Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Giuseppe Andrews
7.0
Independence Day (1996)
Independence Day (1996) ************************** IMDb.....7.0 (4K available on CM APP) မင်းသားကြီး Will Smith ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်ခဲ့တဲ့Independence Day (1996) ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။1996 ခုနှစ်က ရုပ်ရှင်ကားမို့ Graphic တွေကို အထင်မသေးလိုက်နဲ့နော်ယနေ့ခေတ် CGI တွေကို ရင်ဘောင်တန်းနိုင်တဲ့ နည်းပညာတွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပြီး Best Visual Effect Award ရရှိခဲ့တဲ့ကား ဖြစ်ပါတယ်။ကမ္ဘာမြေကို ဂြိုဟ်သားတွေ သိမ်းပိုက်ဖို့ လာရောက်တိုက်ခိုက်မှုကို အမေရိကန်သမ္မတအနေနဲ့ဘယ်လို ကာကွယ်မလဲ.. Area 51 အကြောင်းလေ့လာချင်သူတွေအတွက်လည်း Area 51ရဲ့မြှပ်ကွက်တွေကို တွေ့မြင်ရမဲ့အပြင်... Pilot တစ်ဦးဖြစ်တဲ့ Will Smith အနေနဲ့ရော ဂြိုလ်သားတွေကိုဘယ်လိုပြန်လည်တိုက်ခိုက်မလဲဆိုတာတွေကို သိချင်တယ်ဆိုရင်တော့ အခုပဲ ဝင်ရောက်ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဘာသာပြန်နဲ့ အညွှန်းကိုတော့ Abby မှ ရေးသားထားပေးပါတယ်။) File Size : ...
movie
Independence Day (1996)
5.3
2001 Maniacs (2005)
2001 : Maniacs (2005)သွေးထွက်သံယိုဇာတ်ကွက်တွေ နဲ့ လူသတ်ကားခပ်ကြမ်းကြမ်းလေးကို တောင့်တနေမိတယ်ဆိုရင်တော့ ၂၀၀၅ ခုနှစ်ကထွက်ရှိထားတဲ့ 2001: Maniacs ဆိုတဲ့ဇာတ်ကားလေးကို မိတ်ဆက်ပေးလိုက်ပါမယ်။ ဒီဇာတ်ကားက ၂ ကားထွက်ထားတာဖြစ်ပြီး 2001 : Maniacs : Field of Screams (2010) ဆိုတဲ့ကားကိုလဲ တပါတည်းတင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့... ကျောင်းတွေပိတ်လို့ နွေရာသီအားလပ်ရက်ခရီးထွက်လာကြတဲ့ ကျောင်းသားတစ်စုဟာ လမ်းတစ်၀က်အရောက် လမ်းလယ်ခေါင်မှာပိတ်ထားတဲ့ လမ်းလွှဲဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရပါတယ်။ သူတို့ကလည်း လမ်းညွှန်ရာအတိုင်း ၀င်လာခဲ့တဲ့နောက်မှာ အင်မတန်ထူးဆန်းတဲ့ မြို့တစ်မြို့ထဲကို ရောက်သွားခဲ့ပါတယ်။ မြို့သူမြို့သားတွေဟာ သူတို့ရောက်လာတာနဲ့ ၀မ်းပမ်းတသာ ကြိုဆိုနေခဲ့ကြပြီး နေရာထိုင်းခင်း အစားအသောက်တွေ အဆင်သင့် ပြင်ဆင်ဧည့်ခံပါတော့တယ်။ဒါပေမယ့် တဖြေးဖြေးနဲ့ ကျောင်းသားတွေ တစ်ယောက်ချင်းစီ ပျောက်ပျောက်လာတဲ့နောက်မှာ သူတို့တွေဟာ သံသယတွေ ၀င်လာခဲ့ကြပါတယ်။ သူတို့ရောက်နေတာ ဘယ်မြို့လဲ။ ဘာလို့ သူတို့ကိုကြိုဆိုနေကြတာလဲ။ သူငယ်ချင်းတွေရော ဘယ်တွေရောက်ကုန်တာလဲ...စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ပဟေဠိဆန်လွန်းလှတဲ့ ဒီမြို့လေးမှာ ဘာလျို့ဝှက်ချက်တွေရှိနေမလဲ၊ သူတို့သူငယ်ချင်းတွေကို ရှာတွေ့မှာလား၊ သူတို့ရော လွှတ်မြှောက်နိုင်ပါ့မလားဆိုတာ....။(အသတ်အဖြတ်၊ အပြောအဆို ၊ ...
