Channel Myanmar

Gretchen Mol

Sweet and Lowdown (1999)
Sweet and Lowdown (1999) IMDb Rating - 7.2Director - Woody Allen Cast - Sean Penn • Samantha Morton • Woody Allenဒီဇာတ်ကားလေးကတော့ Emmet Ray လို့ခေါ်တဲ့ ဂစ်တာသမားတစ်ယောက်ရဲ့အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူဟာ Belgian Guitarist တစ်ယောက်ဖြစ်တဲ့ Django Reinhardt ကိုအရမ်းရူးရူးမူးမူးနှစ်သက်သူဖြစ်ပြီး သူကိုယ်တိုင်ဟာလည်း Django နောက်အကောင်းဆုံးဂစ်တာသမားအဖြစ်မှတ်ကျောက်တင်ခံခဲ့ရပါတယ်။တစ်ကိုယ်ကောင်းဆန်တဲ့ Emmet ဟာ ဘဝကိုပေါ့ပျက်ပျက်ပဲဖြတ်သန်းလေ့ရှိပြီးမိန်းမတိုင်းကိုလည်း လေးလေးနက်နက်မရှိတတ်သူပါ။ တစ်နေ့မှာတော့ Emmet တစ်ယောက် စကားမပြောတတ်တဲ့ Hattie ဆိုတဲ့ကောင်မလေးကိုချစ်မိသွားခဲ့ပြီးဘာတွေဆက်ဖြစ်ကြမလဲ... ဒီဇာတ်ကားလေးဟာ 1930s လောက်မှာအခြေတည်ရိုက်ကူးထားတာဖြစ်ပြီးဇာတ်လမ်းထဲမှာ အတ္တအရမ်းကြီးတဲ့ Talented Guitarist တစ်ယောက်ဖြစ်တဲ့ Emmet Ray ရဲ့နေရာကို Sean Penn တစ်ယောက်ဘယ်လိုအကောင်းဆုံးပုံဖော်သွားမလဲဆိုတာ ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်File size… (544 MB) Quality…. 720p Format…. mp4 Duration….01:48:00 Genre...Comedy, ...
movie

Sweet and Lowdown (1999)

Millers in Marriage (2025) 5.4
Millers in Marriage (2025) Millers in Marriage (2025) ==================တစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် အချစ်ဇာတ်လမ်းဒရမ်မာတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။မက်ဂီမစ်လာ၊ အန်ဒီမစ်လာနဲ့ အိဗ်မစ်လာဆိုတာ မစ်လာမောင်နှမသုံးယောက်ဟာ အောင်မြင်နဲ့အနုပညာဘဝကိုယ်စီနဲ့ ဘဝကိုတည်တည်ငြိမ်ငြိမ်ဖြတ်သန်းနေကြပါတယ် ။ဒါပေမဲ့သူတို့အားလုံးရဲ့ အိမ်ထောင်ရေးတွေကတော့ အဆင်မပြေလှပါဘူး။ကလေးတွေကောလိပ်တက်လို့ လင်မယားနှစ်ယောက်စီပဲကျန်ကြတဲ့အခါ ရှောင်လွှဲမရတဲ့ အိမ်ထောင်ရေးငြီးငွေ့မှုကို ကျော်ဖြတ်နိုင်ဖို့ မောင်နှမသုံးယောက်သားကိုယ်စီအဖြေရှာကြပါတယ် ။ဒီလိုအဖြေရှာရင်း ဘဝရဲ့ အချိုးအကွေ့တွေမှာကြုံခဲ့ဖူးတဲ့ အဆက်ဟောင်းတွေကို ပြန်တွေ့ရာကနေ သူတို့ရဲ့ဘဝရွေးချယ်မှုကို ပြန်မေးခွန်းထုတ်မိလာကြပါတယ် ။ဆယ်စုနှစ်နဲ့ချီလက်တွဲလာကြတဲ့ အိမ်ထောင်ဖက်တွေဟာ သူတို့ရဲ့ပါရမီဖြည့်ဖက်အစစ်အမှန် စ်ပါ့မလား။ဘဝရဲ့ ကျန်ရှိတဲ့သက်တမ်းကို မှန်ကန်တဲ့ဆုံးဖြတ်ချက်ချပြီး မှန်ကန်တဲ့သူကို ရွေးချယ်နိုင်မှာလား။မြင်နေကျ ဆယ်ကျော်သက်လူငယ်ရဲ့ ဆူလွယ်ပွယ်လွယ် အချစ်ဇာတ်လမ်းတွေလိုမဟုတ်ပဲ သက်ကြီးပိုင်းတွေရဲ့ တည်ငြိမ်တဲ့အချစ်ပုံပြင်တွေကို ကြည့်ရမှာဖြစ်တာကြောင့် အမြင်ဆန်းနေမှာတော့ အသေအချာပါပဲ ။မောင်နှမသုံးယောက်အဖြစ် ဂျူလီယာနာ မာဂျူလီးစ်, အက်ဒ်ဝဒ်ဘန်းစ်နဲ့ ဂရက်ချန်မောတို့က သရုပ်ဆောင်ထားကြပြီး Deadpool မင်းသမီး မိုရီနာဘက်ကာရင်နဲ့Conjuring မင်းသား ပက်ထရစ်ဝီလ်ဆန်တို့ကလည်း ပါဝင်အားဖြည့်ထားပါတယ်။မောင်နှမသုံးယောက်ရဲ့ မတူညီတဲ့အချစ်ဇာတ်လမ်းသုံးပုဒ်ကို ဇာတ်လမ်းအတက်အကျညီညီနဲ့ ငြိမ့်ငြိမ့်လေးစီးမျောရင်း ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ File size…1.1 GB / 584 MB Quality…WEB DL 1080p HEVC ...
movie

