Channel Myanmar

Guillaume Laurin

The Dishwasher (2023) 7.2
The Dishwasher (2023)  ယခုအခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့Le Plongeur ( The Dishwasher ) ဆိုတဲ့ ကနေဒါပြင်သစ်စကားပြောဇာတ်ကားလေးပဲဖြစ်ပါတယ်...ဒီဇာတ်ကားလေးဟာ ဝတ္ထုရေးဆရာ၊ စားသောက်ဆိုင်ပိုင်ရှင်Stephane Larue ရဲ့ Le Plongeur ဝတ္ထုကို ရုပ်ရှင်အနေနဲ့ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားလေးဖြစ်ပြီးဝတ္ထုရေးဆရာကိုယ်တိုင် ငယ်စဉ်က စားသောက်ဆိုင်မီးဖိုချောင်အတွင်း ပန်းကန်ဆေးရင်းကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံနဲ့ကိုယ်တိုင်စားသောက်ဆိုင်ပိုင်ရှင် ဖြစ်လာချိန် အတွေ့အကြုံတွေကိုအခြေခံကာ အရောင်အသွေးစုံစုံနဲ့ ဇာတ်အိမ်ဖွဲထားတဲ့ ဒီဝတ္ထုဟာPrix des libraires du Québec ဆုနဲ့ Prix Senghor ဆုကို၂၀၁၇ ခုနှစ်မှာ ရရှိထားတာလည်းဖြစ်ပါတယ်...မက်တယ်သီချင်းတွေကြိုက်တဲ့ ဂရပ်ဖစ်ဒီဇိုင်းကျောင်းသားလေးတစ်ယောက် မထင်မှတ်ဘဲလောင်းကစား စွဲလမ်းမိရာမှ ဖြစ်ပေါ်လာတဲ့လူမှုရေးပြဿနာတွေ၊ ငွေကြေးအခက်အခဲတွေ၊လောင်းကစားခုံမင်သူတိုရဲ့ သဘာဝတွေအပြင် စားသောက်ဆိုင်မီးဖိုချောင်ထဲက စိတ်ဖိစီးစရာအခြေအနေတွေနဲ့ လူမျိုးပေါင်းစုံတို့အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ကြည့်ရှုခံစားနိုင်မယ့် ဒရမ်မာဇာတ်ကားကောင်းလေးဖြစ်လို ရုပ်ရှင်ချစ်ပရိသတ်များအနေဖြင့်လက်လွတ်မခံသင့်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်... File size… (1.60GB) / (960MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv ...
movie

The Dishwasher (2023)

The Nature of Love (2023) 6.9
The Nature of Love (2023)  2023မှာထွက်ထားတဲ့ The nature of Love ဆိုတဲ့ဇာတ်ကားလေးကတော့ အချစ်ကြမ်းတဲ့ ပြင်သစ် ကနေဒါ ကားလေးဖြစ်ပါတယ်။အိမ်ထောင်သည်ဘဝကိုမသိစိတ်ကငြီးငွေ့နေတဲ့ ဆိုဖီယာဆိုတဲ့အမျိုးသမီးတစ်ဦးက တစ်နေ့မှာ သူတို့လင်မယားနှစ်ယောက်ဝယ်ထားတဲ့ ကျေးလက်ဒေသက အပန်းဖြေအိမ်လေးကိုစစ်ဆေးဖို့သွားခဲ့ပါတယ်။ အဲ့ဒီနေရာမှာ အိမ်ဆောက်လုပ်ပြုပြင်ရေးသမားဆာဗိန်းနဲ့တွေ့တဲ့အခါ သူမသိစိတ်ကပွင့်ထွက်သွားပြီး မလုပ်သင့်တာတွေကိုလုပ်မိပါတော့တယ်။နောက်ပိုင်းမှာတော့ မလုပ်သင့်တာတွေခိုးမလုပ်ပဲပေါ်တင်လုပ်လာပါတော့တယ်။အိမ်ထောင်ရေးတစ်ခုမှာဖောက်ပြန်တာကအမှားတစ်ခုလားဒါမှမဟုတ် အချိန်တွေမပေးနိုင် စိတ်ပိုင်းဆိုင်ရာမထောက်ပံ့ပေးနိုင်တာဝန်တွေမကျေနိုင်တဲ့ သူရဲ့အပြစ်လားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှူနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင်အတွေးအခေါ်ပညာရှင်တွေရဲ့ အချစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံအမျိုးမျိုးကို လေ့လာနိုင်မှာဖြစ်ပြီးတော့ ဘေးပတ်ဝန်းကျင်အသိုင်းအဝိုင်းမတူတဲ့ လူနှစ်ယောက်ဟာချစ်မိသွားတဲ့အခါ အချစ်ရေးကအဆုံးထိမြဲမလား ဘယ်လိုနာကျင်မှုတွေခံစားရမလဲဆိုတာကိုခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ File size… (1.89GB) / (975MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre …..Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo
movie

The Nature of Love (2023)

