Channel Myanmar

Greg Kinnear

Off the Grid (2025) 4.3
Off the Grid (2025)  Off the Grid (2025)အမေရိကန်နဲ့ အီတလီ ပူးပေါင်းရိုက်ထားတဲ့ အက်ရှင်သည်းထိတ်ရင်ဖိုကားတစ်ကားပါ။ ဒါရိုက်တာ Johnny Martin က ရိုက်ထားပြီး ဇာတ်ညွှန်းကို James Agnew က ရေးထားတယ်။အဓိကသရုပ်ဆောင်တွေကတော့ Josh Duhamel၊ Greg Kinnear၊ Peter Stormare နဲ့ María Elisa Camargo တို့ပဲ။ဇာတ်လမ်းက Guy ဆိုတဲ့ သိပ္ပံပညာရှင်တစ်ယောက်အကြောင်း ဗဟိုပြုထားတယ်။သူက လက်ဖဝါးအရွယ်လောက်ပဲရှိတဲ့ စွမ်းအင်ထုတ်လုပ်နိုင်တဲ့ နည်းပညာတစ်ခုကို ဖန်တီးလိုက်ပေမယ့် ဒါကို Belcor Enterprises ဆိုတဲ့ ကုမ္ပဏီက လက်နက်အဖြစ် အသုံးပြုဖို့ ကြံစည်တယ်။Guy က ဒီလိုဖြစ်မလာအောင် သူ့ရဲ့သုတေသနတွေကို ယူပြီး ထွက်ပြေးသွားတယ်။ ပြီးတော့ တင်နက်ဆီပြည်နယ်ရဲ့ တောထဲမှာ လူသူကင်းတဲ့ ဘဝတစ်ခုကို စတင်နေထိုင်ရင်း ဘယ်သူနဲ့မှ သိပ်မရောနှောပဲ ...
movie

Off the Grid (2025)

2025
4K HEVC
What Planet Are You From? (2000)
What Planet Are You From? (2000) IMDb 5.6/10 RT - 41% R-rated ဇာတ်လမ်းကတော့ အဆင့်မြင့်နည်းပညာကို ပိုင်ဆိုင်ထားတဲ့ လူတူဂြိုလ်တစ်ခုမှာ စတင်ပါတယ်။ ဂြိုလ်သားတွေက ‌ယောက်ျားတွေချည်းဖြစ်သလို ခံစားချက်လည်းမရှိ၊ ဖွားဖက်တော်လည်း သေးကျုံ့ပျောက်ကွယ်ကုန်လို့ ပုံတူပွားပြီးတော့ပဲ မျိုးပွားကြပါတယ်။ ဂြိုလ်ရဲ့ခေါင်းဆောင်ကြီး (Ben Kingsley)က (ထုံးစံအတိုင်း) ကမ္ဘာကြီးကို အတွင်းလူ‌တွေထည့်ပြီး သိမ်းပိုက်ဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် အကောင်းဆုံးလက်ရွေးစင်တစ်ယောက်ဖြစ်တဲ့ ဟာရိုးလ် (Garry Shandling) အမည်ခံ ဂြိုလ်သားတစ်ယောက်ကို စက်သံမြည်တဲ့ လိင်တန်ဆာတပ်ပြီး ကမ္ဘာမြေပေါ်လွှတ်လိုက်ပါတယ်။ သူ့ရဲ့တာဝန်ကတော့ လူသားအမျိုးသမီးတစ်ယောက်ကို ကိုယ်ဝန်ရအောင်လုပ်ပြီး ကလေးကို ဂြိုလ်ပေါ် ပြန်ခေါ်လာဖို့ပါ။ သူဟာ ဖီးနစ်မြို့ကို ဘဏ်လုပ်ငန်းရှင်အဖြစ် ရောက်လာပြီးတော့ မိန်းမတွေကို လိုက်နူးပါတော့တယ်။ စိတ်ခံစားမှုကလည်း မရှိသလို တစ်ဖက်သားကိုလည်း စာနာတတ်မှုမရှိတဲ့အတွက် သူ့ရဲ့တာဝန်က ထင်သလောက်မလွယ်ဘဲ အခက်တွေ့နေရပါတယ်။ဒါပေမယ့် လက်ထပ်ပြီးမှ လိင်ဆက်ဆံပါမယ်ဆိုတဲ့ ဆူဆန် (Annette Bening)ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ ...
movie

What Planet Are You From? (2000)

Mystery Men (1999)
Mystery Men (1999) IMDbs 6.1/10 Rotten Tomatoes (60%)အူတက်အောင်ခွီချင်ရင် ဒီစူပါဟီးရိုးဟာသကားကြည့်.. ဇာတ်လမ်းအကျဥ်းကတော့ ချန်ပီယံမြို့တော်ကြီးမှာ သိပ်ကို စူပါဟီးရိုးဖြစ်ချင်တဲ့ စူပါဟီးရိုးရူးတစ်သိုက်ရှိကြပါတယ် အမျိုးမျိုးကြိုးစားပေမဲ့ တလွဲတွေချည်းလုပ်တော့ လူတွေရဲ့ စိတ်ဝင်စားအသိမှတ်ပြုခြင်းမခံရတဲ့တစ်သိုက်ပေါ့....တစ်နေ့ ဂန္ဓဝင်လူဆိုးတစ်ယောက်ထောင်ထဲကလွတ်လာပြီး တမြို့လုံးကိုကာကွယ်ပေးလေ့ရှ်ိတဲ့ တကယ့်စူပါဟီးရိုးအစစ်ကလဲ လူဆိုးဆီမှာဖမ်းခံထားရတဲ့အခါ လူရာဝင်ချင်တဲ့ သူတို့တစ်သိုက်ဟာ ချန်ပီယံမြို့တော်ကြီးကို လူဆိုးဖျက်ဆီးမဲ့ရန်က ကာကွယ်ဖို့ ကြိုးစားပါတော့တယ် ဖမ်းခံထားရတဲ့စူပါဟီးရိုးကို သူတ်ို့သွားကယ်တဲ့အခါရော​ ဂန္ဓဝင်လူဆိုးနဲ့ချတဲ့အခါရော အလွဲပေါင်းသောင်းခြောက်ထောင်နဲ့ အူတက်နေအောင်ရယ်ရမဲ့ သိပ္ပံအက်ရှင်ဟာသကားလေးဖြစ်ပါတယ်နော်...File size…(2.3 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Adventure, Fantasy, Action, Comedy, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Shwe Eain Si 
movie

