Channel Myanmar

Goran Kostić

Children of Men (2006) 7.9
Children of Men (2006) Children of Men (2006) ************************ IMDb….7.9,,,,,Rotten…..92%ဒီကားက ဇာတ်လမ်းဇာတ်ကွက်ဆန်းပြားသလို IMDbနဲ့ RTကလည်း အမြင့်ဆုံးအနေအထားလောက်မှာရှိတယ်… လူသားတွေ ကလေး မရနိုင်တော့တာဟာ၁၈ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ် .. ကမ္ဘာကြီးဟာလည်း ပြဿနာပေါင်းများစွာနဲ့ပေါ့ ..အင်္ဂလန်သို့ ရွှေ့ပြောင်းဝင်ရောက်လာတဲ့ ဒုက္ခသည်တွေဟာလည်း အင်မတန်မှ များပြားနေပါတယ် ..အင်္ဂလန်ကလည်း ဒုက္ခသည်တွေကို လက်မခံနိုင်တော့ဘဲ၊ ရှိပြီးသား ဒုက္ခသည်တွေကိုလည်းဖိနှိပ်လျှက်ရှိတယ် .. ဖိနှိပ်မှုကို မခံနိုင်သူများကလည်း တော်လှန်ဖို့ ကြိုးစားကြတာပေါ့ ..အဲဒီအချိန် ဒုက္ခသည် ကောင်မလေးတစ်ယောက်ဆီမှာ ကိုယ်ဝန်ရှိလာခဲ့ပါတယ် ..နေ့စေ့လစေ့ ကိုယ်ဝန်အပေါ် နိုင်ငံရေးအရအသုံးချချင်သူများလည်း ရှိလာတယ် ..အဲဒီလူတွေရဲ့ လက်ကနေ ကိုယ်ဝန်သည်မလေး ဘယ်လိုလွတ်မြောက်သွားမလဲ .. ဆိုတာဇာတ်လမ်းထဲ ကြည့်ရှုခံစားလိုက်ပါဦးနော် ..ဒီကားထဲက အဓိက သရုပ်ဆောင်မင်းသားကြီးClive Owen ကိုတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Ye Pyae Sone ပဲ ဖြစ်ပါတယ်… File Size : 1.53GB/ ...
movie

Children of Men (2006)

Canary Black (2024)
Canary Black (2024) Amazon Prime ကနေထုတ်လွှင့်တဲ့ အက်ရှင်ကားအသစ် ဖြစ်ပါတယ် အစိုးရအေးဂျင့်အဖြစ် လျှို့ဝှက်လုပ်ကိုင်နေတဲ့ အေဗရီဂရေဗ့်ဟာ သူ့ရဲ့ personal life မှာတော့ မိသားစုမရှိပေမယ့် ချစ်ရတဲ့ ယောက်ျားနဲ့ အိမ်ထောင်သက် ၂ နှစ်ပြည့်သွားတဲ့ သာမန်အိမ်ထောင်ရှင်မလေးတစ်ယောက်ပါပဲ ...တစ်နေ့မှာတော့ သူ့ယောက်ျားကိုပြန်ပေးဆွဲသွားပြီး ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တွေ နိုင်ငံတွေရဲ့ စတော့ဈေးကွက် စီးပွားရေး တစ်ခုလုံးကို ဖျက်စီးပစ်နိုင်နဲ့ အနက်ရောင်ကနေရီလို့ခေါ်တဲ့ ဖိုင်လ်တစ်ခုနဲ့ အလဲအလှယ်လုပ်ဖို့ လူတစ်စုက အကြပ်ကိုင်လာပါတယ်...ဒီအရာကိုရဖို့အတွက် သူ့ရဲ့အေဂျင်စီကိုပါ သစ္စာဖောက်ခဲ့ရပြီး...အစိုးရတွေ လူဆိုးဂိုဏ်းတွေရဲ့ လိုက်လံဖမ်းဆီးမှုတွေကို ရှောင်တိမ်းရင်း ယောက်ျားဖြစ်သူနဲ့ ကမ္ဘာကြီးကို အလဲအလှယ်လုပ်မယ့် ထိပ်တန်းအေးဂျင့် အေဗရီဂရေဗ့်ရဲ့ စွန့်စားခန်းတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်... (အညွန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)File size…(1.2 GB)/(779 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Action, Thriller, Crime Subtitle….Myanmar Subtitle ...
movie

Canary Black (2024)

