Channel Myanmar

Gurpreet Ghuggi

Furlow (2025) 5.8
Furlow (2025) Furlow 2025IMDb 6.8 /10အပ်ချုပ်သမားတစ်ယောက်ဖြစ်တဲ့ ဆူမစ်တာက စားဝတ်နေရေးမပြေလည်မှုနဲ့ ကြုံတွေ့နေရပါတယ်။ ဆိုင်ခန်းငှားခမပေးနိုင်၊ နေ့စဉ်လက်ဖက်ရည်ဖိုးကအစ အကြွေးတင်လို့ စိတ်ညစ်နေရပါတယ်။ ဒါတင်မကသေးဘူး ဇနီးဟောင်းနဲ့ကွာရှင်းတုန်းက ငှားထားတဲ့ရှေ့နေကလည်း ညတိုင်းအိမ်ရှေ့ကစောင့်လို့ ရှေ့နေခတောင်းနေပြန်တာပါ။ ဒီလိုလည်ပင်းထိရောက်နေတဲ့ ကြွေးမြီတွေလက်ကနေ လွတ်ဖို့လမ်းစတစ်ခု မထင်မှတ်ဘဲ ပေါ်ပေါက်လာပါတယ်။အဲဒါက‌တော့ တစ်ခြားသူကအကူအညီတောင်းလို့ မြို့တစ်မြို့မှာ အဲဒီလူနာမည်နဲ့ အစားထိုးသွားရောက်နေထိုင်ရမှာပါ။ သူ့ကိုအကူအညီတောင်းတဲ့သူက အစားအသောက်ဘေးကင်းရေးကို စစ်ဆေးပေးရတဲ့ အရာရှိတစ်ယောက် ဖြစ်နေပါတယ်။အကြွေးရှင်ပတ်လည် ဝန်းရံနေတဲ့ဘဝက လွတ်မြောက်ရမယ့်အပြင်ကို လူတိုင်းလေးစားမှုခံရ၊ အာဏာပါဝါရ၊ လာဘ်‌ပေးလာဘ်ယူဘဝကို ရောက်ရှိသွားရတဲ့အခါမှာတော့........................လူထဲကလူတစ်ဦးဖြစ်တဲ့ ဆူမစ်တာတစ်ယောက် အမြင့်ကိုရောက်ရှိလို့ဘဝမေ့သွားမှာလား၊ အာဏာပါဝါတွေရလာတဲ့ဘဝကို ကိုင်တွယ်ဖြေရှင်းနိုင်မှာလားဆိုတာ ဟာသလေးတွေနှောလို့ လူ့သဘာဝကိုဖော်ကျူးထားတဲ့ ဒရမ်မာကောင်းလေးမို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပါ ) File size…2 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 7min Subtitle….Myanmar ...
movie

Furlow (2025)

Raduaa Returns (2024) 5.4
Raduaa Returns (2024)   Raduaa Returns (2024)ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ထဲမှာထွက်ရှိခဲ့တဲ့ Bollywood SciFi ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။မင်းသား Nav Bajwa အဓိကပါဝင်ထားပြီးတော့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းကိုလည်း Nav ကပဲ ရိုက်ကူးရေးသားထားပါတယ်။ဇာတ်လမ်းအကျဉ်း2018 ကထွက်ရှိခဲ့တဲ့ Raduaa ရဲ့ sequel ဖြစ်ပြီးတော့ Nav တို့ မိတ်ဆွေလေးယောက် အချိန်ခရီးသွားစက်နဲ့ 1955 ကနေ သူတို့ရဲ့ အချိန် 2018 ကိုပြန်မရောက်လာပဲ 2255 ခုနှစ်ဆီကို ရောက်သွားခဲ့ပြီးသူတို့နေထိုင်ရာ အချိန်ကို ပြန်သွားနိုင်ဖို့အတွက် အဖြေရှာရင်း ဘယ်လိုပြဿနာတွေဖြစ်လာမလဲ နောက်ဆုံးမှာရော သူတို့ရဲ့ အချိန်ကို ပြန်သွားနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size… (2.6 GB) / (1.4 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Sci-Fi Duration….02:17:38 Subtitle….Myanmar Subtitle ...
movie

Raduaa Returns (2024)

