Channel Myanmar

Guru Somasundaram

Bayamariya Brammai (2024)
Bayamariya Brammai (2024) Bayamariya Brammai 2024 မှောင်မိုက်တဲ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးအတွေးများတစ်ခါတလေမှာ ကျွန်တော်တို့ဘဝနဲ့ပတ်သက်တဲ့ မျှော်လင့်ချက်တွေ၊ ဆန္ဒတွေအားလုံးက သေချာပြန်ဆင်ခြင်ကြည့်မယ်ဆိုရင် ထင်ယောင်ထင်မှားတွေပဲ ဖြစ်နေတတ်ပါသတဲ့။ကဘီလန်ဆိုတာ Crime thriller geneနဲ့ အတော်နာမည်ကြီးတဲ့ စာရေးဆရာတစ်ယောက်၊ သူ့ရဲ့ထူးခြားချက်ကတော့ သူကိုယ်တိုင်ရော သူ့ရဲ့စာဖတ်ပရိသတ်ကိုပါ ကိုယ်တိုင် စာအုပ်ထဲက လူသတ်ရာဇဝတ်ကောင်လို ခံစားရအောင် သရုပ်ဖော်နိုင်တဲ့အချက်ပါပဲ။ဒီတစ်ခါမှာတော့ ကဘီလန် မျက်စိကျသွားတဲ့ ရာဇဝတ်ကောင်က ဂျာဂါဒီရှ်ဆိုတဲ့သူ၊ဂျာဂါဒီရှ်ကလည်း ကဘီလန်ရဲ့ အာရုံကိုဖမ်းစားနိုင်တဲ့အထိ နှယ်နှယ်ရရ လူသတ်သမားမဟုတ် ၂၅ နှစ်ဆိုတဲ့အချိန်ကာလအတွင်းမှာ လူ ၁၀၀ နီးပါး အတိအကျပြောရရင် လူ ၉၆ ယောက်တိတိကို သတ်ဖြတ်ခဲ့တဲ့လူသတ်သမားတစ်ယောက်ပါ။အခုချိန်မှာတော့ သူ့ရဲ့ပြစ်ဒဏ်တွေကို သံတိုင်နောက်မှာပေးဆပ်နေရတဲ့သူပေါ့။ဒီလိုနဲ့ ကဘီလန်နဲ့ ဂျာဂါဒီရှ်တို့ တစ်ယောက်နဲ့တစ်ယောက် ဘဝရဲ့အတွေးအမြင်တွေ ဖလှယ်ရင်းနဲ့ ဒီလူအယောက် ၁၀၀ နီးပါးလောက် သေဆုံးမှုကို ဖြစ်သွားစေတဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်က အဖြစ်အပျက်တစ်ခုကို အစဖော်ပြန်ပြောရင်း ဘယ်လိုပုံဖော်သွားမလဲဆိုတာ ကြည့်ရှုခံစားကြည့်လိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM B Team မှပဲဖြစ်ပါတယ်) File size… 556 MB  / 287 MB Quality…WEB ...
movie

Bayamariya Brammai (2024)

Maranamass (2025) 6.6
Maranamass (2025) Maranamass (2025) ငှက်ပျောသီးပဟေဠိIMDb 7.7/10အက်ရှင်အကြမ်းအရမ်း ပရိသတ်တို့အတွက် ဟာသလေး ရောနှော ပါဝင်တဲ့ မလေယာလမ်စကားပြော ဒရမ်မာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်မြို့တစ်မြို့မှာ ကွင်းဆက်လူသတ်မှုတွေ ကြုံတွေ့နေရပါတယ် ဒီလူသတ်မှု‌တွေမှာ တူညီတဲ့ ထူးခြားမှုလေးတွေရှိနေလေရဲ့အဲဒါကတော့ အသတ်ခံရသူတွေဟာ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ ယောက်ျားကြီးတွေဖြစ်နေတာရယ် နောက်တစ်ချက်ကတော့ လူသတ်သမားက အသတ်ခံရသူ‌ရဲ့ပါးစပ်ထဲ ငှက်ပျောသီးထည့်ခဲ့တာပါရဲတွေအနေနဲ့လည်း သံသယရှိသူတွေကို ဖမ်းဆီးလိုက် မေးမြန်းလိုက် လုပ်နေပေမဲ့ လူမှားဖမ်းမိ‌နေဆဲဖြစ်ပြီး အမှုကိုအစရှာမရ ဖြစ်နေတုန်းပါပဲသတင်းမီဒီယာတွေအနေနဲ့လည်း ဒီအမှုကိုပဲ အလေးပေးဖော်ပြလို့ ဟိုးလေးတကျော်ကျော် ဖြစ်နေပါပြီဒီအမှုကို တာဝန်ယူထားရတဲ့ ရဲအရာရှိဆိုရင် စိတ်ပညာရှင်ဆီသွားလို့ ကွင်းဆက်လူသတ်သမားရဲ့ စိတ်နေစိတ်ထားကို လေ့လာရတဲ့အထိပါပဲဒီအချိန်မှာ မထင်မှတ်တဲ့ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာပါတယ် နောက်ထပ်အမှုမှာ လူသတ်သမား ပစ်မှတ်ထားသူက အဘိုးကြီးတစ်ယောက် မဟုတ်နေဘဲ မိန်းကလေးတစ်ယောက်ဖြစ်နေတာပါအဲဒီမိန်းကလေးနဲ့အတူ ညဘက်သွားဘက်စ်ကားပေါ်မှာ သူ့ချစ်သူရယ် အခြားသူတွေရယ်လည်း ပါနေပါတယ် အဲဒီတော့ ကွင်းဆက်လူသတ်သမားကို ရဲတွေကဘယ်လိုဖမ်းဆီးမိမလဲ၊ သူသတ်နေရတဲ့ အကြောင်းရင်းနောက်ကွယ်ကဘာဖြစ်မလဲ၊ ပစ်မှတ်ပြောင်းသွားရ‌တာကရော ဘာကြောင့်လဲ၊ ဒါတွေကိုသိရအောင် ဇာတ်လမ်းလေးကို ကြည့်ရှူခံစားရင်း အ‌ဖြေထုတ်ကြည့်ကြရအောင်ပါ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ...
movie

Maranamass (2025)

