင်ငံချင်းအမုန်းတရားနဲ့ကွဲနေကြပေမယ့် တချိန်ကလူမျိုးတူနိုင်ငံတူဖြစ်လို့ စည်းလုံးသင့်တယ်ဆိုတဲ့ msgလေးကိုလဲ ထည့်ပေးထားပါတယ်။ မြောက်ကိုရီးယားမှာရှိတဲ့ ဘတ်ဒူမီးတောင်ပေါက်ကွဲမှုကိုအခြေခံ ရိုက်ကူးထားပြီးဒီသဘာဝဘေးအန္တရာယ်ဆိုးကြီးကို နယ်ပယ်အသီးသီးအလွှာစုံကလူတွေ ဘယ်လိုတွန်းလှန်ကြတယ် အရေးကြုံရင်ဘယ်လို စည်းလုံးကြတယ်ဆိုတာလေးကို တွေ့မြင်ရမှာပါ။ မင်းသားကြီး မာဒုန်ဆော့ကဒီကားမှာမီးတောင်လေ့လာသူ ပရောဖက်ဆာဂန်းဘုန်ရယ်အဖြစ် သရုပ်ဆောင်ထားပြီး Along with the God မင်းသား ဟာဂျန်ဝူးကတော့ လက်နက်လေ့လာရေးနဲ့ကျွမ်းကျင်တပ်ကြပ် ဂျိုအင်ချန်းအဖြစ်သရုပ်ဆောင်ထားပါတယ်။ ထူးချွန်မင်းသား လီဗြောင်ဟွန်းကတော့ မြောက်ကိုရီးယားအထူးလေ့ကျင့်တပ်သားလျှို့ဝှက်သူလျှို လီဂျွန်းဖြောင်းအဖြစ် ...
movie

Ashfall (2019)

