Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ha Ji-won
6.5
Nightmare (2000)
Nightmare (2000) *********************Channel Myanmar ပရိသတ်ကြီးတို့အတွက် 2000 ခုနှစ်က Horror Movie ကားကောင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။(သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့် အသက်မပြည့်သေးသောသူများ ကြည့်ရှုရန်မသင့်တော်ပါ)Cast တွေအနေနဲ့ကတော့ Secret Garden, Empress Ki စတဲ့ကားတွေထဲက မင်းသမီး Ha Ji-Won ၊ Money Heist ထဲမှာ ပါမောက္ခအဖြစ် ပါဝင်ခဲ့တဲ့ Yoo Ji-Tae ၊ The Uncanny Counter, Alchemy Of Souls မှ မင်းသားကြီး Yu Jun-Sang တို့အပြင် Kim Gyu-Ri ၊ Choi Jung-Yoon ၊ Jung Joon တို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ***************စိတ်ပညာမေဂျာယူထားတဲ့ ဟယ်ဂျင်းက တက္ကသိုလ်စာမေးပွဲအတွက် ပြင်ဆင်နေတုန်းမှာပဲ တစ်နေ့မှာတော့ အဆက်အသွယ်ပြတ်နေခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ဆွန်းအယ် ပြန်ရောက်လာတာကြောင့် ဝမ်းသာနေခဲ့ပြီး ဆွန်းအယ်ရဲ့ တစ်ခုခုကို ကြောက်ရွံ့နေသလိုမျိုး ပြောင်းလဲသွားတဲ့ပုံစံကိုလည်းအတော့်ကို ...
movie
Nightmare (2000)
7.3
BA:BO – Miracle of Giving Fool (2008)
BA:BO - Miracle of Giving Fool (2008)************************************IMDb... 7.3 CM ပရိတ်သတ်ကြီးအတွက် ဒီတစ်ခေါက်တင် ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့မမလှလှ Ha Ji-wonတို့နဲ့အတူ မင်းသား Cha Tae-hyun နဲ့ မင်းသား Park Hee-soonတို့ငယ်ရွယ်စဉ်က ပါဝင်သရုပ်ဆောင်ထားတဲ့ တစ်ခေတ်တစ်ခါက နာမည်ကျော်ရုပ်ရှင်Ba Boဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ဒီကားလေးဟာ webtoonကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပြီး အဆိုပါ webtoonကိုရေးသားသူကတော့ အားလုံးသိကြတဲ့ နာမည်ကျော် ဇာတ်လမ်းတွဲ Moving, Light Shop အစရှိတဲ့ဇာတ်လမ်းတွဲတွေရဲ့ ဖန်တီးသူ Kang Full ပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနယ်မြို့လေး တစ်မြို့မှာ နေထိုင်တဲ့ ဆွန်းယုံး (Cha Tae-hyun) ဟာ ငယ်ရွယ်စဉ် ကလေးဘဝတုန်းကမတော်တဆမှုတစ်ခုကြောင့် အဖေဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အပြင် သူကိုယ်တိုင်လည်း ဦးနှောက်ပိုင်းဆိုင်ရာထိခိုက်ချို့ယွင်းမှုအချို့ ဖြစ်ခဲ့ရတဲ့အတွက် သူဟာ လက်ရှိမှာ အသက်၂၇ ...
movie
BA:BO – Miracle of Giving Fool (2008)
6.4
Life Risking Romance (2016)
Life Risking Romance (2016)***************************IMDb... 6.4 လျှို့ဝှက်သည်းဖိုမှုခင်းဇာတ်လမ်းကို ဟာသလေးနှောပြီး ကြည့်ရှုလို့ရနိုင်မယ့်ဒီရုပ်ရှင်ကားမှာတော့ အားလုံးသိကြတဲ့ အမြဲနုပျိုလှပနေတဲ့မင်းသမီး Ha Ji Won,မင်းသား Chun Jung Myungနဲ့ ထိုင်ဝမ်မင်းသား Chen Bolinတို့က အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ဟန်ဂျယ်အင်း (Ha Ji Won) ဟာ လျှို့ဝှက်ဆန်းကြယ်မှုခင်းဝတ္ထုတွေကိုရေးတဲ့ စာရေးဆရာမဖြစ်ပြီးလူတွေကို သံသယစိတ်လည်းများတာကြောင့် အမြဲမှားယွင်းပြီး ရဲတိုင်နေတတ်သူပါ။သူမရဲ့တစ်ဦးတည်းသောငယ်သူငယ်ချင်းကတော့ ရဲအရာရှိ ဆောရို့ဟွမ် (Chun Jung Myung) ဖြစ်ပြီးငယ်ငယ်လေးတည်းက သူမကို တစ်ဖက်သတ်ချစ်နေတဲ့သူပေါ့။ဒီသူငယ်ချင်းနှစ်ယောက်နေထိုင်တဲ့ အီထယ်ဝန်မြို့မှာ အလောင်းကို ခရီးဆောင်အိတ်ထဲထည့်ပြီးလူမနေတဲ့အိမ်အလွတ်တွေမှာ လာလွှင့်ပစ်တတ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ရှိပါတယ်။တစ်နေ့မှာတော့ ဂျယ်အင်းဟာ သူမနေတဲ့တိုက်ခန်းရဲ့အပေါ်ထပ်ကနေ အော်သံတစ်ခုကြားလိုက်ရတာကြောင့်ရဲတိုင်လိုက်ပေမဲ့ ဘယ်သူမှမယုံပေးခဲ့ကြပါဘူး။ဒါကြောင့် အဲဒီတိုက်ခန်းမှာနေတဲ့ FBI အေးဂျင့် ဂျေဆင်ချန် (Chen Bolin) ကို ကွင်းဆက်လူသတ်သမားပဲလို့ယုံကြည်ပြီး ရို့ဟွမ်နဲ့အတူ နောက်ယောင်ခံလိုက်ကြပါတော့တယ်။ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဂျယ်အင်းတစ်ယောက် ချောမောခန့်ညားတဲ့ ဂျေဆင်ချန်ကို ကြွေမိသွားတဲ့အခါမှာတော့...ကွင်းဆက်လူသတ်သမားက ...