Taken (2008) 7.7
Taken (2008) Taken 1 (2008) Unrated Extended CutOld but gold ကားဟောင်းတွေကို Quality Update လုပ်ပြီး တင်ဆက်ပေးနေရာမှာ ဒီတစ်ခါ အလှည့်ကျလာတာကတော့ မင်းသားကြီး Liam Neeson ရဲ့ Taken Trilogy Franchise ပဲ ဖြစ်ပါတယ်။ Liam Neeson နဲ့အတူ မင်းသမီး Maggie Grace လည်း ပါဝင်ပြီး ကြည့်ပြီးသားသူတွေအတွက်တော့ အထူးပြောစရာမလိုသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်း အချိန်ပေးရကျိုးနပ်စေမယ့် ကားတွေပါပဲ။Taken ရုပ်ရှင်ကား ၃ ကားရှိပြီး 4K Quality ကိုမှ Unrated Extended Cut Version နဲ့ ၃ ကားလုံးတင်ဆက်ထားပါတယ်။ ၃ ကားလုံးကို ဒီမှာ    https://channelmyanmar.to/?s=taken+trilogy ဒေါင်းပါ။မကြည့်ရသေးတဲ့သူတွေအတွက် ဇာတ်လမ်းကို ပြောပြရရင်တော့ ဘရိုင်ယန်က စီအိုင်အေစုံထောက်ဟောင်းတစ်ယောက်ပါ။ အလုပ်မှာပဲအချိန်ပေးခဲ့တာကြောင့် မိန်းမနဲ့ကွာရှင်းလိုက်ရပြီး ၁၇ နှစ်အရွယ်သမီးလေးကိုပါ သူ့အမေလက်ထဲထည့်ပေးလိုက်ရတာမို့ အငြိမ်းစားယူပြီးနောက် သမီးဖြစ်သူကို အကောင်းဆုံးဖြည့်ဆည်းပေးဖို့ ...
movie

Taken (2008)

4K HEVC
In the Land of Blood and Honey (2011)
In the Land of Blood and Honey (2011)  ဒီကနေ့မှာတော့ CM ပရိတ်သတ်တွေအတွက် မင်းသမီးကြီး Angelina Jolie ကိုယ်တိုင် ဒါရိုက်တာလုပ်ထားတဲ့စစ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်၊ ဇာတ်အိမ်ကတော့ ဒုတိယကမ္ဘာစစ်အပြီး၁၉၉၀ နှောင်းပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ ဘော့စ်နီးယားစစ်ပွဲကိုကျောရိုးယူထားပြိီး တစ်ဖက်တချက်ကရန်သူတွေဖြစ်တဲ့ ဆာဗေးရီးရားဗိုလ်ကြီး ဒန်နီရယ်နှင့် ဘော့စ်နီးယားအရပ်သူမလေး အိုင်လာတို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ စစ်ကြီးမဖြစ်ခင်တည်းကသူတို့နှစ်ဦးဆုံခဲ့ချစ်ကြိုက်ခဲ့ကြပြီး၊ စစ်ဖြစ်လာတော့ အထက်ကအမိန့် အထူးသဖြင့်အဖေဖြစ်သူဗိုလ်ချုပ်ကြီးရဲ့ အမိန့်ကိုမလွန်ဆန်ရဲတဲ့ ဒန်နီရယ်ဟာတာဝန်အတိုင်းလုပ်ရပါတော့တယ် ၊ထိုအချိန် စခန်းကိုဖမ်းခေါ်ခံလာရတဲ့ထဲ အိုင်လာ ပါလာတော့နှစ်ယောက်ပြန်ဆုံကြပြီး၊ ဒန်နီရယ်ကလည်းအိုင်လာကိုတတ်နိုင်သလောက်သူ့လက်အောက်မှာကူညီစောင့်ရှောက်ပေးခဲ့ပါတယ်။ အချစ်နဲ့စစ်မှာမတရားတာမရှိဘူးဆိုပေမဲ့လည်း သူတို့နှစ်ဦးအချစ်စစ်နဲ့တွေ့တဲ့အခါမှာ ကံကြမ္မာကမျက်နှာသာမပေးတော့ မတရားတာတွေပဲခါးစည်းခံလာရတဲ့အခါ နှစ်ယောက်အချစ်တည်မြဲနိုင်ပါ့မလား…..။ ဥရောပရဲ့ထိခိုက်ဆုံးရှုံးမှုအများဆုံးစစ်ပွဲတွေထဲမှတစ်ပွဲဖြစ်တဲ့ ဘော့စ်နီးယားစစ်ပွဲအကြောင်းနားလည်လွယ်အောင်ရိုက်ပြထားတာမို့လို့ စစ်ကားနဲ့သမိုင်းအကြောင်းစိတ်ဝင်စားသူတွေအတွက်ဆို ဒီဇာတ်ကားလေးအကြံပြုပေးချင်ပါတယ်၊ ( R*pe အခန်းများ၊အတူနေတဲ့အခန်းများပါတာမို့ မိသားစုနဲ့ကြည့်ရှု့ဖို့မသင့်တော်ပါဘူး)File size…(2.1 GB)/(980 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:07:00 Genre...Drama, Romance, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie

In the Land of Blood and Honey (2011)

The Last Days on Mars (2013) 5.5
The Last Days on Mars (2013) IMDb -5.5ဇာတ်လမ်းအညွှန်းမားစ်ဂြိုလ်ပေါ်မှာ ရေရှိနိုင်တယ်လို့ ရှာဖွေတွေ့ရှိပြီးပြီဆိုတော့သက်ရှိတွေရော ရှိနေလောက်မလားလို့ တွေးမိဖူးကြပါသလား…အာကာသစူးစမ်းလေ့လာရေးဇာတ်လမ်းမျိုး ကြည့်ချင်တဲ့သူတွေအတွက်အကြိုက်တွေ့စေမယ့်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်လမ်းလေးကတော့ ဂြိုလ်နီကြီးလို့တင်စားခေါ်ကြတဲ့မားစ်ဂြိုလ်ပေါ်မှာ သိပ္ပံပညာရှင်တွေရဲ့ စူးစမ်းလေ့လာရေး ၆လ မစ်ရှင်ပြီးတော့မယ့်အချိန်ကနေ အစပြုထားပါတယ်။သူတို့တွေက မားဂြိုလ်ပေါ်မှာ နမူနာတွေ ရယူ စူးစမ်းလေ့လာနေကြတာပါ။သူတို့ထဲက မာကိုဆိုတဲ့တစ်ယောက်က သူ့ရဲ့နမူနာစမ်းသပ်ချက်မှာသက်ရှိလို့ထင်ရတဲ့အရာကို တွေ့ရှိပြီးတဲ့နောက်မှာ ဘယ်သူ့ကိုမှ မပြောဘဲနမူနာတွေ ထပ်ယူဖို့ သူ့ဘာသာ တိုးတိုးတိတ်တိတ် လုပ်နေပါတယ်။ဒါကို တစ်ခြားအဖွဲ့သားတွေ သိတဲ့အချိန်မှာ လူ့သမိုင်းမှာအကြီးအကျယ်ဆုံး ရှာဖွေ့တွေ့ရှိမှုကြီး ဖြစ်လာမယ့်အရေးမှာ သူတို့ကိုအသိမပေးတဲ့ မာကိုကို ဒေါသထွက်ကြတာပေါ့။ဒါပေမဲ့လည်း နမူနာထပ်ယူဖို့ တွင်းတူးရင်း မြေတွေပြို တွင်းနက်ထဲပြုတ်ကျပြီးမာကိုကတော့ မတော်တဆမှုဖြစ်သွားပါတယ်။အသက်ရှင်နိုင်သေးဖို့ မဖြစ်နိုင်တော့ပေမယ့် တွင်းထဲပြန်ဆင်းရှာတဲ့အချိန်မှာ သူ့ကို မတွေ့ရတော့ပါဘူး။ဒီအဖြစ်အပျက်ပြီးတော့ သူတို့အဖွဲ့သားတွေ တစ်ယောက်ပြီးတစ်ယောက်အသက်အန္တရာယ်ကြုံတွေ့လာရပါတော့တယ်။အိမ်ပြန်နိုင်မယ့် နောက်ဆုံးနေ့ရက်မှာ သူတို့ ဘာတွေကြုံတွေကြမလဲ၊အသက်ရှင်လျက် အိမ်ပြန်နိုင်မယ့်သူရော ရှိပါ့မလား၊စိတ်လှုပ်ရှားပြီး ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။X-men origins ထဲမှာကြည့်ဖူးပြီးသားဖြစ်မယ့်မင်းသားကြီး Liev Schreiberက ဗင်းစင့်ကမ်ဘဲလ်အဖြစ်ပါဝင်ထားပါတယ်။ဒါ့အပြင်Emma ဇာတ်လမ်းတို့လို atonement ၊ ...
movie

The Last Days on Mars (2013)