Mystery Men (1999)

We Were Soldiers (2002) 7.2
We Were Soldiers (2002) We Were Soldiers (2002)IMDb Rating (7.2)/ Ritten Tomatoes (63%)အကောင်းဆုံး စစ်ပွဲ‌နောက်ခံ ဇာတ်ကားတွေအကြောင်း ပြောကြတဲ့အခါ မင်းသားကြီး Mel Gibsonရဲ့ We were Soldiers ကလည်း မပါမဖြစ်တဲ့ ဇာတ်ကားတစ်ခုပါပဲ။ ဗီယက်နမ်နဲ့ အမေရိကန်တို့ စစ်မက်ဖြစ်ပွားခဲ့တဲ့ ၁၉၆၅ ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအကြောင်းကို ပြောရရင် စစ်ဗျူဟာတွေ၊ အနိဋ္ဌာရုံတွေဦးစားပေးထားတာမျိုး မဟုတ်ဘဲ အမေရိကန်စစ်သားတွေရဲ့ ဘဝနဲ့ခံစားချက်၊ ခေါင်းဆောင်တစ်ဦးရဲ့တာဝန်နဲ့ ဝတ္တရား‌တွေ၊ အမိမြေမှာကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ ပူဆွေးသောကနဲ့ဂုဏ်ယူစိတ်တွေစတဲ့ စိတ်ခံစားချက်တွေကို အသားပေးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အကောင်းဆုံးစစ်ကားတွေဆိုတာ စစ်ပွဲအကြောင်းထက် စစ်ဆိုတာကို ကြောက်တတ်လာအောင် ဖန်တီးပေးစမြဲဆိုတဲ့ စကားအတိုင်းပဲ ဒီရုပ်ရှင်ကလည်း စစ်ရဲ့ဆိုးရွားပုံတွေကို ထင်ထင်ရှားရှား ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်-ဗီယက်နမ်စစ်ပွဲအတွင်း အမှတ်၇ လေသူရဲတပ်ကို ဦးဆောင်ရတဲ့ ဗိုလ်မှူးဟယ်မိုးနဲ့တပ်ဖွဲ့ဟာ မထင်မှတ်ထားဘဲ ဗီယက်နမ်နိုင်ငံရဲ့စစ်တပ်ကြီးတစ်ခုလုံး အခြေစိုက်ထားတဲ့ နယ်မြေထဲကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပါတယ်။ အဲဒီနေရာကတော့ လွန်ခဲ့တဲ့၁၁နှစ်က ပြင်သစ်စစ်သားတွေ ...
movie

We Were Soldiers (2002)

4K HEVC
The Last Song (2010) 6.0
The Last Song (2010) The Last Song (2010)IMDb Rating (6.0)Miley Cyrus နဲ့ Liam Hemsworth တို့ရဲ့ 2010 တုန်းက ထွက်ခဲ့တဲ့ "The Last Song" ဆိုတဲ့ romantic drama ကားလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်နော်.... ဒီဝတ္ထုကိုတော့ "The Notebook" ," A,Walk To Remember" တို့လို နာမည်ကြီးဝတ္ထုတွေရေးတဲ့ စာရေးဆရာ Nicholas Sparks ကရေးသားခဲ့တာပါတယ်။သူ့ရဲ့ စာအုပ်ကို ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းရာမှာ ပါဝင်ခဲ့ကြတဲ့ Miley ကော Liam ကောဟာ အပြင်ဘဝမှာပါ နှစ်ပေါင်း 10 နှစ်ကျော်ကြာ ဖြတ်သန်းခဲ့တဲ့ ချစ်သူသက်တမ်းတလျှောက် အနိမ့်အမြင့်အခြေအနေတွေ ဖြတ်ကျော်ခဲ့ပြီး သူတို့ရဲ့ ခိုင်မာတဲ့အချစ်တွေနဲ့ ဘဝခရီးလမ်းကိုစိုက်ထူပြီး ရွှေလက်တွဲခဲ့ကြပါတယ်။ဒါကြောင့် စာရေးဆရာက သူတို့ကို ကြည့်ရတာ ပျော်ရွှင်ကြည်နူးစရာကောင်းတာမို့ "ဒါဟာ ငါ့ကို အလွန်ပဲ ပျော်ရွှင်ကြည်နူးစေပါတယ်" ဆိုပြီး ...
movie

The Last Song (2010)

2010
You Gotta Believe (2024) 5.8
You Gotta Believe (2024)  ဒါကတော့ ဒါရိုက်တာ Ty Roberts ရိုက်ကူးထားပြီး မင်းသားကြီးLuke Wilson နဲ့ Greg Kinnear တို့ အဓိကပါဝင်ထားတဲ့ဘေ့စ်ဘောအသင်းတစ်သင်းရဲ့ ဖြစ်ရပ်မှန် အားကစားဇာတ်လမ်းကောင်းပါ All-Stars ဘေ့စ်ဘော့အသင်းဟာ ရာသီပွဲတွေမှာ ရှုံးပွဲတွေဆက်နေခဲ့ပြီး နည်းပြဂျွန်ကလဲ ရှေ့နေအလုပ်နဲ့ပဲ အလုပ်တွေရှုပ်နေခဲ့ပါတယ်။ အသင်းသားတွေဟာလဲ စည်းလုံးမှုမရှိပဲ အချင်းချင်းရန်ဖြစ်နေကြပြီး ရာသီနောက်ဆုံးပွဲကိုပါ ရှုံးနိမ့်သွားပါတော့တယ်။ပြဿနာကိုယ်စီနဲ့ အသင်းသားတွေဟာ ပန်းတိုင်မရှိပဲလမ်းပျောက်နေကြတဲ့ချိန်မှာ နည်းပြဂျွန်က ဘေ့စ်ဘောလူငယ်အသင်းကမ္ဘာ့စီးရီးပြိုင်ပွဲ ဝင်ပြိုင်ဖို့ ကမ်းလှမ်းချက်ရခဲ့ပါတယ်။ငြင်းဖို့ပြင်နေချိန် နည်းပြ‌လဲဖြစ် ကစားသမား ရောဘတ်ရဲ့ အဖေလည်းဖြစ်တဲ့ နည်းပြဘော်ဘီက ကင်ဆာနောက်ဆုံးအဆင့်လို့ သိလိုက်ရတဲ့အခါ.....ပန်းတိုင်ပျောက်နေတဲ့ လူငယ်လေးတွေဖို့ နည်းပြဘော်ဘီအတွက်နိုင်ပွဲယူဖို့က ပန်းတိုင်ဖြစ်လာတဲ့အခါ..... အကောင်းဆုံးသူငယ်ချင်းရဲ့အိပ်မက်တွေဖြစ်လာဖို့ နည်းပြဂျွန်ဟာ မိတ်ဆွေတွေရဲ့အကူအညီနဲ့အသင်းကိုလေ့ကျင့်ပေးပြီး ပြိုင်ပွဲဝင်ဖို့ ဖြစ်လာပါတော့တယ်။All-Starsအသင်းရဲ့ ပြိုင်ပွဲတစ်လျှောက် အတွေ့အကြုံတွေ ၊လူငယ်လေးတွေရဲ့ ရင့်ကျက်လာမှုတွေ တွေ့ရမဲ့အပြင် ကမ္ဘာ့စီးရီးမှာဘယ်အဆင့်ထိ တက်လှမ်းနိုင်မလဲ.....ဘော်ဘီကရော ဘာဆက်ဖြစ်မလဲ......အိပ်မက်အတွက်တိုက်ပွဲနဲ့ ဘဝအတွက်တိုက်ပွဲ နှစ်ခုလုံးမှာအောင်မြင်သွားမလား ရှုံးနိမ့်သွားမလားဆိုတာကိုတော့.....။ File size…(1.71GB) / ...
movie