movie
Life Risking Romance (2016)
6.7
All for Love (2005)
All for Love (2005) ********************IMDb 6.7 ရှိပြီး နာမည်ကြီး မင်းသမီးကြီး Uhm Jung Hwan နဲ့ မင်းသားကြီး Hwang Jung Min တို့ ပါဝင်ထားတဲ့ အချစ်၊ဟာသ ဇာတ်လမ်းလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်…။အားလုံးရဲ့အချစ်တော် Jung Kyung Ho ရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်သလို မင်းသမီး Kim Yoo Jung ကလည်း ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါသေးတယ်…။ဒီဇာတ်လမ်းလေးကတော့ ဆိုးလ်မြို့ရဲ့ တစ်ပတ်တာအတွင်း ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကို ဖန်တီးထားတာဖြစ်ပါတယ် ..ပုံတုံးတုံးစုံထောက်နာနဲ့ စိတ်ပညာရှင်ဟောယူဂျောင်တို့ရဲ့အချစ်ဇာတ်လမ်း...။ငွေကြေးအခက်အခဲတွေ အကြွေးတွေနဲ့ပြည့်နေတဲ့ ညားခါစစုံတွဲ ချန်းဟူနဲ့ ဆွန်းအယ်တို့ရဲ့ ဇာတ်လမ်း…။စိတ်ဝေဒနာကြောင့် ကုသမှုခံနေရတဲ့ အရင်က သီလရှင်ဖြစ်ခဲ့ဖူးတဲ့ ဆူဂယောင်းနဲ့ .. ရောဂါကြောင့် အိပ်ရာထဲလဲနေရတဲ့ နာမည်ကြီးအဆိုတော် ဂျောင်ဟွန်းတို့ရဲ့ အချစ်ဇာတ်လမ်း…။ဘတ်စကတ်ဘောကစားသမား ဘတ်ဆောင်းဝမ်နဲ့ ရောဂါသည်သမီးရဲ့ သံယောဇဥ်...။အချစ်ကို စတင်တဲ့သူတွေ၊ အချစ်တစ်ခုကို အဆုံးသတ်တဲ့သူတွေ၊ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာတွေနဲ့ လူပေါင်းများစွာရဲ့ တစ်ပတ်အတွင်း ဖြစ်ပျက်သွားတဲ့ ...
movie
All for Love (2005)
6.3
Daddy Long Legs (2005)
Daddy Long Legs (2005)************************ဒီကားလေးကတော့ Jean Webster ရဲ့ Daddy Long Legs ဆိုတဲ့ novel ကို ဇာတ်ကားအနေနဲ့ရော musical အနေနဲ့ရော များစွာ ပြန်လည်ရိုက်ကူးပုံဖော် ထားကြတဲ့ထဲကမှ 2005 မှာ ထွက်ရှိခဲ့တဲ့ ကိုရီးယားဇာတ်ကားလေးပဲဖြစ်ပါတယ်။အဓိကဇာတ်ဆောင်အနေနဲ့ ပရိသတ်အချစ်တော်မင်းသမီးလေး Ha Ji-won နဲ့ Yeon Jung-hoon တို့ ပါဝင်သရုပ်ဆောင်ထားပြီးတော့ စိတ်လှုပ်ရှားစရာကောင်းပြီး နွေးထွေးတဲ့အချစ်ပုံပြင်လေးကြောင့် ဖြတ်သန်းလာခဲ့တဲ့နှစ်တစ်လျှောက် ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ထားခဲ့တဲ့ အနုပညာလက်ရာ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း ------------------ Cha Young Mi (Ha Ji-won) ဟာ မိဘနှစ်ပါးလုံးမရှိတော့ဘဲ တစ်ယောက်တည်း ပင်ပန်းစွာ ရပ်တည်လာခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူမဟာ အမည်မသိ သူစိမ်းတစ်ယောက်ဆီကနေ တက္ကသိုလ်ကျောင်းစရိတ်တွေ လက်ဆောင်တွေ စသဖြင့် လျှို့ဝှက်ဆန်းကြယ်စွာ အကူအညီပေးတာခံခဲ့ရပါတယ်။အဲဒီ အမည်မသိအကူညီတွေပေးနေခဲ့တဲ့ လူကို Cha Young Mi က နာမည်ပြောင်လေးပေးခဲ့မိတာပေါ့။ Daddy Long Legs…အရပ်ရှည်တဲ့ဦးလေးကြီး ဆိုပြီးတော့...ဒီလိုမျိုး အရပ်ရှည်တဲ့ဦးလေးကြီးရဲ့ အကူအညီတွေကြောင့် ...