2020
Come Rain, Come Shine (2011) 6.3
Come Rain, Come Shine (2011) [Unicode]ဒီကားက ကိုယ်တွေရဲ့အချစ်တော်ဗိုလ်ကြီးရဲ့ ခံစားနေရတဲ့ မျက်နှာကိုတစိမ့်စိမ့်ကြည့်ရင်းသနားနေရမယ့်ကားပါ ခွဲခွာခါနီးလူ၂ဦးရဲ့ အခြေအနေကိုမီးမောင်းထိုးပြနေတဲ့ ရုပ်ရှင်တစ်ကားလို့ပြောလို့ရပါတယ် ...မင်းသမီးနဲ့ ဗိုလ်ကြီးကအိမ်ထောင်သက်၅နှစ်ရှိပေမယ့်ကလေးလည်းမရပါဘူး ပြီးတော့ မင်းသမီးက အသစ်တွေ့သွားပြီး ဗိုလ်ကြီးကိုထားခဲ့တော့မယ်ပေါ့ ဗိုလ်ကြီးမှာတော့ ခံစားနေရပေမယ့် သူ့မိန်းမအိမ်ပြောင်းရင်ကျန်ခဲ့မှာဆိုးလို့ပစ္စည်းလေးတွေသေချာထုတ်ပိုးပေးတယ် သူတို့ခွဲရတော့မယ့်နေ့မရောက်ခင် နောက်ဆုံးအတူတူရှိတဲ့နေမှာပေါ့ ...ဗိုလ်ကြီးကသူ့မိန်းမနဲ့အတူတူညစာကိုဆိုင်ကောင်းကောင်းမှာ စားဖို့ဘိုကင်ချိတ်ထားတယ် အဲ့မှာ သူတို့၂ယောက်ပစ္စည်းထုတ်နေရင်းနဲ့ ၅နှစ်တာအတွင်း တစ်ယောက်ကြောင်းတစ်ယောက်ဘယ်လောက်သိခဲ့လဲဆိုတာ ၂ယောက်သားပြောရင်း နဲ့ ရုပ်ရှင်ကြည့်နေတဲ့သူကပါ သူတို့၂ယောက်ကိုယ်စား ခံစားပေးတတ်လာတယ် ...ဇာတ်ကောင်တွေလည်းအများကြီးမသုံးထားသလို ဇာတ်လမ်းကို ကြည့်ပြီးသွားရင် ကိုယ့်ရဲ့လက်ရှိချစ်တဲ့သူတွေကိုပိုတန်ဖိုးထားချင်စိတ်ဖြစ်လာပါလိမ့်မယ်အိမ်တွင်းပုန်းနေရတဲ့ singleလေးတွေလည်း ဗိုလ်ကြီးမျက်နှာကို ခံစားပြီးကြည့်လို့ရသလို ခွဲခွာနေရတဲ့ rsလေးတွေလည်း ဒါလေးကြည့်ပြီးကိုယ့်ချစ်ချစ်ကိုပိုပြီးချစ်နိုင်ကြပါစေလို့...( အညွှန်းနဲ့ဘာသာပြန်သူကတော့ Dolly ဖြစ်ပါတယ် )[Zawgyi]ဒီကားက ကိုယ္ေတြရဲ႕အခ်စ္ေတာ္ဗိုလ္ႀကီးရဲ႕ ခံစားေနရတဲ့ မ်က္ႏွာကိုတစိမ့္စိမ့္ၾကည့္ရင္းသနားေနရမယ့္ကားပါ ခြဲခြာခါနီးလူ၂ဦးရဲ႕ အေျခအေနကိုမီးေမာင္းထိုးျပေနတဲ့ ႐ုပ္ရွင္တစ္ကားလို႔ေျပာလို႔ရပါတယ္ ...မင္းသမီးနဲ႔ ဗိုလ္ႀကီးကအိမ္ေထာင္သက္၅ႏွစ္ရွိေပမယ့္ကေလးလည္းမရပါဘူး ၿပီးေတာ့ မင္းသမီးက အသစ္ေတြ႕သြားၿပီး ဗိုလ္ႀကီးကိုထားခဲ့ေတာ့မယ္ေပါ့ ဗိုလ္ႀကီးမွာေတာ့ ခံစားေနရေပမယ့္ သူ႔မိန္းမအိမ္ေျပာင္းရင္က်န္ခဲ့မွာဆိုးလို႔ပစၥည္းေလးေတြေသခ်ာထုတ္ပိုးေပးတယ္ သူတို႔ခြဲရေတာ့မယ့္ေန႔မေရာက္ခင္ ေနာက္ဆုံးအတူတူရွိတဲ့ေနမွာေပါ့ ...ဗိုလ္ႀကီးကသူ႔မိန္းမနဲ႔အတူတူညစာကိုဆိုင္ေကာင္းေကာင္းမွာ စားဖို႔ဘိုကင္ခ်ိတ္ထားတယ္ အဲ့မွာ သူတို႔၂ေယာက္ပစၥည္းထုတ္ေနရင္းနဲ႔ ၅ႏွစ္တာအတြင္း တစ္ေယာက္ေၾကာင္းတစ္ေယာက္ဘယ္ေလာက္သိခဲ့လဲဆိုတာ ၂ေယာက္သားေျပာရင္း နဲ႔ ႐ုပ္ရွင္ၾကည့္ေနတဲ့သူကပါ သူတို႔၂ေယာက္ကိုယ္စား ခံစားေပးတတ္လာတယ္ ...ဇာတ္ေကာင္ေတြလည္းအမ်ားႀကီးမသုံးထားသလို ...
movie

Come Rain, Come Shine (2011)