You Gotta Believe (2024)

Dinner with Friends (2001) 6.1
Dinner with Friends (2001) ၁၉၉၈ ခုနှစ်က ပြဇာတ်ရေးဆရာ Donald Marguliesရဲ့ ပူလစ်ဇာဆုရပြဇာတ်ကို မှီငြိမ်း ရိုက်ကူးထားတာဖြစ်ပါတယ်။အိမ်ထောင်သက်တမ်းလည်း ကြာပြီဖြစ်သလို သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာလည်း ကြာပြီဖြစ်တဲ့အိမ်ထောင်သည်စုံတွဲ (၂) တွဲဖြစ်တဲ့ ဂေ့ဘ် နဲ့ ကယ်ရန်၊ တွမ် နဲ့ဘက် ဟာ ကလေး (၂) ယောက်စီရပြီးချိန်အထိအစားအသောက်ဝေဖန်ရေးဆောင်းပါးရှင် ဂေ့ဘ် နဲ့ ကယ်ရန် တို့ရဲ့ လက်ရာကို မြည်းစမ်းကြရင်းဂေ့ဘ်တို့အိမ်မှာ ညစာပါတီကျင်းပကြတဲ့ အလေ့အထကို နှစ်များစွာကြာအောင် ထိန်းသိမ်းခဲ့ပါတယ်။တစ်ညမှာ ဘက် နဲ့ ကလေး (၂) ယောက်ပဲ ဂေ့ဘ်တို့ရဲ့ ညစာစားပွဲကို ရောက်လာနိုင်ခဲ့ပါတယ်။တွမ်တစ်ယောက် ဒီစီကို သွားနေရတယ်လို့ ဘက်ကပြောပြီး ညစာကို ထုံးစံအတိုင်း အတူတူစားပြီးတဲ့နောက်ဂေ့ဘ်နဲ့ ကယ်ရန်ကလည်း သူတို့ရဲ့ ခရီးစဉ်အကြောင်းကို ရွှန်းရွှန်းဝေအောင် ပြောနေကြပါတယ်။ဘဝကို ပျော်ရွှင်စွာဖြတ်သန်းပြီး စိတ်တူကိုယ်တူပြောဆိုနေကြတဲ့ ဂေ့ဘ် တို့ (၂) ယောက်ကိုကြည့်ပြီးဘက်က မခံစားနိုင်တော့ဘဲ ရင်ဖွင့်လာခဲ့ပါတော့တယ်။ ...
movie

Dinner with Friends (2001)

Ghost Town (2008) 6.7
Ghost Town (2008)  Ghost Town (2008)IMDb Rating (6.7) / Rotten Tomatoes (85%)Ghost Twin ကားလေးဟာဆိုရင် IMDb Rating (6.7)ထိ ရရှိထားတဲ့ ဟာသ၊စိတ်ကူးယဥ် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒေါက်တာ ပင်းကတ် ဟာ သွားဆရာဝန်တစ်ယောက်ဖြစ်ပြီး လူမှုပတ်ဝန်းကျင်မှာလဲ အားလုံးနဲ့ကင်းကင်းရှင်းရှင်းနေလေ့ရှိပြီးနားငြီးမခံနိူင်သော ဇီဇာကြောင်၊ ကပ်စီးနည်း လူပျိုကြီးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့​တော့ ပင်းကတ် ဟာ ကျန်းမာရေးကြောင့် အူမကြီးခွဲစိတ်ဖို့ဖြစ်လာပါတယ်။ဆေးရုံတစ်ခုမှာ ပင်းကတ်ဟာ အူမကြီးခွဲစိတ်ခံနေရင်း ၇မိနစ်သေးဆုံးသွားခဲ့ရာကနေ ပြန်သတိရလာခဲ့ပါတယ်။အဲ့အချိန်ကစပြီး ပင်းကတ်ဟာ ဝိဉာဥ်တွေကို မြင်နိူင်စွမ်းရှိလာပြီး ဝိဉာဥ်တချို့ဟာ သူတို့ မသေခင်ကမပြီးပြတ်ခဲ့တဲ့ ကိစ္စရပ်တွေကို ကူညီပေးဖို့ပြောလာတဲ့အခါမှာတော့...လူမှုဆက်ဆံရေးညံ့တဲ့ ပင်းကတ်တစ်ယောက် ဝိဉာဥ်တွေအကူညီတောင်းတဲ့ကိစ္စတွေကို ကူညီပေးသွားမှာလား ဆိုတာကိုတော့ ဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြည့်လိုက်ပါဦးခင်ဗျာ.....File size…(2.6 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC ...
movie