Millers in Marriage (2025)

Manchester by the Sea (2016) 7.8
Manchester by the Sea (2016)   Manchester by the Sea (2016)IMDb Rating (7.8) / Rotten Tomatoes (96%) အခုတစ်ခါတော့ အားလုံးစောင့်မျှော်နေကြတဲ့ အောစကာဇကာာတင်စာရင်းမှာ ဝင်ခဲ့ပြီးအကောင်းဆုံးဇာတ်ကားဆုကိုဆွတ်ခူးရရှိထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ဒီဇာတ်ကားမှာဆိုရင် လီချန်ဒလာ အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသားကြီး Casey Affleck ဟာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။ဇာတ်ကားဟာလဲ တခြား ရုပ်ရှင်ဆုပေါင်း ၁၂၈ ဆု နဲ့၂ ၅၉ ကြိမ်ထိ ဇကာတင်စာရင်းမှာဝင်ခဲ့ပါတယ်။ဒီဇာတ်ကားလေးက သာမန်ဒရာမာကားတွေထက်ပိုပြီးတော့ တူဖြစ်သူနဲ့ ဦးလေးကြားဆက်ဆံရေးဦးလေးဖြစ်သူ လီ နဲ့ အတိတ်က အကြောင်းအရာတွေအိမ်ထောင်ရေး ပြသနာတွေ၊အစ်ကိုဖြစ်သူသေဆုံးမှုကြောင့် ဝမ်းနည်းမှုကြားက ကိုယ့်ကိုကိုယ်လမ်းပျောက်နေသူတစ်ဦး၏တရားဥပဒေအရတူဖြစ်သူကိုထိန်းသိမ်းစောင့်ရှောက်ခွင့်အပ်နှင်းခံရသူတယောက်ရဲ့အကြပ်အတည်းတွေနဲ့နေ့စဉ်တွေ့ကြုံနေကြလူနေမှု ဘဝတွေကိုပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ လီချန်ဒလာဟာ ဘောစတွန်မြို့မှာ တိုက်လေးတိုက်ကို ပြုပြင်ထိန်းသိမ်းရေး တာဝန်ကိုယူရသူတစ်ဦးဖြစ်ပြီးသူ့ရဲ့ မူရင်းဇာတိဖြစ်တဲ့မန်ချက်စတာမြို့ကနေ အကြောင်းတစ်ခုကြောင့်လာရောက်ဇာတ်မြှုပ်နေထိုင်နေသူတစ်ဦးဖြစ်ပါတယ်။ဒီလိုနဲ့တနေ့မှာ လီ ရဲ့ အစ်ကို ဂျိုးချန်ဒလာနှလုံး ရောဂါဖောက်ပြီး မထင်မှတ်ပဲ ကွယ်လွန်သွားခဲ့ပါတယ်။အစ်ကိုဖြစ်သူကွယ်လွန်သွားခဲ့တဲ့အခါမှ တူဖြစ်သူ ၁၆နှစ်သားပက်ထရစ်ဟာ ဦးလေးဖြစ်သူ ...
movie

Manchester by the Sea (2016)

