Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ha Jung-woo
1987: When the Day Comes (2017)
1987: When the Day Comes (2017)********************************IMDb... 7.7 Kim Yun-Seok, Ha Jung-Woo, Yu Hae-Jin, Kim Tae-Ri, Park Hee-Soon,Kang Dong-Won, Yeo Jin-Goo အစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်သရုပ်ဆောင်ထားပြီး Baeksang လို ဂုဏ်သရေရှိဆုပေးပွဲကြီးမှာ Daesang နဲ့ဇာတ်ညွှန်းဆုအထိပါ ဆွတ်ခူးနိုင်ခဲ့တဲ့ ရုပ်ရှင်ကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။၁၉၈၇ ခုနှစ် ၁ လပိုင်းမှာ အဖမ်းခံခဲ့ရတဲ့ ဒီမိုကရေစီလှုပ်ရှားသူ တက္ကသိုလ်ကျောင်းသားလေး ဘတ်ဂျုံချောဟာရဲအရာရှိတွေရဲ့ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးမေးမြန်းမှုကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ရဲအရာရှိတွေက ဘတ်ဂျုံချောအမှုကို ဖုံးဖိပြီး ခြယ်လှယ်လုပ်ကြံဇာတ်ခင်းဖို့ ကြိုးစားနေကြတဲ့ကြားကနေအမှန်တရားပေါ်ပေါက်လာအောင် အသက်စွန့်ကြိုးပမ်းခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားများ၊မီဒီယာများရဲ့ ၁၉၈၇ ခုနှစ် ၆ လပိုင်း အရေးတော်ပုံအကြောင်းကို အခြေခံပြီး ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ရုပ်ရှင်ရဲ့ အဆုံးပိုင်းမှာ လက်တွေ့ အရေးတော်ပုံ မြင်ကွင်းများကိုပါ ထည့်သွင်းထားပြီးသရုပ်ဆောင်ကြီးများရဲ့ သရုပ်ဆောင်ပုံတွေကလည်း ပီပြင်လွန်းလှတာကြောင့် ကြက်သီးတဖြန်းဖြန်းထရင်းကြည့်ရှုကြရမဲ့ ...
movie
1987: When the Day Comes (2017)
6.8
Like You Know It All (2009)
Like You Know It All (2009) ***************************IMDb -6.8ဇာတ်လမ်းအကျဥ်း *******************ရုပ်ရှင်ဒါရိုက်တာဂူဂယောင်းနမ် (Kim Tae Woo)က ကိုယ့်အကြောင်းကိုယ် ပြန်ရိုက်ကူးတဲ့ နားလည်ဖို့ခက်တဲ့ ရုပ်ရှင်တွေကို ရိုက်ကူးတဲ့ ဒါရိုက်တာတစ်ယောက်၊ နာမည်ကြီး ဒါရိုက်တာမဟုတ်ပေမဲ့ ရုပ်ရှင်အကဲဖြတ်အဖွဲ့ဝင်အဖြစ် ကမ်းလှမ်းခံခဲ့ရပြီး ဂျယ်ချောင်းကို ရောက်လာခဲ့ပါတယ်။ ဂျယ်ချောင်းကိုရောက်ပြီး တစ်နေ့မှာ ဂျူနီယာဖြစ်သူ ဘူဆန်းယုံး(Gong Hyung Jin)နဲ့ အမှတ်မထင်တွေ့ပြီး အရက်သောက်ရင်း ဘူဆန်းယုံးရဲ့အိမ်ကို ရောက်သွားကြတယ်။ ဘူဆန်းယုံးရဲ့ အိမ်မှာ ဘူဆန်းယုံးရဲ့ ဇနီးဖြစ်သူ ယူရှင်း (Jung Yu Mi)နဲ့ ကိစ္စတချို့ကြောင့် ဖောက်ပြန်ခဲ့မိပြီး အဲဒါကိုသိသွားတဲ့ ဘူဆန်းယုံးက ဂူဂယောင်းနမ်နဲ့ ရေစက်ဖြတ်ခဲ့ပါတယ်။တစ်ဖန် ဂူဂယောင်းနမ်က ရုပ်ရှင်နဲ့ပတ်သတ်တဲ့ လက်ချာပေးဖို့အတွက် ဂျယ်ဂျူကျွန်းကို ရောက်လာခဲ့ပြန်ပါတယ်။ ဂျယ်ဂျူကျွန်းမှာ ရှိနေတဲ့ စီနီယာယန်းချောင်းဆူ (Moon Chang Gil)နဲ့ ပြန်လည်တွေ့ဆုံပြီး စီနီယာယန်းရဲ့ အိမ်ကို အလည်လိုက်သွားပါတော့တယ်။ ...