movie
2001 Maniacs (2005)
8.5
American History X(1998)
American History X (1998) IMDb 8.5/10 Rotten Tomatoes 83% လူငယ်ဆိုတဲ့အရွယ်က ဂျုံမှုန့်ဖြူကလေးတွေနဲ့ နှယ်ထားပြီး ပုံသွင်းတဲ့ အရုပ်လုပ်သမားလက်ထဲက ပုံစံတုလေးတစ်ခုလိုပါပဲ။ဝယ်ယူမယ့်သူရဲ့ခိုင်းစေမှု အလိုက် ကျေးရုပ်ကလေးလည်း ဖြစ်ချင်ဖြစ်မယ်။မျောက်ရုပ်ကလေးလည်း ဖြစ်ချင်ဖြစ်မယ်။ဆိုလိုချင်တာက အရာရာကိုဖြေးညင်းစွာနဲ့ လိုက်ပါပုံသွင်းရင်း မိမိစိတ်သဏ္ဍာန်နဲ့ ရုပ်ပိုင်းဆိုင်ရာတွေက ဖြစ်တည်လာတဲ့ အခြေအနေတွေရဲ့ ရိုက်ခတ်မှု အလိုက် ဘဝအရုပ်ပုံဖော်ဖန်တီးထုဆစ်သူရဲ့ လက်ဖဝါးထဲက အရုပ်ကလေးလိုမျိုး ပြောင်းလဲသွားကြတာမဟုတ်ပါလား။ရော့ခ်အပြင်းစား သီဆိုသူတွေရဲ့ ဖက်ရှင်တွေခေတ်ထလာချိန်မှာ လူငယ်တွေကလည်း ဂျင်းဘောင်းဘီတွေအကောင်းတွေကို တမင်ဖြဲပြီး ဝတ်ခဲ့ကြတယ်။ဆံပင်ရှည်ထားပြီး ဂစ်တာကိုကျောမှာလွယ်ခဲ့ကြတယ်။ပစ္စည်းမဲ့လူတန်းစားအသားပေးဝတ္ထု တွေ ဇာတ်လမ်းတွေခေတ်စားတုန်းကဆိုရင် အဲဒီခေတ်ကလူငယ်တွေက ပုဆိုးအပြဲ ။ဖိနပ်မြီးတိုနဲ့ ရုပ်ဝါဒရဲ့အလေးပေးမှု တွေကို တွန်းလှန်ပြသလိုမျိုးပေါ့။ထိုနည်းနှင်နှင်နဲ့ နေထိုင်ခြင်းကသာ မှန်ကန်တဲ့ လူဘဝနေနည်းစစ်စစ်။စလို့ ဟစ်ကြွေးခဲ့ကြသလိုမျိုးပါပဲ။လူငယ်ဆိုတာ ခေတ်စနစ်ရဲ့ ရိုက်ခတ်မှု အလိုက် မျောပါကြသူတွေကများပါတယ်။မှားတယ်မှန်တယ်ဆိုတာထက် ။အနိုင်ယူလိုစိတ်။တွန်းကန်လိုစိတ်နဲ့။ထင်ပေါ်ကိုးကွယ်လိုမှု ကို အလွန်အမင်းလိုချင်ကြတဲ့ အရွယ်အခါမျိုးမှာ သွေးဆူမှု ကို တွန်းအားပေးစေတဲ့ ဝိဝါဒအမျိုးမျိုးကို လက်သင့်ခံ ...
