Channel Myanmar

Gotthard Lange

The Book Thief (2013) 7.5
The Book Thief (2013) The Book Thief (2013)***********************IMDb....7.5စာရေးဆရာ Markus Zusak ရေးသားခဲ့တဲ့ The Book Thief စာအုပ်ဟာ Bestseller စာရင်းဝင်ခဲ့ပြီးဘာသာစကေားပေါင်းများစွာစွာနဲ့ ပြန်လည်ထုတ်ဝေခဲ့ပါတယ်...လက်ရာမြောက်ဒီစာအုပ်ကို ရုပ်ရှင်အသွင် ၂၀၁၃ မှာပြန်လည်ရိုက်ကူးခဲ့ပါတယ်... ဝတ္ထုဇာတ်လမ်းလေးကို ရုပ်ရှင်အဖြစ်ပြောင်းလဲရာတွင်လည်း ဆုပေါင်းများစွာဆွတ်ခူးနိုင်ခဲ့ပါတယ် ...ဒုတိယကမ္ဘာစစ်အတွင်း  ဂျာမနီနိုင်ငံရဲ့ စစ်တစ်လင်းအောက်မှာရှိခဲ့တဲ့သာမန်လူတစ်စုကိုအခြေခံပြီးရိုက်ကူးထားပါတယ်...လင်မယား (၂)ယောက်ရှိတယ်...သားသမီးမရခဲ့တဲ့သူတို့လင်မယား(၂)ယောက်ဟာလီဆယ်မီမင်ဂါဆိုတဲ့ ကောင်မလေးကိုမွေးစားခဲ့ပါတယ် ..စာမရေးတတ် မဖတ်တတ်တဲ့ လီဆယ်ကို မွေးစားဖခင်ကဝတ္ထုစာအုပ်တွေဖတ်ပြပြီး သင်ပေးခဲ့ရာမှ လီဆယ်တစ်ယောက် စာအုပ်တွေကိုသဘောကျသွားခဲ့တယ်...ဒီကလေးမလေးရဲ့ပတ်ဝန်းကျင်မှာ စစ်ဘေးဒဏ်ခံနေရတဲ့လူတွေအများကြီး...သူမဟာ အသက်ငယ်ပေမဲ့ ဒီလူတွေကိုတတ်နိုင်တဲ့ဘက်က အားပေးနှစ်သိမ့်ပေးချင်တယ်...ဒီတော့ အဲဒီကလေးမလေးဟာစာအုပ်တွေအများကြီးပိုင်တဲ့ မြို့တော်ဝန်အိမ်က စာအုပ်တွေခိုးယူဖတ်ပြီး စစ်ဘေးဒဏ်ခံလူတွေကိုပုံပြင်လေးတွေပြောပြရင်း အားပေးနှစ်သိမ့်ပါတယ်....နောက်ပြီး လီဆယ်တို့ မိသားစုဟာဂျူးလူမျိုးတစ်ယောက်ကို ကယ်တင်မိပြီး သံယောဇဉ်တွယ်ခဲ့ရာမှ အခက်အခဲတွေကြုံတွေ တစ်သီကြီးကြုံရပါတော့တယ်....ဒီကားထဲက ကလေးသရုပ်ဆောင်Sophie Nélisse ဟာ ၂၀၁၃ခုနှစ်ရဲ့ အကောင်းဆုံးကလေးသရုပ်ဆောင်ဆုကိုဒီကားနဲ့ရရှိခဲ့ပါတယ်...အခြားဆု(၈)ခုရရှိခဲ့ပြီး ဆန်ကာတင်ဆုစာရင်းမှာ (၁၄)ခုတောင်ဝင်ခဲ့ပါသေးတယ်....ကိုင်းခံစားကြည့်လိုက်ပါဦးခင်ဗျ.... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်...) File Size ...
movie

The Book Thief (2013)