movie
Like You Know It All (2009)
6.8
Kundo: Age of the Rampant (2014)
Kundo: Age of the Rampant(2014) **********************************IMDb...6.8(၂၀၁၄)ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကားကို ပြန်တင်ဆက်ပေးရတဲ့ အကြောင်းအရင်းက Ma Dong-seok ကြောင့်ဆိုရင်လည်းမမှားပါဘူး....ဗလခပ်တောင့်တောင့်ဒီမင်းသားဟာ Along with the Gods, Unstoppable ,The Outlaws တို့မှာ ပါဝင်ခဲ့ပြီးတော့ သရုပ်ဆောင်စဉ်မှာလည်း ရိုးသားဟန်တွေပေါ်နေတဲ့သူ့အမူအရာကြောင့် မြန်မာပရိတ်သတ်တွေအကြိုက်ဖြစ်ခဲ့သလို တစ်ချက်တစ်ချက် ထိုးလိုက်ရင်အုန်းသီးခပ်ကြီးတစ်လုံးလောက်ရှိတဲ့ သူ့လက်သီးကြောင့် ခုနှစ် ခုနှစ်လီ ၄၉ပေလောက်လွင့်သွားတာလည်း အားရစရာကြီးပါပဲ...ဒီကားထဲမှာလည်း သံလုံးကြီးတွေကိုလက်နက်အဖြစ်အသုံးပြုတဲ့သိုင်းသမားအဖြစ်ပါဝင်ထားပါတယ်...နောက်ပြီးတော့ ခေါင်းဆောင်မင်းသားဖြစ်တဲ့ Jung-woo Ha ကိုတော့ အထွေအထူးမိတ်ဆက်စရာမလိုပါဘူး..သူရိုက်သမျှကားတိုင်းဟာ ကောင်းမွန်တယ်လို့တောင်မှတ်ကျောက်တင်ခံရတဲ့သူပါ....ဒီကားက ဂျိုဆွန်းခေတ်က အရင်းရှင်တွေ မင်းမှုထမ်းတွေက တောင်သူလယ်သမားတွေအပေါ်နဲ့ချို့တဲ့သူတွေကိုအနိုင်ကျင့်တဲ့အတွက်ကြောင့် သိုင်းပညာတော်တဲ့သူတွေစုပြီး တွန်းလှန်တဲ့အကြောင်းကိုရိုက်ပြထားတာပါ...ဇာတ်လမ်းဇာတ်ကွက်လည်းကောင်းသလို ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း ကိုရီးယားရဲ့နာမည်ကျော်တွေကြီးပဲစုရိုက်ထားသလားမှတ်ရပါတယ်... ပြီးတော့ အက်ရှင်ခန်းပေါင်းများစွာပါဝင်တဲ့အတွက်ကြောင့် Action ကားကောင်းကြိုက်တဲ့သူတွေအဖို့လက်မလွှတ်သင့်ပါဘူး... (အညွှန်းကို Megumi မှ ရေးသားထားပါတယ်) File size…1.72GB / 878MB Quality… Blu-Ray 1080p/ 720p Format…mp4 Duration….2h 17m Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Megumi Encoded by AHtet
movie
Kundo: Age of the Rampant (2014)
6.8
Lobby (2025)
Lobby (2025)***************ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ကိုရီးယားနိုင်ငံရဲ့ ဝါရင့်သရုပ်ဆောင်Ha Jung Woo ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ပြီး၊ ကိုယ်တိုင် ရိုက်ကူးထားတဲ့ စီးပွားရေးနဲ့ဟာသဇာတ် ရောယှက်ထားတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။သရုပ်ဆောင်တွေကလည်း ပရိသတ် ရင်းနှီးပြီးသား ဖြစ်တဲ့ Ha Jung Woo, Park Byung Eun,Kim Eui Sung, Lee Dong Hui, Kwak Sun Young, Choi Si Won, Cha Ju Young တို့ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းလျှပ်စစ်ကားနဲ့ ပတ်သက်တဲ့ နိုင်ငံတော် ပရောဂျက်ကို တင်ဒါ အောင်ဖို့ ကြိုးစားနေတဲ့ ယွန်းချန်းအုနဲ့ဆွန်းဂွမ်အူတို့ဟာ လုပ်ငန်း ပြိုင်ဖက်တွေ ဖြစ်ပြီးတော့ မတူညီတဲ့ နည်းပညာ နှစ်ခုကို ပိုင်ဆိုင်ထားကြပါတယ်။ရင်းနှီးမြှုပ်နှံငွေ လိုအပ်နေတဲ့ သူတို့ နှစ်ယောက်ဟာ အစိုးရ အာဏာပိုင်တွေဆီမှာ လော်ဘီ ...
movie
Lobby (2025)
7.1
Along with the Gods 2: The Last 49 Days (2018)
Along with the Gods 2: The Last 49 Days (2018)**********************************************IMDb..... 7.1 ဒီတစ်ခေါက် တင်ဆက်ပေးသွားမှာကတော့ 2018 တုန်းက ထွက်ရှိခဲ့ပြီး လူကြိုက်များခဲ့တဲ့Fantasy အက်ရှင်ဒရမ်မာကားလေးဖြစ်ပြီး ပရိသတ်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့သရုပ်ဆောင် Ha Jung Woo, Ju Ji Hoon, Kim Hyang Gi, Ma Dong Seok,Kim Dong Wook နဲ့ Lee Jung Jae တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းဒီတစ်ခါမှာတော့ သေမင်းတမန် Kang Rim၊ လုံခြုံရေး တာဝန်ခံသေမင်းတမန် Hae Won Maek၊လက်ထောက်ရှေ့နေမလေး Deok Chun တို့ သေမင်းတမန် ၃ ပါးက မီးသတ်သမားလေးဂျာဟုန်းရဲ့ ညီဖြစ်သူ တပ်ကြပ် ဆူဟုန်းရဲ့ တရားခွင်မှာ ပါဝင်ဖို့ဖြစ်လာခဲ့ပြီး တရားခွင်ကို ...
movie
Along with the Gods 2: The Last 49 Days (2018)
7.2
Along with the Gods: The Two Worlds (2017)
Along with the Gods: The Two Worlds (2017)**********************************************IMDb..... 7.2 ကိုရီးယားနိုင်ငံက ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Ha Jung Woo, Ju Ji Hoon,Cha Tae Hyun, Lee Jung Jae, Ma Dong Seok, Kim Hyang Gi တို့အပြင် သရုပ်ဆောင်များစွာပါဝင်တဲ့ ဇာတ်ကားကြီးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။-ဇာတ်လမ်းအညွှန်း-လူသားတွေဟာ သေလွန်ပြီးနောက် တမလွန်ဘဝ ရောက်တဲ့အခါ ၄၉ရက်တာ ကာလအတွင်းတရားခွင် ၇ခု စီရင်ခံရတယ်လို့ ဆိုပါတယ်။မီးသတ်သမားလေး ဂင်ဂျာဟုန်း (Cha Tae Hyun) ဟာ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်ရင်းနဲ့ပဲသူရဲကောင်း ဆန်ဆန် ဘဝကူးပြောင်းသွားခဲ့ပါတယ်။သေမင်းတမန် ၃ယောက်ရဲ့ အကူအညီနဲ့ အတူ တမလွန်ဘဝကို ရောက်ရှိလာခဲ့တဲ့ ဂင်ဂျာဟုန်းဟာတရားခွင် ၇ခုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့မယ်ဆိုရင်တော့ ...