2024
Ni Main Sass Kuttni 2 (2024) 7.3
Ni Main Sass Kuttni 2 (2024) Ni Main Sass Kuttni 2 (2024) "ယောက္ခမနဲ့ ချွေးမ"ဒီတစ်ခါမှာ ပရိသတ်တို့အတွက် ပန်ချာပီ မိသားစုဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျာအမျိုးသမီး ကျေးရွာလူကြီးဖြစ်တဲ့ ချွေးမလုပ်သူဟာဆိုရင် မြေးနှစ်ယောက်ရတဲ့အရွယ်အထိ အိမ်က အသက်အကြီးဆုံးအဘွားအိုဖြစ်တဲ့ ယောက္ခမနဲ့ မတည့်နိုင်ဘဲရှိပါတယ်ယောက္ခမလုပ်သူကလည်း အိမ်မှာ ရိုင်းရိုင်းစိုင်းစိုင်း စွာကျယ်စွာကျယ်လုပ်တဲ့ ချွေးမကို ပြန်နိုင်ဖို့ရာ အကြံထုတ်လျက်ရှိပါတယ်တစ်ဖက်မှာလည်း ရှေ့နေစုံတွဲနှစ်ယောက် တရားခွင်မှာ ပြိုင်ဘက်တွေဖြစ်ပေမယ့် တရားရုံးအပြင်မှာ တီတီတာတာလုပ်ကြတဲ့ အချစ်ဇာတ်လမ်းလေးနဲ့အတူတခြားသော ရပ်ရေးရွာရေး ပြဿနာတွေ ဘယ်လိုဖြေရှင်းကြမှာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.3 GB / 1.2 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Ni Main Sass Kuttni 2 (2024)

Bina Band Chal England (2023) 6.3
Bina Band Chal England (2023) Bina Band Chal England (2023) "အင်္ဂလန်မှဖူးစာ"ဒီတစ်ခါမှာတော့ ပန်ချာပီ အချစ်ဟာသဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ဂူမန်က ဂူလင်းဆိုတဲ့ကောင်မလေးနဲ့ UK မှာ စတွေ့ကာ ချစ်သူတွေ ဖြစ်လာကြတာဖြစ်ပြီး ကောင်မလေးမိဘတွေက UK မှာနေတဲ့ အရာရှိမျိုးရိုးဖြစ်ကာ ဂူမန့်မိဘတွေကတော့ ပန်ဂျာ့ဘ်ပြည်က ကျေးလက်တောင်သူတွေပါဂူမန်က သူ့မိဘတွေဟာ စာမတတ်တဲ့ကျေးလက်နေသူတွေ ဖြစ်တယ်ဆိုတာကို ယောက္ခမလောင်းကိုမပြောဘဲ ဖုံးကွယ်ထားပြီး ရွာကမိဘနှစ်ပါးကို သူလက်ထပ်တော့မယ့်အကြောင်း ဖုန်းဆက်လှမ်းပြောလိုက်တဲ့အခါမှာရွာကမိဘတွေက UK က သားဖြစ်သူ ပြန်မလာခင်မှာပဲ ဆွေမျိုးတွေအကုန်လိုက်ဖိတ်ပြီး အိမ်ကိုခေါ်ထားပြီးသားဖြစ်နေတော့ ဘယ်လိုအလွဲတွေဆက်ကြုံရမှာလဲ ကြည့်ရှုလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Star ~ ToMo ~ Cym မှ ဖြစ်ပါတယ် File size… 2.5 GB / 1.25 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by KKKZ ~ Star ~ ToMo ...
movie

Bina Band Chal England (2023)