movie
Daddy Long Legs (2005)
Miracle on 1st Street (2007)
Miracle on 1st Street (2007) ****************************၁ လမ်းရပ်ကွက်မှ အံ့သြစရာဖြစ်ရပ်။ဒီဇာတ်လမ်းမှာ ကလေးသရုပ်ဆောင်တွေက အဓိကဖြစ်ပြီး ချစ်စရာ ဒေသခံတွေရဲ့ ...ဇာတ်လမ်းအသီးသီးတွေ၊ လူနေမှုအဆင့်အတန်းကွာဟမှုတွေ...မြို့ပြစီမံကိန်းရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေနဲ့အတူ ရင်ထဲကိုနွေးသွားစေမဲ့အခိုက်အတန့်တွေအားလုံးကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတာမို့ ရယ်တစ်လှည့်၊ငိုတစ်လှည့် ကြည့်ရမှာဖြစ်ပြီး ၂၀၀၀ ခုနှစ်ရဲ့ ဒိတ်ဒိတ်ကြဲ မမ ဟာဂျီဝန်းရဲ့ ...ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကိုလည်း ရှုစားနိုင်မှာဖြစ်လို့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တယ်ဆိုတာ ညွှန်းလိုက်ပါရစေနော်။ဇာတ်လမ်းအကျဉ်း --------------ဆင်းရဲသားရပ်ကွက်လို့ လူတိုင်းကနှိမ်ခေါ်ကြတဲ့ ၁ လမ်းရပ်ကွက်လေးဟာ...စရိုက်အဖုံဖုံနဲ့ အရောင်အသွေးစုံလှတဲ့ မိသားစုတွေရဲ့ အိမ်လို့ ခေါ်ရမှာပေါ့။အဲဒီနေရာလေးကိုမှ လူမိုက်ဖီးဂျယ်ဟာ ရောက်ရှိသွားခဲ့တယ်။ ဖီးဂျယ်ဟာ...အဲဒီကိုရောက်ပြီး သိပ်မကြာခင်မှာပဲ ၁ လမ်းမှာနေထိုင်တဲ့ မြောင်နန်ဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံခဲ့တယ်။လက်ဝှေ့သမားပေါက်စဖြစ်ပြီး တစ်နေ့မှာ ချန်ပီယံဖြစ်ဖို့ အိပ်မက်ရှိတဲ့ မြောင်နန်ဟာ...အလုပ်ကြမ်းလုပ်ပြီး နေမကောင်းမကျန်းမာတဲ့ ဖခင်ဖြစ်သူကို ပြုစုစောင့်ရှောက်နေတဲ့ သမီးလိမ္မာတစ်ဦးပါ။အစကတော့ ဒေသခံတွေကို ခြိမ်းခြောက်နှင်ထုတ်ဖို့ လာခဲ့တဲ့ ဖီးဂျယ်ဟာ...အပြင်ပန်းမှာတော့ ကြမ်းတမ်းရိုင်းစိုင်းပေမဲ့ ရပ်ကွက်လေးထဲက နက်ရှိုင်းတဲ့နှောင်ကြိုးတွေကို...ရှာဖွေတွေ့ရှိလာခဲ့ပြီးနောက် တဖြည်းဖြည်းနဲ့ သူ့ရဲ့စရိုက်ဟာ ပြောင်းလဲလာခဲ့တော့တယ်။ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ...
movie
Miracle on 1st Street (2007)
6.38
Chronicle of a Blood Merchant (2015)
Chronicle of a Blood Merchant (2015)ကိုရီးယားရဲ့ ၁၉၅၀ ပြည့်နှစ်တွေမှာ သာမန်မိသားစုလေးတစ်ခုရဲ့ စီးပွားရေး၊ မေတ္တာတရားနဲ့ မိသားစုသံယောဇဉ်တွေကို ထိထိမိမိလေး ဖော်ပြပေးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဆမ်းဂွမ်းက အလုပ်ကြမ်းလုပ်တဲ့ သာမန်အလုပ်သမားလေးဖြစ်ပြီး တစ်ဖက်သတ်သဘောကျတဲ့ အို့ရန်ဆိုတဲ့ကောင်မလေးကို ရည်းစားရှိတဲ့ကြားကနေ လုယူခဲ့ပါတယ်နှစ်တွေကြာလာတော့ သားသုံးယောက်ပိုင်ဆိုင်လာပြီး နဂိုကညီတူညီမျှ ချစ်ပေးပေမဲ့ အကြီးဆုံးသားလေးက သူ့သွေးသားမဟုတ်တာကို သိပြီးတဲ့နောက်မှာ အရင်လိုအဆင်ပြေမှုတွေရပ်တန့်သွားပါတော့တယ်ဒါပေမဲ့ နောက်ဆုံးမှာတော့ သွေးထက်ပျစ်တဲ့သံယောဇဉ်ကြောင့်ပဲ ဆမ်းဂွမ်းတို့မိသားစုလေးက အခက်အခဲတွေကို အတူတကွရင်ဆိုင်ကျော်လွှားပြီး မိသားစုဘဝလေး ပြန်လည်နွေးထွေးလာခဲ့ပုံလေးတွေကို ကြည့်ရမှာဖြစ်ပါတယ်ဒီဇာတ်လမ်းလေးက မင်းသား Ha Jung Woo ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး ကိုယ်တိုင်သရုပ်ဆောင်ထားသလို မင်းသမီးအနေနဲ့ Ha Ji Won တို့ပါဝင်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.7GB | 876MB Format… mp4 Duration…. 2h 4min Subtitle…. Myanmar Subtitle ...