Kudumbasthan (2025) 7.0
Kudumbasthan (2025) Kudumbasthan (2025)"အိမ်ထောင်ဦးစီး" \================================ အသစ်ထွက်ထားတဲ့ တမီလ်စကားပြော မိသားစုဟာသရုပ်ရှင်လေးကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇတ်လမ်းကတော့ ဇာတ်မြင့်ကောင်လေး နာဗင်းန်နဲ့ ဇာတ်နိမ့်ကောင်မလေးဗန်နီလာကိုကောင်လေးရဲ့သူငယ်ချင်း ယစ်ထုပ်ကြီးတွေက မိဘသဘောမတူဘဲ လက်ထပ်ပေးလိုက်ရာကနေစပါတယ်။ သူတို့နှစ်ယောက် လက်ထပ်ပြီးတဲ့အခါနာဗင်းန်ရဲ့မိဘတွေအိမ်မှာနေကြပါတယ်။ ဒါပေမဲ့ နာဗင်းန်ရဲ့အမေက ယောက္ခမအများစုရဲ့ထုံးစံ ချွေးမဖြစ်တဲ့ ဗန်နီလာကို ကြည့်မရပါဘူး။အဲဒီလို မိန်းမနဲ့ အမေကြား လိုက်ညှိပေးရင်းဗျာများနေတဲ့အပြင် အစ်မရဲ့ယောက်ျားဖြစ်တဲ့ ယောက်ဖဖြစ်သူနဲ့လည်း မတည့်တဲ့နာဗင်းန်ဟာအလုပ်မှာပါပြဿနာတက်ပြီး အလုပ်ပြုတ်သွားတဲ့အချိန် ဖိအားပေါင်းစုံခံစားရပုံကို တမင်ရယ်ရအောင် ရိုက်ကူးတင်ဆက်ထားတဲ့ မိသားစုဟာသရုပ်ရှင်လေးပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.7 GB / 1.2 GB Quality…WEB DL 1080p HEVC /720p Format…mkv/mp4 Duration….2h 34min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kudumbasthan (2025)

Bottle Radha (2024) 6.7
Bottle Radha (2024) Bottle Radha (2025) ယစ်ထုတ်ကြီးရာ့ဒ်ဟာဒီဇာတ်ကား‌‌လေးမှာတော့ မူးယစ်ဆေး၊ အရက် စွဲလမ်းသူ‌တို့ရဲ့ဘဝအ‌နေအထားကို စိတ်လှုပ်ရှားဖွယ်ဒရမ်မာလေးတွေအပြင် ဟာသလေးပါနှောပြီး တင်ဆက်ထားပါတယ်။ရာ့ဒ်ဟာက သူ့အလုပ် ကြွေပြားကပ်လုပ်ငန်းမှာ အရမ်းကိုကျွမ်းကျင်သူတစ်ဦးပါ။ ဒါပေမဲ့သူက အရက်ကိုမသောက်ရ မနေနိုင်စွဲလမ်းနေပါတယ်။ အရက်ကိုအမြဲသောက်နေပြီး အချိန်တိုင်းမူးနေတဲ့အတွက် သူ့ရဲ့ စီးပွားရေး လူမှုရေးတွေ ထိခိုက်လာရပါတယ်။သူ့ဒဏ်ကိုအခံရဆုံးကတော့ သူဆွေမျိုးတွေနဲ့ သူ့မိသားစုပေါ့။ သူ့ဇနီးဖြစ်သူအန်ဂျလမ်က သူ့ဒဏ်ကိုမခံနိုင်တော့တဲ့အဆုံး တစ်ဖက်လှည့်နဲ့ သူ့ကိုလည်းအသိမပေးဘဲ ရာ့ဒ်ဟာကို ပြန်လည်ထူထောင်ရေးစင်တာကို ပို့လိုက်ပါတော့တယ်။ဒီလိုနဲ့ယစ်ထုတ်ကြီး ရာ့ဒ်ဟာက ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားရာကနေ သူတို့ရဲ့လုပ်ငန်းစဉ်တွေကို လိုက်နာလာရပါ‌တော့တယ်။မူးယစ်ဆေး၊ အရက်စွဲလမ်းသူတို့ရဲ့ စိတ်နေစိတ်ထား၊ ပြတ်ဖို့ကြိုးစားပုံ၊ မိသားစုချစ်ခြင်းမေတ္တာနဲ့ ပံ့ပိုးမှုတွေကို ခံစားသိရှိရဖို့ စီးမြောကြည့်ရှုကြရအောင်ပါ။အညွှန်းနဲ့ဘာသာပြန်တွေကတော့ STAR~ToMo~Cym~Zwe Yan တို့ပဲဖြစ်ပါတယ်။ File size…2.2 GB  / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by STAR~ToMo~Cym~Zwe Yan
movie

Bottle Radha (2024)

Barroz aka Barroz: Guardian of Treasures (2024)
Barroz aka Barroz: Guardian of Treasures (2024) Barroz (2024) "ရတနာသိုက်စောင့် သရဲကြီး ဘာရိုဇ်"ပုံပြင်ဆန်ဆန်နဲ့ စိတ်၀င်စားစရာကြည့်ရမဲ့ မလေယာလမ်စကားပြော အိန္ဒိယရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ငယ်ဘ၀က က‌လေးဘ၀ပုံပြင်တွေထဲမှာ ဘာရိုဇ်ဆိုတဲ့ ရတနာသိုက်စောင့်သရဲကြီးအကြောင်း တချို့လည်း ကြားဖူးကြမယ်ထင်ပါတယ်။သူဟာ အရှင်ဒဂါးမားရဲ့ ရတနာသိုက်ကို စောင့်ပေးနေရတဲ့ အိန္ဒိယရောက် သစ္စာရှိ ပေါ်တူဂီသရဲကြီးပါ။ ဘာရိုဇ်ဟာ ကျမ်းဂန်အလိုအတိုင်း ရတနာသိုက်ကိုစောင့်ရှောက်ရင်း အမွေဆက်ခံမဲ့သူကို စောင့်နေခဲ့တာပါ။လက်ရှိ ဒီဘက်ခေတ်မှာတော့ အိန္ဒိယနိုင်ငံ ဂိုအာမှာ လေလံပွဲကြီးတစ်ခု ကျင်းပနေပါတယ်။ဂိုအာမှာလည်း ကာစီနိုမဖွင့်ရေးအတွက် ဆန္ဒပြနေသူတွေကတစ်မျိုး၊ လေလံပွဲအတွက် နိုင်ငံတကာကရောက်နေတဲ့ လုပ်ငန်းရှင်တွေကတစ်ဖုံနဲ့ စည်ကားလို့နေပါတယ်။အဲဒီလေလံပွဲကို လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ရွန်နဲ့ သူ့ရဲ့မိတဆိုးသမီးလေးအီဆာတို့လည်း ရောက်ရှိလာပါတယ်။ အီဆာဟာ ပြောမရဆိုမရ ဂျစ်တိုက်တတ်တဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ပါ။အဲဒီကို အီဆာရောက်လာတာနဲ့အတူ ရတနာသိုက်မှာလည်း ထူးခြားမှုတွေဖြစ်ပေါ်လာပါတော့တယ်။ဒီလိုနဲ့ ဂျစ်တူးမလေးအီဆာတစ်ယောက် ရောက်ရာနေရာမှာ ဘယ်လိုတွေမွှေဦးမလဲ၊ ရတနာသိုက်နဲ့အီဆာတို့ ဘယ်လိုပတ်သက်နေမလဲ၊ အီဆာနဲ့ ဘာရိုဇ်တွေ့ကြတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး...။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~ToMo~KKKZ~V~Star ဖြစ်ပါတယ်။) File size… 13 GB / 4.9 GB / 2.2 GB Quality…4k HEVC WEB DL  /  WEB DL 1080p HEVC/ 720p Format…mkv/ ...
movie

