Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Grant Roberts
5.5
Momentum (2015)
ဒီဇာတ်ကားလေးကတော့အက်ရှင်ကားကောင်းလေးတစ်ခုပါ။ မင်းသားကြီး Morgan Freeman တို့လိုဝါရင့်သရုပ်ဆောင်တွေလည်းပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းချုပ်ကတော့ စစ်တပ်ရဲ့အေးဂျင့်ဟောင်းတစ်ယောက်ဟာ သူခိုးဘဝပြောင်းသွားခဲ့ပြီး ဘဏ်မှာ စိန်တွေဓားပြတိုက်ပါတယ်။အဲဒီလိုနဲ့ သူမထင်မှတ်ထားနဲ့နောက်ဆက်တွဲအနေနဲ့ အာဏာပိုင်တွေရဲ့ ရာဇဝတ်မှု မှတ်တမ်းတွေက သူ့လက်ထဲရောက်လာရင်း သူဟာပစ်မှတ်ထားခံရပါတော့တယ်။ဒီလိုနဲ့အသည်းအသန်လိုက်ကြ သတ်ကြ ဖြတ်ကြရင်း စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်ဝင်ခန်းတွေ လှည့်ကွက်တွေ အများကြီးမြင်တွေ့ရမှာပါ။Action, Thriller ဇာတ်ကားနှစ်သက်သူတွေအကြိုက်တွေ့စေမဲ့ဇာတ်ကားကောင်းလေးတစ်ခုမို့ ခံစား ကြည့်ရှုလိုက်ကြပါဦးခင်ဗျ။ File size…(1.3 GB)/(700 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:36:00 Genre... Dark Comedy, Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Satt
movie
Momentum (2015)
7.2
Juror #2 (2024)
မင်းသားကြီး Clint Eastwood ဒါရိုက်တာလုပ်ပြီး ရိုက်တဲ့ကားတွေက တွေးစရာရင်ခုန်စရာ Plot တွေနဲ့ Crime , Thrillerအမှန်အကန်တွေကို ချပြတတ်ပါတယ်...ဒီ Juror 2 ဆိုတဲ့ ရုပ်ရှင်မှာလည်း Xmen ကားတွေနဲ့ နာမည်ရလာတဲ့မင်းသား Nicholas Hoult , J.K Simmons , Toni Collete စတဲ့နာမည်ကြီး Actor တွေနဲ့ အားဖြည့်ထားတာဖြစ်လို့ သေချာပေါက်ကြည့်သင့်တဲ့ကားပါ....ကိုယ်ဝန်သည်ဇနီးဖြစ်သူ အဲလီဆင်နဲ့ အေးချမ်းတဲ့ဘဝလေးကိုဖြတ်သန်းနေတဲ့ ဆောင်းပါးရေးဆရာဂျက်စတင်ကန့်ဟာ ပြည်နယ်ကဂျူရီအဖွဲ့ဝင်လုပ်ပေးဖို့ တာဝန်ပေးလို့ မလုပ်ချင်လုပ်ချင်နဲ့ တရားခွင်တဲ့သွားထိုင်လိုက်ရပါတယ်...ဒါပေမယ့် အမှုအကြောင်းကိုသိသွားတော့သူ့အတွက် မိုးကြိုးပစ်ခံလိုက်ရသလို ခြောက်ခြားသွားစေတယ်...ကန်ဒယ်ကာတာနဲ့ ဂျိန်းစ်ဆိုက်ဆိုတဲ့ စုံတွဲက အောက်တိုဘာ ၂၅ ရက်အရက်ဘားတစ်ခုမှာ အရက်သောက် ရန်ဖြစ်ကြရင်း အပြန်မှာကောင်မလေးဖြစ်သူ ကန်ဒယ်က သေဆုံးသွားပါတယ်...အမှုအသွားအလာအရ ကောင်မလေးက မိုးတွေသဲကြီးမဲကြီးရွာနေတဲ့ညကြီးမှာ ချစ်သူနဲ့ ရန်ဖြစ်စကားများထွက်လာပြီး တစ်ယောက်ယောက်ကမာကျောတဲ့အရာတစ်ခုနဲ့ ခေါင်းကိုရိုက်နှက်ပြီး ချောင်းထဲကျသေသွားတာဖြစ်တယ်...ညမှောင်ပြီးမိုးတွေလည်းရွာ မျက်မြင်သက်သေလည်း ...