2016
4K HEVC
The Invisibles (2024) 6.7
The Invisibles (2024)  လက်ရှိအသက်ရှင်နေထိုင်နေရတဲ့ဘ၀ကို ပိုတန်ဖိုးထားတတ်သွား‌အောင်ပညာပေးသွားမဲ့ ဒရာမာဇာတ်လမ်းကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ The Invisibles ဖြစ်ပြီးလက်ရှိ IMDb Rating 6.7 အထိရရှိထားပါတယ်။ဇာတ်ကားနာမည်လေးအတိုင်း ကိုယ်ပျောက်လူသားတွေအကြောင်းတွေ့ရမှာဖြစ်ပြီးဒရာမာဆိုပေမဲ့စိတ်ဝင်စားစရာကောင်းအောင်ဆွဲဆောင်နိုင်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ချာလီဆိုတဲ့လူက အာမခံကုမ္ပဏီဝန်ထမ်းဖြစ်ပြီး သူ့ရဲ့ဘ၀ကြီးကထူးထူးခြားခြားတော့မရှိပါဘူး။အလုပ်သွားအလုပ်ပြန် မိန်းမနဲ့စကားနည်းနည်းပါးပါးပြောနဲ့ရိုးရှင်းတဲ့ဘ၀ပါပဲ။ဒါပေမယ့်တစ်နေ့မှာတော့ အဲ့ဒီအရာတွေ အားလုံးကပြောင်းလဲသွားပါတော့တယ်။ဘာဖြစ်လို့လဲဆိုတော့ သူမနက်နိုးလာတဲ့အချိန်မှာသူ့ကိုသူ့မိန်းမကမမြင်ရတော့လို့ပါပဲ။စကားတွေအကျယ်ကြီးအော်ပြော လက်ဟန်ခြေဟန်တွေပြနေပေမဲ့လည်း ဘာမှမထူးခြားလာပါဘူး။ဒီလိုနဲ့သိပ်မကြာခင်မှာပဲသူကဒီလောကကြီးနဲ့မသက်ဆိုင်တော့တဲ့ လူသားတွေမမြင်ရတော့တဲ့ ကိုယ်ပျောက်လူသားတစ်ယောက်ဖြစ်နေပြီဆိုတာကို သိလိုက်ရပါတော့တယ်။ကံကောင်းချင်တော့သူ့လိုတခြားလူတွေနဲ့တွေ့ခဲ့ရပြီး ဘာတွေဖြစ်နေတယ်ဆိုတာကိုတဖြည်းဖြည်းအဖြေရှာရင်းနဲ့ သူ့မိန်းမရှိတဲ့တကယ့်လူ့လောကအစစ်ထဲကို ပြန်သွားဖို့ကြိုးစားပုံတွေကိုတွေ့ရမှာဖြစ်ပါတယ်။ File size…1.07GB / 658MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 51m Genre ….. Fantasy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Invisibles (2024)

The Shape of Things (2003) 6.6
The Shape of Things (2003)  ဒီရုပ်ရှင်က နားလည်ရခက်တဲ့ မိန်းမတွေထက် ပိုနားလည်ရခက်တဲ့ Artist တွေအကြောင်းပါ။တချို့လူတွေဟာ အချစ်မှာနစ်မြောသွားတဲ့အခါ ထိုလူပြုသမျှနုပြီး ထိုလူအကြိုက်လိုက်ကာ မိမိမဟုတ်တဲ့လူတစ်ယောက်အသွင်ကို ပြောင်းလဲနေထိုင်ရင်း ကိုယ့်ရဲ့ပင်ကိုယ်ဇာတိကိုပါပျောက်ရှရတတ်ပါတယ်။ လူတစ်ယောက်ကို အဲ့လိုလုပ်နိုင်ဖို့က အချစ်၊ ဂရုစိုက်မှုတွေနဲ့ အဲ့လူရဲ့အားနည်းချက်ကို ကောင်းကောင်းနားလည်ပြီးအသုံးချနိုင်ဖို့လိုအပ်ပါတယ်။ဒီလူဟာ ဖယောင်းလိုအပူပေးရုံနဲ့ ပြောင်းလဲလို့ရသူလား၊ ဒါမှမဟုတ် ရွံ့စေးလို ဖဲ့ထုတ်ဖြုတ်ဆက်ဖို့လိုအပ်သေးလား ဆိုတာကို ကြည့်တတ်မြငါတတ်ရပါမယ်။ ဒီဇာတ်လမ်းလေးကတော့ ချစ်သူအတွက်ဆို ဘာမဆိုပြောင်းလဲပေးနိုင်တဲ့ ကောင်လေးနဲ့ သူ့ကို အသုံးချပြီး "သက်ရှိလူသားရုပ်တု"တစ်ရုပ်လို ပြုပြင်ပြောင်းလဲဖို့ ချဉ္းကပ်လာခဲ့တဲ့ နားလည်ရခက်တဲ့ artist ကောင်မလေး တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။တချို့ စကားအသုံးအနှုန်းတွေက ကြမ်းတမ်းတဲ့အတွက် ရုပ်ရှင်ကိုတော့ ၁၈+ Rating ပေးထားပါတယ်။T Hmue မှ ဘာသာပြန်အညွှန်းရေးသည်။ File size…(1.9 GB)/(960 Mb) Quality….Web-DL 1080p / 720p Format… mp4 Duration…. 01:66:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle ...
movie

The Shape of Things (2003)

3:10 to Yuma (2007) 7.7
3:10 to Yuma (2007)   ၂၀၀၇ ခုနှစ်ကထွက်ရှိထားပြီး IMDb 7.7 ရထားတဲ့ ခပ်လန်းလန်း Cowboy ကားလေးတစ်ကားကို တင်ဆက်ပေး လိုက်ပါတယ်Walk The Line ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ James Mangold က ရိုက်ကူးခဲ့တာဖြစ်ပြီး ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့ Russell Crowe, Christian Bale တို့ပဲ ဖြစ်ပါတယ်။ဒီကားလေးက အော်စကာ ဆု၂ဆု အတွက်နာမည်စာရင်းပါခဲ့ပြီး တခြား ရုပ်ရှင်ဆု ၃ ဆုနဲ့ ဆုပေါင်း ၃၀ ရရှိခဲ့ပါတ်ယခပ်ကြမ်းကြမ်း အက်ရှင်ကားလေး ဖြစ်တာမို့ Cowboy ပရိတ်သတ်တွေအနေနဲ့ကတော့ လက်လွတ်မခံသင့်တဲ့ကားလေးပါဗျဇာတ်လမ်းအကျဉ်းလေးကတော့ Rancher Dan Evans ဟာသူ့ ရဲ့မြေယာပြသနာအတွက် Bisbee ကိုလာခဲ့ပြီး မထင်မှတ်ဘဲ Ben Wade ဦးဆောင်တဲ့ ဓားပြမူ နဲ့ကြုံလိုက်ရပါတယ် သိပ်မကြာခင်မှာပဲ Wade ဟာ အဖမ်းခံလိုက် ရပြီး Wade ကို ...
movie