Barroz aka Barroz: Guardian of Treasures (2024)

4K HEVC
Her (2024)
Her (2024) Her 2024 သူပြောတဲ့သူမတို့ဘဝဇာတ်ကြောင်းWomen centricဖြစ်တဲ့ရုပ်ရှင်တွေ သဘောကျသူတွေအတွက် 2024 ထွက် မလေယာလမ်ရုပ်ရှင်လေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။အခုဒီကားလေးထဲမှာတော့ မတူညီတဲ့လူတန်းစားအလွှာက အမျိုးသမီး ၅ ယောက်ရဲ့နေထိုင်မှုဘဝ ပတ်ဝန်းကျင်က သူတို့အပေါ်အမြင်နဲ့ သူတို့ရဲ့နေ့စဉ်ရုန်းကန်လှုပ်ရှားမှုတွေအကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။အခုခေတ်ဟာ ကျားမတန်းတူ ရင်ဘောင်တန်း လှုပ်ရှားနေတဲ့ခေတ်ဆိုပေမဲ့ လူအများစုရဲ့ မသိစိတ်တစ်နေရာမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ယှဉ်ရင် တစ်ဆင့်နိမ့်နေတယ်ဆိုတဲ့ ဖိုဝါဒီအကြွင်းကျန်အယူအဆတွေ ကိန်းအောင်းနေဆဲပါပဲ။ဒီအတွက်နဲ့ အမျိုးသမီးတွေမှာ အနည်းနဲ့အများဆိုသလို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နစ်နာမှုတွေ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှု ဖိနှိပ်မှုတွေ၊ မိန်းမဆိုတာ ကိုယ့်ဘာသာမရပ်တည်နိုင်ပါဘူး၊ လင်ယောက်ျားကိုအားကိုးမှပဲတင့်တယ်မှာ အစရှိသဖြင့် ဒီလိုဝေဖန်မှုတွေကို အနည်းနဲ့အများ ခံစားရတာချည်းပါပဲ။ဒါတွေရဲ့အကျိုးဆက်အနေနဲ့ သူတို့ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတာ၊ စိတ်မလုံခြုံတာတွေကို ဒီကားလေးမှာ အတော်လေးပေါ်လွင်အောင် ရိုက်ကူးထားတာ မြင်ရမှာပါ။ဒီရုပ်ရှင်လေးမှာ အမျိုးသမီးတွေလည်း လေးစားခံရမှု ဂရုစိုက်မှု အမြတ်တနိုးတန်ဖိုးထားမှုတွေနဲ့ ထိုက်တန်ပါတယ်ဆိုတာကို castတွေရဲ့ အကောင်းဆုံးသရုပ်ဆောင်ချက်တွေနဲ့ တစေ့တစောင်း တင်ပြထားတာဖြစ်လို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးအဖြစ် ညွှန်းလိုက်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.2 GB / 625 MB Quality…WEB DL 1080p ...
movie

Her (2024)

Jai Bhim (2021) 9.7
Jai Bhim (2021) vJai Bhim (2021)IMDb Rating (8.7)" မရှိခိုးနိုး မလှစုန်းမျိုး "ဆိုတဲ့စကားပုံထဲကလို မရှိလဲမရှိ မလှလဲမလှတဲ့ကျောမွဲလူတန်းစားတစ်ရပ်။ ရုပ်မြင်တာနဲ့ ဘာများအလစ်သုတ်မှာလဲထင်ခံနေရရှာတဲ့လူတန်းစားတစ်ရပ်။ ရုပ်ရှင်ထဲက စကားစုအတိုင်းဆို "အတန်းထဲမှာ ခဲဖျက်ပျောက်ရင်တောင်ကျွန်တော့် အိတ်ကအရင်ရှာခံရတယ်" "ဒီရှက်ရွံ့မှု့ကိုကြောက်တာနဲ့ ကျောင်းတောင်မသွားရဲတော့ဘူး"ဒီလိုလူတန်းစားတွေအပေါ်အဖိနှိပ်ဆုံးက ဘယ်သူတွေဖြစ်မှာလဲ။ ထုံးစံအတိုင်းပြည်သူ့ဆန်စားတဲ့ပြည်သူ့"ရဲ"ဆိုတဲ့လူတွေပဲပေါ့။ ဒီဇာတ်လမ်းလေးထဲမှာလည်း ပြည်သူ့ရဲအမည်ခံ လူ့ဘီလူးတွေ ဘယ်လောက်တောင်လူမဆန်သလဲ ..လူချင်းတူပါလျက်နဲ့ ဆင်းရဲတဲ့သူတွေက ဘယ်လောက်တောင်လူ့အောက်ကျလည်းဆိုတာကိုသနားစဖွယ်တွေ့ရမယ့်အပြင် လောကမှာ လူကောင်းလူဆိုးနှစ်မျိုးနှစ်စားရှိတာမို့ ဒီသနားစရာလူမျိူးစုကိုကယ်တင်ပေးမယ့်လူစွမ်းကောင်းရှေ့နေကြီးလည်း ရှိနေသေးပြန်တဲ့အခါ …အများကြီး spoilမိမှာမို့ အညွှန်းကို ဒီလောက်နဲ့တင်ရပ်လိုက်ပါရစေ။ ကြည့်ရတာတန်မယ့်.. အချိန်ကုန်ရကျိုးနပ်မယ့် Tamilကားကောင်းလေးဖြစ်ကြောင်းပဲလက်တို့လိုက်ပါတယ်နော်။  File size…(9.7 GB) / (2.6 GB) / (1.6 GB) Quality…WEB-Dl 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….2h 44 min Subtitle…Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin ...
movie