movie
Along with the Gods: The Two Worlds (2017)
6.5
Nocturnal (2025)
Nocturnal (2025)*********************အားလုံး စောင့်မျှော်နေကြတဲ့ Along With the Gods ဇာတ်ကားမှ မင်းသားကြီး Ha Jung-Woo နဲ့The Fiery Priest မှ မင်းသား Kim Nam-Gil တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ရုံတင် အက်ရှင်မှုခင်းဇာတ်ကားသစ်လေးက နောက်ဆုံးတော့ ထွက်ရှိလို့လာပါပြီ။- ဇာတ်လမ်းအကျဉ်း -ဘယ်မင်ထယ် (Ha Jung-Woo) က ယခင်က ဂန်းစတားဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ ဆောက်လုပ်ရေးလုပ်သားအဖြစ်လုပ်ကိုင်နေသူပါ။ တစ်နေ့မှာ မင်ထယ် ညဘက်အိပ်နေတုန်း ညီဖြစ်သူဆော့ထယ်က ဖုန်းဆက်လာခဲ့ပေမဲ့ မင်ထယ်ကမကိုင်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ဆော့ထယ်နဲ့ အတော်ကြာအဆက်အသွယ်မရဘဲ ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ဆော့ထယ်ကို သွေးရာတွေအပြည့်နဲ့ အလောင်းအဖြစ်နဲ့ပဲ ပြန်တွေ့လိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ ဆော့ထယ်နဲ့အတူနေထိုင်နေသူဖြစ်တဲ့ ချာမွန်းယောင်း (Yoo Da-In) လည်း ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်။ဒါကြောင့် မင်ထယ်လည်း ညီဖြစ်သူကို သတ်တဲ့ လူသတ်သမားကို သိရဖို့အတွက် သဲလွန်စတွေ ...
movie
Nocturnal (2025)
7.3
The Yellow Sea (2010)
The Yellow Sea (2010)**********************IMDb....7.3 IMDb 7.3 အထိရရှိထားပြီး Ha Jung-woo, Kim Yoon-seok တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့Action thriller ရုပ်ရှင်ကားကြီး The Yellow Sea ကို တင်ဆက်ပေးလိုက်ပါတယ်နော်။တရုတ်ပြည် အရှေ့မြောက် ယန်ဘီယန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေမှာရှိတဲ့ ယန်ဂျီမြို့မှာနေတဲ့ဂျိုဆွန်းလူမျိုး (မြောက်ကိုရီးယားနဲ့ တရုတ်စပ်) ဂူနမ်က တောင်ကိုရီးယားကို ပြန်ချင်လွန်းလို့လူမိုက်တွေဆီက ပိုက်ဆံချေးပြီး မိန်းမကို အရင်ရောက်အောင် ပို့ပေးခဲ့တယ်။မိန်းမကလည်း သူ တောင်ကိုးရီးယားကို ရောက်ရင် သူ့ဆီ ပိုက်ဆံပြန်ပို့ပေးမယ်ဆိုတဲ့ ကတိနဲ့ပေါ့။ဒါပေမဲ့ အဆက်အသွယ်ဖြတ်သွားတဲ့ မိန်းမကြောင့် အကြွေးနွံထဲ နစ်ပြီး ကြံရာမရဖြစ်နေတဲ့ ဂူနမ့်ကိုအဲဒီအချိန်မှာပဲ လူဆိုးဂိုဏ်းခေါင်းဆောင် တစ်ယောက်က တောင်ကိုရီးယားကို သွားပြီး လူတစ်ယောက်ကိုရှင်းပေးဖို့ပြောလာအခါ...ဆင်းရဲတွင်း နက်သထက်နက်နေတဲ့ ဂူနမ်တစ်ယောက် ရွေးချယ်စရာမရှိဘဲ လူဆိုးဂိုဏ်းခေါင်းဆောင်စေခိုင်းတဲ့အတိုင်းလုပ်မလား..။ အဆက်အသွယ်ပြတ်နေတဲ့ မိန်းမနဲ့ရော ပြန်ဆုံတွေ့မလား...။ဘယ်လိုမျိုး ကံကြမ္မာရဲ့ ကစားမှုကို ခံရမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲရှုစားလိုက်ကြပါဦး ...
movie
The Yellow Sea (2010)
5.5
Take Point (2018)
Take Point (2018) *******************အမေရိကန်နိုင်ငံမှာရွေးကောက်ပွဲပြန်လုပ်နေတဲ့အချိန်...လက်ရှိသမ္မတရဲ့ မဲအခြေအနေကအကျဘက်ကိုရောက်နေတဲ့အချိန်မှာ...စစ်ရေးနည်းနဲ့ မြှင့်တင်ဖို့ကြိုးပမ်းလာတယ်...အဲဒီအချိန်မှာပဲ...အမေရိကန်ကမြောက်ကိုရီးယားကိုနူးကလီးယားလက်နက်ဖျက်သိမ်းဖို့တွန်းအားပေးမယ်...တကယ်လို့အောင်မြင်ရင်တစ်နိုင်ငံလုံးကသူ့ကိုထောက်ခံမယ်ပေါ့...အဲဒီလိုလုပ်ဖို့မြောက်ကိုရီးယားထိပ်သီးခေါင်းဆောင်တစ်ယောက်ကို ဆုကြေးငွေထုတ်ပြီးဖမ်းမိန့်ထုတ်လိုက်တယ်...သိတဲ့အတိုင်းဒီလိုကိစ္စမျိုးဆိုတာပေါ်တင်လုပ်လို့မရတဲ့အတွက် စီအိုင်အေဟာ...ထုံးစံအတိုင်းတရားဝင်အဖွဲ့အစည်းကိုမသုံးဘဲ ကြေးစားတစ်ဖွဲ့ကိုငှါးခဲ့တယ်..ဒါမှလည်း...သူတို့ဘက်အမှုပြန်မပတ်မှာကိုး...အဲဒီကြေးစားတပ်ဖွဲ့ဟာ တကယ့်ကိုကျွမ်းကျွင်သူတွေနဲ့ ...