2013
Little Joe (2019) 5.9
Little Joe (2019) ဒါကတော့ ဇာတ်လမ်းတွေကို သူ့ရဲ့ကိုယ်ပိုင်ဟန်နဲ့ဖန်တီးလေ့ရှိတဲ့Austrianအမျိုးသမီးဒါရိုက်တာ Jessica Hausnerရဲ့ လက်ရာဇာတ်ကားလေးပါ။Cannes film festivalရဲ့ မြင့်မားတဲ့ဆုတွေမှာဇကာတင်စာရင်းဝင်ထားပြီး ခေါင်းဆောင်မင်းသမီးကCannes Best Actress Awardရထားပါတယ်။ဇာတ်လမ်းကတော့ Aliceဆိုတဲ့ singleမေမေ အမျိုးသမီးတစ်ယောက်ကအပင်မျိုးစိတ်သစ်တွေကို ဖန်တီးပြီး သူ့အလုပ်ကိုအင်မတန်ရူးသွပ်သူပါ။လူတွေကိုပျော်ရွှင်စေဖို့ အနံ့အရမ်းကောင်းမွန်အောင်ပြုလုပ်ထားတဲ့အပင်မျိုးစိတ်သစ်တစ်ခုကို ဖန်တီးအောင်မြင်ပြီးတဲ့နောက်အဲ့အပင်လေးကို သူ့သားJoeရဲ့နာမည်ကိုအစွဲပြုပြီးLittle Joeလို့နာမည်ပေးလိုက်တယ်။ဒါပေမယ့် သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဘယ်လာဆိုတဲ့ အမျိုးသမီးကြီးကLittle Joeဟာ လူတွေကိုပျော်ရွှင်စေရုံတင်မဟုတ်ပဲသူ့ရဲ့ဝတ်မှုန်ဟာလူ့ဦးနှောက်ထဲဝင်သွားပြီး လူတွေကိုအပင်ကလွဲရင်တခြားအရာကိုဂရုမစိုက်အောင်ပြောင်းလဲပစ်နေတယ်လို့အခိုင်အမာပြောဆိုပါတယ်။Aliceလည်း အစကမယုံကြည်ပေမယ့် သူ့ရဲ့သားကပါထူးထူးဆန်းဆန်းတွေပြုမူလာတဲ့အခါမှာတော့....ဒီဇာတ်လမ်းမှာ ဒါရိုက်တာရဲ့ဝသီအတိုင်းအရောင်တွေကိုသေချာသုံးထားလို့ Displayတွေလှတယ်။ဇာတ်လမ်းကို ကိုယ်ပါဝင်ပြီး စဉ်းစားစရာတွေဖြစ်လာတယ်။ဇာတ်လမ်းပြီးသွားတဲ့နောက်မှာလည်း ဒွဟတွေကျန်ခဲ့တယ်။လူတော်တော်များများအတွက် ကြောင်တောင်တောင်ကားလို့ ထင်နိုင်တယ်။လူတိုင်းအကြိုက်ကားမျိုးတော့မဟုတ်ဖူးပေါ့။...
movie

Little Joe (2019)

The Zookeeper’s Wife (2017) 7.0
The Zookeeper’s Wife (2017)  ဒီဇာတ်ကားက စစ်ကားကြိုက်တဲ့ ရုပ်ရှင်ကြည့် ပရိတ်သတ်တွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။၁၉၃၉ခုနှစ် ပိုလန်ကအကြောင်းကို အခြေပြုရိုက်ထားတာပါ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့အန်တိုနီနာ ဇဘင်စကီရဲ့ ဂရုစိုက်မှု နဲ့ သူမယောကျာ်း ဂျန် ဇဘင်စကီရဲ့  ဦးဆောင်မှုကြောင့် ၀ါစော်တိရစ္ဆာန်ရုံဟာ များစွာကာင်းမွန်လာခဲ့ပါတယ်။ဒါပေမယ့် နာဇီတွေ ပိုလန်နိုင်ငံကို ကျူးကျော်လာတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ဟာ နာဇီတွေရဲ့ တိရစ္ဆာန်ဗေဒပညာရှင် လုဇ်ဟက်နဲ့ အလုပ် တူတူတွဲလုပ်ဖို့ ဖိအားပေးခံရပါတော့တယ်။ဇဘင်စကီလင်မယားက တော်လှန်ရေးအဖွဲ့နဲ့ စတင်ပူးပေါင်းပြီး ၀ါစော်ဂတ်တိုမြို့ကနေ ရာပေါင်းများစွာသော ဂျူးတွေကို ဘယ်လို အစီအစဉ်ချပြီး ကယ်တင်မလဲ။နာဇီတွေရဲ့ မျက်စိရှေ့မှာ ဘယ်လိုလှည့်စားပြီး ၀ှက်ထားမလဲဆိုတာကတော့………….တစ်ကယ်ကို ၀မ်းနည်းစရာ စိတ်လှုပ်ရှားစရာ ဥာဏ်ကွန့်မြူးစရာ ကြည့်ရမယ့် ဇာတ်လမ်းကောင်းလို့ ညွှန်းပါရစေ  (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်ကတော့ အဉ္ဇလီ သန်းထိုက် ပါ)  File Size : (850 MB) and (360 MB) Quality : ...
movie


2017