Jai Bhim (2021)

2021
4K HEVC
Bell (2023)
Bell (2023) Bell 2023 တောနက်ကြီးရဲ့လျှို့ဝှက်ချက်Jigarthandarထဲက နာမည်ကျော် Guru Somasundaramပါဝင်တဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းလေးတစ်ပုဒ်ကို CM Bollywood ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ mystery genreပီပီ ဇာတ်လမ်းထဲမှာပေးထားတဲ့ သဲလွန်စတွေကို ချိတ်ဆက်ရင်းနဲ့ အဖြေရှာရမယ့်ဇာတ်ကားလေးဖြစ်ပြီး plot twistလေးတွေလည်း ပါဦးမှာပါ။လူ့လောကသားတွေရဲ့ လျှို့ဝှက်ချက်ကြီး 6 ချက်ကို တပည့်ရင်း 6 ယောက်ကို မှာကြားပို့ချခဲ့တဲ့ ရှေ့ပညာရှိဂုရုကြီး အာဂက်စတီနဲ့ ဒီလျှို့ဝှက်ချက်တွေကို လူသားတွေရဲ့ကောင်းကျိုးအတွက်ပဲ အသုံးချပြီး စောင့်ထိန်းရမယ့် သူ့ရဲ့တပည့်သားတွေနဲ့ နောင်လာနောက်သားတွေ...ဒီလျှို့ဝှက်ချက်တွေထဲမှာ လူစိတ်ဝင်အစားဆုံးအရာကတော့ ဆန်ဂါဗာနမ်သစ်တောကြီးထဲမှာရှိတဲ့ မသေဆေးပင်...အာဏာစည်းစိမ်တွေအကုန် ပိုင်ဆိုင်ထားသူတွေ လောဘတစ်ဆင့်တက်လာတဲ့အခါ မအို မနာ မသေရတဲ့အဖြစ်ကို တောင့်တတတ်ကြတယ်တဲ့။ ဒီထဲမှာ ဂုရုဘရာမာလည်း တစ်ယောက်အပါအဝင်ပေါ့။ဂုရုဘရာမာတစ်ယောက် မသေဆေးတွေ့ဖို့ တောနက်ထဲမှာ စင်တာတွေဆောက်ရင်း တစ်ယောက်တည်းကြိတ်ပြီး ဆေးပင်ရှာနေတုန်း ဒီတောနက်ထဲက လူသေအလောင်း 10 လောင်းရှာတွေ့ပြီး မြို့သားတွေရော ရဲတွေ အုပ်အုပ်ကျက်ကျက်ဖြစ်လာချိန်မှာတော့ ရဲတွေက ပထမဆုံးသံသယဝင်မိသူက မျက်မမြင်တစ်ယောက်ဖြစ်တဲ့ ဘဲလ်ဆိုတဲ့လူထူးဆန်း...လျှို့ဝှက်ချက်တွေနဲ့ပြည့်နေတဲ့ဘဲလ်ရယ် ဆေးပင်ရှာနေတဲ့ ဘရာမာရယ် အမှုလိုက်မယ့် ဒုရဲမင်းကြီးရယ် ဒီလူသုံးယောက်နဲ့ မသေဆေးပင်အရှုပ်တော်ပုံက ဘာတွေဆက်ဖြစ်မလဲဆိုတာ ...
movie

Bell (2023)

2023
Rani: The Real Story (2023) 8.9
Rani: The Real Story (2023) Rani The Real Story (2023) "လူသတ်တရားခံ အိမ်ဖော်မလေးရာနီ"IMDb-9/10နိုင်ငံရေးလောကမှာ နာမည်တစ်လုံးနဲ့ လူထုအပြင် မီဒီယာတွေပါ ဆန့်ကျင်မရေးရဲရအောင် ကြောက်ကြတဲ့ ဒါမာရာဂျန်....။ သူ့ဘဝဇာတ်ကြောင်း အတ္တုပ္ပတ္တိကိုရေးထားတဲ့ စာအုပ်ကို မထုတ်ဝေရက်ပိုင်းအလိုတစ်ညမှာ သတ်ခံလိုက်ရတယ်...။အဲဒီအတွက် စွပ်စွဲခံရသူကအိမ်ဖော်မလေးရာနီ။ ရာနီက အိမ်ခြောက်အိမ်လှည့်ပြီး အိမ်အကူလုပ်တဲ့သူ.....။ ဒီလိုစွပ်စွဲခံရတော့ သူ့ရဲ့ရိုးသားမှုနဲ့ စိတ်ထားကြောင့် ကျန်အိမ်ရှင်‌တွေက သက်သေလိုက်ငြင်းဆိုပေးကြတယ်...။ရွေးကောက်ပွဲနီးမှ အမတ်လောင်းသတ်ခံရတဲ့ကိစ္စကြောင့် နိုင်ငံရေးထဲကအရှိန်အဝါကြီးသူတွေနဲ့ ရဲတွေပါ ဒီအမှုကိုအပူတပြင်းလိုက်ကြသလို အသက်ရှင်နေစဉ်ကဘာမှမရေးရဲခဲ့တဲ့ မီဒီယာတွေကပါ အလုအယက်ရေးကြနဲ့ အမှုကအုတ်အော်သောင်းတင်းဖြစ်နေတော့တယ်လွှတ်တော်အမတ်သေရလို့ဆိုပြီး နွမ်းပါးသူလူတစ်ယောက်ကို လွယ်လွယ်အပြစ်ပုံချရှင်းဖို့ကလည်း မီဒီယာတွေကပတ်ပတ်လည်....။ ဒီလိုအရှုပ်အထွေးတွေက အမှုမှန်ဘယ်လိုပေါ်ထွက်လာမလဲ....။ အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ် File size…1.6GB  / 709MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ Alex ~ ...
movie

Rani: The Real Story (2023)