Ghost Town (2008)

2008
Sight (2024) 6.7
Sight (2024)  အိန္ဒိယနိုင်ငံ ကာလကတ္တားရဲ့အဆင်းရဲဆုံးဆင်ခြေဖုံးရပ်ကွက်လေးမှာမွေးဖွားလာတဲ့ ခြောက်နှစ်သမီးလေးခါဂျာကို မိထွေးက သူတောင်းစားလုပ်ခိုင်းဖို့ ဆာလဖျူရစ်အက်ဆစ်ပူကို မျက်လုံးထဲလောင်းထည့်ပြီးမျက်ကန်းဖြစ်အောင်လုပ်ခဲ့ပါတယ်။တရုတ်ရွှေ့ပြောင်းနေထိုင်သူ၊ နာမည်ကျော်မျက်စိဆရာဝန်တစ်ဦးဖြစ်တဲ့မင်းဝမ်က ခါဂျာလေးမျက်စိပြန်မြင်နိုင်အောင် ကုထုံးသစ်တွေကိုကြိုးစားရှာဖွေပေးခဲ့ပါတယ်။ဇာတိမြေမှာ ယဉ်ကျေးမှုတော်လှန်ရေးကြောင့် အကြမ်းဖက်ထကြွမှုတွေကိုရင်ဆိုင်ခဲ့ရတဲ့မင်းဝမ်ဟာ အတိတ်ကနေလည်း ရုန်းမထွက်နိုင်သေးသူတစ်ယောက်ပါ။ အဲဒီအတိတ်ဟောင်းတွေကပဲ  နောက်ဆုံးမှာ ခါဂျာအတွက်ဒေါက်တာမင်းဝမ်ရှာတွေ့ခဲ့တဲ့ရေမြွှာအမြှေးပါးမျက်ကပ်မှန်ကုထုံးဟာတစ်ကမ္ဘာလုံးကမျက်စိမမြင်ရတဲ့ လူနာပေါင်းသန်းနဲ့ချီကို အမြင်အာရုံပြန်ရစေခဲ့ပါတယ်။ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ Sight ရုပ်ရှင်ဟာ စတင်ပြသပြီးလေးရက်အတွင်းမှာတင် ဝင်ငွေသုံးသန်းနီးပါးရရှိခဲ့တာဖြစ်ပါတယ်။ File size…1.39GB / 743MB Quality…WEB-DL 1080p 5.1CH  / 720p Format…mp4 Duration….1h 43m Genre ….. Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Sight (2024)

Someone Like You…(2001) 6.1
Someone Like You…(2001)  ဇာတ်ဆောင်ဂျိန်းက အသည်းကွဲနေတဲ့ကာလမှာ ယောကျာ်းတွေရဲ့သဘောသဘာဝကိုအဖြေရှာချင်ခဲ့ပါတယ်။ သူရှာဖွေတွေ့ရှိလာတဲ့သီအိုရီတခုကတော့ နွားအသစ်ပါတဲ့။နွားထီးတွေဟာ သူတိုမိတ်လိုက်ပြီးသားနွားမကို ၂ခါပြန်ပြီးမိတ်မလိုက်တတ်ပါဘူးတဲ့။ ယောကျာ်းတွေဟာလည်း နွားထီးတွေလို အသစ်မြင် အဟောင်းမေ့ဗီဇပါတဲ့သတ္တဝါတွေလိုမှတ်ယူလိုက်ပါတော့တယ်။ဂျိန်းကဇာတ်လမ်းအဆုံးထိ နွားသစ်သီအိုရီကိုလက်ခံသွားမလား မှားကြောင်းပြမယ့်လက်တွဲဖော်တွေ့သွားမလား???? ဇာတ်ကားအညွှန်း‌ရေးသူမိမိလည်း ဒီသီအိုရီကိုလက်ခံချင်မိပါတယ်။ လူကြီးမင်းတိုအမြင်မှာရော နွားအသစ်သီအိုရီကိုလက်ခံလား လက်မခံဘူးလား?လက်မခံတဲ့သူတွေကို အားကျလိုက်တာ အချစ်ခံရတဲ့လူသားတွေဖြစ်မယ်ထင်ပါတယ်။ မိမိလည်း နွားသစ်သီအိုရီကမှားကြောင်းပြနိုင်မယ့်သူတွေ့လာမယ်မျှော်လင့်ရင်း အညွှန်းလေးကိုအဆုံးသတ်လိုက်ပါတယ်ရှင့်။ File size…(1.8 GB)/(990 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Inzali
movie

Someone Like You…(2001)

The Present (2024) 5.7
The Present (2024)  ဒီကားလေးကတော့ ကလေးရှိတဲ့ မိဘတိုင်း ကြည့်ကိုကြည့်ရမဲ့ မိသားစု ဇာတ်လမ်းလေးပါEric နဲ့ Jennifer တို့ စုံတွဲဟာ နှင်းကျတဲ့ ညတစ်ညမှာ ပထမဆုံးဒိတ်ကျရင်း စံပြအိမိထောင် တစ်ခုကို ထူထောင်နိုင်ခဲ့ကြပါတယ်။ သူတို့မှာ လိမ္မာတဲ့ သမီးကြီး၊ ရော်ကာ သားလတ်ကလေးနဲ့ စကားမပြော အပြင်မထွက် အသားချင်းမထိချင်တဲ့ သားငယ်လေး Taylor ဆိုပြီး သားသမီး ၃ယောက် ရှိကြပါတယ်။ တစ်နေ့မှာတော့ ကလေးတွေနဲ့ ရင်းနှီးကျွမ်းဝင်မဖြစ်ဘူးလို့ ကိုယ့်ကိုကိုယ် ယူဆထားတဲ့ Eric နဲ့ ကလေး ၃ယောက်မွေးထားလည်း လှနေသေးတဲ့ Jen တို့ဟာ single life ကို ပြန်သွားဖို့ရာ ကွာရှင်းကြမယ်လို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။မိဘ ၂ပါး ကွာရှင်းမှာကို တားနိုင်ဖို့ မိသားစုလေး မပြိုကွဲရဖို့အရေး အောင်နှမ ၃ယောက်ဟာ အချိန် ခရီးသွားတာကို ၈၆ ကြိမ်တောင် ပြုလုပ်ခဲ့ကြပါသတဲ့။ ...
movie

