Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gong Yoo
6.5
My Tutor Friend (2003)
My Tutor Friend (2003) ***************************ထိတ်ထိတ်ကြဲ သရုပ်ဆောင်တွေဖြစ်တဲ့ Kwon Sang Woo၊ Gong Yoo၊ Kim Ha Neul တို့ ငယ်စဥ်က သရုပ်ဆောင်ထားတဲ့ အချစ်ဟာသကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်း ****************အမေ့ရဲ့တိုက်တွန်းမှုကြောင့် ဂိုက်ဆရာမ အလုပ်လုပ်နေတဲ့ ဆူဝမ်တစ်ယောက် စာသင်တဲ့ ကာလတစ်လျှောက် ဆိုးဝါးလှတဲ့ကျောင်းသားတွေပဲ ကြုံတွေ့ခဲ့ရတာပါ။ဒါပေမဲ့ တစ်နေ့မှာတော့ အမေ့ရဲ့ ချမ်းသာတဲ့သူငယ်ချင်းတစ်ယောက်က သားဖြစ်သူ ဂျီဟွန်းကို စာသင်ပေးဖို့ သူ့ကိုခေါ်ခဲ့ပါတယ်။ ဂျီဟွန်းဆိုတာက သူကြုံတွေ့ခဲ့ရဖူးတဲ့ ကျောင်းသားတွေထက် အများကြီးပိုဆိုးသွမ်းပြီး စာဆို ဘာစာမှသင်မရတဲ့ ကျောင်းသားတစ်ယောက်ဖြစ်နေတဲ့အခါ..လာသမျှဂိုက်ဆရာတွေအားလုံးကို လက်လျှော့ပြီး ထွက်ပြေးအောင်လုပ်နိုင်ခဲ့တဲ့ ဂျီဟွန်းတစ်ယောက် ဆူဝမ့်ကိုရော အဲဒီလိုဖြစ်အောင်လုပ်နိုင်မလား.. ဒါမှမဟုတ် ဆူဝမ်ကပဲ ဆိုးသွမ်းလှပါတယ်ဆိုတဲ့ ဂျီဟွန်းကို နိုင်အောင်ထိန်းနိုင်မလား၊ သူတို့ကြားထဲ ဘယ်လိုဆက်ဆံရေးလေး ပေါက်ဖွားလာမလဲဆိုတာ....My Tutor Friend ဆိုတဲ့ဇာတ်ကားလေးကို ကြည့်ရှူအားပေးလိုက်ကြပါဦး။ (အညွှန်းကို Rainy Rina မှ ရေးသားထားပါတယ်) File size… 2.64 GB/ 1.02 GB Quality… WEB-DL ...
movie
My Tutor Friend (2003)
7.3
Kim Ji Young: Born 1982 (2019)
Kim Ji Young: Born 1982 (2019)**********************************ဒီဇာတ်ကားက နာမည်ကျော်ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာပါ...ဒီစာအုပ်ပါအကြောင်းအရာတွေဟာ စာဖတ်ပရိတ်သတ်ကြား အတော်ဂယက်ထခဲ့တယ်လို့ဆိုပါတယ်... ဒီကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင် Yoo Gong နဲ့ Jung Yu Mi တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်....ဘယ်လိုတွေကြောင့် စာဖတ်ပရိတ်သတ်ကြား အစွန်း(၂)ဘက်ရောက်နေကြတာလဲဆိုတာရယ်.. Drama အမျိုးအစားဒီဇာတ်ကားဟာ ရှိခဲလှတဲ့ IMDb...7.6 ရနေတာလဲဆိုတာကိုတော့ ခံစားကြည့်ကြပါ ... တခြားဇာတ်ညွှန်းတွေတော့ မရေးတော့ပါဘူး...တဖြည်းဖြည်း ခံစားကြည့်ရှုရတဲ့ကားမို့ spoilerဖြစ်မှာစိုးရိမ်လို့ Drama ကားကြိုက်သူတို့ လက်မလွှတ်သင့်ဘူးလို့သာညွှန်းဆိုပါရစေ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Zaw ပဲဖြစ်ပါတယ်)File size…1.85GB / 711MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Psychological, Life, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Translated by May Phyu Zaw Encoded by AHtet