ဖွဲ့စည်းထားတယ်...ဒီအဖွဲ့ရဲ့ခေါင်းဆောင် အေဟတ်ဟာ ဒီမစ်ရှင်အဆင်ပြေပြေနဲ့...အစီအစဉ်အတိုင်းဆောင်ရွက်သွားနိုင်မလား...ဘယ်လိုအခက်အခဲအချိုးအကွေ့တွေနဲ့ ..ကြုံတွေ့သွားရမလဲဆိုတာကိုတော့...ဒီကိုးရီးယားကားဟာ အက်ရှင်ဦးစားပေး ဇာတ်ကားမှာ စောင့်ကြည့်ပေးပါဦး...ကိုးရီးယားရဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Jung-woo Ha က အဓိက သရုပ်ဆောင်ထားတာပါ...ဇာတ်လမ်းက မထင်မှတ်တဲ့လက်ကွက်တွေပါသလို ရိုက်ချက်တွေကလည်း အတော်ကြီးကိုကောင်းပါတယ်...ဒါကြောင့်လည်း ကိုးရီးယားမှာ ဝင်ငွေအကောင်းဆုံးစာရင်းဝင်ဖြစ်သွားပါတယ်...ခံစားကြည့်ကြပါဦး..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwe Zan Aung ပဲဖြစ်ပါတယ်....File size… 3.69GB / 1.25GB Quality…WEB-DL 1080p 720p Genres: Action, Military, Thriller, Mystery Duration: 2 hr 5 mins Subtitle….Myanmar Subtitle (Hard Sub) Translated By Zwe Zan Aung Encoded By Heather Oo
movie
Take Point (2018)
2018
6.1
Our School’s E.T. (2008)
Our School's E.T. (2008) ************************ ပရိတ်သတ်ကြီးတို့ကို အခုတစ်ခါ တင်ဆက်ပေးချင်တာကတော့ Drama ဟာသနဲ့ အားကစားအကြောင်းလေးတွေရောပြီး ပါဝင်တဲ့ Our School’s E.T. ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ..အဓိကသရုပ်ဆောင်အနေနဲ့ charisma ပြည့်ဝတဲ့ မင်းသားကြီး Kim Soo Ro နဲ့အတူ ပရိသတ်တို့အသည်းစွဲ မင်းသမီးလေး ဘုံဘုံ (Park Bo Young), နှုတ်ခမ်းနီမလေးတွေအကြိုက် မင်းသား Lee Min Ho, မင်းသား Baek Sung Hyun, မင်းသမီး Moon Chae Won နဲ့ မင်းသား Kim Gi Bang တို့လို့ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေ ပါဝင်ထားပါတယ် ..ဇာတ်လမ်းအကျဉ်းကတော့ ******************** ချွန်းဆောင်းဂွန်း (Kim Soo Ro) ဟာ ဂန်းနမ်မှာရှိတဲ့ အထက်တန်းကျောင်းတစ်ကျောင်းရဲ့ အားကစားဆရာတစ်ယောက်ပဲဖြစ်ပါတယ်။ကျောင်းသူကျောင်းသားတွေအပေါ် ချစ်ခင်တဲ့အပြင် မဟုတ်တာတွေလုပ်ရင်လည်း ဆုံးမလေ့ရှိသူပါ။တစ်ရက်မှာတော့ ချွန်းဆောင်းဂွန်း အလုပ်လုပ်နေတဲ့ကျောင်းဟာ အကြောင်းကိစ္စအမျိုးမျိုးကြောင့် အားကစားဆရာအရေအတွက်ကို လျှော့ချပြီး အင်္ဂလိပ်စာဆရာအရေအတွက်ကို တိုးမြှင့်လာတဲ့အခါမှာတော့ ချွန်းဆောင်းဂွန်းတစ်ယောက် ...
movie
Our School’s E.T. (2008)
No Boys, No Cry (2009)
No Boys, No Cry (2009)ဒီတစ်ခါမှာတော့ ကိုရီးယားရုပ်ရှင်ကားတွေ ကြည့်ဖူးသူတိုင်း မစိမ်းတဲ့လောက်မယ့် မင်းသား Ha JungWoo နဲ့ ဂျပန်မင်းသား Satoshi Tsumabuki တို့ အတွဲညီညီ ပါဝင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ကိုရီးယားလူမျိုးဖြစ်တဲ့ ဟွန်းဂူဟာ အသက် ၆ နှစ်အရွယ်တည်းက အမေ့ဆီက စွန့်ပစ်ခံခဲ့ရသူပါ။ မှောင်ခိုသမား ဦးလေးကြီးဘိုဂယောင်းဆိုသူ လက်အောက်မှာ ကြီးပြင်းလာခဲ့ရသူပေါ့။ ဘဝတစ်လျှောက်လုံးမှာ "အမေက ဘာလို့ စွန့်ပစ်သွားတာဖြစ်မလဲ" ဆိုတဲ့အတွေးနဲ့ ဘိုဂယောင်းအပေါ် သစ္စာရှိဖို့ကလွဲရင် ဘာအတွေးမှ မရှိတဲ့သူပါပဲ။ ဟွန်းဂူ မှောင်ခိုပစ္စည်းလာပို့တိုင်း ဂျပန်ဘက်ကနေ သူ့ကို လာကြိုနေကျသူကတော့ တိုရုပါပဲ။ ဂျပန်ကောင်လေး တိုရုကို အားလုံးက ခပ်နုံနုံလေးလို့ပဲ ထင်ခဲ့ကြပါတယ်။တစ်နေ့ ဦးလေးကြီးဘိုဂယောင်းက သူတို့နှစ်ယောက်ကို ဂျီဆုဆိုတဲ့မိန်းကလေးကို ပြန်ပေးဆွဲပြီး ဂျပန်ကို ခေါ်လာခိုင်းလိုက်ပါတယ်။ ဒါပေမဲ့ ကိစ္စတွေက ထင်သလို မဖြစ်တဲ့အပြင် ဟွန်းဂူတစ်ယောက် တိုရုရဲ့ပုံစံအမှန်ကိုပါ သိလာရတဲ့အခါ..။မိသားစုအပေါ် တာဝန်သိတတ်တဲ့ တိုရုနဲ့ မိသားစုဆိုတာ ဘာလဲ မေးခွန်းထုတ်နေဆဲ ဟွန်းဂူတို့ ကြား ဘယ်လိုမျိုး ...
