Channel Myanmar

Glen Chin

The Master (1992) 5.7
The Master (1992)  ဂျက်လီရဲ့ အက်ရှင်ကားတွေမှ ကြည့်ချင်သူတွေအတွက် ၁၉၉၂ က ထွက်ရှိထားတဲ့ The Master (龙行天下) ကို တင်ဆက်ပေးပါရစေ။သိုင်းအတတ်ပညာရှင် မအူမလည်လေး ကစ်ဟာ သူ့ဆရာဖြစ်တဲ့ ချန်ဟော်ထက်ကိုရှာဖို့ ဟောင်ကောင်ကနေ လော့အိန်ဂျလိစ်အထိ အပြေးနှင်လာခဲ့ပါတယ်။ ဆရာထက်ဟာ ဂျော်နီဆိုတဲ့ သိုင်းသင်တန်းဖွင့်ထားတဲ့ စီးပွားပြိုင်ဖက်က သူ့ကိုအသေသတ်ဖို့ကြံနေတာကြောင့် ထွက်ပြေးနေရတာပါ။ ဘာသာစကားအခက်အခဲနဲ့ အူကြောင်ကြား ကစ်ဟာ သူ့ဆရာရဲ့ဆေးခန်းမှာ ဆရာဖြစ်သူကိုရှာမတွေ့တဲ့အခါ ဘဏ်ဝန်ထမ်းမလေး မေရဲ့အကူအညီနဲ့ ဆရာထက်ကို လိုက်ရှာပါတော့တယ်။အင်္ဂလိပ်စာမတတ်ဘဲ တရုတ်စာနဲ့ အမေရိကမှာဆရာပျောက်ရှာနေတဲ့ ကစ်တစ်ယောက် ဆရာထက်ကို ရှာတွေ့ပြီး ဂျော်နီကို ပြန်သင်ခန်းစာပေးနိုင်မလားဆိုတာကိုတော့ ဟာသနဲ့ သိုင်းအလှရောစပ်ထားပြီး IMDb 5.7/10 ရထားတဲ့ The Master မှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ File size…(2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:28:00 Genre... Kung Fu, Martial ...
movie

The Master (1992)

Knock Off (1998) 4.9
Knock Off (1998)  Knock Off (1998)အက်ရှင်မင်းသား Van Damme နဲ့ Rob Schneider တို့အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဟောင်ကောင်မှာ ပစ္စည်းအတုတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင်ဖြစ်တဲ့ Ray..သူ့ရဲ့လုပ်ဖော်ကိုင်ဖက် Tommy နဲ့အတူတူ အထည်အတုတွေနောက်ကွယ်က ပုန်းကွယ်နေတဲ့ ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်ဖို့ဖြစ်လာပါတော့တယ်။ထင်မှတ်မထားတဲ့ plot twist တွေ၊ နောက်ကွယ်ကသရုပ်မှန်တွေနဲ့ သူငယ်ချင်းမိတ်ဆွေ သံယောဇဉ်တွေကိုလည်း အသေအချာထည့်သွင်းသရုပ်ဖော်ထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။သူတို့တွေ့သွားတဲ့လျှို့ဝှက်ချက်က ဘာဖြစ်မလဲ ? ပါဝင်ပတ်သက်နေကြသူတွေရဲ့ တကယ့်မျက်နှာအစစ်ကရော ဘာတွေလဲ ?ဇာတ်လမ်းနာမည်အတိုင်းပဲ တစ်ကားလုံးမှာ အတုအယောင်တွေနဲ့ ပြည့်နှက်နေတာကို ခံစားရမှာဖြစ်ပါတယ်။ဟောင်ကောင်အက်ရှင်ကား ကြိုက်နှစ်သက်သူတွေအတွက်တော့ ကြည့်ပျော်တဲ့ဇာတ်ကားတစ်ကားဖြစ်မယ်လို့ ညွှန်းပေးချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။) File size… (5 GB) / (1.6 GB) Quality…. Blu-Ray 1080p / 720p Format…. mp4 Genre…. Action ,Crime, Thriller Duration…. 01:30:50 Subtitle…. ...
movie

Knock Off (1998)

1998
50 First Dates (2004) 6.8
50 First Dates (2004) 50 First Dates (2004)IMDb Rating (6.8)- " မင်းရယ်နေတာလေးကို ကိုယ်သဘောကျတယ် "- " ရှင် ကျွန်မကို ရယ်အောင်လုပ်တာကိုလဲ ကျွန်မက သဘောကျပါတယ်"Henry Roth ဆိုတဲ့ တိ/မွေးကုဆရာဝန်တစ်ယောက်ဟာ Oahu ကျွန်းလေးပေါ်က အဏ္ဏဝါပြတိုက်တစ်ခုမှာ အလုပ်လုပ်နေပါတယ်။ သူဟာ မိန်းမအင်မတန်ပွေရှုပ်တဲ့လူတစ်ယောက်ဖြစ်ပြီး ဘယ်မိန်းကလေးကိုမှ အတည်တကျတွဲလေ့မရှိတဲ့ Womanizer တစ်ယောက်ပါပဲ။ တစ်နေ့တော့ သူဟာ ကျွန်းကိုပတ်ပြီး ရွက်လှေစီးလို့ အပန်းဖြေထွက်နေစဉ်မှာ သူ့ရွက်လှေ ပျက်သွားပါတယ်။ အဲဒီတော့ ကမ်းကိုကပ်၊ Hukilau ဆိုတဲ့ ကော်ဖီဆိုင်လေးမှာ ထိုင်ပြီး သူ့ကိုအကူအညီပေးနိုင်မယ့် ကမ်းရိုးတန်းစောင့်ရဲတပ်ဖွဲ့ကို မျှော်နေတဲ့အချိန် အိပ်မက်နတ်သမီးလေးကို သူတွေ့လိုက်ရတာပါပဲ။ လှလိုက်တဲ့ မိန်းကလေးရယ်။ နတ်သမီးလေးများ ကိုယ့်ရှေ့မှာလာပြီး ကိုယ်ထင်ပြနေသလို။ ရွှေရောင်ဆံပင်လေးနဲ့၊ လိုက်ဖက်တဲ့သမင်မျက်လုံးလေးနဲ့၊ အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့၊ ဝေဖာချောင်းလေးတွေကို အိမ်လုပ်ပြီးဆော့နေတဲ့ ဒီမိန်းကလေးကို Henry တစ်ယောက် ...
movie