movie
Kim Ji Young: Born 1982 (2019)
5.9
Spy Girl (2004)
Spy Girl (2004)****************ဒီဇာတ်ကားလေးကတော့ Train to Busan ထဲကမင်းသား Gong Yoo နဲ့ မင်းသမီး Kim Jung Hwa တို့ ပါဝင်ထားတဲ့ .. မြောက်ကိုရီးယားသူလျှိုကောင်မလေးနဲ့ တောင်ကိုရီးယားကောင်လေးကြားက Romance, Comedy အမျိုးအစား ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း *************** သင်တန်းကျောင်းတစ်ခုက ကျောင်းသားတွေက ဝက်ဘ်ဆိုက်တစ်ခုထောင်ပြီး မိန်းကလေးပုံတွေအပျော်တင်ပြီးတော့ အလှဆုံးမိန်းကလေးကို အိန်ဂျယ်လို့ သတ်မှတ်ကြပါတယ်။တစ်နေ့မှာတော့ သင်တန်းကျောင်းနားက ဘာဂါဆိုင်မှာ အသစ်ဝင်လာတဲ့ မိန်းကလေးတစ်ယောက်က အိန်ဂျယ်အသစ်အနေနဲ့ ရုတ်တရက် နာမည်ကြီးလာပါတယ်။တကယ်တမ်း အဲဒီမိန်းကလေးက မြောက်ကိုရီးယားကရောက်လာတဲ့ သူလျှိုဖြစ်နေတဲ့အခါမှာတော့...သူလျှိုမိန်းကလေးက ဘာအကြောင်းနဲ့ တောင်ပိုင်းကို ရောက်လာရတာလဲ...သင်တန်းကျောင်းက ကျောင်းသားဖြစ်တဲ့ ဂိုဘုံး (Gong Yoo) နဲ့ ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်သွားမလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။(ဇာတ်လမ်းအညွှန်းကို Zoronoa မှရေးသားထားပါတယ်)File size…2.18GB / 942MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 40 min. Genre ….. Comedy, Romance, Crime Subtitle….Myanmar Subtitle (Hard Sub) Translated by Zoronoa Encoded ...
movie
Spy Girl (2004)
7.4
Wonderland(2024)
Wonderland(2024)******************Tae Wei, Bae Suzy, Park Bo Gum, Jung Yu-Miနဲ့ Choi Woo-sik စတဲ့ဒိတ်ဒိတ်ကြဲတွေ ပါဝင်ပါတယ်... တကယ်လို့များ နှုတ်မဆက်လိုက်ရဘဲနဲ့ ကိုယ့်အနားကနေ ထွက်ခွာသွားတဲ့ ကိုယ့်ရဲ့ ချစ်ရသူတွေကိုvideo call ကနေ တစ်ဆင့် ဆက်သွယ်နိုင်မယ်ဆိုရင် ဘယ်လိုခံစားရမလဲ...ဒီဇာတ်ကားထဲမှာ Wonderland ကုမ္ပဏီက မိမိချစ်ရတဲ့ ဆုံးပါးသွားပြီးသားသူတွေကိုAI နဲ့ ပုံစံတူပွား video call နဲ့ ဆက်သွယ်နိုင်အောင် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ် ...ဘာအီရီဆိုသူကလည်း Wonderland ရဲ့ ဝန်ဆောင်မှုကြောင့်ပဲ သမီးဖြစ်သူနဲ့ အမြဲအတူရှိနေသလိုဆက်သွယ်စကားပြောနိုင်နေတာ ဖြစ်ပါတယ်... လေယာဉ်မယ်လေး ဂျောင်အင်ကလည်း ကိုမာဖြစ်နေတဲ့ သူ့ကောင်လေးကို လွမ်းလွန်းတဲ့အတွက် Wonderland service ကို ယူပြီးတော့ သူ့ကောင်လေး ပုံတူပွားပြီး နေ့စဉ်နေ့တိုင်း ပုံမှန် video call ပြောနေခဲ့ပါတယ်.... နည်းပညာက အရမ်းကို တိုးတက်တဲ့အတွက် ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဝေးကွာသွားပေမဲ့လည်းvideo call ...