movie
No Boys, No Cry (2009)
Hijack 1971 (2024)
Hijack 1971 (2024)*******************ဒီတစ်ခေါက် CM ကနေ တင်ဆက်ပေးသွားမှာကတော့1971 ခုနှစ်တုန်းက တောင်ကိုးရီးယားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့လေယာဥ်ပြန်ပေးဆွဲခံရမှုအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ရုံတင်ဇာတ်ကားကြီးဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကိုးရီးယားလေတပ် တိုက်လေယာဥ်မှူးဖြစ်ခဲ့ဖူးတဲ့ ဂျွန်ထယ်အင်းဟာကိစ္စတစ်ခုကြောင့် တပ်ထဲကနေထွက်ခဲ့ရပြီး ပုဂ္ဂလိကလေကြောင်းလိုင်းမှာတွဲဖက်လေယာဥ်မှူးအဖြစ် စတင်ပြီးအလုပ်လုပ်ကိုင်ဖြစ်သွားပါတော့တယ်။ဒီလိုနဲ့ 1971 ခုနှစ်ရဲ့ နေ့တစ်နေ့မှာ ခရီးသည်တွေတင်ဆောင်ပြီး ပျံသန်းနေရင်းဂင်ယုံးဒယ်လို့ခေါ်တဲ့ ထောင်ထွက်လူမိုက်တစ်ယောက်ရဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုကိုခံရပြီး မြောက်ကိုးရီးယားသို့ ပျံသန်းရန် ဖိအားပေးခံခဲ့ရပါတော့တယ်။အာခံသူမှန်သမျှ အကြမ်းဖက်ခံရရင်း လေယာဥ်မှူး ဂင်ဂယူရှစ် ထိခိုက်သွားမှုကြောင့်တွဲဖက်လေယာဥ်မှူးဖြစ်တဲ့ ဂျွန်ထယ်အင်းတစ်ယောက်တည်း လေယာဥ်ဆက်မောင်းဖို့ဖြစ်လာတဲ့အခါမှာတော့....တကယ်တော့ တခြားနိုင်ငံရဲ့နယ်နိမိတ်ကို ဖြတ်ကျော်ဖို့ရာ တစ်ဖက်နိုင်ငံအစိုးရရဲ့ခွင့်ပြုချက်မရရှိဘဲ ဖြတ်ကျော်လို့မရပါဘူး..အထူးသဖြင့် စစ်ရေးတင်းမာမှုရှိပြီး အချိန်မရွေးစစ်ဖြစ်ဖို့ အသင့်ပြင်နေတဲ့တောင်မြောက် နှစ် နိုင်ငံအတွက်ဒီလိုအခြေအနေဟာ ပိုပြီးလက်မခံနိုင်စရာပါ..မြောက်လေပိုင်နက်ကို တစ်လမလောက်ကျူးကျော်လိုက်တာနဲ့မြောက်ကိုရီးယား တိုက်လေယာဉ်တွေက တစ်စစီဖြစ်အောင် ပစ်ချသွားနိုင်ပါတယ်..ဒီလိုအခြေအနေတွေအားလုံးကို ဂျွန်ထယ်ရင်တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့..သရုပ်ဆောင်တွေအနေနဲ့ အဓိကဗီလိန် ပြန်ပေးသမားအဖြစ် အားလုံးသိပြီးသားဖြစ်တဲ့မင်းသား Yeo Jin-goo၊ တွဲဖက်လေယာဥ်မှူး ဂျွန်ထယ်အင်းအဖြစ်မင်းသားကြီး Ha Jung-woo၊ လေယာဥ်မယ်အဖြစ် အလှလေး Chae Soo-bin နဲ့လေယာဥ်မှူးအဖြစ် ...
movie
Hijack 1971 (2024)
5.6
Fasten Your Seatbelt (2013)
Fasten Your Seat Belt (2013)Hospital playlistနဲ့ crash course in romanceထဲက မင်းသားချော Jung Kyung Ho ရဲ့ ဘဝအမောပြေစေမယ့် ဟာသဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေအများကြီး ပါဝင်ထားတဲ့အပြင် ကျွန်တော်တို့ရဲ့နာမည်ကျော်ဖိုက်တာကြီး မာဒုန်ဆော့ကိုလည်း မြင်တွေ့ရဦးမှာပါ။ဂျပန်လူမျိုးတွေကိုတောင် ကိုရီးယားအဆဲစကားလုံးတွေ သင်ချင်လာစေတဲ့အထိ ပေါက်သွားတဲ့ Mr Profanityဆိုတဲ့ ဇာတ်ကားထဲက ဇာတ်လိုက်ကျော်အဆဲဘုရင်ကြီး မာဂျွန်ဂူတစ်ယောက် ရာဇဝင်ကားရိုက်ဖို့အတွက် တိုကျိုကနေကိုရီးယားကို လေယာဉ်စီးပြီး ပြန်လာရဖို့ဖြစ်လာတာပေါ့။ ဒီလိုနဲ့ လေယာဉ်ပေါ်ရောက်တော့လည်း ပရိသတ်တွေနဲ့တွေ့ပြီး အလွဲလေးတွေစဖြစ်လာတော့ မာဂျွန်ဂူတစ်ယောက် အဆဲဘုရင်ဇာတ်ကောင်မုဝင်ပြီး ဆဲချင်စိတ်ကတဖွားဖွားပါပဲ။ခရီးစဉ်က လေယာဉ်စမထွက်ခင်ကတည်းက အဆင်မချောရတဲ့ထဲ လေယာဉ်ထွက်ဖို့ကနောက်ကျတဲ့အပြင် လေယာဉ်က မုန်တိုင်းမိပြီး လေဆိပ်ကိုဆင်းမရဖြစ်လာချိန်မှာတော့ အူကြောင်ကြားခရီးသည်တစ်သိုက် အဆင်မြင်ငမ်းချင်တဲ့ လေယာဉ်မယ်တွေကတစ်ဖုံနဲ့ မာဂျွန်ဂူရဲ့ အလွဲပေါင်းသောင်းခြောက်ထောင်ကိုရှုစားရင်း ဘဝအမောတွေ ဖြေဖျောက်လိုက်ကြရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou တို့ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File ...