3:10 to Yuma (2007)

2007
True Story (2015) 6.3
True Story (2015)  127 Hours တို့ Rise of the Planet of the Apes တို့လိုမျိုးနာမည်ကြီးရုပ်ရှင်တွေရဲ့မင်းသားဖြစ်ခဲ့တဲ့ James Franco နဲ့နာမည်ကြီးဟာသရုပ်ရှင်မင်းသားကြီး Jonah Hill တို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2015 ကထွက်ရှိခဲ့တဲ့နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား True Story ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကို ကြားကတည်းက ထူးထူးဆန်းဆန်းဖြစ်ရပ်မှန် ဇာတ်လမ်းဆိုတဲ့အတိုင်း နယူးယောက်တိုင်းမ်သတင်းစာက သတင်းထောက် မိုက်ကယ်ဖင်ကယ်နဲ့သူ့နာမည်ကို ယူသုံးခဲ့တဲ့ခရစ်ယာန်လွန်ဂိုဆိုတဲ့ လူသတ်သမားတို့ကြားကဖြစ်ရပ်မှန် အကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။IMDb Rating 6.3 ရရှိထားပြီး ကြည့်ရှုသူကို ဇာတ်ကားအစကနေအဆုံးအထိ ဆွဲငင်ညှို့ယူထားနိုင်မဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။မိုက်ကယ်ဖင်ကယ်ဆိုတဲ့ သတင်းထောက်တစ်ယောက်က ခရီးဝေးတွေသွားပြီး သတင်းတွေလိုက်ယူကာ သတင်းရေးတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပါတယ်။သူရေးတဲ့ သတင်းဆောင်းပါးတွေကလက်ရာကောင်းမွန်ပြီးတော့ သေသပ်တဲ့အတွက် သူ့အနေအထားနဲ့သူတစ်နေရာတော့ ရောက်နေတဲ့ သတင်းထောက်တစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာအမှားတစ်ခုကြောင့် အလုပ်ပြုတ်ခဲ့ပြီး ရှေ့ဆက်ဘာလုပ်ရမလဲ မသိဘဲလမ်းပျောက်နေပါတော့တယ်။အဲ့ဒီအချိန်မှာ ကိုယ့်မိသားစု တစ်ခုလုံးကိုသတ်ခဲ့တဲ့လူသတ်သမားတစ်ယောက်က သူ့နာမည်ကိုယူသုံးခဲ့တယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာ အဲ့ဒီလူသတ်သမားနဲ့ ကိုယ်တိုင်သွားတွေ့ခဲ့ပါတယ်။သူတို့နှစ်ယောက် စကားပြောပြီးတဲ့ ...
movie

True Story (2015)

Palm Trees and Power Lines (2022) 6.5
Palm Trees and Power Lines (2022) Palms tree and Power Line (2022)Rotten Tomatoes 90%, IMDb Rating 6.7 ရရှိထားတဲ့ ၂၀၂၂ ခုနှစ်ထွက် ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။၁၈+ကားလိုမျိုးမဟုတ်ပေမယ့် မိသားစုနဲ့အတူ မကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ ပါဝင်ကြောင်း ကြိုပြီး သတိပေးလိုက်ချင်ပါတယ်။လီယာဟာ အိမ်ထောင်ကွဲနေတဲ့ အမေဖြစ်သူနဲ့ အတူနေထိုင်တဲ အထက်တန်းကျောင်းသူတစ်ယောက်ပါ။ အမေဖြစ်သူရဲ့ ရည်းစားများမှု ပြဿနာကြောင့် အိမ်မှာနေထိုင်ရတာလည်း အဆင်မပြေလှဘူးဖြစ်နေပါတယ်။ ဒီလိုနဲ့ နွေရာသီတစ်ခုမှာတော့ လီယာဟာ သူ့သူငယ်ချင်းတွေ၊ သူ့အမေနဲ့ ကင်းကွာသလိုဖြစ်ပြီးတော့ တွမ် ဆိုတဲ့ အသက် ၃၀ ကျော် လူတစ်ယောက်နဲ့ ဆုံစည်းဖြစ်ပါတယ်။ လီယာလည်း သူ့အဆင်မပြေမှုတွေရဲ့ ထွက်ပေါက်အဖြစ် တွမ် ကို အသုံးပြုပါတော့တယ်။ ဒါပေမယ့် နောက်ကြောင်းကိုလည်း ရှင်းရှင်းမသိရတဲ့ တွမ်ဟာ အသက် ၁၇ နှစ်အရွယ် လီယာကို ဘာကြောင့် ချဉ်းကပ်ရတာလဲ၊ သူ့မှာ ဘာရည်ရွယ်ချက်တွေ ရှိနေမလဲဆိုတာ အများကြီး မညွှန်းတော့ဘဲ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ခံစားလိုက်ပါဦး။အညွှန်း ...
movie

