Channel Myanmar

H.B. Warner

Sunset Boulevard (1950) 8.4
Sunset Boulevard (1950)  Sunset Boulevard ဆိုတာ ဟောလိဝုမှာ ရှိတဲ့ လမ်းတစ်ခုရဲ့နာမည်ဖြစ်ပါတယ်။ ဒီဇာတ်ကားက အဲဒီလမ်းနာမည်ကိုပဲ ယူထားတာပါ။ ဒီကားကို နာမည်ကြီး ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာ Billy Wilder က ရိုက်ကူးခဲ့တာဖြစ်ပြီး သူ့ရဲ့အကောင်းဆုံး ဇာတ်ကားတွေထဲက တစ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် သူ့ရဲ့ story telling တွေ ထိုခေတ်အခါက ဆန်းသစ်တဲ့ ရိုက်ချက်တွေကြောင့်Film School တွေမှာပါ ပြန်လည်သင်ကြားပေးခြင်းခံရတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ရုန်းကန်နေရတဲ့ ဇာတ်ညွှန်းရေးဆရာဖြစ်သူ ဂျိုး ဂေးလစ် ဟာ အသံတိတ်ခေတ်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ မင်းသမီး နော်မာ ဒက်စမွန် နဲ့ သွားပါတ်သတ်မိပါတော့တယ်။ နော်မာဟာ ရုပ်ရှင်လောက ထဲကိုပြန်ဝင်ဖို့ အမြဲစိတ်ကူးယဉ်နေသူလည်းဖြစ်ပါတယ်။ ဂျိုး နဲ့ နော်မာ တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ စွဲလမ်းမှုတွေ လိမ်လည် လှည့်ဖျားမှုတွေ ကြိုးကိုင်ခြယ်လှယ်မှုတွေ နဲ့ ပြည့်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်သား ...
movie

Sunset Boulevard (1950)

Lost Horizon (1937) 7.6
Lost Horizon (1937) Lost Horizon (1937)~ IMDb - 7.6/10, Rotten Tomatoes - 93% ~James Hilton ရဲ့ Lost Horizon ဟာ စာသမားတွေနဲ့ တော်တော်ရင်းနှီးပြီးသား ပဟေဠိဆန်တဲ့နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြတဲ့ ရှန်ဂရီလာ ခေါ် ရှမ်ဘဲလားရဲ့ ရင်းမြစ်စာအုပ်ပါပဲ။ James Hilton ဟာ ဒီစာအုပ်မှာ ရှန်ဂရီလာဆိုတဲ့ တိဘက်က လျှို့ဝှက် လားမားကျောင်းတော်တစ်ခုကို ဖန်တီးခဲ့တယ်။ ဒီစာအုပ်ကိုပဲ မောင်ထွန်းသူက ရှန်ဂရီလာဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ခဲ့ဖူးတယ်။ မင်းသိင်္ခကလည်း စနေမောင်မောင်တို့ မဟာမြိုင်ခရီးသည်တို့ထဲ ခဏခဏယူသုံးခဲ့ဖူးတယ်။ ဘယ်တစ်အုပ်ထဲလဲတော့ မမှတ်မိပေမဲ့ ဒီ Lost Horizon ရဲ့ ဇာတ်ကို တစ်ထပ်တည်းနီးပါးတူအောင် ဦးကျော်ဒွန်း ဘုရားရှိခိုးစာအုပ်ရေးနည်းနဲ့ ရေးထားတာလည်းရှိတယ်။ တခြားရေးတဲ့သူတွေလည်း များပါတယ်။ ဆိုတော့ ရှမ်ဘဲလား ရှန်ဂရီလာဘာညာက ကျွန်တော်တို့နဲ့ တော်တော်ရင်းနှီးပြီးသားအရာပါပဲ။ ...
movie

Lost Horizon (1937)

1937