movie
Fasten Your Seatbelt (2013)
2013
6.38
Chronicle of a Blood Merchant (2015)
Chronicle of a Blood Merchant (2015)ကိုရီးယားရဲ့ ၁၉၅၀ ပြည့်နှစ်တွေမှာ သာမန်မိသားစုလေးတစ်ခုရဲ့ စီးပွားရေး၊ မေတ္တာတရားနဲ့ မိသားစုသံယောဇဉ်တွေကို ထိထိမိမိလေး ဖော်ပြပေးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဆမ်းဂွမ်းက အလုပ်ကြမ်းလုပ်တဲ့ သာမန်အလုပ်သမားလေးဖြစ်ပြီး တစ်ဖက်သတ်သဘောကျတဲ့ အို့ရန်ဆိုတဲ့ကောင်မလေးကို ရည်းစားရှိတဲ့ကြားကနေ လုယူခဲ့ပါတယ်နှစ်တွေကြာလာတော့ သားသုံးယောက်ပိုင်ဆိုင်လာပြီး နဂိုကညီတူညီမျှ ချစ်ပေးပေမဲ့ အကြီးဆုံးသားလေးက သူ့သွေးသားမဟုတ်တာကို သိပြီးတဲ့နောက်မှာ အရင်လိုအဆင်ပြေမှုတွေရပ်တန့်သွားပါတော့တယ်ဒါပေမဲ့ နောက်ဆုံးမှာတော့ သွေးထက်ပျစ်တဲ့သံယောဇဉ်ကြောင့်ပဲ ဆမ်းဂွမ်းတို့မိသားစုလေးက အခက်အခဲတွေကို အတူတကွရင်ဆိုင်ကျော်လွှားပြီး မိသားစုဘဝလေး ပြန်လည်နွေးထွေးလာခဲ့ပုံလေးတွေကို ကြည့်ရမှာဖြစ်ပါတယ်ဒီဇာတ်လမ်းလေးက မင်းသား Ha Jung Woo ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး ကိုယ်တိုင်သရုပ်ဆောင်ထားသလို မင်းသမီးအနေနဲ့ Ha Ji Won တို့ပါဝင်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.7GB | 876MB Format… mp4 Duration…. 2h 4min Subtitle…. Myanmar Subtitle ...
movie
Chronicle of a Blood Merchant (2015)
2015
6.6
The Berlin File (2013)
IMDb Rating (6.6)မင်းသားကြီး Ha Jung-woo နဲ့ မင်းသမီး Jun Ji-hyun တို့အပြင် အခြားသောသရုပ်ဆောင်များစွာပါဝင်ထားတဲ့ကိုရီးယား Action,Thriller ရုပ်ရှင်ဇာတ်လမ်းကြီးပါ။ဇာတ်လမ်းအကျဉ်းကတော့...မြောက်ကိုးရီးယားရဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်သူ ပြုံးဂျောင်ဆုံဟာဘာလင်မှာ အာရပ်တော်လှန်ရေးတပ်ဖွဲ့နဲ့ လက်နက်အရောင်းအဝယ်လုပ်ဖို့တာဝန်ပေးခံရတာကနေ အရောင်းအဝယ်ပျက်သွားတဲ့နောက်မှာတော့ဒီဘာလင်အရှုပ်တော်ပုံထဲ ရောက်သွားပါတော့တယ်။သူနဲ့ မြောက်ကိုးရီးယားသံရုံးက စကားပြန်ဖြစ်သူ သူ့ဇနီးတို့ဟာ ဒီအရှုပ်တော်ပုံမှာတိုင်းပြည်ကို သစ္စာဖောက်တဲ့သူတွေအဖြစ် အကွက်ချ အစွပ်စွဲခံလိုက်ရတဲ့အခါ....အေးဂျင့်ပြုံးဂျောင်ဆုံတစ်ယောက် ပြသနာတွေကြားထဲကနေ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ....။ File size…(2.3 GB)/(1.2 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:00:36 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Sherlock Holmes
movie
The Berlin File (2013)
5.6
Beastie Boys (2008)
Beastie Boys (2008)မိန်းမတွေကို အရက်ငှဲ့ပေး၊ ဖျော်ဖြေပေးရတဲ့ အရက်ဆိုင်က အတော်ဆုံးလို့ သတင်းကြီးတဲ့ host ကတော့ ဆွန်းဝူပဲ ဖြစ်ပါတယ်။ ဆွန်းဝူက ဒီအလုပ်ကို အချောင်ရ ခုံမင်လို့ စတင်လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ အလုပ်လက်မဲ့ ဖြစ်နေချိန် အစ်မဖြစ်သူရဲ့ ရည်းစား ဂျယ်ဟျွန်း မိတ်ဆက်ပေးတဲ့ အလုပ် night life က ခေါင်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဂျယ်ဟျွန်းကလည်း အဲဒီအလုပ်ကို လုပ်ကိုင်နေသူဖြစ်ပြီး ဆွန်းဝူရဲ့ အစ်မကလည်း တခြားအရက်ဆိုင်က စားပွဲထိုးမလေးပဲ ဖြစ်ပါတယ်။ ဒီအလုပ်ကို တစ်သက်လုံး လုပ်သွားဖို့ စိတ်ကူးမရှိတဲ့ ဆွန်းဝူက Night Life က ကောင်မလေးကို ချစ်မိခဲ့ပါတယ်။ အဲဒီကောင်မလေးနဲ့ တစ်သက်တာ အတူတူနေဖို့အထိ စိတ်ကူးရှိခဲ့တဲ့ ဆွန်းဝူတစ်ယောက် ရည်းစားက ရိုးရိုး အရက်ငှဲ့ပေးတဲ့ မိန်းကလေးမဟုတ်ဘဲ ယောက်ျားတွေနဲ့ အိပ်ပေးရတဲ့ အလုပ်လုပ်နေရမှန်း သိသွားတဲ့အခါ... တူညီတဲ့အလုပ် မတူညီတဲ့ ဘဝခံယူချက်နဲ့ ယောက်ျားနှစ်ယောက်ရဲ့ အတ္တတွေကို နှိုင်းယှဥ်ရိုက်ကူးထားပြီး တောင်ကိုရီးယား night ...