Palm Trees and Power Lines (2022)

2022
A Family Man (2016) 7
A Family Man (2016) A Family Man (2016)********************အဓိကဇာတ်ဆောင်အဖြစ် မင်းသားကြီး Gerard Butler ကသရုပ်ဆောင်ထားပြီးWilliam Dafoe၊ Alfred Molina၊ Alison Brie၊ Gretchen Molစတဲ့ ပရိသတ်နဲ့ရင်းနီးပြီးသားသရုပ်ဆောင်တွေချည်းပါပဲ။ဇာတ်လမ်းလေးကတော့Head-hunter ဆိုတာ ကုမ္ပဏီတွေအတွက်လူသစ်ရှာဖွေရေးဝန်ဆောင်မှုလုပ်ရင်း အလုပ်ဖြစ်ရင်၊ပွဲဖြစ်ရင် ကုမ္ပဏီဘက်ကနေ ဝန်ဆောင်ခရတဲ့ အလုပ်ကိုမျိုးကို ပွဲစားလိုလုပ်တဲ့ အလုပ်ပွဲစားတွေပေါ့။အလုပ်လုပ်ဖို့ကလည်း စားပွဲတစ်လုံး ဖုန်းတစ်လုံး ထိုင်ခုံတစ်ခု လူတစ်ယောက်ပဲ လိုပါတယ်။ကလိမ်ကကျစ်ကျတတ်ဖို့၊ ကွက်ကျော်ရိုက်တတ်ဖို့ ၊လိမ်လည်တတ်ဖို့ကတော့ အဆစ်ပေါ့ဗျာ။သူဌေးဖြစ်သူကိုယ်တိုင်က အလုပ်မဖြစ်တဲ့ အလုပ်ပွဲစားတွေကို အလုပ်ဖြုတ်တဲ့စနစ်၊ရာထူးတိုးချင်ရင်လည်း လအလိုက်အပြိုင်အဆိုင် ငွေရှာခိုင်း၊ နိုင်တဲ့သူမှ ရာထူးတိုးပေးတဲ့စနစ်ကိုပဲသွေးအေးအေးကျင့်သုံးတဲ့သူပေါ့။ဘယ်လောက်တောင်ဆိုးလဲဆိုရင် အလုပ်ထွက်သွားတဲ့သူတွေ သူ့ကိုပြန်မတုနိုင်အောင်မယှဥ်ပြိုင်ရသဘောတူညီချက်(non-compete aggreement)တွေထားပြီးကိုယ့်ဆီကအလုပ်ထွက်သွားရင်တောင် ဒီအလုပ်လုပ်လို့မရအောင် ခေါင်းပုံဖြတ်ထားသတဲ့။ဒီအလုပ်ကိုပိုင်နိုင်ကျွမ်းကျင်သလို အရမ်းလည်းအလုပ်ကြိုးစားတဲ့ David Jensenတစ်ယောက်အလုပ်ကိုပဲ မဲလုပ်နေတော့ မိသားစုအပေါ်လစ်လပ်လာတာတွေ၊ သားသမီးကိုဂရုမစိုက်မိတာတွေဖြစ်လာတယ်။ ပိုကံဆိုးချင်တော့ သားဖြစ်သူက သွေးကင်ဆာ ဖြစ်ပြီး သေမလားရှင်မလားဖြစ်အလာ၊အလုပ်ကလည်း အပြိုင်အဆိုင်ဆိုတော့ Dane တစ်ယောက် ဘာ‌တွေဘယ်လို့ရှေ့ဆက်မလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ File Size ...
movie

A Family Man (2016)

2016
Get Carter (2000) 5.1
Get Carter (2000) ဒီတစ်ခါမှာတော့ မင်းသားကြီး စတားလုံးရဲ့ ၂၀၀၀ ခုနှစ်မှာ ထွက်ရှိထားတဲ့ Get Carter ဆိုတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ။ ကာတာဆိုတာကတော့ သူ့မွေးရပ်မြေမြို့လေးကနေ ထွက်ပြီး အကြွေးလိုက်သိမ်းတဲ့ လူမိုက်တစ်ယောက်အဖြစ် လုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ အကြောင်းတစ်ခုကြောင့် သူ့မွေးရပ်မြေကို ပြန်လာခဲ့ပါတယ်။ အဲဒါကတော့ သူ့ညီလေး ရစ်ချီ သေဆုံးသွားခဲ့လို့ပါပဲ။ အကုန်လုံးကတော့ အမူးလွန်ကားမောင်းလို့ သေဆုံးသွားခဲ့ရတယ်လို့ ပြောခဲ့ကြပေမယ့် ကာတာတစ်ယောက်ကတော့ မယုံကြည်ခဲ့ပါဘူး။ ဒီလိုနဲ့ ရစ်ချီ သေဆုံးရတဲ့ အမှုမှန်ကို လိုက်တူးဖော်ရင်း ကာတာတစ်ယောက် သူ့မွေးရပ်မြေလေး‌ နောက်ကွယ်ကအရိပ်မည်းတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတော့တယ်။ File size…(2GB) / (1017MB) / (634MBMB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:42:00 Genre...Action / Crime / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chuck
movie