movie
Wonderland(2024)
8.1
Silenced (2011)
မနက်က ဒီရုပ်ရှင်လေးအကြောင်းကိုM-MDB Page မှာ ဆရာမနိုင်းနိုင်းစနေရဲ့ post ကနေcredit ပေးတင်ပေးထားတာကိုဖတ်မိတော့ ကြည့်လိုက်မိတယ်။တကယ်ပဲ အောက်မှာ ဆရာမညွှန်းခဲ့သလိုပါပဲခံစားချက်အပြည့်ပေးပါတယ်။ဒီနေ့လည်း group ထဲမှာ လူတွေအများကြီးလာတောင်းနေတော့ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါတယ်။ဒီဇာတ်ကားဟာ ကြည့်ဖူးနေကြကားတွေလိုတရားမျှတမှုက အနိုင်ရတာကို မပြပါဘူး၊ပရိသတ်တွေကို မပျော်စေချင်ပါဘူး။ဒီဇာတ်ကားမှာ အမှန်တရားရှုံးပါတယ်။ဒါပေမယ့် ဒီအဖြစ်မှန်ကို ရေးခဲ့၊ရိုက်ပြခဲ့တဲ့အနုပညာသမားတွေကြောင့် အပြင်လောကမှာတရားမျှတမှုအနိုင်ရသွားခဲ့တယ်လို့ပြောရမယ်ထင်ပါတယ်။ဇာတ်လမ်းအောင်မြင်မှုနဲ့ အညွှန်းကိုတော့ အောက်ကမူရင်းပို့စ်မှာပဲ ဖတ်ကြည့်ကြပါ။ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ဒီကားမှာနှစ်သက်မိတာတစ်ခုထပ်ပြောရမယ်ဆိုရင်ကြီးကြီးကျယ်ကျယ်စကားလုံးတွေ ပြောရတော့မယ်လို့ထင်မိတဲ့အခန်းတွေမှာ အရိုးရှင်းဆုံးစကားလုံးတွေကိုပဲ သုံးသွားပြီးခံစားချက်ပေါ်အောင်ပြသွားနိုင်တဲ့အချက်လေးကိုလည်း ချီးကျူးရမှာပါပဲ။ရုပ်ရှင်ကားတစ်ကားဘယ်လောက်ထိသြဇာလွှမ်းမိုးနိုင်သလဲ -----------------------------------------------------------------မနေ့ညနေက ကျွန်မ ကိုးရီးယားကားတစ်ကားကြည့်ဖြစ်တယ်။အဲဒီကားကို ခုထိကြည့်လို့ မပြီးသေးဘူး။ရုပ်ရှင်က ရှည်လို့မဟုတ်ဘူး..တစ်ကားပြီးပါပဲ။ဒါပေမယ့် အဲဒီရုပ်ရှင်ကို ကျွန်မကြည့်လိုက် ဆက်မကြည့်ရက်လို့နားထားလိုက်၊ ပြန်ကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက် လုပ်နေခဲ့လို့ပါ။ . အဲဒီရုပ်ရှင်ကားက "Silenced" (သို့) "The Crucible" လို့နာမည်ရတဲ့ကားဖြစ်တယ်။ဇာတ်ကားပါ အကြောင်းအရာက ဆွံ့အ နားမကြားကျောင်းတစ်ကျောင်းမှာနှစ်ကာလကြာရှည်စွာ မုဒိမ်းကျင့်၊ မတရားအနိုင်ကျင့်ခံနေရတဲ့ကျောင်းသူကျောင်းသားတွေဟာ အဲဒီကိုပြောင်းလာတဲ့ဆရာအသစ်တစ်ဦးရဲ့အကူအညီနဲ့ အဖြစ်ဆိုးကလွတ်မြောက်ပြီးကျောင်းအုပ်ကြီးအပါအဝင် ဆရာအချိုု့ကို တရားဥပဒေအတိုင်းအရေးယူနိုင်ခဲ့တဲ့အကြောင်းဖြစ်တယ်။ဒါပေမယ့် ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို တရားခံတွေဟာကြေးရတတ်၊ ...