Dunki (2023) 7.2
Dunki (2023) Dunki (2023) "ပြည်တော်ပြန်" IMDb - 7.2/10အားလုံးပဲ စောင့်မျှော်နေကြတဲ့ ရှရွတ်ခန်းရဲ့ ဒန်ကီရုပ်ရှင်ကြီးကို ရုပ်သံကြည်လင်ပြတ်သားစွာနဲ့ တင်ဆက်ပေးလိုက်ပါပြီ။ ကုဋေ ၁၂၀ ရင်းပြီးတော့ ကုဋေ ၄၇၀ ထိ ရုံတင်ငွေ အမြတ်ထွက်ခဲ့တဲ့ ဒီဇာတ်ကားကြီးဟာ ၆၉ကြိမ်မြောက် အိန္ဒိယရုပ်ရှင်ပွဲတော်မှာလည်း ဆန်ကာတင်ကိုးဆုထိရရှိထားပြီး ၂၀၂၃ခုနှစ် အိန္ဒိယရဲ့အမြတ်အများဆုံးစာရင်းမှာလည်း နံပါတ်ခြောက်ချိတ်ခဲ့တဲ့ဇာတ်ကားပါ ဒီဇာတ်ကားရဲ့ပဲ့ကိုင်ရှင်က PK၊ 3 idiots တို့လိုကားတွေကို ရိုက်ကူးထားတဲ့ ဒါရိုက်တာရာ့ဂျ်ကူးမားဖြစ်ပါတယ်။နှစ်လိုဖွယ်အပြုံးနဲ့မင်းသမီးချောလေး တာ့ပ်ဆီးပါဝင်တဲ့အပြင် တိုက်ဂါးရုပ်ရှင်တွေက မင်းသမီးချောကတ်တရီးနားရဲ့ ချစ်ယောကျ်ား မင်းသား ဗစ်ကီက ဒီရုပ်ရှင်နဲ့ပဲ အမျိုးသားဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒန်ကီဆိုတာ အမေရိကန်၊ ယူကေနဲ့ အင်္ဂလန်လိုနိုင်ငံတွေကို တရားမဝင်တဲ့နည်းနဲ့ ဝင်ရောက်တဲ့ ခိုးဝင်လမ်းကြောင်းတစ်ခုကိုပြောတဲ့ ပန်ဂျာပီဘာသာစကားတစ်ခုပေါ့။ရည်ရွယ်ချက်ကိုယ်စီနဲ့ လန်ဒန်ကိုသွားချင်နေကြတဲ့ လူငယ်လေးယောက်။ ဘာသာစကားလည်း မကျွမ်းကျင် ပညာလည်း မတတ်ဆိုတော့ ဗီဇာလျောက်ဖို့ကမလွယ်။ ဆိုတော့ တက်မရှိ လက်နဲ့လှော်မဲ့သူတို့အုပ်စု ရရာနည်းနဲ့ အရောက်သွားဖို့ရွေးချယ်တဲ့လမ်းက ခိုးဝင်ဖို့ပါပဲ။ ဒီမှာပဲ ရှာရွတ်ခန်းပါဝင်ပတ်သက်လာပြီး သူတို့တွေ လန်ဒန်ဆီရောက်ဖို့အရေး အစွမ်းကုန်ကြိုးစားပေးပါတော့တယ်။ သူတို့ငါးယောက်လုံး လန်ဒန်ရောက်သွားမှာလား...။ ဘယ်လို အခက်အခဲအတားအဆီးတွေကို ရင်ဆိုင်ကြရမှာလဲ...။တစ်ခုပြောချင်တာ ဒီဇာတ်ကားလေးက ရယ်လဲရယ်ရသလို ...
movie

Dunki (2023)

2024
4K HEVC
Mastaney (2023) 7.6
Mastaney (2023) Mastaney (2023) "ဒါတို့ပြည်.. ဒါတို့မြေ" IMDb - 7.6/10အိန္ဒိယနန်းတွင်းရုပ်ရှင်နှစ်သက်သူတွေအတွက် ပန်ချာပီစကားပြော နန်းတွင်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ဧကရာဇ် နာဒါ တန်ခိုးထွားနေတဲ့အချိန်။ အတိုင်းအတိုင်းအပြည်ပြည်ကို စစ်သည်တစ်စုနဲ့ ချီတက်သိမ်းပိုက်ရင်း အောင်မြင်တောက်ကြွားနေပါတယ်။အဲဒီလို အောင်ပွဲခံနေတဲ့အချိန်မှာမှ အရှင်မင်းကြီးနာဒါတပ်ထဲက သိမ်းယူလာတဲ့ပစ္စည်းတွေအကုန်လုံးကို ခိုးယူခံလိုက်ရပါတယ်။ သူရောက်နေတာက လာဟိုး။ ဘုရင်ကြီး အမျက်ချောင်းချောင်းထွက်ပြီး လာဟိုးဘုရင်ဆီကို ဖြေရှင်းချက်တောင်းတဲ့အချိန်မှာ ဘုရင်ကြီးနာဒါရဲ့ ပစ္စည်းဥစ္စာတွေကို ခိုးယူသွားသူတွေက ဆစ်ခ်လူမျိုးတွေတဲ့။ဆစ်ခ်လူမျိုး သူပုန်တစ်ယောက်ကို ဖမ်းဆီးဖို့ လွှတ်လိုက်တဲ့ စစ်သည်တော် တစ်ရာ့နှစ်ဆယ်တပ်ဖွဲ့ဟာ သွားဖမ်းတဲ့သူကိုမပြောနဲ့ သူတို့ကိုယ်တိုင် မပြန်လမ်းကို မြန်းကြရပါတယ်။ဒီလို ဆစ်ခ်လူမျိုး သူပုန်တစ်ယောက်ကိုပဲ ဖမ်းခေါ်လာဖို့ လာဟိုးဘုရင်ကိုဘုရင်ကြီးနာဒါ မိန့်ကြားပါတော့တယ်။ ဒီလိုနဲ့ လာဟိုးဘုရင်ဖြစ်သူ ဇာကီရာ ဆစ်ခ်လူမျိုးသူပုန်ကို ဖမ်းဖို့ ကြိုးစားရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3GB  / 1.23GB Quality…WEB DL 1080p / 720p Format…mp4 Duration…. ...
movie