movie
Juror #2 (2024)
4K HEVC
Sully (2016)
ဒီဇာတ်ကားက ၂၀၀၉ ခုနှစ် တစ်လပိုင်းက ဖြစ်ပျက်ခဲ့တဲ့ မြစ်ထဲကို လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ထူးခြားမှုကတော့ လေယာဉ်ပေါ်က လူ ၁၅၅ ယောက်လုံးအသက်ရှင်နိုင်ခဲ့တာပါပဲ။ဒီဇာတ်ကားမှာ မင်းသားကြီး တွမ်ဟန့်ခ်က အမေရိကန်ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာတဲ့ ပိုင်းလော့ကြီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။မြစ်ထဲကို လူအသေအပျောက်မရှိထိုးဆင်းနိုင်ခဲ့လို့ တကယ်ချီးကျူးစရာဖြစ်ခဲ့သလို ၂၄ မိနစ်အတွင်း သင်္ဘောတွေ လေယာဉ်တွေနဲ့ ကယ်ဆယ်ရေး လူ၁၀၀၀ ကျော်စုစည်းပြီးအားလုံးကို ကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံရဲ့စီမံခန့်ခွဲမှုကလည်း အံသြစရာတစ်ခုလို့ ပြောသင့်တယ်ထင်ပါတယ်။IMDb rating 7.8 ရထားတဲ့ဒီဇာတ်လမ်းမှာ အားလုံးက သူရဲကောင်းလို့သတ်မှတ်ထားတဲ့ ပိုင်းလော့ကြီးရဲ့ လေယာဉ်ဆင်းသက်ခဲ့ပြီးနောက်ဆက်တွဲပြဿနာနဲ့ လေယာဉ်ပေါ်က အကြောင်းအရာတွေကို ပေါင်းစပ်ပြီးပြသထားတာပါ။ပြဿနာကတော့ လေယာဉ်ကိုစစ်ဆေးတဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ကွန်ပြူတာအချက်အလက်တွေက လေယာဉ်ဟာ မြစ်ထဲထိုးဆင်းစရာမလိုဘဲလေဆိပ်ကိုအရောက်ပျံသန်းနိုင်တယ်လို့ ညွှန်ပြပြီး ပိုင်းလော့ကို အာမခံကုမ္မဏီက တရားခံရှာဖို့ကြိုးစားလာတာပါပဲ။ဆူလီဟာ သူရဲကောင်းတစ်ယောက်လား အားလုံးကိုအန္တရာယ်ကျရောက်စေတဲ့ ဆုံးဖြတ်ချက်မှားယွင်းသူလား?ဆူလီတစ်ယောက် သူ့အတွေ့အကြုံနဲ့ဆုံးဖြတ်ချက်ဟာ ကွန်ပြူတာတွေ ပညာရှင်တွေရဲ့ သီအိုရီတွေထက် ပိုမှန်ကန်လားဆိုတာ သက်သေပြနိုင်ဖို့...... File ...
movie
Sully (2016)
4K HEVC
7.3
Invictus (2009)
IMDB 7.3/10, RT 76 %, ဆု ၁၂ ဆုနဲ့ ဇကာတင် (အော်စကာဆုအပါအဝင်) ၃၈ ခု ဝင်ခဲ့တဲ့ Sport/Drama အမျိုးအစား ဖြစ်ရပ်မှန်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Morgan Freeman (The Shawshank Redemption)နဲ့ Matt Damon (The Martian)တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး တောင်အာဖရိကရဲ့ပထမဆုံး လူမည်းသမ္မတ နယ်လ်ဆင်မန်ဒယ်လာရဲ့ လူဖြူ၊ လူမည်း ပြည်သူတစ်ရပ်လုံးကချစ်တဲ့သမ္မတအဖြစ် ကြိုးပမ်းပုံကို ပုံဖော်ရိုက်ကူးထားတာပါ။ဇာတ်လမ်းရဲ့ စ လယ် ဆုံး သုံးပါးလုံးက ခိုင်မာတဲ့ ဖြစ်ရပ်မှန် သမိုင်းနောက်ခံဖြစ်တယ်ဆိုတာနဲ့ အရည်အချင်းပြည့်ဝပြီး ပီပြင်အောင် သက်ဝင်ခံစားနိုင်တဲ့ သရုပ်ဆောင်တွေရယ်၊ ပါဝင်တဲ့ဇာတ်ကောင်တိုင်းက အပြင်လောကမှာ တကယ်ရှိတဲ့ဇာတ်ကောင်တွေကို ပုံဖော်ထားတာရယ်၊ ခမ်းနားကြီးကျယ်တဲ့ ပြိုင်ပွဲရိုက်ချက်တွေရယ်ကြောင့် review ကောင်းများစွာကို ရရှိထားတဲ့ ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ဇာတ်ကားရဲ့နာမည် Invictus ...