2023
Spark: L.I.F.E. (2023) 9.4
Spark: L.I.F.E. (2023) Spark L.I.F.E (2023) IMDb -9.4/10Mark Wahlberg ရဲ့ The Happening(2008)ကားကို မှတ်မိကြသေးလား။ လေထဲက ဘာမှန်းမသိတဲ့အရာတစ်ခုကြောင့် လူတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတာလေ။ ဒီတလေဂူးလ်ကားမှာလည်း လူတွေ ကိုယ့်ကိုယ်ကိုယ်သတ်သေကြတယ်။လေထဲက အရာကြောင့်တော့ မဟုတ် SPARKလို့ခေါ်တဲ့ အရာကြောင့်။ထူခြားတာက သတ်မသေခင်မှာ ဘေးနားကလူတွေကိုပါရက်ရက်စက်စက် သတ်သွားကြတာပဲ။ လက်ခါဆိုတဲ့ ကောင်မလေးဟာ ထူးထူးဆန်းဆန်းပဲ သူ့ရဲ့အိပ်မက်ထဲကို အပြင်မှာတစ်ခါမှ မတွေ့ဘူးတဲ့ ကောင်လေးတစ်ယောက်က ဆယ်နှစ်တိုင်တိုင် အမြဲတမ်း ရောက်ရောက်လာတတ်ပါတယ်။အိပ်မက်ထဲကကောင်လေးကိုပဲ လက်ထပ်ချင်နေပြီး သူ့အဖေပေးစားဖို့ ရည်ရွယ်ထားသူမှန်သမျှကို ငြင်းပစ်နေတဲ့အခါမှာတော့ လက်ခါအဖေဖြစ်သူကနေ ရက်၃၀အတွင်းမှာမှ သူ့ရဲ့ အိပ်မက်ထဲက ကောင်လေးကို သူ့ရှေ့ခေါ်လာမပြနိုင်ရင် သူပေးစားတဲ့သူနဲ့ ယူရမယ်ဆိုပြီး အမိန့်ထုတ်လိုက်တဲ့အချိန်မှာတော့ လက်ခါတစ်ယောက် ချစ်သူရှာပုံတော် ထွက်ရပါတော့တယ်။ဒီလိုနဲ့ တစ်ရက်မှာ လက်ခါလေးဟာ သူ့ရဲ့ အိပ်မက်ထဲကချစ်သူကို ရှာတွေ့ပြီး နောက်ကလိုက်တဲ့အခါမှာတော့ အဲဒီကောင်လေးဟာ ဆေးရုံကို ဓားပြလာတိုက်တဲ့သူ ဖြစ်နေပါတော့တယ်။ အဲဒီအချိန်မှာပဲ လက်ခါတို့မြို့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ ဖြစ်ပွားနေပါတယ်။ သတ်သေသွားသူတွေကလည်း သူတို့ကိုယ်တိုင် သတ်မသေခင်မှာ လူတချို့ကို သတ်ပြီးမှ ...
movie

Spark: L.I.F.E. (2023)

2023
Jigarthanda (2014) 8.2
Jigarthanda (2014) Jigarthanda (2014) "ဘိုင်စကုတ်ဂန်းစတား" IMDb-8.2/10မင်းသားချော ဆစ်ဒါးအဓိကသရုပ်ဆောင်ထားပြီး ဆရာကြီးဗီဂျေးစည်သူပတီပါဝင်အားဖြည့်ထားတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။သတင်းရင်းမြစ်တွေအရတော့ တောင်ကိုရီးယားရုပ်ရှင်တစ်ကားကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ကားဟောင်းပေမဲ့ ရုံဝင်ငွေရူပီးကုဋေနဲ့ချီအမြတ်ရထားပြီး ဝေဖန်ရေးသမားတွေအကြိုက်တွေ့ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ဒုတိယမြောက်ကား "Jigarthanda double X 2023" မလာခင်လေးမှာ ဒီကားကိုအရင်ကြည့်ရှုခံစားလိုက်ကြပါဦး။ဇာတ်လမ်းအကျဉ်း ကာသစ်ဟာ တက်သစ်စ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ ပြိုင်ပွဲတွေတစ်ခုပြီးတစ်ခုပြိုင်ရင်း ထုတ်လုပ်သူတွေကို လိုက်ရှာနေတဲ့သူပေါ့။ တစ်နေ့မှာ ပြိုင်ပွဲကနေ ကံကောင်းထောက်မစွာနဲ့ သူ့ရုပ်ရှင်တွေကိုထုတ်ပေးမဲ့ ထုတ်လုပ်သူရှာ‌‌တွေ့သွားတယ်။ဒါပေမဲ့ ထုတ်လုပ်သူဘက်က ဂန်းစတားရုပ်ရှင်တွေရိုက်မှ ထုတ်ပေးမယ်ပြောလာတဲ့အခါမှာ ကာသစ်ဟာ သူ့ပွဲဦးထွက်ရုပ်ရှင်ပီပြင်ဖို့ ဂန်းစတားတွေဘဝကို ထဲထဲဝင်ဝင်သိအောင် လေ့လာရပါတော့တယ်။ဂိုဏ်းတွေအကြောင်းသတင်းထွက်ရင် သတင်းထောက်ပါသတ်ပစ်နေတဲ့ချိန်မှာ ကာသစ်တစ်ယောက်ဂန်းစတားအကြောင်း ရုပ်ရှင်ပါရိုက်မယ်လို့ အရဲစွန့်ရပါတော့တယ်။ ဂန်းစတားအကြောင်းသူစုံစမ်းနေတာကို ဂိုဏ်းတွေမသိအောင် သူဘယ်လိုချဉ်းကပ်မလဲ၊ သူ့ရုပ်ရှင်ပြီးမြောက်ဖို့ ဘယ်လိုအန္တရာယ်တွင်းထဲဆင်းမယ်ဆိုတာ လက်တွေ့ဆန်ဆန် ရုပ်ရှင်ဆန်ဆန်ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Moon~V~Saii~Yunni တို့ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.54GB  / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~V~Saii~Yunni
movie

Jigarthanda (2014)

