Channel Myanmar

Go Joon-hee

Architecture 101 (2012) 7.4
Architecture 101 (2012) Architecture 101 (2012)**********************IMDb... 7.4 ငါတို့ ဘယ်ရထားမှာလွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ..“အီဆွန်းမင်း” နဲ့ “ယန်းဆောယွန်း” တို့ကတော့ ၁၅ နှစ်ကြာခဲ့ပါတယ်။လက်ရှိမှာတော့ ဆွန်းမင်းက ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ ဗိသုကာပညာရှင်တစ်ယောက်အနေနဲ့အလုပ်လုပ်နေတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ယောက်ပါ။ တစ်ရက်ကျ ဆွန်းမင်းဆီကိုသူငယ်ချင်းဆိုတဲ့ အမျိုးသမီးတစ်ယောက် ရောက်လာပြီး အိမ်ဆောက်ဖို့ အလုပ်လာအပ်ပါတော့တယ်။ဒီအမျိုးသမီးလေးကသာ ဆွန်းမင်းရှိတဲ့အရပ်ကို ရှာပြီးလာခဲ့ပေမဲ့ ဆွန်းမင်းကတော့ ဒီအမျိုးသမီးလေးကိုရုတ်တရက် မမှတ်မိပါဘူး။ ဒီလိုနဲ့စကားတွေပြောကြရင်း သူ့ဆီကိုရောက်လာတဲ့ အမျိုးသမီးလေးကတစ်ချိန်က သူ့ရဲ့သူငယ်ချင်း တစ်ဖြစ်လဲ အချစ်ဦး “ယန်းဆောယွန်း” ဖြစ်နေပါတော့တယ်။လွန်ခဲ့တဲ့ ၁၅ နှစ်အချိန် အသက် ၂၀ အရွယ်တုန်းက ဆွန်းမင်းက ဗိသုကာမေဂျာကျောင်းသားဖြစ်ပြီးဆောယွန်းကတော့ ဂီတမေဂျာကျောင်းသူပေါ့။နှစ်ယောက်သားရဲ့ ပထမဆုံးရေစက်ဆုံရာနေရာကတော့ “ဗိသုကာအတန်း ၁၀၁” ဖြစ်ပြီးဒုတိယနေရာကတော့ ဆွန်းမင်းရဲ့ဇာတိဖြစ်တဲ့ “ဂျောင်ရွန်း” ဆိုတဲ့ရပ်ကွက်လေးပါ။ကျောင်းမှာတင်ရေစက်ဆုံရုံမကဘဲ မြို့ပေါ်ကိုကျောင်းလာတက်တဲ့ ဂျယ်ဂျူကျွန်းသူလေး ဆောယွန်းတည်းခိုတဲ့အိမ်ကလည်း ဂျောင်ရွန်းရပ်ကွက်မှာပဲဆိုတော့ နှစ်ယောက်သားက အမြဲတတွဲတွဲဖြစ်လာတာပေါ့။ဒီလိုနဲ့သံယောဇဉ်တွေပိုလာပြီး သူငယ်ချင်းအဆင့်ကနေတက်ဖို့ကြိုးစားခဲ့ပေမဲ့ ...
movie

Architecture 101 (2012)