50 First Dates (2004)

2004
3 Ninjas Kick Back (1994) 4.5
3 Ninjas Kick Back (1994) 3 Ninjas Kick Back (1994) ===================များလှစွာသော Three Ninjas တွေထဲကမှ နောက်ထပ် ကားကောင်းလေး တစ်ကားပါ ပရိသတ်ကြီးရေ .. ၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်လည်း ငယ်ငယ်က ကြိုက်လွန်းလို့ ခဏခဏကြည့်ပြီး အလွတ်နီးပါး ရနေတဲ့ ဇာတ်လမ်းလေးပါ။ဇာတ်ကြောင်းကတော့ .. ရော့ကီ၊ ကော့တ်နဲ့ တမ်တမ် ဆိုတဲ့ ညီအစ်ကို သုံးယောက် ရှိကြသဗျ။ သူတို့ဟာ နွေရာသီအားလပ် ရက်တွေမှာ အဘိုးဖြစ်သူရဲ့ အပန်းဖြေအိမ်လေးကို သွားပြီး နင်ဂျာသိုင်း သင်ကြပါတယ်။ တစ်ခုသောနွေရာသီမှာတော့ အဘိုးဖြစ်သူက လွန်ခဲ့တဲ့ အနှစ် ၅၀ က သူ ပြိုင်ပွဲဝင်ရင်း ဆုရခဲ့တဲ့ဓားမြှောင်တစ်ချောင်းရဲ့ သမိုင်းကို မြေး ၃ယောက်ကို ပြောပြပါတော့တယ်။ ဒီလိုနဲ့ ဒီဓားမြှောင်က တိုကျိုမှာရှိတဲ့ ရွှေလှိုဏ်ဂူတစ်ခုရဲ့ သော့ဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။ဒီဓားမြှောင်ကို အဘိုးဖြစ်သူဟာ ယခုလက်ရှိ ဂျပန်နိုင်ငံ ကိုဂါမြို့မှာ ကျင်းပတဲ့ နင်ဂျာပြိုင်ပွဲမှာ အနိုင်ရသူကို ပြန်ပြီး လက်ဆင့်ကမ်း ချီးမြှင့်မှာ ဖြစ်ပါတယ်။ သို့ပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၅၀ ...
movie

3 Ninjas Kick Back (1994)

1994
Natural Born Killers(1994) 7.2
Natural Born Killers(1994) Natural Born Killers(1994)====================== မစ်ကီနဲ့ မယ်လိုရီ တို့ဟာ ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာကိုယ်စီနဲ့ကြီးပြင်းလာခဲ့သူတွေဖြစ်ပါတယ် မစ်ကီနဲ့ မယ်လိုရီတို့ အချင်းချင်းတွေ့ဆုံမိချိန်မှာတော့ နှစ်ယောက်ပေါင်းပြီး မယ်လိုရီရဲ့ အနိုင်ကျင့်တတ်တဲ့မိဘတွေကိုသတ်ကာ နှစ်ယောက်သားထွက်ပြေးခဲ့ကြပါတော့တယ်ဒါပေမယ့် ငယ်ငယ်ကစိတ်ဒဏ်ရာရှိခဲ့သူတွေဖြစ်တာကြောင့်နှစ်ယောက်ပေါင်းမိချိန်မှာတော့ တစ်ဖြည်းဖြည်း စိတ္တဇ လူသတ်စုံတွဲအဖြစ်ပြောင်းလဲလာပါတော့တယ် သူတို့ဟာ သူတို့ကားရပ်တဲ့နေရာတိုင်း အနားမှာရှိသမျှလူအကုန်သတ်ပစ်တတ်ကြပြီး သူတို့သတ်သွားတဲ့ဇာတ်လမ်းကိုပြန်ပြောနိုင်ဖို့ လူတစ်ယောက်ကိုတော့ချန်ခဲ့တတ်တဲ့စုံတွဲအဖြစ် နာမည်ကြီးပါတယ် အဲ့အချိန်မှာပဲ မီဒီယာရဲ့မြောှက်ထိုးပင့်ကော်လုပ်မှုကြောင့် တစ်နိုင်ငံလုံးဟာ ဒီရာဇဝတ်စုံတွဲကိုထောက်ခံအားပေးလာကြတဲ့အချိန်မှာတော့ မစ်ကီနဲ့မယ်လိုရီတို့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားစရာ ကြည့်ရှုရမှာဖြစ်ပါတယ်သရုပ်ဆောင်တွေကတော့ မင်းးသားကြီး Woody Harrelsonနဲ့မင်းသမီး Juliette Lewisပဲဖြစ်ပါတယ် ဒါ့အပြင် မင်းသားRobert Downey Jrကလည်း သတင်းထောက် ဝိန်းဂေးလ်အနေနဲ့ပါဝင်အားဖြည့်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. File size…2.81GB / 1.26GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ..... Action / Crime / Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Natural Born Killers(1994)