movie
American History X(1998)
1998
Cabin Fever 2: Spring Fever (2009)
Cabin fever 2 မှာဆိုရင်လည်း Cabin fever series တို့ရဲ့ ထုံးစံအတိုင်း ကူးစက်ရောဂါ ကူးစက်မှုအပေါ်ဇာတ်လမ်းအခြေတည်၍ ရိုက်ကူးထားခြင်းဖြစ်ပါတယ်။အထက်တန်းကျောင်းပြီးဆုံးခါနီးမှာ အထက်တန်းကျောင်းသားတိုင်း ကိုယ်စီအတွဲများနှင့် ရင်ခုန်စွာတက်ရောက်ရတဲ့အထက်တန်းကျောင်း အိမ်မက်ဖြစ်တဲ့ကျောင်းကပွဲကို ကူးစက်ရောဂါကျရောက်လာပြီးနောက်မှာ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများ ဘယ်လိုရင်ဆိုင်ကြမလဲ၊ ဒီအိမ်မက်ဆိုးရောဂါကြီးကရော ဘာရောဂါလဲ၊ ဘယ်သူတွေအသက်ရှင်လွတ်မြောက်နိုင်မလဲကို စောင့်စားကြည့်ရှူရမယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…(1.7 GB)/(917 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie
Cabin Fever 2: Spring Fever (2009)
6
Never Been Kissed (1999)
Never Been Kissed (1999)~ IMDb - 6/10, Rotten Tomatoes - 55% ~ဒီကားလေးဟာဆိုရင်ဖြင့် 90s အကျော်အမော် မင်းသမီးချော Drew Barrymore ရဲ့ ငယ်ရွယ်စဉ်အပျိုပေါက်အရွယ်တုန်းက ရိုက်ကူးခဲ့တဲ့ အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဂျိုစီဂယ်လာဆိုတဲ့ ၂၅နှစ်အရွယ် အမျိုးသမီးလေးတစ်ယောက်ဟာ Chicago Sun Times သတင်းစာတိုက်မှာအလုပ်လုပ်နေတဲ့ အငယ်ဆုံးဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အစည်းအဝေးမှာ အထက်လူကြီးက ဂျိုစီ့အတွက် ပထမဆုံးသူလျှိုသတင်းထောက်တာဝန်ကို ပေးခဲ့တယ်။ သူလျှိုသွားလုပ်ရမယ့်နေရာကတော့ ဂျိုစီရဲ့အိပ်မက်ဆိုးလို့ပြောလို့ရတဲ့ သူ့အတွက်မကောင်းတဲ့အမှတ်တရတွေအပြည့်နဲ့ သူတက်ခဲ့တဲ့ South Glen အထက်တန်းကျောင်းဖြစ်နေခဲ့တယ်။တာဝန်အတွက် ကျောင်းပြန်တက်ဖို့သွားတဲ့အခါမှာလည်း အရင်တုန်းက အထက်တန်းကျောင်းသူ စာဂျပိုးဂျိုစီပုံစံ ပြန်ဖြစ်နေခဲ့တဲ့အပြင် ဆရာတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆမ်ကိုလ်ဆင်ဟာ သူ့ကိုစိတ်ဒဏ်ရာပေးခဲ့တဲ့ အထက်တန်းကျောင်းဖော် ဒိတ်ဒိတ်ကြဲ ကောင်ချောလေး ဘီလီပရင့်စ်နဲ့ ရုပ်ဆင်နေခဲ့တယ်။ အရင်အတိုင်း ဝင်မဆံ့ဖြစ်နေတဲ့ညီမကို မကြည့်ရက်တော့တာကြောင့် အစ်ကိုဖြစ်သူ ရော့ဘ်ကပါ သူလျှိုဇာတ်ထဲ ...