2014
Charles Enterprises (2023) 7.1
Charles Enterprises (2023) Charles Enterprises (2023) IMDb 6.7ဟိုးရှေးရှေးတုန်းက ကုန်းမြေ၈ခုဆုံတဲ့ နယ်မြေတစ်ခုရှိခဲ့တယ်တဲ့ တစ်နေ့တော့ အဲဒီကို သူခိုးနှစ်ကောင်ရောက်လာပြီး ဘုရားကျောင်းထဲက ရတနာပစ္စည်းတွေခိုး ..ရောင်းချပြီး ပျော်ပျော်ကြီးပေါပေါလျှံလျှံနေနေရသတဲ့ တစ်နေ့တော့ အတားအဆီးမှန်သမျှဖယ်ရှားပေးပါတယ်ဆိုတဲ့ မဟာပိန္နဲရဲ့ ဆင်းတုကို မျက်စိကျသွားလေရဲ့ သူတို့ခိုးယူလာပေမဲ့ ဘယ်ဆိုင်ကမှ ဒီဆင်းတုကိုမဝယ်ရဲကြတော့ သူခိုး၂ယောက် ဆင်းတုကိုနေရာမှန်ပြန်ထားဖို့ကိစ္စနဲ့ ရန်ဖြစ်ပါလေရောဒီလိုနဲ့တစ်ယောက်က အုန်းပင်အမြင့်ကြီးပေါ်မှာ ဘယ်သူမှမမြင်အောင်သွားဖွက်ထားခဲ့လေသတဲ့ ဆယ်စုနှစ်တွေအထိ ဘယ်သူမှမမြင်..သတိမထားမိဘဲ နေဒဏ်မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံခဲ့ရတဲ့ ဆင်းတုက တစ်နေ့တော့ သူ့ဘုရားကျောင်းကိုပြန်ဖို့ လမ်းစရှာတွေ့ခဲ့လေတယ်... ဆိုတဲ့ဇာတ်လမ်းနဲ့အစချီပြီး မဟာပိန္နဲဆင်းတုကို ခိုးမဲ့ ဇာတ်ကားတစ်ကားပါဒီဇာတ်လမ်းထဲမှာ ဆင်းတုတွေလိုက်စုတဲ့ ပါဗသမ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ် ကြိုက်တာတွေ့ရင် အိမ်အထိလိုက်ဝယ်တတ်တဲ့လူတစ်ယောက်..သူကြိုက်တဲ့ဆင်းတုက မိသားစုဘုရားကျောင်းထဲက မဟာပိန္နဲဆင်းတုဖြစ်နေတော့ ပိုက်ဆံဘယ်လောက်ပေးပေးမရောင်းဘူးဆိုတဲ့အဖွဲ့ရယ် လိုချင်တာမရရင် အိမ်မပြန်တတ်တဲ့ပါဗသမ်ရယ်တို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် ( ဇာတ်လမ်းအညွှန်းကိုတော့ Yunniမှ ရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni~Thaik San~BpL~Aditi~Moonနဲ့ Zwe Yanတို့ပဲ ဖြစ်ပါတယ် ) File size…2.37GB / 1.07GB Quality…1080p WEB DL  / 720p Format…mp4 Duration….2h 10mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Charles Enterprises (2023)

2023
Yaathisai (2023) 7.8
Yaathisai (2023) Yaathisai 2023IMDb 8.1/10လတ်တလောထွက်ရှိထားပြီး ရုံတင်ငွေ ကုဋေ သန်း ၂၀ ထိရရှိထားတဲ့ သမိုင်းနောက်ခံ အိန္ဒိယရုပ်ရှင်ပါ။ ချောချောလှလှတွေကိုတော့ ဒီရုပ်ရှင်မှာ မြင်ရမှာမဟုတ်ဘူးဗျ။ သွေးသံတရဲရဲနဲ့စစ်ပွဲကြားက ပလ္လင်လုကြမယ့် တိုက်ပွဲပေါ့။ယာသီဆိုင်ဆိုတာ အိန္ဒိယတောင်ပိုင်းလို့ ခေါ်ဆိုကြတယ်တဲ့။ ရာနာဒီယန်လို့ခေါ်တဲ့ ဘုရင်က ချိုလာ၊ ကွန်ဂူ ၊ ကာတာနာခါ ဒါ့အပြင် မျိုးနွယ်စုပေါင်းများစွာနဲ့ သွေးချောင်းစီး စစ်ထိုးပြီး အိန္ဒိယတောင်ပိုင်းကို အနိုင်ယူ အုပ်စိုးထားခဲ့တာ နှစ်နဲ့ချီပေါ့။ ကြောက်ခမန်းလိလိ စစ်တပ်အင်အားနဲ့ မဖြိုလဲနိုင်တဲ့ ရာနာဒီယန်။ ဆင်ကောင်ကြီးကို ပုရွတ်ဆိတ်အင်အားနဲ့ ဖြိုမယ်ကြံနေတဲ့ ကိုသီ။ရာနာဒီယန် ချေမှုန်းလိုက်တဲ့ မျိုးနွယ်စုတွေထဲမှာ ကုန်းတွင်းပိုင်းဒေသကို ထွက်ပြေးသွားတဲ့ အီနာ့စ်မျိုးနွယ်စုကနေ မွေးဖွားလာတဲ့ ကိုသီ။ မျိုးနွယ်စုအင်အားရော စစ်တပ်အင်အားရောမရှိပေမယ့် ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး အကြောက်အလန့်ရယ်မရှိ။ ဒီလိုနဲ့ ကိုသီဟာ ချိုလာတွေနဲ့ပေါင်း၊ ပန်ဒီယန်တိုင်းပြည်ထဲ သူလျှိုလုပ်၊ အကွက်ကျကျပြင်ဆင်ပြီး တိုက်ခိုက်ဖို့ကြံစည်ခဲ့တာပါ။သူ့အကြံအစည်က တကယ်ရော အောင်မြင်နိုင်မှာလား။ ထောင်ချီတဲ့စစ်အင်အားကို ရာတန်တဲ့ တပ်ဖွဲ့က ဖြိုခွဲနိုင်ပါ့မလား။ ဘာတွေအချဥ်းနီးဖြစ်သွားမလဲ။ ...
movie

Yaathisai (2023)