Mastaney (2023)

2023
Carry on Jatta 3 (2023) 7.4
Carry on Jatta 3 (2023) Carry on Jatta 3 (2023) IMDb-7.5/10ဂျက်တာတို့ သူငယ်ချင်းသုံးယောက်ရဲ့ အမွှေစိန်ကားလေး သုံးကားမြောက်ထွက်ရှိလာပါပြီ။ ရှေ့နှစ်ကားလို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ကြည့်ရမယ့် ဟာသဇာတ်မြူးလေးပါပဲ။ သူတို့တွေပဲ သရုပ်ဆောင်ထားကြပေမယ့် တစ်ကားထဲသပ်သပ်ကြည့်လို့ရပါတယ်။ဂျက်စ်က ရှေ့နေကြီးဒီလွန်ရဲ့ မိတဆိုးသားလေး။မိန်းမယူချင်တာ ပြာယာခတ်နေပေမယ့် အဖေလုပ်သူကို မလွန်ဆန်နိုင်တာကြောင့် ချစ်ရတဲ့အမျိုးသမီးလေးကို အဖေနဲ့မိတ်ဆက်ပေးပေမယ့် အနှောင့်အယှက်တွေကြောင့် အဖေဖြစ်သူကသဘောမတူ။ အဖေဖြစ်သူသဘောတူဖို့အရေး ဘော်ဒါဘော်ကျွတ်နဲ့တိုင်ပင်တဲ့အခါ ဘယ်လောက်ဆိုးနေပါစေ သူ့ထက်ဆိုးတဲ့တစ်ယောက်နဲ့တွေ့ရင် ကောင်းတယ်ထင်သွားမှာပဲဆိုတဲ့စိတ်နဲ့ ချွေးမအတုရှာကြတဲ့အခါမှာတော့။သူတို့ရှာလိုက်တဲ့ ချွေးမအတုကလည်း ဘော်ဒါအရင်းကြီးရဲ့မိန်းမ ကလေးတစ်ယောက်အမေဆိုတော့။ ဘယ်လိုတိုင်တွေပတ်ပြီး ဘယ်လိုတွေဇာတ်သိမ်းကြမလဲဆိုတာ ဟီးဟီးဟားဟားနဲ့ အပျင်းတော်ပြေစေကြောင်းရယ် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်တွေက Saii~V~Cherry~YH~Dee~Zwe Yanတို့ပဲဖြစ်ပါတယ်) File size…9.9GB / 3GB / 1.36GB Quality…1080p WEB DL /720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Saii~V~Cherry~YH~Dee~Zwe Yan
movie

Carry on Jatta 3 (2023)