movie
Silenced (2011)
2011
6.3
She’s on Duty (2005)
အခုတလော နာမည်ကြီးနေတဲ့ Squid Game ဇာတ်ကားမှာ ပါးတွေချည်း လှိမ့်ရိုက်ခဲ့တဲ့ မှင်စာဦးလေးကြီး Gong Yoo ငယ်ငယ်တုန်းက ကားဟောင်းလေးပါရဲစုံထောက်တစ်ဦးဖြစ်တဲ့ ချွန်းဂျယ်အင်း(Kim Sun Ah)ဟာ ကျောင်းကိုမုန်းတီးပြီး စာညံ့ခဲ့သူ ဖြစ်ပေမယ့် စစ်ဆင်ရေးတစ်ခုကြောင့် အထက်တန်းကျောင်းသူယောင်ဆောင်ခဲ့ရပါတယ် ပစ်မှတ်ဖြစ်သူနဲ့ ရင်းနှီးဖို့လုပ်ရာက ပစ်မှတ်အစားအထက်တန်းကျောင်းသား ဂန်နိုယောင်း(Gong Yoo) နဲ့ သိကျွမ်းခဲ့ပါတယ် ပြောင်းသွားတဲ့အိမ်အသစ်ကလည်း ဂန်နိုယောင်း အိမ်ဘေးမှာဖြစ်နေပြန်ရော ဒါနဲ့ပဲ စုံထောက်အစ်မကြီးက ကျောင်းသားမောင်လေးကို ချစ်မိသွားတယ်ပေါ့ စစ်ဆင်ရေးထက်ကို ကျောင်းက ကလေးဆိုးတွေနဲ့ပဲရန်ဖြစ်ရင်း အတော်ဆုံးဖိုက်တာတောင်ဖြစ်လိုက်ပါသေးတယ် စစ်ဆင်ရေးကတော့ တကယ့်ကိုအကြမ်းစားပါ ကျောင်းထဲမှာ ဂျယ်အင်းလိုပဲ အသွင်ယူထားတဲ့ နောက်ထပ် ၂ယောက်ရှိနေသေးတယ် ကျောင်းသားတစ်ယောက်နဲ့ ဆရာတစ်ယောက်... သူတို့တွေထဲမှာမှ လူသတ်သမား လူဆိုးရဲ့ သူလျှိုက ရှိနေတဲ့အခါ...ဖိုက်တင်ခန်းတွေလည်းပါပြီး drama လည်းခင်းတဲ့အပြင် ဟာသပါနှောပြီး ရိုက်ထားတာဖြစ်လို့ ရသစုံစွာနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထား Oleander ပါ )File Size__2 GB, ...
movie
She’s on Duty (2005)
8.3
Seobok(2021)
Seobok(2021)အညွှန်း******************IMDb...8.3 ပထမဆုံး လူသားပုံတူဖြစ်တဲ့ "Seobok"သူ့ဘဝတစ်လျှောက်လုံး စမ်းသပ်ခန်းထဲမှာပဲ နေထိုင်ခဲ့ရပြီး အပြင်လောကကြီးအကြောင်း ဘာတစ်ခုမှမသိနားမလည်တဲ့ လူသားပုံတူကလုန်း Seobok အဖြစ် Park Bo Gum က ပါဝင်ပေးထားပါတယ်။ တရုတ်အင်ပါယာချင်လက်ထက်မှာ မသေဆေးရှာဖို့ စေလွှတ်ခံရတဲ့ Xu Fu ကို အစွဲပြုပြီး Seobok လို့ နာမည်ပေးထားတဲ့ လူသားပုံတူဟာ ထာဝရအသက်ရှင်ခြင်းကို ပိုင်ဆိုင်ထားတဲ့ immortal တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကျောရိုးမကြီးထဲက ပရိုတိန်းဓာတ်တွေက လူသားတွေရဲ့ ရောဂါမှန်သမျှကို ပျောက်ကင်းစေနိုင်တဲ့ အစွမ်းလည်း ရှိတယ်။ဒီလို အဖိုးတန်လူသားပုံတူတစ်ယောက်ကို သူ နေထိုင်လာတဲ့ စမ်းသပ်ခန်းထဲကနေ တခြားလုံခြုံစိတ်ချရတဲ့နေရာကို ရွှေ့ပြောင်းဖို့ လိုအပ်လာတဲ့အခါ...စုံစမ်းထောက်လှမ်းရေးအေးဂျင့်ဟောင်း "Gi Heon"အတိတ်က မတော်တဆမှုတစ်ခုကြောင့် စိတ်ကျန်းမာရေးပြဿနာတစ်ချို့အပြင် ကုသဖို့မဖြစ်နိုင်တဲ့ ရောဂါတစ်ခုကိုပါ ခံစားနေရသူအေးဂျင့်ဟောင်း Gi Heon အဖြစ် Gong Yoo က ...