Girl Scout (2008) 5.5
Girl Scout (2008) Girl Scout (2008)*********************ဒီတစ်ခါမှာတော့ Kim Sun-Ah, Na Moon-hee, Goo Jun-Hee တို့လို့ ဝါရင့်မင်းသမီးကြီးတွေပါဝင်ထားတဲ့ ရယ်လည်းရယ်ရပြီး စိတ်ဝင်စားဖို့လည်းကောင်းတဲ့ 2008 ခုနှစ်ထွက်ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ဇာတ်လမ်းအကျဉ်းလေးကတော့ ရပ်ကွက်ထဲက ဆံသဆိုင်မှာ စုကြေးငွေ စုကြရင်းငွေလိမ်ခံလိုက်ရတဲ့ အမျိုးသမီးတွေအကြောင်းပါပဲ ။ရှယ်ယာကစားရင် ရှယ်ယာရှုံး ၊ အထည်ဆိုင်ဖွင့်တော့ အရင်းပြုတ်တဲ့အပြင်ယောကျ်ားကပါ ထားသွားတဲ့ ချွဲမီဂယောင်းအတွက်တော့ အဲဒီပိုက်ဆံကစားသောက်ဆိုင်လေး ဖွင့်ဖို့ စုထားတဲ့ပိုက်ဆံဖြစ်သလို နှလုံးရောဂါရှိနေတဲ့သားလေးရဲ့အမေ အိုဘုံဆွန်းကလည်း သူ့သား ခွဲစိတ်ဖို့ စုထားတဲ့ ပိုက်ဆံပါတဲ့။စူပါမားကတ်မှာ ခါးကျိုးမတတ်အလုပ်လုပ်ရတဲ့ အဘွားအို အီမန်ကလည်းငွေလိမ်ခံရလို့ သားဖြစ်သူဆီမှာ အထုအထောင်းခံရပြန်ပေါ့။အဲဒီမှာပဲ အကြွေးနွံနစ်နေတဲ့ ဂန်အွန်းဂျီကပါ အဒေါ်ကြီး သုံးယောက်နဲ့အတူအလိမ်ခံရတဲ့ငွေတွေကို ပြန်ရှာဖို့အရေး လေးယောက်သား ကြိုးစားကြတဲ့ အခါမှာတော့...သူတို့အလိမ်ခံရတဲ့ ပိုက်ဆံတွေ တကယ်ပဲ ပြန်ရမှာလား..။အဲဒီကိစ္စတွေ နောက်ကွယ်မှာ ဘာတွေရှိဦးမှာလဲ..။တစ်ဖက်က ပိုက်ဆံနဲ့ ဆွဲဆောင်လာတဲ့အခါ သူတို့ လေးယောက်ရော ...
movie

Girl Scout (2008)

Marriage Blue (2013)
Marriage Blue (2013) Marriage Blue (2013)၂၀၁၃ ခုနှစ်ထွက် Marriage Blue ဇာတ်လမ်းကတော့ Ju Ji Hoon, Ma Dong Seok, Lee Yeon Hee, Kim Kang Hoon, Lee Hee Joon, 2PM အဖွဲ့ဝင် Taecyeon စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေများစွာပါဝင်ထားတဲ့ အချစ်ဟာသရုပ်ရှင်လေးဖြစ်ပါတယ်။လူတိုင်းရဲ့ဘဝမှာ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အလှည့်အပြောင်းတွေကြုံရတဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြုံရလေ့ရှိပါတယ်။ ဒါကြောင့် ကလေးမွေးပြီးနောက်ပိုင်းခံစားရတဲ့ စိတ်ကျရောဂါကိုတော့ baby blue လို့ခေါ်ပြီး လက်မထပ်ခင်ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုတော့ marriage blue လို့ခေါ်ပါသတဲ့။ဒီရုပ်ရှင်ထဲမှာတော့ လက်ထပ်ပြီး ဘဝတစ်ခုတည်ထောင်ကြမယ့်စုံတွဲလေးတွဲရဲ့ ပြဿနာတွေ၊ ကြည်နူးစရာတွေကိုကြည့်ရှုရမှာဖြစ်ပြီး ပရိတ်သတ်တွေအသဲစွဲ သရုပ်ဆောင်တွေမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ဖြစ်ပေမယ့် ဘယ်အချိန်ကြည့်ကြည့် လက်တွေ့ဘဝက စုံတွဲတွေရဲ့ အချစ်ရေးပြဿနာတွေကို ပေါ့ပေါ့ပါးပါးမီးမောင်းထိုးပြထားသလို ဇာတ်လမ်းဇာတ်အိမ်လေးမို့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. ...
movie

Marriage Blue (2013)