The Present (2024)

Godsend (2004)
Godsend (2004) ပေါလ်နဲ့ ဂျက်စီတို့မှာ အဒမ်ဆိုတဲ့သားလေးတစ်ယောက်ရှိပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာပဲ အဒမ်က အသက် ၈ နှစ်ပြည့်မွေးနေ့ကျင်းပကာ နောက်တစ်ရက်မှာ မတော်တဆတစ်ခုဖြစ်ပြီး ဆုံးပါးသွားပါတော့တယ်။ယူကျုံးမရဖြစ်နေတဲ့ လင်မယားနှစ်ယောက်က သူတို့သားလေးရဲ့ ဆဲလ်ကိုပွားလိုက်ပြီး ချွတ်စွတ်တူတဲ့ ကလုန်းတစ်ယောက်ကို တရားမဝင် ထပ်မံမွေးဖွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ အဒမ် (ကလုန်း) အသက် ၈ နှစ်ပြည့်ပြီး ကျော်လွန်တဲ့ရက်ကစလို့ ကျောင်းမှာရော အိမ်မှာပါ အပြုအမူတွေက အရမ်းကို ဆိုးဝါးလာပါတော့တယ်။သူတို့ သားလေးရဲ့ အမူအကျင့်တွေပြောင်းလဲလာပုံကို လင်မယားနှစ်ယောက် လိုက်လံစုံစမ်းရင်းနဲ့ ဘာတွေကို သိလာရမလဲဆိုတာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအမျိုးအစားက Horror/ Sci-fi ဖြစ်ပြီးတော့ ကလုန်းဖန်တီးပေးတဲ့ ဆရာဝန်ကြီးအဖြစ် Robert De Niro က အဓိကဇာတ်ဆောင်တစ်ဦးနေရာက ပါဝင်ထားပါသေးတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။File size…(1.6 GB)/(670 ...
movie

Godsend (2004)

Unknown (2006) 6.4
Unknown (2006) Unknown 2006 (IMDB 6.4/10)Thriller ကားကောင်းတွေ ကြိုက်နှစ်သက်တဲ့ CM ပရိသတ်တွေအတွက် ဇာတ်လမ်းတစ်ခုလုံးဘာဖြစ်နေမှန်း သေချာမသိရဘဲ အဆုံးသတ်မှ အထုပ်ဖြေပြတဲ့ The Usual Suspects တို့ Seven တို့လို အထာနဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်ဟိုကားတွေလို rating တွေပျံလန်နေပြီး မာစတာပိစ်တွေ မဟုတ်ပေမဲ့ သူ့တန်းသူ့ဘောင်နဲ့တော့ plot twist ဘာညာကတော့ ဟာဟင်ဖြစ်လောက်စရာပါပဲဇာတ်လမ်းအကျဉ်းကတော့ ဂိုဒေါင်တစ်ခုထဲမှာ လူငါးယောက်က သတိမေ့နေရာကနေ ရှေ့ဆင့်နောက်ဆင့်နိုးလာပြီးတော့အတိတ်ပါမေ့နေပါတယ် သူတို့ထဲက တစ်ယောက်ကတော့ သေနတ်နဲ့ဖြစ်ပြီး ကျန်တဲ့သူတွေက အဖမ်းခံထားရသူတွေရော ဒဏ်ရာရထားသူတွေရော စုံနေတာပါပဲ ဂိုဒေါင်ကြီးကလဲ အလုံပိတ် အားလုံးကလဲ ကိုယ့်ကိုယ်ကိုဘာဖြစ်နေမှန်း မမှတ်မိတဲ့အခါမှာ အစအဆုံး ပရိသတ်ကိုယ်တိုင်ပဲ အဖြေရှာကြည့်လိုက်ပါလို့….. ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Mystery Quality…. 1080p | 720p File size… 1.2GB | 557MB Format… mp4 Duration…. ...
movie

Unknown (2006)

2006
Baby Mama (2008) 6.0
Baby Mama (2008) ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါးနဲ့ chillရင်းကြည့်လို့ရမယ့်comedyကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီဇာတ်လမ်းမှာ ကိတ်အဖြစ် သရုပ်ဆောင်ထားတဲ့ Tina Feyကိုတော့Mean Girlsဇာတ်ကားကနေတစ်ဆင့် လူသိများကြမယ်ထင်ပါတယ်။အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ကိတ်ဟိုးလ်ဘရွတ်ခ်ဟာ သူ့ဘဝတစ်လျှောက်လုံး ပိုက်ဆံရှာဖို့ကိုပဲရှေ့တန်းတင်ခဲ့တဲ့ ဇီဇာကြောင် အပျိုကြီးတစ်ယောက်ပါ။ အသက် ၃၇နစ်ဖြစ်လာပြီးနောက်ပိုင်းမှာတော့ ကိတ်တစ်ယောက်ကလေးလိုချင်တဲ့ ရောဂါထပါတော့တယ်။ ဒါပေမယ့် ကိတ်မှာ ရည်းစားလည်းမရှိသလို ကံမကောင်းစွာနဲ့သူ့ရဲ့ သားဥတွေကပါ မျိုးမအောင်နိုင်တဲ့ ပြဿနာဖြစ်နေတာကို သိရှိလိုက်ရပါတယ်။ ဒီလိုနဲ့ ကြံရာမရတဲ့အဆုံး ကိတ်တစ်ယောက်အငှားကိုယ်ဝန်ဆောင်စနစ်ကိုသုံးပြီးကလေးယူဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အငှားကိုယ်ဝန်ဆောင်လုပ်ငန်းကနေတစ်ဆင့်ရရှိခဲ့တဲ့ အငှားအမေကတော့ ပြာကလူးဆန်ကောင်မလေးတစ်ယောက်ဖြစ်တဲ့ အန်ဂျီပါ။ အန်ဂျီရဲ့ဗိုက်ထဲကို ကိုယ်ဝန်ထည့်သွင်းမှုအောင်မြင်တယ်လို့သိလိုက်ရတဲ့အခါမှာတော့ ကိတ်တစ်ယောက် ကလေးအတွက်စိတ်တိုင်းကျပြင်ဆင်ပါတော့တယ်။ ဒါပေမယ့် ပြဿနာတစ်ခုဖြစ်လာတာကတော့ကိတ်နဲ့ အန်ဂျီတို့ရဲ့ ဘဝနေထိုင်မှုပုံစံတွေဟာ ပြောင်းပြန်ဖြစ်နေတာပါပဲ။ဒီလိုနဲ့ အရာရာကို စိတ်တိုင်းကျထိန်းချုပ်ချင်တဲ့ ကိတ်ဟာမိန်းမဆိုးလေး အန်ဂျီကို ထိန်းကျောင်းဖို့ အခက်တွေ့လာပါတော့တယ်။ဒါကြောင့် ဒီကိုယ်ဝန်ဆောင်ကာလကို ကိတ်နဲ့ အန်ဂျီတို့ဘယ်လိုအလွဲအမှားတွေ အရွဲ့အစောင်းတွေလုပ်ကြရင်းနဲ့ ဖြတ်သန်းကြမလဲဆိုတာကိုရယ်မောပျော်ရွှင်ဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဗျာ။  File size…   1.9 GB /   934 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