movie
Chronicle of a Blood Merchant (2015)
2015
6.7
Love So Divine(2004)
Love So Divine(2004)*******************ဂင်ဂျူရှစ်ဆိုတဲ့လူငယ်လေးဟာ ခရစ်ယာန်ဘာသာကို အထူးယုံကြည်သက်ဝင်ပြီးကျန်ရှိတဲ့သက်တမ်းတစ်လျှောက်ကိုလည်း မွန်မြတ်တဲ့ ဖာသာတစ်ဦးအဖြစ်နဲ့ ဖြတ်သန်းသွားဖို့ ရည်ရွယ်ထားတဲ့ သူတစ်ဦးပါ... ဒါ့ကြောင့် ခရစ်ယာန်ကျောင်းတော်မှာလည်း ကျင့်ဝတ်တွေကိုသေချာလိုက်နာပြီး စာတွေလည်း အရမ်းကြိုးစားခဲ့ပါတယ်... ဒီလိုနဲ့ သူနေတဲ့ ခရစ်ယာန်ကျောင်းတော်ကြီးက ဖာသာကြီးရဲ့ သမီးဖြစ်သူဟာအမေရိကားမှာ စာသင်ပြီး ကျောင်းပိတ်လို့ပြန်လာခဲ့ပါတယ်... ကောင်မလေးဟာ အမေရိကားမှာကျောင်းတက်လာတဲ့ခေတ်လူယ်ပီပီခေတ်ဆန်ပွင့်လင်းပြီး အရာရာကိုစူးစမ်းတဲ့သူတစ်ဦးပေါ့ ...ဒီလိုကောင်မလေးနဲ့ ရှေးရိုးစွဲ ဘာသာရေးသာ ပထမလို့ ယူဆထားတဲ့ လူငယ်လေးနဲ့တွေ့တဲ့အခါမှာတော့....File Size :(1.4GB) and (654MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:45:00 Genre : Romance , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Nan D Lin Encoded by Phyo Pyae
movie
Love So Divine(2004)
6.1
Phone ( 2002 )
Ha Ji-won ရဲ့ 2002 က ထွက်ရှိခဲ့တဲ့ Horror ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်..ဒီကားလေးလေးဟာဆိုရင် ကွာလတီက ဒီလောက်ပဲရနိုင်လို့ ရနိုင်သမျှ အကောင်းဆုံး ကွာလတီနဲ့တင်ဆက်ပေးလိုက်ရပါတယ်ဂျီဝန်းတစ်ယောက် သတင်းထောင်ဘဝကနေအနားယူချိန်ကစပြီး အမည်မသိခြိမ်းခြောက်ဖုန်းတွေ ဝင်လာခြင်းကိုကြုံရပါတော့တယ် စာရေးဆရာမဖြစ်ချင်တဲ့သူ့ရဲ့စိတ်ကူးကိုအကောင်အထည်ဖော်ဖို့ သူငယ်ချင်းဖြစ်သူရဲ့အိမ်မှာ စာရေးရင်း အမည်မသိဖုန်းနံပါတ်ကနေ မိန်းကလေးတစ်ဦးရဲ့အသံကိုကြားခဲ့ရပါတယ်တစ်နေ့ ဖုန်းလာတဲ့အချိန် ဂျီဝန်းသူငယ်ချင်းရဲ့သမီးဖြစ်သူက ဖုန်းကိုကိုင်လိုက်ရာကနေ သူတို့မိသားစုမှာ ထူးဆန်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေ စပြီးဖြစ်လာတော့တာပဲဂျီဝန်းတစ်ယောက် ဖုန်းရဲ့နောက်ကွယ်ကအကြောင်းကိုလိုက်စုံစမ်းရင်း ဘယ်လိုထူးဆန်းတဲ့လှည့်ကွက်တွေကို ရင်ဆိုင်တွေ့ရမလဲဆိုတာ ကျောချမ်းချမ်းနဲ့စောင့်ကြည့်လိုက်ကြပါဦး [ Reviewed By Shoon Thu Thu Chain ] Quality : DvdRip Format : mp4 Genres : Horror , Mystery , Thriller Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Phone ( 2002 )
7.2
Ditto (2000)
Ditto (2000)" ကမ္ဘာ တစ်ဖက်မှာ နင်နေထိုင်တယ် ကမ္ဘာ တစ်ဖက်မှာ ငါနေထိုင်တယ် "ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် သီချင်းလိုပါပဲဒီဇတ်လမ်းကို ကြည့်မိတဲ့ အချိန်ကနှလုံးသားထဲမှာ ဆွေးဆွေးမြေ့မြေ့ ကို ဖြစ်လာတာပဲဒီဇတ်လမ်းက ဆိုအွန်း ဆိုတဲ့ ကောင်မလေး နဲ့ဂျီအင်း ဆိုတဲ့ ကောင်မလေး တို့ နဲ့ ဇတ်လမ်းစတာပဲဆိုအွန်းမှာ မီးသတ်တပ်ဖွဲ့တွေ သုံးတဲ့ ရေဒီယို တစ်လုံး ရှိနေတယ်တစ်ရက်သော နေ့မှာတော့ အဲ့ဒီရေဒီယိုကနေ အသံတစ်ခုကြားရတယ်တစ်ဖက်က ဆက်သွယ်လာတဲ့ အသံတစ်ခုပေါ့အသံပိုင်ရှင်က ဂျီအင်း လို့ ခေါ်တဲ့ ကောင်လေးတစ်ယောက်ပုံမှန်ပဲ မိတ်ဆက်ကြတာပေါ့ ဂျီအင်း နဲ့ ဆိုအွန်း တို့တစ်ယောက်နဲ့ တစ်ယောက် ကျောင်းမှာ ချိန်းကြတယ်အဲ့ဒီ နေ့က စိတ်တွေ လှုပ်ရှားနေကြတယ်...ဆိုအွန်း ကျောင်းရဲ့ နာရီစင်ရှေ့မှာ စောင့်နေတယ်ဂျီအင်းက ပေါ်မလာခဲ့ဘူး....ဂျီအင်း ကိုယ်တိုင်ကလဲ ဆိုအွန်းကိုမိုးရေတွေထဲ ကျောင်းရှေ့ စောင့်နေခဲ့တာပါပဲသူတို့ ၂ ယောက် ...