The Closet (2020) 5.7
The Closet (2020) [Unicode]The Closet (2020)ဒီတစ်ခါမှာတော့ Horror, Thriller အမျိုးအစား ကြိုက်သူများအတွက် ၂၀၂၀ ထွက် ကိုရီးယားဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ဇာတ်လမ်းလေးကတော့ လွန်ခဲ့တဲ့တစ်နှစ်ကကားအက်ဆီးဒင့်ကြောင့်ဇနီးဖြစ်သူဆုံးပါသွားပြီးတဲ့နောက် ယုံးဆန်းဝန်းဟာ အင်နာဆိုတဲ့၁၁နှစ်အရွယ်သမီးလေးနဲ့ အဖေတစ်ခုသမီးတစ်ခုဖြစ်ခဲ့ရပါတယ်...အလုပ်ဇောကပ်လွန်းတာကြောင့်ရော ဇနီးရဲ့သေဆုံးခဲ့တဲ့အဖြစ်ပျက်ကနေမရုန်းထွက်နိုင်တာကြောင့်ရော panic disorderဖြစ်ပြီး ဆရာဝန်နဲ့ဆေးကုသမှုခံယူနေရတဲ့ယုံဆန်းဝန်းတစ်ယောက် တစ်နေ့မှာ သမီးဖြစ်သူအင်နာအိမ်ထဲမှာနေရင်း ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်...တစ်လကြာပျောက်ဆုံးနေခဲ့တဲ့ကလေးတစ်ယောက်က အသက်ရှင်သေးရဲ့လား ?အင်နာ ပျောက်ဆုံးသွားရတဲ့နောက်ကွယ်ကအကြောင်းရင်းက ဘာဖြစ်လိမ့်မလဲ ?( အညွှန်းနဲ့ဘာသာပြန်သူကတော့ Myint Myat Thinn ဖြစ်ပါတယ် )[Zawgyi]The Closet (2020)ဒီတစ္ခါမွာေတာ့ Horror, Thriller အမ်ိဳးအစား ၾကိဳက္သူမ်ားအတြက္ ၂၀၂၀ ထြက္ ကုိရီးယားဇာတ္ကားေကာင္းတစ္ကားနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္ ။ဇာတ္လမ္းေလးကေတာ့ လြန္ခဲ့တဲ့တစ္ႏွစ္ကကားအက္ဆီးဒင့္ေၾကာင့္ဇနီးျဖစ္သူဆုံးပါသြားၿပီးတဲ့ေနာက္ ယုံးဆန္းဝန္းဟာ အင္နာဆိုတဲ့၁၁ႏွစ္အ႐ြယ္သမီးေလးနဲ႔ အေဖတစ္ခုသမီးတစ္ခုျဖစ္ခဲ့ရပါတယ္...အလုပ္ေဇာကပ္လြန္းတာေၾကာင့္ေရာ ဇနီးရဲ႕ေသဆုံးခဲ့တဲ့အျဖစ္ပ်က္ကေနမ႐ုန္းထြက္ႏိုင္တာေၾကာင့္ေရာ panic disorderျဖစ္ၿပီး ဆရာဝန္နဲ႔ေဆးကုသမႈခံယူေနရတဲ့ယုံဆန္းဝန္းတစ္ေယာက္ တစ္ေန႔မွာ သမီးျဖစ္သူအင္နာအိမ္ထဲမွာေနရင္း ႐ုတ္တရက္ေပ်ာက္ဆုံးသြားခဲ့ပါတယ္...တစ္လၾကာေပ်ာက္ဆုံးေနခဲ့တဲ့ကေလးတစ္ေယာက္က အသက္ရွင္ေသးရဲ႕လား ?အင္နာ ေပ်ာက္ဆုံးသြားရတဲ့ေနာက္ကြယ္ကအေၾကာင္းရင္းက ဘာျဖစ္လိမ့္မလဲ ?( အညႊန္္းနဲ႔ဘာသာျပန္သူကေတာ့ Myint Myat ...
movie

The Closet (2020)