movie
Seobok(2021)
6.5
Finding Mr. Destiny (2010)
[Unicode]Finding Mr.Destiny(2010)IMDb rating - 6.5/10ဒီကားကတော့ Kim Joon Ok Chatgiဆိုတဲ့musical playကို adaptationလုပ်ပြီးပြန်ရိုက်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Box office မှာလည်း 7.5millionsထိရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ Romance/Comedyဖြစ်ပြီးတော့ ဇာတ်ဝင်ခန်းတွေကလည်းတော်တော်ရယ်ရတဲ့အပြင် အိန္ဒိယနိုင်ငံမှာရိုက်ကူးထားတဲ့sceneတွေလည်းပါတာမို့ ကြည့်ရကျိုးနပ်စေမဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ။ Male lead ဟန်ဂီဂျွန်းအဖြစ် ဆယ်ကျော်သက်အမျိုးသမီးလေးတွေရဲ့အချစ်တော် ဦး Gong Yooကပါဝင်သရုပ်ဆောင်ထားပါတယ်။*ဆောဂျီဝူး*ဆိုတဲ့မိန်းကလေးက ရှိုးပွဲမန်နေဂျာတစ်ယောက်ပါ။ သူက'ကံကိုယုံပြီးဆူးပုံနင်း'ဆိုသလို ကံကိုအလွန်အမင်းယုံကြည်ပုံအပ်ထားတတ်တဲ့သူမျိုးပါ။ လွန်ခဲ့တဲ့၁၀နှစ်တုန်းက အိန္ဒိယကိုအလည်သွားစဉ်မှာ ကင်ဂျုံဝုဆိုတဲ့သူ့အချစ်ဦးကိုစတွေ့ခဲ့ပြီး ခရီးစဉ်အတွင်းမှာပဲသူနဲ့ချစ်သူတွေဖြစ်ခဲ့ပါတယ်။ဒီလူဟာသူ့ရဲ့Mr.destinyဟုတ်မဟုတ်စမ်းသပ်ချင်တဲ့ဂျီဝူးက သူတို့နှစ်ယောက်ကိုရီးယားကိုပြန်ရောက်ရင်တွေ့မယ်ဆိုပြီး ချိန်းဆိုထားတဲ့နေရာကိုရောက်အောင်မသွားခဲ့ပါဘူး။ ဒီလိုနဲ့ပဲသူ့အချစ်ဦးနဲ့အဆက်အသွယ်ပြတ်ကာ ၁၀နှစ်လုံးသူ့ရဲ့အလုပ်ထဲမှာပဲစိတ်နှစ်ထားပြီး ပြင်ပြင်ဆင်ဆင်လည်းမရှိ၊အချစ်ရေးကိုလည်းစိတ်မဝင်စားတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။*ဟန်ဂီဂျွန်း*ကတော့ ခရီးသွားအေဂျင်စီမှာအလုပ်လုပ်တဲ့အေးဂျင့်တစ်ယောက်ပါ။ သူ့ရဲ့ရိုးသားလွန်းပြီးခရီးသွားတွေအပေါ်အလွန်အမင်းစိုးရိမ်ပေးတတ်တဲ့စိတ်ကြောင့်ဖောက်သည်တွေပျက်ရတဲ့အတွက် အလုပ်ထုတ်ခံရပါတယ်။ ဒါနဲ့သူလည်းနောက်အလုပ်သစ်ရှာရင်း "အချစ်ဦးရှာဖွေရေးအကျိုးဆောင်လုပ်ငန်း"ကိုစတင်လိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလိုပါ - အချစ်ဦးကိုမေ့မရနိုင်ဖြစ်ပြီးလက်ထပ်ဖို့နောက်ကျနေတဲ့ဆောဂျီဝူးအတွက်စိတ်ပူတဲ့သူ့အဖေက ဂျီဝူးကျေနပ်အောင်သူ့အချစ်ဦးကိုရှာပေးဖို့ ဂီဂျွန်းရဲ့အကျိုးဆောင်လုပ်ငန်းဆီရောက်လာပါတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ဟာ ဘယ်ဆီရောက်နေမှန်းမသိတဲ့"ကင်ဂျုံဝု"ကို