Enemy at the Gates (2001) 7.5
Enemy at the Gates (2001) Enemy at the Gates ( 2001 ) ဒီဇာတ်လမ်းက ဒုတိယဇာတ်ကမ္ဘာစစ်ကို အဆုံးအဖြတ်‌ပေးခဲ့တဲ့တိုက်ပွဲတစ်ခုအကြောင်းလို့ ပြောရင်လည်းပြောလို့ရတယ်။ဂျာမနီနဲ့ ဆိုဗီယက်ပြည်ထောင်စုကြားက တိုက်ပွဲပေါ့။ဒီတိုက်ပွဲမှာ ဆိုဗီယက်တပ်နီတော်ကနေ ဂျာမန်တပ်တွေကို လုံးလုံးအနိုင်ယူနိုင်ခဲ့တယ်။ဒီစစ်ပွဲမှာ စစ်သုံ့ပန်းဖြစ်ခဲ့တဲ့ ဂျာမနီတွေလည်း၉သိန်းကျော်၁၀သိန်းနီးပါးရှိခဲ့တယ်။ဒီစစ်ပွဲမှာ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဂျာမန်တွေကြား အင်အားက တော်တော်လေးကွာခြားခဲ့တယ်။ဆိုဗီယက်တွေဘက်က ရိုင်ဖယ်တစ်လက်ကို နှစ်ယောက်ခွဲသုံးကြရတဲ့အထိကိုလက်နက်အင်အားနည်းပါးခဲ့သလို ပြည်သူ့စစ်ကိုထည့်သုံးရတဲ့အထိကိုအင်အားနည်းပါးခဲ့ပေမဲ့ စိတ်ဓာတ်ကတော့ တော်တော်လေးခိုင်မာခဲ့တယ်။ဆိုပေမဲ့ ဒီရုပ်ရှင်တော့ အဲဒီလိုစိတ်ဓာတ်ခိုင်မာလာဖို့ လုပ်ရတဲ့ ဝါဒါဖြန့်စစ်ပွဲတွေအတင်းအကျပ်ရဲ့အပိုင်းတွေကို ဒီရုပ်ရှင်မှာ ပါးပါးလေးပြသွားခဲ့သလိုသူ့ဘာသာသူကို စိတ်ဓာတ်ခိုင်မာနေတဲ့အပိုင်းကိုလည်း ပြသွားခဲ့တယ်။သမိုင်းကြီးတဲ့ ဒီစစ်ပွဲက ဒီရုပ်ရှင်ရဲ့နောက်ခံပေမဲ့ ဒီရုပ်ရှင်ကမီးမောင်းထိုးပြထားတာက ဒီစစ်ပွဲအကြောင်းကိုတော့ မဟုတ်ခဲ့ဘူး။Enemy at the Gates ဟာ ဒီစစ်ပွဲရဲ့ အရေးပါတဲ့ တစ်ထောင့်တစ်နေရာပါခဲ့တဲ့လက်ဖြောင့်တပ်သားလေးတစ်ယောက်အကြောင်းကို မီးမောင်းထိုးပြသွားတယ်။  Enemy at the Gatesမှာ စစ်ပြတဲ့အခြေအနေက ဆိုဗီယက်တွေကဂျာမနီရဲ့တိုက်ခိုက်မှုကို တင်းခံနေရပေမဲ့ တပ်ဆုတ်ရင်ပစ်သတ်ဆိုပြီးအမိန့်ပေးထားရတဲ့အထိ စိတ်ဓာတ်ရေးရာက ပျက်ပြားနေခဲ့တယ်။ဒီတော့ ပစ်မလွဲဖြစ်နေတဲ့ လက်ဖြောင့်တပ်သားလေးတစ်ယောက်ရဲ့ အောင်ပွဲတွေကိုသူရဲကောင်းဆန်ဆန် ရေးသားပြီး ...
movie

Enemy at the Gates (2001)

4K HEVC
Black Death (2010) 6.4
Black Death (2010)  ၁၃ရာစုနှစ်ခေတ်ဟောင်းက ဘာသာရေး၊အောက်လမ်းအယူအစွဲတွေကြားမှာ ဇာတ်အိမ်တည်ထားပြီး အတော်ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ပုဒ်ပဲဗျ...။အဓိကသရုပ်ထားတဲ့သူတွေကလည်း GOTထဲကဘိုရိုမီယာမင်းသားSean Bean၊ Fantastic Beastမင်းသားEddie Redmayneနဲ့ GOTထဲကမှော်ဆရာမမယ်လီဆန်ဒရီအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးCarice van Houtenစတဲ့ ဒိတ်ဒိတ်ကြဲတွေပါပဲ...။ဒီဇာတ်လမ်းထဲမှာလည်း သူတို့ရဲ့ သရုပ်ဆောင်ပုံကပြောစရာမလိုအောင်ကွက်တိကျနေပြီး ဇာတ်လမ်းနဲ့တစ်သားတည်းဖြစ်လွန်းလှပါတယ်...။ဇာတ်လမ်းအကြောင်းကိုပြောပြရရင်...။အချိန်ကာလအားဖြင့် ၁၃၈၄ခုနှစ်၊ အင်္ဂလန်မှာ ပလိပ်ကပ်ရောဂါကြီးဖြစ်ပွားပြီး တိုင်းပြည်တစ်ဝက်လောက်ကလူတွေသေကြေပျက်ဆီးကြရပါတယ်...။လူတွေယုံကြည်ကြတာက ဒီရောဂါဟာ ဘုရားသခင်ကပြစ်ဒဏ်ခတ်တာ၊ အပြစ်ရှိတဲ့လူတွေကို ဆေးကြောသုတ်သင်ဖို့ဘုရားသခင် စီရင်ချက်ချလိုက်တာပဲပေါ့...။သို့ပေမယ့် စိမ့်တောတွေဝန်းရံလျက်ရှိတဲ့ရွာလေးတစ်ရွာမှာတော့အဲ့ဒီကပ်ရောဂါ လုံးဝမကျရောက်ပါဘူးတဲ့...။ရောဂါမဖြစ်လို့ လူမသေတဲ့အပြင် အဲ့ဒီရွာမှာက သေပြီးသားလူတွေကို အသက်ပြန်သွင်းတတ်တဲ့ စုန်းမ၊အောက်လမ်းဆရာရှိနေတယ်လို့လည်း သတင်းတွေ ထွက်လာပါတယ်....။အဲ့ဒီခေတ်မှာက ဘုရားသခင်ကလွဲပြီး တခြားယုံကြည်သက်ဝင်သူရှိရင်...၊စုန်းမဆိုပြီး မိစ္ဆာဒိဌိဆိုပြီး မီးရှို့သုတ်သင်ခံရပါတယ်...။အခုလည်း ဒီလိုသတင်းစကားတွေကြောင့် အဲ့ဒီရွာမှာ တကယ်ပဲစုန်းမ၊ အောက်လမ်းဆရာ ရှိမရှိသိနိုင်ဖို့ဆိုပြီး ပုပ်ရဟန်းမင်းကြီးကသူရဲကောင်းတပ်ဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ဖမ်းဆီးစေပါတယ်...။ဇာတ်လမ်းလေးကဒီလိုနဲ့ အစပြုခဲ့ပြီး....Action, Drama, History, Horror, Mystery စတဲ့ရသအစုံပါဝင်တာမို့ ကြည့်ရှုခံစားသင့်တဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်.... File size…2.19GB / 1.3GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h ...
movie

Black Death (2010)