2023
4K HEVC
Cuttputlli (2022) 5.2
Cuttputlli (2022) ဒီဇာတ်ကားလေးဟာဆိုရင် ၂၀၁၈ တုန်းက လူကြိုက်များခဲ့တဲ့ ‘Ratsasan’ ဆိုတဲ့ ဇာတ်ကားကို Disney+ Hotstar က ၂၀၂၂ မှာ ဆန်းသစ်တဲ့ ရိုက်ချက်တွေနဲ့ ပြန်လည်ရိုက်ကူးထားပြီး မင်းသားကြီးအာရှေးကူးမားပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။အာဂျန်ဆိုတဲ့ ဘွဲ့ရပညာတတ်တစ်ယောက်ဟာ ကွင်းဆက်လူသတ်မားတွေရဲ့ စိတ်ပညာကို စိတ်ဝင်စားသဖြင့် မှုခင်းစိတ်ပညာတွေကိုလဲလေ့လာခဲ့ပါတယ်။ သူရဲ့ရည်ရွယ်ချက်ကတော့ ကောင်းမွန်တဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားကို ရိုက်ကူးချင်ခဲ့တာဖြစ်ပါတယ်။မှုခင်းဖြစ်ရာ ဖြစ်စဉ်တွေကို သူ့ဘဝရဲ့ ခုနစ်နှစ်တိုင်ကြိုစားအားထုတ်လေ့လာပြီး ရလာတဲ့ ဇာတ်ညွှန်းလေးဟာ ရိုက်ကူးခံရဖို့အတွက် သဘောကျနှစ်ခြိုက်တဲ့ ထုတ်ဝေသူမတွေ့ခဲ့ရပါဘူး။ သူခုနစ်နှစ်တိုင်လေ့လာထားတဲ့ မှုခင်းပညာတွေ မှုခင်းနဲ့ဆိုင်တဲ့ ဗဟုသုတတွေကို အလကားမဖြစ်သွားအောင် ရဲအဖြစ် တာဝန်ထမ်းဖို့အတွက် ရွေးချယ်ခဲ့ပါတော့တယ်။ သူရဲထဲဝင်ပြီးမကြာခင်မှာမှာ ပေါက်ပေါက်လာတဲ့ ဆယ်ကျောက်သက် ကျောင်းသူအရွယ်လေးတွေ ပျောက်ဆုံးနေတဲ့ အမှုဟာ လူပျောက်မှုလေးကနေ ကွင်းဆက်လူသတ်မှုအထိ ကြီးမားလာတဲ့ အခါ အာဂျန်တစ်ယောက် သူ့ရဲ့ လက်တွေ့အသုံးမချရသေးတဲ့ မှုခင်းပညာတွေကို ဘယ်လိုအသုံးချမလဲ။ အတွေ့အကြုံမရှိတဲ့ ရဲတစ်ယောက်ဖြစ်ပေမယ့် မှုခင်းပညာတွေကို အပြင်မှာလေ့လာခဲ့တဲ့ အာဂျန်တစ်ယောက် အထက်ကလူတွေနဲ့ရော အဆင်ပြေနိုင်ပါ့မလား ဆိုတာတွေကို Cuttputlli ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလိုက်ပါ။ File size…4.5GB / 2.09GB / 1.1GB Quality…4k HEVC ...
movie

Cuttputlli (2022)

2022
4K HEVC Web-DL
Singh Is Kinng (2008) 5.7
Singh Is Kinng (2008) Singh is King (2008) *************************** မင်းသားကြီး အက်ရှေးကုမားရ်နဲ့ မင်းသမီး ကတ်ထရီနာကတ်ဖ်တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အချစ်ဟာသအက်ရှင် ဇာတ်မြူးရုပ်ရှင်ကားကြီးကို BluRay Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း..ဟက်ပီးဟာ ဘာလုပ်လုပ် တလွဲချည်းပဲ လုပ်တတ်ပြီး ရွာရဲ့ အော်ကြောလန်တစ်ယောက် ဖြစ်ပါတယ်။ဟက်ပီးရဲ့သူငယ်ချင်း လပ်ကီးကတော့ ဩစတေးလျမှာ ဂိုဏ်းစတားတစ်ယောက်ဖြစ်နေပါတယ်။ တစ်နေ့တော့ ဟက်ပီးရဲ့သူငယ်ချင်းတွေဟာ ဟက်ပီးကို ရွာကနေထွက်သွားစေချင်တာကြောင့် လပ်ကီးအဖေနေမကောင်းကြောင်း လပ်ကီးကို သွားပြန်ခေါ်သင့်ကြောင်းပြောပြီး ဟက်ပီးကို ရွာထဲကထုတ်ဖို့အစီစဉ်ဆွဲကြပါတယ်။ဟက်ပီးတစ်ယောက် လပ်ကီးကို ရွာပြန်ခေါ်လာနိုင်မှာလား ... ဘယ်လိုအလွဲတွေနဲ့ ဆက်လက်ကြုံတွေ့ရမလဲ .... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါ။(ဘာသာပြန်သူကတော့ Intelligenceဖြစ်ပြီး ဘာသာပြန်လိုအပ်ချက်များကို ဖြည့်စွက်ပြင်ဆင်ထားတာကတော့ Thaik Sanပဲ ဖြစ်ပါတယ်။) File size…(2.6 GB)/(1.2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:10:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Intelligence & Thaik San
movie

Singh Is Kinng (2008)