နာမည်တစ်ခုတည်းနဲ့တစ်နိုင်ငံလုံးနှံ့အောင်အတူတူလိုက်ရှာကြတာတွေကို ဟာသတွေရော romanceတွေနဲ့ပါကြည့်ရှုရမှာပါ။ ကင်ဂျုံဝုနဲ့ဂျီဝူးဘာလို့ကွဲသွားလဲဆိုတာကိုသိရရင်ဒေါသဖြစ်မိနိုင်ပေမဲ့ ဇာတ်သိမ်းပိုင်းမှာတော့ဂျီဝူးရဲ့Mr.destinyအစစ်ကဘယ်သူလဲ ဘယ်လိုကြောင့်လဲဆိုတာကိုသိရရင် ကျေနပ်မိမှာပါ။ဂျီဝူးတစ်ယောက် "ကံကြမ္မာကိုယုံကြည်မိတာမှန်လားမှားလား"သိချင်ရင်တော့ ဒီကားလေးထဲမှာဆက်လက်ကြည့်ရှုကြပါဦးနော်။( အညွှန်းရေးသားထားသူကတော့ Ingyin San ဖြစ်ပါတယ် )[Zawgyi]Finding Mr.Destiny(2010)IMDb rating ...
movie
Finding Mr. Destiny (2010)
6.9
A Man and a Woman (2016)
Sang-min comes to Finland to send her autistic son to a special camp. She feels so alienated in snow covered-white Helsinki. Ki-hong is an architect working in Finland on dispatched duty. His family is not so perfect either with a daughter having child depression and mentally unease wife. The two meet for the first time at the gathering point of ...
movie
A Man and a Woman (2016)
2016
7.1
The Age of Shadows (2016)
The Age of Shadows (2016) IMDb - 7.1/10_____Rotten - 100% Goblin မှင်စာသတို့သမီးထဲက မှင်စာဦးဦး fans တို့အတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ကို မိတ်ဆက်ပေးပါရစေ။ ။ ဂျပန်တွေ ကိုရီးယားကို အုပ်စိုးစဉ်ကာလကို အခြေခံထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ကိုရီးယားနိုင်ငံ လွတ်လပ်ရေးရဖို့ ကြိုးစားတဲ့ခရီးကြမ်းတမ်းပုံ ရင်းခဲ့ရတဲ့ သွေးတွေ ဘဝတွေအကြောင်းကို ဒီဇာတ်လမ်းလေး ကြည့်လိုက်ရင် ခံစားနိုင်မှာပါ။ ။ ဂျပန်အစိုးရအမှုထမ်း ကိုရီးယားလူမျိုး လီချန်ချော(Song Kang-ho)ဟာ အတိုက်အခံပါတီဝင် ငယ်သူငယ်ချင်း လီချန်အုတ်ကို ဆုံးရှုံးလိုက်ရပြီးနောက် စိတ်ပြောင်းသွားမှာလား။ နောက်ပြီး အထက်အမိန့်အရ အတိုက်အခံပါတီဝင် ကင်ဝူဂျင်(Gong Yoo )ကို ချဉ်းကပ်ရာ ဘာတွေ ကြုံတွေ့ရမလဲ။ ဂျပန်အစိုးရနဲ့ အတိုက်အခံပါတီ ဉာဏ်ချင်းယှဉ် ကျားကွက်ရွေ့ ဇာတ်လမ်းမှာ ဘယ်လို အချိုးအကွေ့ အလှည့်အပြောင်းတွေနဲ့ စိတ်လှုပ်ရှားရမယ်ဆိုတာကတော့ ဇာတ်လမ်းလေးကိုသာ ကြည့်လိုက်ပါလို့ ...
movie
The Age of Shadows (2016)
2016