Red Carpet (2014) 6.1
Red Carpet (2014)  ငယ်စဉ်တည်းက ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ အိမ်မက်မက်ခဲ့ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် Porn Director တစ်ယောက်အဖြစ်ရပ်တည်နေရတဲ့ ပတ်ဂျောင်ဝူ... အမေဖြစ်သူနဲ့ လေဖြတ်နေတဲ့အဖေ ကို သူ့ရိုက်ထားတဲ့ ဇာတ်လမ်းလေး TVမှာလာတာကို ပြချင်ခဲ့ပေမယ့် လွှင့်မရတဲ့ဇာတ်ကားဖြစ်နေတော့ အကြောင်းအမျိုးမျိုးပြပြီး လိမ်ထားရတာပေါ့ဒီလိုနဲ့တစ်နေ့ သူ့ဆီကို အိမ်ဝယ်တာ အလိမ်ခံရတဲ့ ကောင်မလေးတစ်ယောက်ရောက်လာခဲ့ပါတယ် အလိမ်ခံခဲ့ရတာကြောင့် နေရာမရှိဘဲ ပတ်ဂျောင်ဝူရဲ့ အိမ်မှာ ကပ်နေရတဲ့သူကတော့ ငယ်ငယ်က ကလေးသရုပ်ဆောင်လုပ်ခဲ့ဖူးပြီး မင်းသမီးဖြစ်ချင်နေတဲ့ ဂျောင်အွန်းဆူပါရုပ်ရှင်ရိုက်ဖို့အတွက် လူသစ်မိန်းကလေးသရုပ်ဆောင်ရှာနေတဲ့ ပတ်ဂျောင်ဝူးက ဒါရိုက်တာဆိုတာသိပေမယ့် ဘာကားရိုက်တဲ့ ဒါရိုက်တာမှန်းမသိဘဲ သူလည်းသွားလျောက်လေတော့...ဘာဆက်ဖြစ်မလဲ ဒီဇာတ်ကားလေးက ဟာသဆန်ဆန်ရိုက်ကူးထားပေမယ့် ပေးချင်တဲ့ မက်ဆေ့ကတော့ တော်တော်ကောင်းပါတယ် Porn ကားရိုက်တဲ့ မိန်းကလေးတိုင်း အပျက်မ မဟုတ်ပါဘူး...အလုပ်တစ်ခုဖြစ်ပြီး ဒါဟာလည်း အနုပညာတစ်ရပ်ပါပဲ ဇာတ်ကားထဲမှာ ဘယ်လိုပဲ ဖြစ်နေပါစေ အပြင်မှာတော့ မိန်းကလေးအားလုံးနဲ့ တန်းတူဆက်ဆံရမှာပါပဲ လေးစားမှု့ရှိရမှာပါပဲ လူတွေနေ့စဉ်ဘဝမှာ ဖြစ်ပျက်နေကြအရာတွေကို ကျန်းမာရေးရှူ့ထောင့်ကဖြစ်စေ ၊ လူ့သဘောသဘာဝကို ဖြစ်စေ ဖော်ပြပေးတဲ့ဇာတ်ကားတစ်ရပ်ပါအနုပညာဆိုတာကို ကျွန်တော်တို့ ဘယ်လို ...
movie

Red Carpet (2014)

Doomsday Book (2012) 5.9
Doomsday Book (2012) [Unicode]ဒီဇာတ်ကားလေးကတော့ Korean science fiction anthology film အမျိုးအစားလေးဖြစ်ပြီး လူသားတွေရဲ့ပျက်စီးခြင်းသဘောတရားကို ဇာတ်အိမ်သုံးမျိုးနဲ့ချပြထားတဲ့ကားလေးဖြစ်ပါတယ်The Brave new World: ဇွန်ဘီတွေပါဝင်နေတဲ့လောကကြီးThe Heavenly Creature: စက်ရုပ်လေးတစ်ရုပ်ရဲ့ လူသားနဲ့မခြားနားတဲ့ အသိတရားပိုင်ဆိုင်ထားခြင်းHappy Birthday: ကမ္ဘာပျက်ကိန်းကြုံခါနီးအချိန် မိသားစုတစ်စုရဲ့ဆန်းကြယ်တဲ့ဖြစ်ရပ်ကြားက အသက်ရှင်ကျန်မှုမတူညီတဲ့ဇာတ်အိမ်သုံးမျိုးနဲ့ မတူညီတဲ့စိတ်ခံစားမှုတွေကိုခံစားရစေမှာပါ( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) [Zawgyi]ဒီဇာတ်ကားလေးကတော့ Korean science fiction anthology film အမျိုးအစားလေးဖြစ်ပြီး လူသားတွေရဲ့ပျက်စီးခြင်းသဘောတရားကို ဇာတ်အိမ်သုံးမျိုးနဲ့ချပြထားတဲ့ကားလေးဖြစ်ပါတယ်The Brave new World: ဇွန်ဘီတွေပါဝင်နေတဲ့လောကကြီးThe Heavenly Creature: စက်ရုပ်လေးတစ်ရုပ်ရဲ့ လူသားနဲ့မခြားနားတဲ့ အသိတရားပိုင်ဆိုင်ထားခြင်းHappy Birthday: ကမ္ဘာပျက်ကိန်းကြုံခါနီးအချိန် မိသားစုတစ်စုရဲ့ဆန်းကြယ်တဲ့ဖြစ်ရပ်ကြားက အသက်ရှင်ကျန်မှုမတူညီတဲ့ဇာတ်အိမ်သုံးမျိုးနဲ့ မတူညီတဲ့စိတ်ခံစားမှုတွေကိုခံစားရစေမှာပါ( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) File size__( ...
movie

Doomsday Book (2012)