movie
Ditto (2000)
2000
4.6
Sector 7 (2011)
Sector 7 (2011)ကျွန်တော်တို့ခေတ်ရဲ့ အလှနတ်ဘုရားမ ဖြစ်ခဲ့သလို ခုထိလည်း လှနေဆဲ လှနေမြဲ တောင်ကိုရီးယားမင်းသမီးတစ်ယောက်ဖြစ်တဲ့ ဟာဂျီဝန်ရဲ့ အလန်းစားရုပ်ရှင်တစ်ကားကို တင်ဆက်လိုက်ပါတယ်။ ကားမလန်းတောင် ဂန္တဝင်မမရဲ့ ဂန္တဝင်အလှတရားတွေကို ကြည့်ဖို့သက်သက် ရှာကြည့်ရတဲ့ မမ ဟာဂျီဝန်ရဲ့ ရုပ်ရှင်ကိုမှ ဇာတ်လမ်းကပါ စိတ်ဝင်စားစရာကောင်းနေတော့ တော်တော်တန်တဲ့ ရုပ်ရှင်ပါပဲ။ အိုဂျီဟိုဆိုတဲ့ ဘဲလည်းပါပေမဲ့ ခေါက်ထားလိုက်ပါ၊ မမသာအဓိကပဲမို့လား။ ဒါပေမဲ့ မမဆိုလို့ မမ ဟာဂျီဝန်တစ်ယောက်တည်းတင်မဟုတ်ဘဲ ဒီနှစ်မှာ Golden Mask ဒရာမာနဲ့ ပြန်ဟော့လာတဲ့ မမ ချာရီယျွန်းလည်း ပါပါသေးတယ်။ဇာတ်လမ်းကတော့ Kristen Stewart ပါတဲ့ Underwater လိုလို ဘာလိုလိုပါပဲ။ ဂြိုဟ်သားတွေနဲ့ကိုး။ ဒါရိုက်တာကတော့ May 18 တို့ Sinkhole တို့ The Tower တို့လို ကံဆိုးမိုးမှောင်ကျတဲ့ရုပ်ရှင်တွေချည်း အသားပေးရိုက်တတ်တဲ့ Ji-hoon Kim ...
movie
Sector 7 (2011)
2011
6.6/10
Closer to Heaven (2009)
Closer to Heaven (2009) မင်းသမီးဟာဂျီဝန် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ် အသုဘအခမ်းအနားတွေကိုပြင်ဆင်လုပ်ကိုင်ပေးတဲ့ ဂျီဆူးဟာ အရမ်းကိုကြင်နာစိတ်ရှိတဲ့ကောင်မလေးပါ လူတွေကိုလည်းအတတ်နိုင်ဆုံးကူညီပေးတတ်ပါတယ် ဒါပေမယ့် သူဟာ လူသေအလောင်းတွေကို အလှပြင်ပေးရတဲ့သူမို့လို့ သူ့ရဲ့လက်ကို မင်္ဂလာမရှိတဲ့လက်ဆိုပြီး ပြောဆိုကြပါတယ် ရည်းစားဟောင်းဖြစ်သူကလည်း ပြတ်ဖို့အကြောင်းရှာမရတော့ သူ့ရဲ့လက်ကကြောက်ဖို့ကောင်းလို့ဆိုပြီးဖြတ်သွားခဲ့ပါတယ် ဒီလိုသနားစရာကောင်းလှတဲ့ဘ၀မှာ နေထိုင်နေရတဲဲ့ ဂျီဆူးဘ၀ထဲကို တစ်နေ့မှာတော့ ဂျုံးဝုဆိုတဲ့ လူတစ်ယောက်ဝင်ရောက်လာခဲ့ပါတယ် ေပြာရရင် ဂျုံးဝုဟာလည်း လူကောင်းတစ်ယောက်တော့မဟုတ်ပါဘူး ကုသလို့မရနိုင်တဲ့ ကြွက်သားအားနည်းရောဂါကိုခံစားနေရတဲ့ လူတစ်ယောက်ပါ ဒါပေမယ့်လည်း သူဟာ သူ့ဘဝကို အရှုံးမပေးပါဘူး ရှေ့နေတစ်ယောက်မဖြစ်ဖြစ်အောင်ကြိုးစားမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့သူပါ သူဟာ ဂျီဆူးကို မြင်မြင်ချင်းချစ်မိခဲ့ပြီး သူ့နားမှာနေပေးဖို့ တောင်းဆိုခဲ့ပါတယ် လူတွေကိုကြင်နာသနားတတ်တဲ့ ဂျီဆူးဟာလည်း သဘောတူခဲ့ပြီးတော့ ဂျုံးဝုခံစားနေရတဲ့ ရောဂါကို ပျောက်ကင်းအောင်ကူညီပေးမယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ် Drama ဇာတ်ကားဖြစ်နေတာနဲ့အညီ လွမ်းဆွေးငိုကြွေးရတဲ့ရသတွေကို သေချာပေါက်ခံစားကြည့်ရှုရမှာပါ ရှေ့ဆက်ပြီး သူတို့နှစ်ယောက်အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာတွေ သူတို့နှစ်ယောက်ကြားက ခိုင်မာတဲ့ချစ်ခြင်းတရားတွေကို တ၀ကြီး ကြည့်ရှုရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကကြည့်လိုက်ရင်ရိုးသလိုဖြစ်နေပေမယ့် ကြည့်ရှုသူကိုအဆုံးထိဆွဲခေါ်သွားနိုင်ပါတယ် ဘာပဲပြောပြော ဇာတ်ကားကောင်းတစ်ကားဆိုတာကိုတော့ ငြင်းလို့မရနိုင်ဘူးပေါ့ Drama ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက်ကြောင့် မျက်ရည်ခိုင်ခိုင်ထားပြီမှး ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thet Hnin Hsu ပါ Encoded by August File Size - 2GB , ...