Mommy (2014) 8.0
Mommy (2014) Mommy (2014)(language warning) ဒီတစ်ခေါက်တင်ဆက်ချင်တာကတော့ လူတိုင်းလက်မလွှတ်သင့်တဲ့ရုပ်ရှင်မျိုးဗျ။ဒီရုပ်ရှင်ကို ကနေဒါရုပ်ရှင်လောကရဲ့ မှတ်ကျောက်တစ်ခုလို့လည်း ဆိုကြပြန်ပါတယ်။ဒီရုပ်ရှင်က ခင်ဗျားကို ရင်ထဲဆို့နင့်သွားစေမယ့် ခံစားချက်တွေနဲ့အတူမွန်းကြပ်သွားအောင်လုပ်နိုင်တဲ့ ရုပ်ရှင်လို့ပြောရင်လည်း မမှားပါဘူး။ ချစ်ခြင်းမေတ္တာရဲ့ဆန်းကြယ်မှုဟာဘဝရဲ့အမှောင်မိုက်ဆုံးအခိုက်အတန့်တွေမှာတောင်အစွမ်းကုန် တောက်ပနေတတ်ပါတယ်။  ဒါပေမယ့် ချစ်နေရုံနဲ့ပဲ လူတွေကို ကယ်တင်ပေးလို့ရမလားဆိုတာကတော့ ဖြေရခက်တဲ့ မေးခွန်းပါပဲ။ဒါပေမယ့် ဒီမေးခွန်းရဲ့အဖြေကို Xavier Dolanဟာ ဒီရုပ်ရှင်နဲ့အတူလှပသေသပ်စွာ ဖြေခဲ့တယ်လို့ ပြောရလိမ့်မယ်ဗျ။ ဇာတ်လမ်းအကြောင်းဆက်မပြောခင်မှာ ဒီရုပ်ရှင်ရဲ့အောင်မြင်မှုအကြောင်းကို ပြောပြချင်တယ်ဗျ။ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့သူကတော့ ကနေဒါနိုင်ငံသားတစ်ဦးဖြစ်တဲ့ Xavier Dolanပဲဖြစ်ပါတယ်။ရိုက်ကူးခဲ့တဲ့အချိန်မှာ သူဟာ အသက် 25နှစ်အရွယ်ပဲရှိသေးတာပါ။ဒီရုပ်ရှင်ကို Cannes ရုပ်ရှင်ပွဲတော်မှာ စတင်ပြသခဲ့ပြီး Jury Prizeရရှိခဲ့ပါတယ်။နောက်ပိုင်းမှာလည်း ဆုပေါင်း ၅၀ကျော်အထိရရှိခဲ့ပြီး nominationပေါင်း ၆၀ကျော်ဝင်ခဲ့ပါတယ်။ ဒါဆိုရင်တော့ ဘယ်လောက်အောင်မြင်လဲ ခန့်မှန်းမိမှာပါ။ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်တွေကတော့ ဒီယန်းလို့ခေါ်တဲ့တစ်ခုလပ် အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့သားဖြစ်သူ စတိဗ်တို့ဖြစ်ပါတယ်။စတိဗ်ဟာ သူ့အမေကိုအရမ်းချစ်တဲ့ သားတစ်ယောက်လို့ပြောရမယ်။ဒါပေမယ့် စတိဗ်ဟာ စိတ်ကျန်းမာရေး ချို့ယွင်းမှုတွေကြောင့်ပြုပြင်ရေးစင်တာကို အပို့ခံထားရတဲ့ ကောင်လေးတစ်ယောက်ပါ။တစ်နေ့မှာတော့ စင်တာမှာအတူနေတဲ့ ကောင်လေးတစ်ယောက်ကိုမီးလောင်စေမှုကြောင့် စတိဗ်ကို စင်တာက ထုတ်ပယ်လိုက်ပါတယ်။ဒီလိုနဲ့ ...
movie

Mommy (2014)

2014
The Decline (2020) 5.9
The Decline (2020) အခုတင်ဆက်ပေးမှာကတော့ Febကမှ Netflix က‌လောလောလတ်လတ်ထွက်ရှိထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်Action Thriller ဖန်တွေအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပါအဓိကရုဏ်းတွေ ကပ်ရောဂါတွေ သဘာဝဘေးအန္တရာယ်တွေကနေကိုယ့်မိသားစု ကိုယ့်ပိုင်ဆိုင်မှုတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာသင်ကြားပေးတဲ့ လေ့ကျင့်ရေးစခန်း တစ်ခုအပေါ်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီးမမျှော်လင့်ဘဲ သူတို့ထဲက လူတစ်ယောက် မတော်တဆသေသွားတဲ့အခါကျန်တဲ့သူတွေကော တကယ်ပဲအသက်ရှင်ကျန်နိုင်မှာလားကိုယ့်မိသားစုကို တကယ်ပဲကာကွယ်နိုင်မှာလား ??ဘယ်လိုဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်ကားထဲမှာ ရှုစားလိုက်ကြပါဦးနော် File Size : ( 775 MB , 285 MB) Quality : WEBRip 720p Running Time : 1 hr 23 min Format : Mp4 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

The Decline (2020)