movie
Beastie Boys (2008)
2008
8.2
Road to Boston (2023)
Road to Boston (2023)၁၉၄၇ ခုနှစ်...အဲအချိန်က ကိုရီးယားနိုင်ငံက ဂျပန်လက်အောက်ကနေ လွတ်လပ်ရေးရပြီးခါစဖြစ်လို့ ဘယ်သူကမှ အသိအမှတ်မပြုကြတဲ့ နိုင်ငံသေးလေးတစ်ခု...၁၅၈၆ ခုနှစ် အိုလံပစ်မှာ မာရသွန်ရွှေတံဆိပ်ဆုရခဲ့တဲ့ ဆုန်းဂီဂျောင်းဟာ ဂျပန်အလံကိုဖုံးခဲ့တာကြောင့် ကစားသမားဘဝကနေ အနားယူလိုက်ရပေမဲ့ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ပြန်ကျင်းပမယ့် အိုလံပစ်ကို ဝင်ပြိုင်နိုင်ဖို့ အားထုတ်ခဲ့ပါတယ်အိုလံပစ်ဝင်ဖို့ကို ဘော်စတွန်နိုင်ငံတကာပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ လိုအပ်နေတဲ့အခြေအနေအရောက်မှာ ဆောယွန်းဘို့ဆိုတဲ့အရိုင်းတုံးလေးကို နည်းပြဆုန်းဂီဂျောင်းနဲ့ နည်းပြနမ်ဆွန်းယုံးတို့က သင်ကြားပေးခဲ့ကြပါတယ်ဒါပေမဲ့ ကိုရီးယားက ဒုက္ခသည်နိုင်ငံဖြစ်နေသေးတော့ ကျော်ဖြတ်ရမှာတွေက မလွယ်ကူခဲ့ပါဘူး... အဲတော့ ဘော်စတွန်မှာ မာရသွန်သွားပြိုင်ကြမယ့် သူတို့သုံးယောက်ဟာ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရတာတန်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ထူးခြားတာက တကယ့်ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားခြင်းဖြစ်ပြီး ကာယကံရှင်တွေကတော့ အခုချိန်မှာ ကွယ်လွန်သွားကြပြီဖြစ်ပါတယ်.. ဒါပေမဲ့ သူတို့ရဲ့ကြိုးစားအားထုတ်မှုကတော့ အခုချိန်ထိ ကျန်ရှိနေဆဲပါ..Main cast အနေနဲ့ Ha Jung Woo, Im Si Won, Bae Sung Woo, Park Eun Bin တို့လို နာမည်ကျော်တွေချည်းပဲ ...
movie
Road to Boston (2023)
2023
6.7
Ransomed(2023)
Ransomed(2023)****************ကိုရီးယားရဲ့ နာမည်ကြီးသရုပ်ဆောင်တွေချည်းပါဝင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်..လက်ဘနွန်ဆိုတာ ပြည်တွင်းငြိမ်းချမ်းမှုမရှိသလို လက်နက်ကိုင်အဖွဲ့အစည်းတွေများစွာရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်...သံရုံးတွေကတော့ နိုင်ငံရေးအခြေအနေရတည်ရှိနေရတယ်ဆိုပေမဲ့ သံရုံးဝန်ထမ်းတွေရဲ့ လုံခြုံရေးကတော့ စိတ်ချရတဲ့အခြေအနေမဟုတ်ပါဘူး..တစ်နေတော့ ကိုရီးယားသံရုံးရဲ့ အကြီးအကဲအရာရှိတစ်ဦး လက်ဘနွန် သူပုန်တွေဆီမှာ အဖမ်းခံလိုက်ရတယ်..ထူးခြားတာက အရာရှိကြီးကို ဘယ်သူဖမ်းတယ်လို့ မကြေငြာတော့သတင်းအစအနပါပျောက်နေတယ်..ဒီနောက် ၁ နှစ်နဲ့ ၈လကြာတဲ့နောက်မှာ လက်ဘနွန်ကနေ ကိုရီးယားနိုင်ငံရဲ့ သံရုံးကို ဖုန်းဝင်လာတယ်..အဲ့ဒါကတော့ သံရုံးအရာရှိကို ၂.၅သန်းနဲ့ လာရွေးကြပါပေါ့.. ကိုရီးယားထိပ်သီးအစိုးရဝန်ထမ်းတွေဟာဒီကိစ္စကိုလူသိရှင်ကြားနဲ့ကြေငြာပြီးကယ်မယ်ဆိုရင်လည်း ဓားစာခံဟာသေပြီးသားလူဖြစ်နေရင်အရှက်ကွဲမယ်..မကယ်ရင်လည်း နောက်မှ ပြန်ပေးဆွဲတဲ့သူတွေဆီကနေ သတင်းပေါက်လို့ရှိပြန်ရင်လည်းသူတို့အရှက်ကွဲမှာဆိုတော့ ဒီကိစ္စကို တိုးတိုးတိတ်တိတ်နဲ့ကယ်ဆယ်ရေးမစ်ရှင်လုပ်ဖို့လူတစ်ယောက်ကိုစေလွှတ်လိုက်ပါတော့တယ်...အဲ့ဒီနောက်မှာတော့....ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...File Size :(2.2GB) and (987MB) Quality : WEB-DL 1080p, 720p Format…mp4 Duration…02:12:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Miri,Stary, Lia Fay & Treasure Htet Encoded by Phyo ...