movie
Invictus (2009)
5.5
God Is a Bullet (2023)
God Is a Bullet (2023)ဖြစ်ရပ်မှန်တွေကို အခြေခံထားပြီး Teran Boston ရဲ့ အရောင်းရဆုံးဝတ္ထုဖြစ်ခဲ့တဲ့ "God Is a Bullet" ကို ရုပ်ရှင်အနေနဲ့အသက်သွင်းထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ဘော့ဘ်က သူ့မိန်းမဖြစ်သူနဲ့ ကွာရှင်းထားပြီး သမီးဖြစ်တဲ့ဂါဘီနဲ့ ခွဲနေနေရတာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့အိမ်ကို စေတန်ဂိုဏ်းတစ်ခုက ဝင်စီးပြီး မိန်းမနဲ့ သူ့ရဲ့နောက်ယောက်ျားကို ဘဝပြောင်းပေးသွားတဲ့အပြင် သမီးဖြစ်တဲ့ဂါဘီကိုပါ ပြန်ပေးဆွဲသွားပါတယ်။ဘယ်ကဘယ်လို စလိုက်လို့လိုက်ရမှန်းမသိတဲ့အချိန်မှာ တစ်ချိန်က စေတန်ဂိုဏ်းဝင်ဖြစ်ခဲ့ပြီး ထွက်ပြေးလာခဲ့တဲ့ ကေ့စ်က စေတန်ဂိုဏ်းလက်ချက်ဆိုတာကို သိပြီး ဘော့ဘ်ကိုကူညီဖို့ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီမှာ သူတို့နှစ်ယောက်ပေါင်းပြီး စေတန်ဂိုဏ်းကိုခြေရာခံရင်း ဂါဘီကို ကယ်တင်ဖို့ကြိုးစားကြပါတော့တယ်။ဇာတ်လမ်းက ဒီအပေါ်ကိုအခြေခံထားပေမဲ့ စေတန်ဂိုဏ်းနဲ့မတွေ့ခင်ကြားထဲတင် ပေအတော်ရှည်တယ်ပြောရမယ်။ ဇာတ်ကောင်တွေကို စိတ်ဝင်စားစရာကောင်းအောင် တဖြည်းဖြည်းတည်ဆောက်သွားပြီးမှ လူဆိုးကြီးနဲ့ပေးတွေ့တာမျိုးပေါ့။ ဘော့ဘ်က အမြဲတမ်းစားပွဲခုံထိုင်တဲ့ လူရိုးလူအေးကြီးဖြစ်ခဲ့ပေမဲ့ သမီးဇောနဲ့ တက်တူးတွေထိုး ဂန်းတွေပါကိုင်ပြီး စေတန်ဂိုဏ်းသားတွေကို အမဲလိုက်တဲ့ ...