2023
Maamanithan (2022) 7.3
Maamanithan (2022) ဒီတစ်ခေါက်တော့ IMDB မှာ 7.7 ရရှိထားပြီးတောင်ပိုင်းနာမည်ကြီးမင်သား ဗီဂျေးစည်သူပသီပါဝင်သရုပ်ဆောင်ထားတဲ့ Maamanithan ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ကရစ်ရှနာဆိုတာ ရွာလေးတစ်ရွာမှာ သုံးဘီးလေးမောင်းရင်းအသက်မွေးဝမ်းကြောင်းတဲ့သူဖြစ်ပါတယ်။သူ့ရဲ့ စိတ်ကူးအိမ်မက်လေးကတော့ သာယာတဲ့မိသားစုဘဝလေးကို တည်ထောင်ပြီး သူကိုယ်တိုင်စိတ်ကြိုက်ဆောက်လုပ်ထားတဲ့ စိတ်ကူးယဉ်အိမ်လေးထဲမှာ နေချင်သူဖြစ်ပါတယ်။ဒီလိုနဲ့ သဘောကျတဲ့ အမျိုသမီးနဲ့လက်ထပ်ပြီး မိသားစုဘဝလေးကိုတည်ထောင်တဲ့အခါမှာ သူအနေနဲ့ အလုပ်ကိုပိုကြိုးစားဖို့ဖြစ်လာပါတော့တယ်။သုံးဘီးမောင်းရင် တစ်ဖက်တလမ်းကနေပြီး ပွဲစားအလုပ်ကိုတွဲဖက်လုပ်ကိုင်တဲ့အခါမှာတော့ သူ့ရဲ့ဘဝမှာထင်မှတ်မထားတဲ့ အပြောင်းလဲနဲ့ကြုံရပါတော့တယ်။ယုံကြည်လို့ရမယ်ထင်ထားသူရဲ့ သစ္စာဖောက်မှုကြောင့်သူရဲ့သာယာတဲ့မိသာစုလေးဟာ နေ့ချင်းညချင်းပဲလောကဒဏ်ရဲ့ ရိုက်ချက်တွေကို ခံရပါတော့တယ်။ကရစ်ရှနာတစ်ယောက် လောကဒဏ်ရဲ့ ရိုက်ချက်တွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ?သူ့ရဲ့မိသားစုကရော ပြသနာတွေကို ဖြေရှင်းရာမှာသူ့ဘက်က ရပ်တည်ပေးမှာလား?သစ္စာဖောက်တဲ့သူကရော ဘယ်သူလဲ?အစရှိတဲ့ မေးခွန်းတွေကို အဖြေရှာရင်းကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.93GB / 800MB Quality…1080p WEB DL AAC5.1H / 720p Format…mp4 Duration….2h 2mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & ThuRa & HM
movie

Maamanithan (2022)

2022
Minnal Murali (2021) 8.6
Minnal Murali (2021) Minnal Murali (2021)Superhero movie genreမှာ Marvelနဲ့ DCပဲ လွှမ်းမိုး​နေတဲ့​နောက် ဒီတစ်ခါ​မှာ​တော့ Netflix က အသစ်ထွက်တဲ့ India superhero movieတစ်ကားကို အရသာတစ်မျိုး အ​ပြောင်းအလဲဖြစ်သွား​အောင် တင်ဆက်​ပေးလိုက်ပါတယ်၊Kurukhanmoola ရွာသား Jaison ဟာ ငယ်စဉ်ကတည်းက မိတဆိုး​ဖြစ်ခဲ့ပြီး ဖခင်အ​ပေါ်အရမ်းခင်တွယ်ခဲ့ရသူပါ၊ ဒါ​ပေမဲ့ ဖခင်ဖြစ်သူ ပြဇာတ်မင်းသားဟာ မ​တော်တဆမှုတစ်ခု​ကြောင့် ​သေဆုံးသွားတဲ့​​နောက် ကံဆိုးသူ​မောင်ရှင်​လေး Jaisonအ​နေနဲ့ အရွယ်​ရောက်တဲ့အထိ ကံဆိုးမှု​တွေက အဆုံးမသတ်ခဲ့သူပါ၊ အ​မေရိကန်သွားပြီး ချမ်းသာ​​အောင်လုပ်ချင်တဲ့ အိပ်မက်ကလည်း မ​အောင်မြင်သလို ချစ်ရတဲ့သူကလည်း ​စေ့စပ်ထားပြီးသားသူ ဖြစ်​နေမှန်း မ​တော်လိုက်ရတဲ့ ​ယောက္ခမ​က​ပြောမှ သိရတဲ့သူပါ၊​မောင်ရှင်​​တောင် Jaison​လောက်ကံမဆိုးနိုင်ဘူးလို့ ဆိုရ​အောင်ပဲ ဇာတ်လိုက်​ကျော်ကြီးခမျာ မိုးကြိုးပါ ထပ်အပစ်ခံရပါ​​သေးတယ်၊ ဒါ​ပေမဲ့ သန်း​ခေါင်ထက် ညမနက်​တော့သလို သူရဲ့ကံဆိုးမှု​တွေက ​​ကြေသွားပုံရပါတယ်၊ သူ့ကိုထိမှန်တဲ့မိုးကြိုးက သာမန်မဟုတ်ဘဲ ဂြိုလ်၃လုံးတန်းပြီး ဖြစ်လာတဲ့မိုးကြိုးဖြစ်​နေလို့ သာမန်လူ​တွေမှာ မရှိတဲ့ Superhuman အစွမ်း​တွေကို Jaison ပိုင်ဆိုင်ခဲ့ပါတယ်၊ ဒါ​​ပေမဲ့ မိုးကြိုးထိမှန်ခဲ့သူက သူတစ်​ယောက်တည်းမဟုတ်ဘဲ ထပ်ရှိ​နေ​သေးသလို အဲဒီလူက ရထားတဲ့အစွမ်း​တွေကို မ​ကောင်းတဲ့ အဖျက်လုပ်ငန်း​တွေမှာ သုံးလာတဲ့အခါJaisonအ​နေနဲ့ ...
movie

Minnal Murali (2021)