The Chaser (2008) 7.9
The Chaser (2008) ဒီကားေလးကေတာ့2008 ခုႏွစ္မွာထြက္ရွိခဲ့တဲ့ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ Action Crime ဇာတ္ကားမ်ိဳးျဖစ္ပါတယ္။ The Chaser ဆိုတဲ့ဇာတ္ကားေလးမွာေတာ့ သရုပ္ေဆာင္မင္းသားေကာင္းေတြျဖစ္တဲ့ Kim Yoon Seok နဲ႔ Ha Jung Woo တို႔ပါဝင္ထားျပီး ဒါရိုက္တာ Na Hong Jin ရိုက္ကူးထားတဲ့ Serial Killer Yoo Young Chul ရဲ႕ ျဖစ္ရပ္မွန္ကို ရိုက္ကူးပံုေဖာ္ထားတဲ့ဇာတ္လမ္းတစ္ပုဒ္ျဖစ္ပါတယ္။ ၾကည့္ရွဴသူေတြမပ်င္းရဘဲ ရဲဝန္ထမ္းေဟာင္းတစ္ျဖစ္လဲ ျပည့္တန္ဆာေခါင္းအျဖစ္လုပ္ေနတဲ့ ဂၽြန္ဟိုရဲ႕ သူ႔ဆီမွာအလုပ္လုပ္တဲ့ ျပည့္တန္ဆာမေလးေတြေပ်ာက္ေပ်ာက္ေနတာကို ထြက္ေျပးတာအမွတ္နဲ႔ လိုက္စံုစမ္းရင္း ေနာက္ဆံုးပို႔လုိက္တဲ့မီဂ်င္းကို စံုစမ္းခိုင္းရာမွ ထပ္မံေပ်ာက္ဆံုးသြားလို႔ လိုက္လံစံုစမ္းရာမွ ဘယ္လိုေတြထြက္ေပၚလာမလဲ။ ျပည္တန္စာေတြကေရာ ဘာေၾကာင့္ ေပ်ာက္သြားရတာလဲဆိုတာကုိ စိတ္၀င္တစားၾကည့္ရွဳရမွာပါ ေသြးသန္ရဲရဲေတြပါတာမို႔ ရင္တထိပ္ထိပ္နဲ႔ ၾကည့္ရွုရမွာပါ။ (ဇာတ္လမ္းကိုဘာသာျပန္ေပးထားသူကေတာ့  Shwe Ye Oo ျဖစ္ျပီ Arkar Phyo မွ Encode ေပးထားပါတယ္။)  File Size : (1 GB) & (425MB) Quality : .1080p.BluRay Running Time :1hr  59min Format ...
movie

The Chaser (2008)

2008
Tunnel (2016) 6.9
Tunnel (2016) Tunnel (2016) IMDb - 6.9/10_____Rotten 100%    IMDb 6.9 Rotten Tomatoes 100 percent 2016ခုနှစ်ထွက် korea movieတွေထဲမှာ အကောင်းဆုံးလို့ ပြောရမယ့် train to busan ဇတ်ကားပြီးရင်အကောင်းဆုံးကဒီ Tunnel ဇတ်ကားပါပဲ ကျွန်တော်ဆိုလုံးဝထိုင်ရာကတောင်မထပါဘူး (၃ခါတောင်ကြည့်တာ ပြီးမှဘာသာပြန်တာ ) ဇတ်လမိးအကျဉ်းကိုပြောပြရရင် KIA ကားcompanyအရောင်းဝန်ထမ်းတစ်ဦးဖြစ်တဲ့လီဂျံ ု ဆူတစ်ယောက်သူ့ သမီးလေးမွေးနေ့အတွက်အိမ်အပြန်လမ်းမှာဥမင်လိူဏ်ခေါင်းပြိုကျပြီးပိတ်မိသွားပါတယ် ပိတ်မိနေတဲ့အချိန်အတောအတွင်းမှာတောင်သူ့ ရဲ့တစ်ဖက်သားကိုကူညီတတ်တဲ့စိတ်ဓာတ် နောက်ဆုံးအချိန်ထိအရူံးမပေးတဲ့စိတ်ဓာတ်တွေဟာတကယ်ကိုလေးစားဖို့ကောင်းပါတယ် (တခြားကောင်းတဲ့အချက်တွေရေးပေးချင်ပေမယ့်spoilerဖြစ်မှာဆိုးလို့မရေးတော့ပါဘူး) လီဂျုံဆူ အနေနဲ့နောက်ဆုံးအချိန်ထိအသက်ရှင်နိုင်မလားဆိုတာ CMပရိတ်သတ်ကြီးအမြန်ဆုံးပဲဒေါင်းကြည့်လိုကိကြပါခင်ဗျာ ဇတ်ကားကို Kaung Myat Thu မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်    File Size - 996 MB Quality - BR-Rip 720p Duration - 2hrs 6mins Translator - Kaung Myat Thu Encoder - Tariq L Walker  
movie

Tunnel (2016)

2016
Love Fiction (2012) 6.1

Love Fiction (2012)

2012