Baby Mama (2008)

2008
Thin Ice (2011) 6.2
Thin Ice (2011)  IMDB - 6.2 , Rotten Tomatoes - 70 %ဇာတ်ညွှန်းတောင်သိပ်ဖတ်မနေပဲ ဒေါင်းကြည့်လိုက်ပါလို့ ပြောလိုက်ချင်ပါတယ်။ရှည်ရှည်ဝေးဝေးမပြောတော့ဘူး။ ဇာတ်လမ်းအကျဉ်းကတော့မက်ကီက လိုင်စင်ရအာမခံ အရောင်းသမားတစ်ယောက်ပါ။ဒီနှစ် အာရူဘာကိုအပန်းဖြေခရီးထွက်ရမယ့် ပထမဆုကို ကုမ္ပဏီကပေးမယ့်အတွက်ဒီဆုရရေး သူ့အရေးဖြစ်နေပါတယ်။ တစ်နေ့ ဟိုတယ်မှာ သူဟောပြောပွဲလုပ်ပြီးနောက်မှာသူ့ဟောပြောပွဲကိုလာတက်တဲ့ ဘော့ဘ်ကို ကုမ္ပဏီမှာ သူကြိတ်ပြိုင်နေတဲ့ဖီးလ်ပီတာ လက်အောက်မှာမလုပ်စေချင်တဲ့အတွက် ကော်မစ်ရှင်ခ ပိုပေးမယ်ဆိုပြီးဆွဲစိလိုက်ပါတယ်။ဘော့ဘ် ကလည်းအရမ်းဝမ်းသာသွားပြီးတော့လက်ခံလိုက်တယ်။နောက်တော့ ဘော့ဘ်က ပိုက်ဆံချမ်းသာတဲ့ လယ်သမား အဖိုးကြီးတစ်ယောက်ကပိုင်ဆိုင်မှုအာမခံလုပ်ချင်နေကြောင်း မစ်ကီကိုပြောပြတယ်။ အစပိုင်းမယုံသလိုနဲ့နောက်ပိုင်းမှာ အဖိုးကြီးရဲ့ ပိုင်ဆိုင်မှုတွေကိုတစ်ခုပြီးတစ်ခုသိလာတော့ မရရအာင်အာမခံလုပ်ခိုင်းလိုက်တယ်။အဖိုးကြီး အာမခံလုပ်ပြီးနောက်မှာ မထင်မှတ်ထားတဲ့အရာတွေတစ်ခုခုပြီးတစ်ခုဖြစ်လာပါတော့တယ်။  File size…1.37GB / 669MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Thin Ice (2011)

Robots (2005) 6.4
Robots (2005) တချို့ဇာတ်ကား​တွေက ထွက်ရှိတာ ဘယ်​​လောက်ပဲကြာခဲ့ပါ​စေ၊ ပိုစတာ​လေး မြင်ရုံ၊ ဗီဒီယိုအတိုအစ​လေးတစ်ခုကို မြင်လိုက်ရုံနဲ့ အဲဒီဇာတ်ကားကို ကြည့်ခဲ့စဉ်က အချိန်​နဲ့ အဖြစ်အပျက်​တွေကို ပြန်လည်မြင်​ယောင်လာတဲ့ Nostalgiaလို့​ခေါ်တဲ့ ခံစားချက်မျိုး ​ပေးစွမ်းနိုင်တဲ့ ဇာတ်ကား​​​​တွေ အများကြီးပါ။ ဘာသာပြန်သူလို ၁၉၉၀​နှောင်းပိုင်း​မွေးသူ​တွေအဖို့ ထိုခံစားချက်ကို​ အ​ပေးနိုင်ဆုံး ဇာတ်ကား​တွေက animationလို့ခေါ်ရမယ့် ကာတွန်းကား​တွေပဲ ဖြစ်မယ် ထင်ပါတယ်။VCD​ခေတ်ကစလို့ တရုတ်က​လာတဲ့ ၃၂​ကားတွဲ ကတ်ထူအဖုံးနဲ့ ကာတွန်း​​ခွေတွေ၊ ၄​ကားတွဲ၊ ၈ကားတွဲ ကာတွန်းခွေ​တွေ စသဖြင့် ကျွန်​တော်တို့ က​လေးဘဝမှာ ကာတွန်းကား၊ ပါဝါရိန်းဂျားကား၊ ဘာဘီကား​တွေနဲ့ မဖြတ်သန်းဖူးတဲ့သူဆို​တာ အ​တော်ရှားမှာပါ။ ဒီဇာတ်ကားကလည်း ငယ်ငယ်တုန်းက အ​ခွေတွဲ အများစုထဲမှာ ပါခဲ့တဲ့ ဇာတ်ကားဖြစ်သလို အ​​တော်များများလည်း ရင်းနှီးမယ့် ဇာတ်ကားပါပဲ။ဒီ Animationကို 20th Century Foxက​နေ ဖြန့်ချိခဲ့တာဖြစ်ပြီး IMDb 6.4နဲ့ RT 64%ရရှိထားပါတယ်။ Rating​တွေဆိုတာထက် ဒီဇာတ်လမ်းကို ကြည့်​ရတဲ့ခံစားချက်ကိုက သ​ဘောကျဖို့​ကောင်း ​နေတဲ့ ဇာတ်ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းက နယ်မြို့​လေးမှာ ကြီးပြင်းလာတဲ့ ​ရော့ဒ်နီ ကော့ပါး​ဘော်တွန်ဆိုတဲ့ စက်ရုပ်​လေးက ငယ်ငယ်ကတည်းက တီထွင်ဖန်တီးရာမှာ ပါရမီရှိတဲ့သူ ဖြစ်သလို အကူအညီလိုအပ်နေတဲ့ တခြားစက်ရုပ်​တွေကို ကူညီ​ပေးဖို့ အထုံ ပါလာသူပဲ ...
movie