Get Carter (2000)

Donnie Brasco (1997)
Donnie Brasco (1997) IMDb Rating(7.7) / Rotten Tomatoes (88%)ကပ္ပတိန်ဂျက်စပဲရိုးဇာတ်ရုပ်နဲ့အထူးတလည်မိတ်ဆက်ပေးစရာမလိုအောင် နာမည်ကြီးလှတဲ့ Johnny Depp နဲ့ အော်စကာလျာထားစာရင်းကိုးကြိမ်ဝင်ခဲ့ပြီး တစ်ကြိမ်ရရှိ၊ ရွှေကမ္ဘာလုံးဆု ၁၈ ကြိမ်လျာထားခံခဲ့ရပြီး (လေးဆုရရှိ)ခဲ့၊ BAFTA , Emmy Eward စတဲ့ဆုပေါင်းမြောက်များစွာပိုင်ရှင် မင်းသားကြီး Al Pacino (Godfather Trilogy) တို့က အဓိကဇာတ်ဆောင်နှစ်ဦးအဖြစ်ပါဝင်ထားပါတယ်။ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီးတော့ အကောင်းဆုံး Gangster ရုပ်ရှင်တွေ၊ Organized Crime Thrillers တွေအကြောင်းပြောမယ်ဆိုရင်ချန်လှပ်ထားလို့မရတဲ့ အထင်ကရဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။Donnie Brasco ဟာ ၁၉၇၀ ဝန်းကျင်၊ နယူးယောက်ခ်က Bonanno ဒုစရိုက်မိသားစုထဲစိမ့်ဝင်ထောက်လှမ်းခဲ့တဲ့ အက်ဖ်ဘီအိုင် သူလျှိုအေးဂျင့် Pistone (Johnny Depp) ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအလွတ်သဘောအခြေခံထားတာဖြစ်ပါတယ်။ဘရက်စကိုဟာ အရွယ်ရနေပြီဖြစ်တဲ့ မာဖီးယားလက်မရွံ့တစ်ယောက်ဖြစ်တဲ့ Lefty Ruggiero (Al Pacino) ကြီးကိုချဉ်းကပ်ပြီး သူ့ရဲ့ယုံကြည်မှုအားပေးထောက်ခံမှုတွေကိုရအောင်ကြိုးစားရင်းနဲ့ မာဖီးယားဂိုဏ်းထဲကို အတွင်းကျကျနေရာယူနိုင်ခဲ့ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ ဒုစရိုက်သမားဖြစ်ပေမယ့် သူ့အပေါ်တကယ်နှစ်နှစ်ကာကာသံယောဇဉ်ကြီးရှာတဲ့ Lefty နဲ့ညီရင်းအစ်ကိုလို ဆက်ဆံရေးခိုင်မာနက်ရှိုင်းလာခဲ့တဲ့ အလုပ်တာဝန်နဲ့ ကျင့်ဝတ်တွေစောင့်ထိန်းရမယ့် စည်းတွေကြားဗျာများလာတဲ့အခါ...။Action,Crime ...
movie

Donnie Brasco (1997)

False Positive (2021) 4.8
False Positive (2021) False Positive (2021)================IMDb Rating - 4.8/10​ပြီးပြည့်စုံတဲ့သူဆိုတာ လောကမှာမရှိဘူးတဲ့ လူဆိုတာ တစ်ခုမဟုတ်တစ်ခုတော့ လိုအပ်ချက်ရှိနေမှာပါပဲ။ကျွန်တော်တို့က perfect လို့ထင်ထားကြတဲ့သူတွေမှာလည်း ကျွန်တော်တို့မမြင်နိုင်တဲ့ လိုအပ်ချက်လေးတွေရှိနေတတ်တာပဲမလား၊အေဒရီယန်နဲ့လူစီတို့ ဇနီးမောင်နှံလည်းဒီလိုပါပဲ အပေါ်ယံကြည့်ရင်တော့ ပြည့်စုံတဲ့သူတွေလို့ထင်ရပေမယ့်သူတို့နှစ်ယောက် ရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုရှိနေတယ် ဒီပြဿနာကို ဖြေရှင်းဖို့အတွက် လူတစ်ယောက်နဲ့တွေ့ဆုံမိတဲ့အခါ . . . ကံဆိုးခြင်း ကံကောင်းခြင်းစတာတွေက ဇနီးမောင်နှံနှစ်ယောက်ဆီမှာ ဘာတွေဖြစ်လာမလဲ၊Thriller/Horror ဇာတ်လမ်းစောင့်နေသူတွေအတွက် အကြိုက်တွေ့စေနိုင်တဲ့အပြင် မင်းသားကြီး Pierce Brosnanပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားအသစ်လေးမို့ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Amelia မှရေးသားပေးပြီး . ဘာသာပြန်ရေးသားပေးသူများတော့ Amelia, Jerrica, Shwe Pyae, Jo Jo Va တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 32minSubtitle – Myanmar HardsubFormat – Mp4Genre : Horror, ...
movie