movie
God Is a Bullet (2023)
2023
7.5
Richard Jewell (2019)
unicodeဖစ်ရပ်မှန်ရုပ်ရှင်ကားတစ်ကား ထပ်ပြီး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။၁၉၉၆ ဇူလိုင်လမှာ အမေရိကန် ဆန်တန်နီရယ်အိုလံပစ်ပန်းခြံမှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးလူ ၂ ယောက်သေ၊ ၁၀၀ ကျော်ဒဏ်ရရခဲ့ပါတယ်။ဒီဗုံးရဲ့ပြင်းအားနဲ့ လူဦးရေအရ ဒီထက်ပိုသေပြီးထိခိုက်နိုင်ပေမယ့် ကယ်တင်ရှင်တစ်ယောက်ကြောင့် သက်သာခဲ့တာပါ။အဲဒီလူကတော့ အဆိုပါဗုံးကို တွေ့ပြီးလူတွေကို ဖယ်ရှားခိုင်းခဲ့တဲ့ လုံခြုံရေးဝန်ထမ်း ရစ်ချက် ဂျူဝယ်ပါပဲ။နေ့ချင်းညချင်းပဲ ရစ်ချက်ဟာနိုင်ငံတော် သူရဲကောင်းဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် ဒီဂုဏ်ယူမှုဟာ ရက်ပိုင်းပဲ ခံပါတယ်။အက်ဖ်ဘီအိုင်က သူ့ကို သူရဲကောင်းလုပ်ချင်စိတ်၊နာမည်ကျော်ကြားလိုစိတ်ကြောင့် ဗုံးခွဲသူလို့ သံသယဖြစ်ပြီး၊သတင်းတွေမှာလည်း ပါလာတဲ့အခါရစ်ချက်ရဲ့ ဘဝ ကပြောင်းကပြန်တွေ ဖြစ်လာပါတော့တယ်။အဲဒီအက်ဖ်ဘီအိုင်နဲ့ မီဒီယာတွေကို တွန်းလှန်ပြီး အမှန်တရားကိုသက်သေပြဖို့ ရစ်ချက်ရယ် သူ့ရဲ့ မိတ်ဆွေဟောင်းဒေါသအိုးရှေ့နေကြီး ဝက်ဆန်ဘရိုင်းယန့်ရယ် ကြိုးစားကြတဲ့အခါ….File Size : (1 GB , 235 MB ) Quality : WEB-DL 720p Running Time : 2 hr 11 min Format : ...
movie
Richard Jewell (2019)
7.1
The Mule (2018)
The Mule ဆိုတာ တကယ့်ကိုကောင်းတဲ့ဇာတ်ကားလေးတစ်ကား၊ကြည့်ရတာတန်စေမယ့်ဇာတ်ကားလေးတစ်ကား၊ပေးချင်တဲ့ message ကိုမိမိရရပေးသွားနိုင်ရုံတင်မကဘူး ရသအမျိုးမျိုးကိုပါခံစားပေးဝေနိုင်တဲ့ ဇာတ်ကားလေးတစ်ကားပါ။ဇာတ်ကားအမျိုးအစားက Crime/Drama အမျိုးအစားလေးဖြစ်ပြီးကိုရီးယားစစ်ပြန်ကြီး၊ ပန်းစိုက်ပျိုးရေးမှာအောင်မြင်ခဲ့တဲ့ အဘိုးကြီးတစ်ယောက်အသက်ကြီးမှဒုက္ခရောက်ပြီး မက္ကဆီကန်မူးယစ်ဂိုဏ်းရဲ့လက်သုံးတော်ခံတစ်ာက်ဖြစ်သွားခဲ့ရတဲ့အပြင်ဘဝမှာအကြီးမားဆုံးအမှားတစ်ခုကို အချိန်လွန်မှသိခဲ့ရတာပါပဲ။ဇာတ်လမ်းအစကနေ အဆုံးထိ မငြီးငွေ့စေရဘဲ ဆွဲဆောင်လွန်းနိုင်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကိုပြောပြတာထက် ကိုယ်တိုင်ပဲအစအဆုံးကြည့်ရှုခံစားစေချင်ပါတယ်။IMDb rating ဆိုရင်လည်း 7.1 အထိရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ပြောရရင် ဒီထက်ပိုကောင်းတဲ့ကားလေးဖြစ်ပါတယ်။ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ဇာတ်ဝင်တေးအေးအေးလေးတွေနဲ့ ဇာတ်ရှိန်အတက်အကျလေးတွေကို ကောင်းကောင်းကြီးခံစားရမှာသေချာပါတယ်။ကြည့်ပြီးရင် နောက်ပြန်ကြည့်ဖို့သိမ်းထားသင့်တဲ့ကားလေးလည်းဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (950 MB) and (400 MB) Quality : Blu-Ray 720p Running Time : 1hr 56min Format : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by Thura Zarni Aung Encoded by Thanhtike ...
movie
The Mule (2018)
2018