Robots (2005)

2005
The English Teacher (2013)
The English Teacher (2013) IMDb- 5.7ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်ကကင်းစတန်မြို့ အထက်တန်းကျောင်းက အင်္ဂလိပ်စာဆရာမလင်ဒါစင်ကလဲရား ဖြစ်ပါတယ်။သူကတော့ လက်မထပ်ရသေးတဲ့ တစ်ကိုယ်တည်း အပျိုကြီးမမဖြစ်ပါတယ်။စာပေကိုချစ်မြတ်နိုးပြီး သူသဘောကျတဲ့စာရေးဆရာတွေရဲ့စာအုပ်တွေ ဇာတ်လမ်းကြောင်းတွေကိုသူ့ဘဝရဲ့ အဖော်မွန်အဖြစ် သ‌ဘောထားတဲ့သူပါ။ပကာသနတွေမလိုဘဲ သူ့ဘဝလေးကို ရိုးရိုးရှင်းရှင်းသာမန်လေးပဲနေထိုင်နေပါတယ်။ဒီလိုနေရင်းနဲ့ပဲ သူ သဘောကျတဲ့ယောကျ်ားလည်းမတွေ့သေးဘဲ ရွေးရင်းရွေးရင်း အပျိုကြီးဖြစ်နေတာပေါ့လေ။ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့ကျောင်းသားဟောင်းတစ်ယောက်ဖြစ်တဲ့ဂျေဆင်ရှာဝုဒ်နဲ့ ပြန်လည်တွေ့ဆုံပါတယ်။ဂျေဆင်က နယူးရော့ခ်က ပြဇာတ်ရေးစာရေးဆရာတစ်ယောက်ဖြစ်ပြီးစာရေးဆရာတစ်ယောက်အဖြစ်ရပ်တည်ဖို့လက်လျှော့တော့မယ်ဆိုပြီး ဒီမြို့ကို ပြန်လာခဲ့ပါတယ်။တစ်ဖက်မှာ ဂျေဆင်ရဲ့ဖခင်ဖြစ်သူ ဒေါက်တာရှာဝုဒ်ကဂျေဆင်ကို ဥပဒေကျောင်းတက်ဖို့ တွန်းအားပေးနေပါတယ်။ဒီလိုအခြေအနေမှာ လင်ဒါက စာရေးဖို့ လက်လျှော့မယ်ဆိုတဲ့ဂျေဆင်ရဲ့ အတွေးကို အားပေးဖို့ ဂျေဆင်ရေးထားတဲ့ပြဇာတ်ကို အထက်တန်းကျောင်းပြဇာတ်ရုံမှာ တင်ဆက်ဖို့ စီစဉ်ပေးပါတော့တယ်။ဒီလိုနဲ့ လင်ဒါတစ်ယောက်ကတော့ သူ့ရဲ့ comfort zoneလေးကနေထွက်ခါမှ သူ့ဘဝမှာ အရှက်ရစရာ ရှုပ်ထွေးတဲ့ကိစ္စလေးတွေဖြစ်လာပါတော့တယ်။သူစာသင်ပေးဖူးတဲ့ ကျောင်းသားဟောင်းလေးနဲ့ ညှိမိတဲ့ကိစ္စပါ။ဒီကိစ္စတင်ပဲလား... ကဲ ပြီးပြည့်စုံတဲ့လူရယ်လို့ မရှိလေတော့လင်ဒါတစ်ယောက် ဘယ်လိုအရှုပ်တွေလုပ်မိတာလဲဆိုတာတော့ ဇာတ်လမ်းလေးကြည့်ရှုလိုက်ကြပါဦး။ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size…  1.3 GB ...
movie

The English Teacher (2013)

2013
Green Zone (2010) 6.8
Green Zone (2010)  ဒီဇာတ်ကားက ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Matt Damonရဲ့War/actionဇာတ်ကြမ်းဖြစ်ပါတယ်။ IMDb 6.8နဲ့ RT rating 53%ရထားပြီး အီရတ်နဲ့ အ​မေရိကန်ကြား စစ်​ရေးတင်းမာမှု​တွေဖြစ်ခဲ့တဲ့၂၀၀၃ခုနှစ်ဝန်းကျင်ခန့်ကို ဇာတ်အိမ်တည်ထားပါတယ်။ ရွိုင်း​မီလာက ယူအက်စ်ရဲ့အဖျက်လက်နက် ရှာ​ဖွေ​ထောက်လှမ်း​ရေးအဖွဲ့​​ခေါင်း​ဆောင်ဖြစ်ပြီး အီရတ်နိုင်ငံထဲမှာ အဖျက်စွမ်းအားကြီးတဲ့လက်နက်ကြီးတစ်ခုရှိတဲ့ဆိုတဲ့ အတွင်းသတင်း​ကြောင့် ရှာ​ဖွေမှု​တွေ​နေရာအနှံ့လုပ်​​နေခဲ့တာပါ။ဒါ​ပေမဲ့ သတင်း​ရတဲ့​နေရာ​တွေမှာရှာတိုင်းဘာလက်နက်ကြီးမှ မ​တွေ့ရဘဲ လက်ဗလာနဲ့ပဲ ပြန်လာ​နေရတဲ့​နောက် ​ထောက်လှမ်း​ရေးကရ​တဲ့ သတင်းက တစ်ခုခုလွဲ​နေတယ်လို့ သံသယဝင်လာပြီး အထက်အမိန့်ကိုဖီဆန်ပြီး သတင်း​ရင်းမြစ်အ​ကြောင်းကိုထဲထဲဝင်ဝင်စုံစမ်းရာက​ ထင်မှတ်မထားမိတဲ့ လျှို့ဝှက်ချက်တစ်ခုကိုသိသွားပြီး အဲဒီကိစ္စရဲ့​နောက်ဆက်တွဲကိစ္စ​တွေကိုပါ ​ဖြေရှင်းဖို့အ​ရေးကြုံလာပါ​တော့တယ်။အဲဒီလျှို့ဝှက်ချက်က ဘာဖြစ်​နေမလဲ။ ဘယ်​လောက်ထိကြီးမားတဲ့ပြဿနာကြီးဖြစ်​နေမလဲ။ မတည်ငြိမ်မှု​တွေဖြစ်​နေတဲ့ အီရတ်​မြေမှာမီလာတို့အဖွဲ့ ဘယ်လိုအခက်အခဲ​တွေကို ရင်ဆိုင်​ကျော်ဖြတ်ရမလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။  File size…2.31GB / 968MB Quality…Blu-Ray  1080p 5.1CH  / 720p Format…mp4 Duration….1h 55m Genre ..... Drama , Action  , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Green Zone (2010)