False Positive (2021)

2021
The Thirteenth Floor (1999) 7.1
The Thirteenth Floor (1999) ဒီကားကတော့ သိပ္ပံအက်ရှင် ကိုမှ ဒရာမာနဲ့မှုခင်း ခပ်ပါးပါးထည့်ထားတဲ့ဇာတ်လမ်းမျိုးဖြစ်ပြီး အစကနေအဆုံးထိ ဘာဖြစ်မလဲရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရမယ့်ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်း.... ဒေါက်ဂလပ်စ်ဟောဆိုတဲ့ လူငယ်နည်းပညာသမားတစ်ယောက်ဟာ ဟနွန်ဖူလာ ဆိုတဲ့အဖိုးကြီးပိုင်တဲ့ ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိတဲ့ နည်းပညာကုမ္ပဏီကြီးမှာ အလုပ်လုပ်ပါတယ်။ ဒီနည်းပညာကုမ္ပဏီကြီးက လူသားတွေရဲ့စိတ်နဲ့ သူတို့ပရိုဂရမ်သွင်း ဖန်တီးထားတဲ့ဇာတ်ကောင်ပုံရိပ်တွေရဲ့ ပရိုဂရမ်လင့်ခ်ကို ချိတ်ဆက်ဝင်ရောက်ပြီးတော့ လူသားတွေလုပ်တာမှန်သမျှ အကုန်လုပ်လို့ရတဲ့ ပုံရိပ်ယောင်ကမ္ဘာကြီး(simulation)ကို စမ်းသပ်တီထွင်နေတာဖြစ်ပြီး အောင်မြင်လုဆဲဖြစ်နေပါပြီ။ တစ်နေ့မှာတော့ ဒီကုမ္ပဏီကြီးရဲ့ပိုင်ရှင် အဘိုးကြီးဟနွန်ဖူလာဟာ အသတ်ခံလိုက်ရပါတယ်။ ဒါပေမယ့် အဖိုးကြီးက သူအသတ်ခံရမှာကို ထူးဆန်းစွာ ကြိုသိနေခဲ့ပြီး သူဘာကြောင့်အသတ်ခံရလဲဆိုတဲ့ အကြောင်းအရာကို စာတစ်စောင်ရေးပြီး သူဖန်တီးထားတဲ့ ပုံရိပ်ယောင်ကမ္ဘာ(simulation)ထဲမှာ ထားခဲ့တဲ့အကြောင်း သူ့တပည့် ဒေါက်ဂလပ်စ်ဟောကို voice messageပို့ထားခဲ့ပါတယ်။ ထူးဆန်းတာက ဒေါက်ဂလပ်စ်ဟော ကိုယ်တိုင်ကလဲ အဖိုးကြီး အသတ်ခံခဲ့ရတဲ့ည ရဲ့နောက်တစ်မနက်မှာပဲ သွေးတွေပေနဲ့တဲ့ သူ့အင်္ကျီကို တွေ့ရပြီး ညကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကို လုံးဝမမှတ်မိတော့ပါဘူး။ ရဲတွေကလဲ ဒေါက်ဂလပ်စ်ဟာ ကုမ္ပဏီကိုဦးစီးချင်လို့ အဖိုးကြီးကိုသတ်လိုက်တာလို့သံသယဝင်လာကြတာကြောင့် သူကိုယ်တိုင်လဲဇဝေဇဝာဖြစ်နေတဲ့ ဒေါက်ဂလပ်စ်ဟာ အကြောင်းရင်းအမှန်ကိုသိရဖို့ ပုံရိပ်ယောင်ကမ္ဘာထဲကိုဝင်ပြီး အဖိုးကြီးထားခဲ့တဲ့ စာကိုရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ့အချိန်မှာပဲ အရင်ကတစ်ခါမှ ရှိတယ်လို့မကြားဖူးတဲ့ အဖိုးကြီးရဲ့ သမီးဂျိန်းဖူလာကလဲ ပြင်သစ်ကနေရောက်လာတဲ့အခါ...... ဒါကတော့ ဒီဇာတ်လမ်းရဲ့ အစပိုင်းအကျဉ်းဖြစ်ပြီးတော့ အဘိုးကြီးကို ဘယ်သူသတ်တာလဲ ဘာကြောင့်သတ်ရတာလဲဆိုတာတွေကို တွေးထင်မထားတဲ့ရှုထောင့်တွေကနေ ကြည့်ရမှာပါ။ ဇာတ်အိမ်က တော်တော်လေးကို ကျယ်ပြန့်ကောင်းမွန်ပြီး spoilသလိုဖြစ်မှာစိုးလို့ အများကြီးမပြောတော့ပါဘူး။ science fiction, crime thriller ဇာတ်လမ်းအမျိုးစားကိုကြိုက်တတ်သူတွေ, ဇာတ်လမ်းအမျိုးအစားမရွေးပဲ ဇာတ်အိမ်ကောင်းရင် ကြည့်တတ်တဲ့လူတွေအတွက်တော့ downမိလို့နောင်တမရစေမယ့် ကားမျိုးဖြစ်ပါတယ်။ Translated By : Kaung Khant Win Encoded By ...
movie