movie
Ransomed(2023)
6.9
Take Off (2009)
၁၉၉၈ ခုနှစ် ဂျပန်ပြည်မှာအိုလံပစ်ကျင်းပတာကိုနောက်ခံရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပါ။၁၉၉၈ ခုနှစ်မှာ ကိုးရီးယားနိုင်ငံက ပထမဆုံးအကြိမ် အိုလံပစ်အားကစားပြိုင်ပွဲမှာ နှင်းလျှောစီးဝင်ပြိုင်ခဲ့ပါတယ်။ အစိုးရကသေချာမထောက်ပံ့ပေးနိုင်ခဲ့ပေမဲ့ ကိုယ့်အစွမ်းအစနဲ့ အိုလံပစ်ဝင်ပြိုင်ခဲ့ကြတဲ့နှင်းလျှောစီးကစားသမားအဖွဲ့အကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ချာဟွန်းထယ်ဟာ အသက်၇နှစ်မှာ အမေရိကကိုမွေးစားဖို့အပို့ခံခဲ့ရပါတယ်။နှစ် ၂၀ ကြာတဲ့အခါမှာ သူ့အမေရင်းကိုရှာနိုင်ဖို့ ကိုးရီးယားကိုပြန်လာခဲ့ပေမဲ့ဘယ်လိုကြိုးစားကြိုးစားသူ့အမေကိုရှာမတွေ့ပါဘူး။အခြားတစ်ဖက်မှာ နည်းပြဘန်ဟာ နှင်းလျှောစီးပြိုင်ပွဲဝင်မယ့်ကစားသမားတွေကိုလိုက်ရှာနေရင်းက အမေရိကမှာ နှင်းလျှောစီးကစားသမားဖြစ်ခဲ့ဖူးတဲ့ချာဟွန်းထယ်ကိုသူ့အသင်းသားဖြစ်လာဖို့ စည်းရုံးပါတော့တယ်။ အမေ့ကိုရှာဖို့စိတ်အားပြင်းပြနေတဲ့ ချာအွန်းထယ်ဟာ အိုလံပစ်ကိုသွားနိုင်ရင် အမေကတီဗီမှာသူ့ကိုတွေ့မှာပဲဆိုတဲ့ယုံကြည်ချက်နဲ့ အဖွဲ့ထဲဝင်လာခဲ့ပါတယ်။နည်းပြဘန်ရဲ့နှင်းလျှောစီးအဖွဲ့မှာ အဖွဲ့ဝင်ငါးယောက်ရှိပါတယ်။တစ်ယောက်ချင်းစီတိုင်းက အကျင့်စရိုက်တွေကွာခြားလှတာကြောင့်အမြဲတကျက်ကျက်ရန်ဖြစ်ကြပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ခိုင်မာလာတဲ့သူငယ်ချင်းဆက်ဆံရေးတွေ၊ တစ်ယောက်ချင်းစီရဲ့ချို့တဲ့လှတဲ့ဘဝဇာတ်ကြောင်းတွေ၊သူတို့အိမ်မက်အတွက်ကြိုးစားအားထုတ်ကြပုံတွေကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ဟာသနှောပြီးရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်။အိုလံပစ်မှာရွေတံဆိပ်ဆုယူနိုင်ဖို့အိမ်မက်မက်ပြီး ခက်ခဲလှတဲ့အခြေအနေတွေကြားထဲက သူတို့ပန်းတိုင်ကိုရောက်နိုင်ဖို့ကြိုးစားကြတာတွေကို ကြည့်ရှုရမှာဖြစ်တာကြောင့် စိတ်ဓါတ်ခွန်အားကိုပေးနိုင်တဲ့အပြင် ဘဝအမောတွေလည်းပြေပျောက်စေနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ File size…2.92GB / 1.43GB Quality…1080p / 720p Format…mp4 Duration….2h 17m Genre ….. Comedy . Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai
movie
Take Off (2009)
6.9
Breath (2007)
Breath (2007)တောင်ကိုရီးယား Art Houseဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ Kim Ki Dukကို ဒီကလူ တော်တော်များများသိကြသလို သူ့ရုပ်ရှင်တွေဖြစ်တဲ့ 3-Iron, Spring Summer Fall winterနဲ့ တခြားရုပ်ရှင်တွေလည်း ဒီမှာ တော်တော်ကြိုက်ကြပါတယ်။ Breathဟာ Kimရဲ့ ကားကောင်းတွေထဲက တစ်ကားပါပဲ။Castတွေထဲ ထူးထူးခြားခြား ဝေါင်ကာဝေးလက်စွဲတော်တစ်ယောက်ဖြစ်တဲ့ ချန်းချန်ကို သုံးထားပါတယ်။ နောက် တောင်ကိုရီးယား A Listတန်း၀င် မင်းသား Ha Jung-Wooနဲ့ Park Ji-Ahတို့ကို သုံးထားပါတယ်။Breathဟာ Kim Ki Dukကားပါ။ ဒီတော့ သူရိုက်တတ်တဲ့ပုံစံအတိုင်း ဒီထဲမှာ ချန်းချန်ရဲ့ ဇာတ်ကောင် Jiang Jinဟာ ဒီထဲစကားတစ်လုံးမှ မပြောပါဘူး။ လူ့အဇ္ဈတ္တအတွင်းသဏ္ဍာန်ကို သာမန်လူတွေ မတွေးမိတဲ့ဟန်နဲ့ပဲ ပုံဖော်ထားပါတယ်။ သူ့ကားပီပီသသ နည်းနည်းလည်း ပဟေဠိဆန်ပါတယ်။ သူ့ကားပီပီသသ လိင်ဆန္ဒသရုပ်ဖော်ခန်းတွေလည်း ပါတယ်။ဖရန်စစ် ဖို့ဒ် ကော်ပိုလာဟာ သူ့ရုပ်ရှင်တွေကို စကားလုံးတစ်လုံးတည်းနဲ့ ခြုံငုံပြောပြဖူးပါတယ်။ မှတ်မိသလောက်ဆို Godfatherဆို Familyလို့ ပြောခဲ့တယ်ထင်ပါတယ်။ ဒီရုပ်ရှင်ကို ...
movie
Breath (2007)
2007
1
2
Next