movie
Closer to Heaven (2009)
Pawn
Pawn(2020) အညွှန်း ငွေချေးလုပ်ငန်းကိုလုပ်ကိုင်တဲ့ လူနှစ်ယောက်က အမျိုးသမီးတစ်ယောက်ဆီကနေပြီး ချေးထားတဲ့ငွေကို ပြန်တောင်း ဖို့သွားကြတဲ့အခါ ထိုအမျိုးသမီးကချေးထားတဲ့ ငွေကို ပြန်မဆပ်နိုင်တာကြောင့် သူ့ရဲ့သမီးလေးကို အပေါင်အဖြစ်ခေါ် ယူလာခဲ့ပါတယ်။ ကလေးရဲ့ မိခင်က တရားမဝင်နေထိုင်တဲ့သူဖြစ်တာကြောင့် မိမိနေရပ်ကို ပြန်ပို့ခံရပြီး ကလေးကိုတော့ ငွေချေးလုပ်ငန်းလုပ်တဲ့သူတွေဆီ ထားခဲ့ရပါတော့တယ်။ ကလေးကိုသမီးအဖြစ်မွေးခဲ့တဲ့ လူနှစ်ယောက်နဲ့ သံယောဇဥ် တွယ်ပြီးတော့ အတူတူနေထိုင်သွားကြရတဲ့ မိသားစုချစ်ခြင်းမေတ္တာပြ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့က ဆွန်းဒုံအီ ဟာဂျီဝန် နဲ့ ကင်ဂျယ်ဟွာတို့က သရုပ်ဆောင်ထားပါတယ်။ Translated by : Kim Khin Hana Encoded by : Thit San Khant
movie
Pawn
2020
7.0
His Last Gift (2008)
[Unicode]His Last Gift (2008)မိဘမေတ္တာကိုဖော်ကျူးပြသထားတဲ့ Drama ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်မျက်ရည်ခိုင်ခိုင်ထားပြီးကြည့်ဖို့တော့လိုပါလိမ့်မယ်ဆယ်ဟီးဆိုတဲ့ကလေးမလေးမှာ သွေးအတွင်းကြေးနီဓာတ်များပြားတဲ့ရောဂါဝေဒနာကိုခံစားနေရပြီးအဲ့ဒီရောဂါကြောင့်ပဲ ကလေးမလေးဟာ အသည်းအစားထိုးဖို့အမြန်လိုအပ်နေပါတယ်ဖြစ်ချင်တော့ သူမအဖေရဲ့ ငယ်သူငယ်ချင်းဖြစ်သူ ထယ်ဂျူဆိုတဲ့လူဟာ ဆယ်ဟီးနဲ့ဒီအန်အေတူနေခဲ့ပါတယ် သူကလည်း အသည်းအစားထိုးပေးဖို့အတွက်သဘောတူခဲ့ပါတယ်ဒါပေမယ့် သူသဘောတူခဲ့တာဟာ စေတနာပါလို့တော့မဟုတ်ခဲ့ပါဘူး ထယ်ဂျူဟာလူသတ်မှုကြောင့်ထောင်ကျနေတဲ့သူပါ ကလေးမလေးရဲ့အဖေဟာရဲတစ်ယောက်ဖြစ်နေတဲ့အတွက် နားလည်မှုယူပြီး ထယ်ဂျူကိုထောင်ကနေ ယာယီလွှတ်ပေးဖို့တောင်းဆိုခဲ့ခြင်းကြောင့်ဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ ဝမ်းနည်းစရာကောင်းတဲ့ မြုပ်ကွက်လေးတစ်ခုရှိနေခဲ့ပါတယ်အဲ့ဒီမြုပ်ကွက်ကဘာလဲ လူဆိုးကြီးထယ်ဂျူကရော ဘာလို့လွယ်လွယ်နဲ့သဘောတူခဲ့တာလဲကလေးမလေးကရော အသက်ရှင်နိုင်ပါ့မလားဒါတွေကိုသိချင်ရင်တော့အပေါ်မှာပြောခဲ့သလိုပဲ မျက်ရည်ခိုင်ခိုင်ထားပြီး ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ် ။( ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thet Hnin Hsu ပါ ) [Zawgyi]His Last Gift (2008)မိဘမေတ္တာကိုဖော်ကျူးပြသထားတဲ့ Drama ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်မျက်ရည်ခိုင်ခိုင်ထားပြီးကြည့်ဖို့တော့လိုပါလိမ့်မယ်ဆယ်ဟီးဆိုတဲ့ကလေးမလေးမှာ သွေးအတွင်းကြေးနီဓာတ်များပြားတဲ့ရောဂါဝေဒနာကိုခံစားနေရပြီးအဲ့ဒီရောဂါကြောင့်ပဲ ကလေးမလေးဟာ အသည်းအစားထိုးဖို့အမြန်လိုအပ်နေပါတယ်ဖြစ်ချင်တော့ သူမအဖေရဲ့ ငယ်သူငယ်ချင်းဖြစ်သူ ထယ်ဂျူဆိုတဲ့လူဟာ ဆယ်ဟီးနဲ့ဒီအန်အေတူနေခဲ့ပါတယ် သူကလည်း အသည်းအစားထိုးပေးဖို့အတွက်သဘောတူခဲ့ပါတယ်ဒါပေမယ့် သူသဘောတူခဲ့တာဟာ စေတနာပါလို့တော့မဟုတ်ခဲ့ပါဘူး ထယ်ဂျူဟာလူသတ်မှုကြောင့်ထောင်ကျနေတဲ့သူပါ ကလေးမလေးရဲ့အဖေဟာရဲတစ်ယောက်ဖြစ်နေတဲ့အတွက် နားလည်မှုယူပြီး ထယ်ဂျူကိုထောင်ကနေ ယာယီလွှတ်ပေးဖို့တောင်းဆိုခဲ့ခြင်းကြောင့်ဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ ဝမ်းနည်းစရာကောင်းတဲ့ မြုပ်ကွက်လေးတစ်ခုရှိနေခဲ့ပါတယ်အဲ့ဒီမြုပ်ကွက်ကဘာလဲ လူဆိုးကြီးထယ်ဂျူကရော ဘာလို့လွယ်လွယ်နဲ့သဘောတူခဲ့တာလဲကလေးမလေးကရော အသက်ရှင်နိုင်ပါ့မလားဒါတွေကိုသိချင်ရင်တော့အပေါ်မှာပြောခဲ့သလိုပဲ ...