The Thirteenth Floor (1999)

1999
Rounders(1998) 7.3
Rounders(1998) Rounders(1998)IMDB...7.3,,,Rotten...65%Rounders ( ကျားများ) ကျား ။ ။ ကံတိုက်​ကစားတဲ့ ဖဲသမား မဟုတ်​ပဲ ဖဲလိမ်​ရိုက်​သူ ဖဲနဲ့ အသက်​​မွေးသူများကို ကျားဟု​ခေါ်သည်​။Ref..မင်​းသိင်္ခ ဆရာသခင်​နဲ့ နှစ်​​ပေါင်​းများစွာ ခင်​ဗျား ဖဲကစားရတာ စိတ်​ဝင်​စားလား...။ ကျွန်​​တော်​​တော့ မကြာမကြာ ဖဲကစား ဖူးတယ်​။Texas Holdem Poker လို့​ခေါ်တဲ့ ဆိုတဲ့ ဖဲကစား နည်​းလည်​း အပါအဝင်​ပါပဲ။ ဒီ ကစားနည်​းကို ကျွန်​​တော်​ ကံ နဲ့ ဆုံးဖြတ်​ချက်​သက်​သက်​လို့ ထင်​ခဲ့ဖူးပါတယ်​... ဒီ ဇာတ်​ကားကို မကြည်​့မိခင်​ အထိ​ပေါ့။ ဖဲလိမ်​ရိုက်​တယ်​ဆိုတာထက်​လူ့စိတ်​ကို ဖတ်​တယ်​ ဆို ပိုမှန်​မလားပဲ။ ဒီထဲမှာ Matt Damon ​ပြောခဲ့သလို ​ပြောခဲ့သလိုပါပဲ ဖဲချပ်​​တွေကို ကစားတာ မဟုတ်​ပါဘူး လူ​တွေရဲ့ စိတ်​ကို ကစားလိုက်​တာပါ။ ဖဲတစ်​ချပ်​​ဝေတိုင်​းမှာ ဆုံးဖြတ်​မှုတစ်​ခု လုပ်​ရတယ်​။ ဆက်​လိုက်​မလား အရှုံး​ပေးလိုက်​မလား​လောင်​း​ကြေးမြှင်​့မလား ...
movie

Rounders(1998)

1998
Laggies (2014) 6.4
Laggies (2014) IMDb (6.4/10) / Rotten Tomatoes (66%)2014 ခုနှစ်ထွက် Comedy, Drama, Romance ဇာတ်ကားလေးပါ။ဇာတ်လမ်းအကြောင်းတော့ ကျွန်တော်သိပ်မသိပါဘူး။ကျွန်တော့်အသည်းလေးတွေဖြစ်တဲ့ မင်းသမီး Keira Knightley နဲ့ Chloë Grace Moretz တို့ပါတာပဲ သိပါတယ်..ငိငိ။Comedy ဇာတ်ကားလေးဆိုတော့ မင်းသမီးလေးတွေရဲ့ ချစ်စဖွယ်အမူအရာလေးတွေနဲ့ ပေါ့ပေါ့ပါးပါး မျောသွားမယ့် မြစ်တစ်စင်းပေါ့...။ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဆရာမ နိုင်းနိုင်းစနေရဲ့ ကောက်နှုတ်ချက်နဲ့ မိတ်ဆက်ပေးခဲ့ချင်ပါတယ်။" တံခါးတိုင်းက သော့ခတ်ထားတာတော့ မဟုတ်ပါဘူး။ တချို့တံခါးတွေက တွန်းကြည့်လိုက်ရုံနဲ့ ပွင့်သွားပါလိမ့်တယ်။Not all closed doors are locked; give it a push, and it might just open.Laggies-2014 ဇာတ်ကားမှ***** တစ်ခါတလေ တစ်ခုခုကိုမလုပ်ခင် ကျွန်မတို့ဟာ အများကြီးကြိုတွေးလေ့ရှိကြတယ်။ တွေးပြီး ဖြစ်မှဖြစ်ပါမလားဆိုတဲ့ ကြောက်စိတ်၊ စိုးရိမ်စိတ်တွေ၊ တွန့်ဆုတ်စိတ်တွေဖြစ်မိတတ်တယ်။ တကယ်တမ်း လက်တွေ့လုပ်လိုက်ကြည့်တဲ့အခါ ...
movie

Laggies (2014)

2014