The Matador(2005) 7.0
The Matador(2005) The Matador(2005)******************လူ့ဘဝမှာ သူငယ်ချင်းတွေ၊ ဘော်ဒါတွေ အများကြီးရှိကြပေမယ့်လည်းမိတ်ဆွေကောင်း/ သူငယ်ချင်းကောင်းတစ်ယောက် ဟုတ်/မဟုတ် ဆိုတာ လွယ်လွယ်ကူကူဆုံးဖြတ်လို့မရပါဘူး။နောက်ပြီး မိတ်ဆွေကောင်းတန်ဖိုးဟာ ဘယ်လောက်ထိရှိလဲဆိုတာမသိတဲ့သူတွေ အများကြီးပါ။ ဒီကားလေးကို ကြည့်ရင်း မိတ်ဆွေကောင်းတွေကို တန်ဖိုးထားနိုင်ကြပါစေ။ ဂျူလီယန်ဟာ ကြေးစားလူသတ်သမားဖြစ်ပြီး ငွေအများကြီးပေးတဲ့အလုပ်ကိစ္စမျိုးကိုသာလုပ် ကိုင်ပေးလေ့ရှိပါတယ်။ အိမ်ထောင်မရှိ၊ သားသမီးမရှိ၊ ဘာအနှောင်အဖွဲ့မှမရှိဘဲဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေသူဖြစ်ပါတယ်။ ဒါပေမယ့် တစ်ရက်မှာတော့သူ့မွေးနေ့မှာ သူ့ကို ဘယ်သူကမှ အမှတ်တရ လက်ဆောင်ပေးတာတွေ၊နှုတ်ဆက်စကားလှမ်းပြောတာတွေမရှိတဲ့အပြင် သူဖုန်းဆက်သမျှ လူတိုင်းက လည်းသူ့ကိုအရေးတယူ ပြန်မဆက်ဆံတဲ့အတွက် အဖော်မဲ့၊ မိတ်ဆွေမဲ့တဲ့သူ့ရဲ့ဘဝကို စိတ်အပျက်ကြီးပျက်မိသွားပါတော့တယ်။ တစ်ရက်မှာ အရောင်းကိုယ်စားလှယ်တစ်ယောက်နဲ့သောက်ရင်းစားရင်း မိတ်ဆွေဖြစ်သွားပါတယ်။ အဲ့ဒိလူက သူ့ကိုစကားရောဖောရောလောက်ဆက်ဆံပေမယ့်မိတ်ဆွေ အရမ်း လိုချင်နေတဲ့ ဂျူလီယန်က အတင်းလိုက်ကပ်ပါတော့တယ်။လူသတ်သမားတစ်ယောက်ဖြစ်နေကြောင့် မိတ်ဆွေ သူငယ်ချင်းမလုပ်ချင်တဲ့သူများနေတဲ့ဂျူလီယန်ခမျာ လိုချင်နေတဲ့ မိတ်ဆွေစစ်စစ်ကို တကယ် ရနိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးထဲမှာ ခံစားကြည့်လိုက်ပါဗျာ။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီယာ့စ်ဘရွန်နန်ဟာ၂၀၀၅ ခုနှစ် ရွှေကမ္ဘာလုံးဆုအတွက် စကာတင်အမည်စာရင်းမှာပါဝင်ခဲ့ပါတယ်။ဒါကြောင့် ...
movie

The Matador(2005)

Nurse Betty (2000) 6.3
Nurse Betty (2000) Nurse Betty (2000) ============== IMDb Rating - 6.3/10ကန်းဆက်မြို့လေးက သာမန် အိမ်ထောင်ရှင်မလေး ဘတ်တီ... ရုပ်ရှင်စီးရီးတစ်ခုကို သိပ်သဘောကျရင်း Main character ဆရာဝန် ဒေးဗစ်ကို စွဲလမ်းနေတဲ့ ဘတ်တီ၊ တစ်ခုသော ညနေမှာ စီးရီးလေး ကြည့်နေတုန်း ခင်ပွန်းဖြစ်သူ ထမင်းစားခန်းထဲ ရက် ရက်စက်သက် အသတ်ခံလိုက်ရတာကို မြင်လိုက်ရတဲ့အခါ စိတ် ဖောက်ပြန်သွားပြီး သူ့ကိုယ်သူ စီးရီးထဲက character လို့ထင်သွား တယ်။ဒေးဗစ်ရဲ့ Ex အနေနဲ့ သူ့ကိုယ်သူ သတ်မှတ်ရင်း အပြင်မှာ မရှိတဲ့ စီးရီးထဲက ဇာတ်ကောင်ကို ရှာဖွေဖို့ နည်းလမ်းမျိုးစုံနဲ့ LA အထိ လိုက်လာခဲ့ချိန်မှာ ဘာတွေဆက်ဖြစ်မလဲတော့ ကြည့်ရှုအားပေး လိုက်ကြပါဦး။ နာမည်ကျော် Morgan Freeman နဲ့ Chris Rock တို့ အဓိက ပါဝင်ထားတဲ့အပြင် မင်းသမီး Renee Zellweger ရဲ့ Disney ဆန်ဆန် overacting တွေကိုလည်း ကြည့်ရှုရမှာဖြစ်ပါ ကြောင်းပြောကြားရင်း တင်ဆက်ပေးလိုက်ပါပြီ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ...
movie

Nurse Betty (2000)

2000