movie
His Last Gift (2008)
5.5
The Huntresses (2014)
movie
The Huntresses (2014)
5.7
Tidal Wave(2009)
Tidal Wave(2009)(Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်....)တစ်ချို့သော သူတွေကြိုက်တဲ့ရုပ်ရှင်အမျိုးအစားဟာ အနည်းငယ်ထူးဆန်းတယ်လို့ပြောရမလားပဲ...ကမ္ဘာကြီးပျက်တာ...ကပ်ဆိုးတွေအမျိုးမျိုးနဲ့ဒုက္ခရောက်တဲ့ ရုပ်ရှင်တွေဆို အရမ်းသဘောကျစွာ တစ်ကူးတကကိုရှာဖွေကြည့်လေ့ရှိကြတယ်....ဒီကိုရီးယားရုပ်ရှင်ဟာလည်း ကပ်ဆိုးတစ်ခုအကြောင်းကို နာမည်ကြီးသရုပ်ဆောင်များစွာနဲ့ဆောင်ရန်ရှောင်ရန်လေးတွေပညာပေးရင်း ဟာသလေးတွေနှောကာ မပျင်းမရိရအောင် ခပ်မိုက်မိုက်ရိုက်ကူးထားတာပါ....ဟယ်အွန်းဒယ်လို့ခေါ်တဲ့ ကမ်းခြေတစ်မြို့လေးတစ်ခုရှိတယ်... သိပ်လှတဲ့ အဲ့ဒီဟယ်အွန်းဒယ်ဆိုတဲ့မြို့လေးကို နှစ်စဥ်လူတစ်သန်းနီးပါး လာရောက်လည်ပတ်လေ့ရှိပါတယ် .... ကမ်းခြေမှာနေထိုင်ကြတဲ့ လူတွေရဲ့ဘဝရှင်သန်ရေးပုံစမျိုးစုံနဲ့လှုပ်ရှားနေရင်း မြို့လေးဟာလေး ကပိုကယိုလှပနေလေရဲ့...ဒီမြို့မှာရှိတဲ့ မိုးလေဝသပညာရှင်တစ်ယောက်ဖြစ်တဲ့ ပါမောက္ခဂင်ဟာ ထူးဆန်းတဲ့ကပ်တစ်ခုကျရောက်နိုင်တာကို သွားတွေ့မိတယ်...အဲ့ဒါက ကိုရီးယားနိုင်ငံမှာ ပထမဆုံးဆူနာမီငလျင်လှုပ်ခတ်နိုင်တယ်ဆိုတာပါပဲ...ဒါပေမယ့် ဘယ်သူမှမယုံကြည်ခဲ့ကြပါဘူ...း ပုံမှန်နေ့ရက်တွေလိုပဲ မြို့သူမြို့သားခရီးသွားတွေဟာ ပေါ့လျော့စွာ ဆက်လက်ကုန်ဆုံးခဲ့ကြပါတယ်...ပါမောက္ခဂင်ဟာ ငလျင်နဲ့ပက်သက်ပြီ အထက်ကအဖွဲ့အစည်းကိုနည်းမျိုးစုံတင်ပြခဲ့ပေမယ့်လည်းအားလုံးက လျစ်လျှူရှုခဲ့ကြတယ်....အဲ့ဒီလို လျစ်လျှူရှုခြင်းပြီးတဲ့နောက်မှာတော့....ကိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ခံစားကြည့်လိုက်ပါ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Shoon Thu Thu Chain ပဲဖြစ်ပါတယ်....File Size :(2.1GB) (950MB) and (364 MB) Quality :Blu-Ray 1080p 5.1 CH, ...
movie
Tidal Wave(2009)
6.6
[18+] Sex Is Zero(2002)
movie
[18+] Sex Is Zero(2002)
2002
7.5
Miracle of Giving Fool(2008) IMDb...7.5 ဆံပင်က ဖွာလန်ကျဲ ..လမ်းလျောက်ပုံက ကိုယ့်ရို့ကားယား...ပါးစပ်ကလည်း တစ်ချိန်လုံးပွစိ ပွစိနဲ့....ရေမချိုးတာကြာတော့ သူ့အနားတော်ရုံလူမကပ်ချင်ပြန်... သို့ပေမယ့် သူ့မျက်နှာက တစ်ချိန်လုံးနီးပါးပြုံးနေတယ်... သူ့နာမည်က ဆွန်းယောင်တဲ့...တစ်ရွာလုံးကတော့ သူ့ကို အရူးဆွန်းယောင်လို့ခေါ်တယ်.. .... သူ့မှာ ညီမလေးတစ်ယောက်လည်းရှိတယ်...အဖေနဲ့အမေကတော့ဆုံးသွားရှာတော့ ဒီညီမလေးကိုသူပဲစောင့်ရှောက်နေရတယ်... သာမန်လူတစ်ယောက်လို တွေးခေါ်စဉ်းစားမှုမပြုနိုင်ပေမယ့် သူ့ခေါင်းထဲမှာ အရေးကြီးဆုံးအချက်မှတ်သားပြီး တတ်နိုင်သလောက်အကောင်အထည်ဖော်နေတယ်.. အဲ့ဒါတွေကတော့ ညီမလေးကျောင်းနေဖို့ နဲ့ တစ်ခုခုဖြစ်ရင်ဆေးကုဖို့ မုန့်ရောင်းပိုက်ဆံရှာရမယ်...ညီမလေးအတွက်မနက်စာပြင်ရမယ်..