2021
Maara 7.8
Maara Maara (2021)ဇန်နဝါရီ ၈ ရက်နေ့က ထုတ်လွှင့်ပြသခဲ့တဲ့ တမယ်လ် ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ကြည့်မိရင် ရင်ထဲမှာ မေတ္တာတရားရဲ့ ဆွတ်ပျံ့မှု ကြည်နူးမှု နွေးထွေးမှုတွေကို ခံစာရမှာ အမှန်ပါပဲ။ကျွန်တော်တို့ပုံပြင်တွေကို ကြားဖူးကြပါတယ်။ နားထောင်ဖူးကြပါတယ်။ ပုံပြင်လေးတစ်ပုဒ်ကနေ တကယ့်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာခဲ့တဲ့အချိန်မှာတော့ ....ပါရူး ဆိုတဲ့ ကလေးမလေးက ငယ်စဉ်ဘဝက ရထားတစ်စီးပေါ်မှာ စစ်သားလေးတစ်ယောက်နဲ့ သူ့ရဲ့ဝိဉာဉ် ငါးကလေး ဆိုတဲ့ ပုံပြင်လေးကို နားထောင်ခဲ့ရဖူးပါတယ်။ ပါရူးတစ်ယောက်က ပုံပြင်တွေကို စိတ်ဝင်စားတဲ့ မိန်းကလေးပါ။ သူ့အိမ်က နေရာချထားပေးဖို့ ပြင်ဆင်ပေမယ့် စိတ်မဝင်စားလို့ အိမ်ကနေ ထွက်လာရင်းနဲ့ ..... မာရာ ဆိုတဲ့ လူတစ်ယောက်ရဲ့ ပန်းချီကားလက်ရာတွေကို တွေ့ပြီး အဲဒီနောက်ကို တကောက်ကောက်လိုက်ရာကနေ တကယ့်ကို ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ရှာဖွေတွေ့ရှိခဲ့ပါတော့တယ် .....ဘာဇာတ်လမ်းလေးလဲ ဆိုတာကတော့ .....IMDb - 7.8/10 ရထားတဲ့ ဇာတ်ကားမို့ အများကြီး ပြောမနေတော့ပါဘူး။File size… 2.1GB ...
movie

Maara

2021
Asuran (2019) N/A
Asuran (2019) (Unicode) Genre : Drama/ActionIMDb ratings : 8.9/10ဒီတစ်ခါတင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားကတော့ သုံးဘဝဇာတ်ကား (Anegan),VIP 1+2 တို့နဲ့ မြန်မာပြည်က အိန္ဒိယပရိတ်သတ်တွေကို ညှို့ယူဖမ်းစားနိုင်ခဲ့တဲ့ Tamil မင်းသား Dhanush ရဲ့ ဇာတ်ကား ဖြစ်ပါတယ်။ယောက္ခမဖြစ်သူ Rajinikanth ရဲ့ ခြေရာကို နင်းတယ်လို့ ဆိုရအောင် Dhanush ဟာလည်း အောင်မြင်မှုတွေ ရရှိနေတဲ့ Tamil မင်းသားပါ။# အညွှန်းအိန္ဒိယနိုင်ငံဟာ ဗြိတိသျှလက်အောက်မှာ အချိန်ကြာမြင့်စွာ ရှိတဲ့ဖူးတဲ့အတွက် ဗြိတိသျှတွေ ထွက်ခွာသွားပြီးနောက်ပိုင်း ဆိုးမွေအဖြစ်နဲ့ပြဿနာပေါင်း သောင်းခြောက်ထောင် ကျန်ရစ် ခံစားခဲ့ရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ဒီလိုပြဿနာတွေကြားမှာမှ မြေရှင် ၊ အလုပ်သမားပြသနာတွေကလည်း ဖွံဖြိုးမှု နောက်ကျကျန်ရစ်တဲ့ ဒေသတွေမှာ အမြစ်စွဲနေပါတော့တယ်။ငွေကြေးဥစ္စာ ကြွယ်ဝသူက မရှိဆင်းရဲသားတွေကို ...
movie

Asuran (2019)

2019
Petta (2019) 7.7
Petta (2019) ဖေဖော်ဝါရီလကတည်းက အကြည်ထွက်ခဲ့တဲ့ကားဆိုပေမဲ့စာအသေကပ်ပါပြီး ရုပ်ထွက်သိပ်မကောင်းတာရယ်ကြောင့် ဥထားခဲ့တာ ခုတော့ ရှင်းရှင်းလင်းလင်းလေး ထွက်လာခဲ့ပါပြီ။------------------------------------------------သိပ်ကို ဆိုးတဲ့ ကျောင်းသားတွေကြားအဆောင်မှူးနေရာကို အတင်းရယူလာတဲ့ လူတစ်ယောက် ရှိလာခဲ့ပါတယ်။ကာလီတဲ့။အသက်ကြည့်တော့ လူကြီးပိုင်းရောက်နေပြီ၊ကိုယ့်ကို ထိပါးလာပြီဟေ့ဆိုရင် ဘယ်သူ့ကိုမှခွင့်မလွှတ်သူ။ဒီတော့ ဒီကလေးတွေကြား သူ အဆောင်မှူး ဖြစ်ချင်ရတဲ့ ရည်ရွယ်ချက်က ဘာများလဲ။ကျောင်းသားတွေ ထမင်းကောင်းကောင်းစားရဖို့၊ဂျူနီယာတွေ ဘိုကျအနိုင်ကျင့်တာ မရှိဘဲကောင်းကောင်းနေထိုင်ရဖို့ သူ ကျောင်းရဲ့ အာ့ကြောလန်အဖွဲ့အပြင်ကန်ထရိုက်တာတွေနဲ့ ရင်ဆိုင်ခဲ့တယ်။မထင်မှတ်ဘဲ ညတစ်ညမှာ ကျောင်းသားတစ်ယောက် ခွင့်မတိုင်ဘဲ အပြင်သွားခဲ့တယ်။ခေါင်းမီးခဲပြီး ကာလီဟာ လိုက်ရှာရမှာတော့ချစ်သူနဲ့ သွားတွေ့တဲ့ ထိုကျောင်းသား အဏ္ဏဝါနဲ့ ရင်းနှီးခဲ့ပါတယ်။အန်ကယ်ကာလီ.... အန်ကယ်က လူပျိုကြီးလား အိမ်ထောင်ရှိလား တဲ့။တချိန်က သူ့မှာ ဒါတွေ ရှိခဲ့ကြောင်း နှုတ်က ထုတ်ဖော်မပြောလိုတော့တဲ့ ရင့်ကျက်ချိန်ရောက်ခဲ့ပြီလေ။ကျောင်းစာမေးပွဲပြီး နှုတ်ဆက်ပွဲညမှာအဏ္ဏဝါကို လူတစ်စု အန္တရာယ် လာပြုခဲ့တယ်။အဏ္ဏဝါ .. ကျောင်းထဲမှာနေတဲ့ ကျောင်းသား...သူ့မှာ ဘယ်လိုအကြောင်းကြောင့် ဒီလို ရန်နဲ့ ရင်ဆိုင်ရတာလဲ...သိပ်ကို ဂရုစိုက်လွန်းတဲ့ ...
movie

Petta (2019)

2019