အခန်းထဲကိုညီမလေးရောက်မရောက်ကြည့်ရမယ်... သူသိပ်သဘောကျခဲ့တဲ့ ကျောင်းနေဖက်သူငယ်ချင်းမလေး ရွာပြန်အလာကိုမျှော်မယ်... ဒီကားက ကိုးရီးယားဒရမ်မာမင်းသား Tae-Hyun Cha က အရူးဆွန်းယောင်လေးနေရာမှာသရုပ်ဆောင်ထားတယ်... အူကြောင်ကြောင် သနားစဖွယ် ဇာတ်ရုပ်မျိုးဆို အပိုင်နိုင်ဆုံးသရုပ်ဆောင် နိုင်သူလို့တောင်ခေါ်ရမယ်ထင်တယ်... ခင်ဗျားတို့ရဲ့နှလုံးသားဟာ ဒီကားမကြည့်ခင်မှာရော စကြည့်ကြည့်ချင်းမှာရော တော်ရုံကိစ္စကို မထေ့မဲ့မြင်လုပ်နိုင်ကောင်းလုပ်နိုင်လိမ့်မယ်... သို့ပေမယ့် ဒီကားကြည့်ပြီး မိနစ်(၂၀)လောက်ကြာတဲ့အချိန်မှာ ကမ္ဘာပေါ်မှာ အနူးညံဆုံးနှလုံးသားတစ်ခုကို ကိုင်ဆောင်ပြီး ဆွန်းယောင်ရဲ့နောက်ကိုလိုက်နေရပါ့လားလို့ ကိုယ့်ကိုကိုယ် သတိထားမိသွားလိမ့်မယ်... တစ်ခါတစ်ရံ ဇာတ်ကားကြည့်နေတဲ့အချိန် ဖန်သားပြင်ဟာ ဘယ်သိပ္ပံပညာရှင်မှအဖြေမထုတ်နိုင်သေးတဲ့ မျက်လုံးပြသနာကြောင့်ေ၀၀ါးသွားလိမ့်မယ်... ကိုင်းခံစားကြည့်လိုက်ပါဦးနော်.... File Size : (887 MB) and (343 MB) Quality :DvD-Rip Format…mp4 Duration…01:30:00 Genre : Comedy, Romance Subtitle : Myanmar Subtitle ...
movie
2008
5.3
ManHunt (2017)
ဒီတစ်ခါတော့အတော်ကြမ်းပြီးအတော်မိုက်တဲ့တရုတ် ကိုရီးယား ဂျပန် ၃နိုင်ငံဖက်စပ်ဂျပန်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်တရုတ်မင်းသားကိုတော့ operation mekong ထဲမှာပရိတ်သတ်တွေမြင်တွေ့ပြီး ဖြစ်မှာပါကြမ်းကြမ်းရမ်းရမ်းနဲ့သဘာဝကျကျသရုပ် ဆောင်တတ်တာသူရဲ့အားသာချက်တစ်ခုပါပဲဇတ်လမ်းကတော့ဂျပန်နိုင်ငံအိုဆာကာမြို့မှာဇတ်အိမ်တည်ထားပါတယ်တရုတ်လူမျိူးဒူချူးဟာနိုင်ငံခြားကနေရှေ့နေဘွဲ့ရခဲ့ပြီးဂျပန်နိုင်ငံဆေးဝါးကုမ္ပဏီတစ်ခုမှာအလုပ်လုပ် ကိုင်နေတဲ့အပြည်ပြည်ဆိုင်ရာရှေ့နေတစ်ဦးပါတစ်နေ့ တော့မမျော်လင့်ပဲရှေ့နေဒူချူးတစ်ယောက်မိန်းကလေးတစ်ယောက်ကိုသူကိုယ်တိုင်မသတ်ပဲချောက်ချခံလိုက်ရတဲ့အခါရဲတွေလက်ထဲကနေသူကိုယ်တိုင်မကျူး လွန်ခဲ့တဲ့အပြစ်အတွက်ထွက်ပြေးသောအခါဘာတွေ ဆက်ဖြစ်မလဲရှေ့နေဒူချူးကိုဘယ်သူကချောက်ချခဲ့တာလဲရှေ့နေဒူချူးကိုလက်ရဖမ်းဆီးဖို့ကြိုးစားနေတဲ့ဂျပန်စုံထောက်သူကကောဒူချူးကိုဖမ်းမိမှာလားတစ်ဖန်ရှေ့နေဒူချူးကိုသေစေချင်နေတဲ့လူတစ်စုသူတို့ကကောဒူချူးကိုဘာလို့သေစေချင်နေရတာလဲစသဖြင့်ဇတ်ကားတစ်ကားလုံးအက်ရှင်စွန့်စားခန်းတွေနဲ့ပရိတ်သတ်တွေကိုဆွဲဆောင်သွားမှာပါဒီကားကိုကျွန်တော်အမြင်အရဆိုရင်rating ကိုဒီထက်အများကြီးပေးသင့်တဲ့ဇတ်ကားပါကျွန်တော်ကိုယ်တိုင်ကြိုက်နှစ်သက်မိပြီးပရိတ်သတ်တွေလည်းအလွန်နှစ်သက်မယ်လို့အာမခံလိုက်ရပါတယ်ဒါနဲ့စကားမစပ်ကိုးရီးယားမင်းသမီးတွေဂျပန်မင်းသမီးတွေရယ်တရုတ်မင်းသမီးအလန်းလေးတွေပါပါဝင်ပါတယ်လို့ပြောကြားရင်းဒေါင်းလော့သာရဲရဲကြီးဆွဲလိုက်ကြပါ Qty - 720p BlurayDuration - 1hr 48minGern- Action / ThrillTranslator - John HtweEncoder - Kyaw Ye Aung
movie
ManHunt (2017)
2017