movie
Never Been Kissed (1999)
1999
Cabin Fever (2002)
ကောလိပ်ကျောင်းသား ငါးယောက်ဟာ စာမေးပွဲအပြီး တောအုပ်ထဲကသစ်လုံးအိမ်လေးမှာ စုပြီးအနားယူဖို့ထွက်လာကြပါတယ်ညဘက်မီးပုံပွဲလေးလုပ်ပြီး စကားစမြည်ပြောဆိုနေကြတုန်းမှ ထူးဆန်းတဲ့ရောဂါကူးစက်ခံနေရသူတစ်ယောက်က အကူအညီတောင်းလာပါတယ်။ အားလုံးကလည်း ကြောက်လန့်တကြားနဲ့ အကူအညီပေးဖို့ ငြင်းဆန်ရာမှရုန်းရင်းဆန်ခတ်တွေဖြစ်ကာ သူတို့ပါလာတဲ့ကားပျက်စီးသွားပါတော့တယ်။နောက်တစ်နေ့မနက် ကားပြင်ဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲ။ ထူးဆန်းတဲ့သူကရော ဘယ်သူလဲ။ ထူးဆန်းတဲ့ရောဂါကရော ကုသနိုင်မှာလား။ သူတို့ သူငယ်ချင်းအုပ်စုကို ရောဂါကူးစက်မခံရဘဲနဲ့ အိမ်ပြန်လာနိုင်မလား စသဖြင့် ကြည့်ရှုခံစားရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။ File size…(1.8 GB)/(969 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie
Cabin Fever (2002)
7.5
Pleasantville (1998)
Pleasantville (1998)~ IMDb - 7.5/10, Rotten Tomatoes - 86% ~ဒီခေတ်က ဖြစ်ရပ်တွေကိုကြည့်ရင်း "အရင်ခေတ်ကလူတွေသာ ဒါကိုမြင်ရင် ဘယ်လိုနေမလဲ" ဆိုတာမျိုးကို တစ်ခါလောက်တော့ တွေးမိဖူးကြမယ့်လူတွေများပါလိမ့်မယ်။ ဒီရုပ်ရှင်ကတော့ အဲဒီလိုအရင်ခေတ်တစ်ခုကိုပြန်ရောက်သွားတာပါ။ သိပ္ပံကားတွေလို အချိန်ခရီးသွားရင်း တကယ့်သမိုင်းထဲရောက်တာမျိုးတော့မဟုတ်ဘူးပေါ့။ ဒေးဗစ် နဲ့ ဂျန်နဖာဆိုတဲ့ အမွှာမောင်နှမ ၂ယောက်က ၁၉၅၀ လောက်က တီဗီရှိုးတစ်ခုဖြစ်တဲ့ Pleasantville ဆိုတဲ့အစီအစဉ်ထဲကို ပဉ္စလက်ဆန်ဆန် ဝင်ရောက်သွားတာဖြစ်ပါတယ်။ပလဲဆန့်ဗေးလ်က ပြောရမယ်ဆိုရင် စိတ်ကူးယဉ်အိပ်မက်ကမ္ဘာလိုပါပဲ။ လူတိုင်းတာဝန်ကိုယ်စီနဲ့၊ နေ့တိုင်းကလည်း ဒီလို မပြောင်းမလဲ၊ အိမ်တွေကအစတူပြီး မီးတောင်မလောင်တတ်လို့ မီးသတ်ဆိုတာ သစ်ပင်ပေါ်တက်ပြီးပြန်မဆင်းတတ်တဲ့ကြောင်လေးတွေကို ကယ်ဖို့လောက်အသုံးဝင်တာပါ။ ရာသီဥတုကလည်း အမြဲတစ်ချိုးတည်း၊ အပူချိန်ကလည်း မတက်မကျ။ ဒီလို သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်ပြီး ပြည်သူတွေအားလုံးပျော်နေကြတဲ့ ပလဲဆန့်ဗေးလ်တီဗီရှိုးထဲက ပလဲဆန့်ဗေးလ် မြို့ကလေးပါ။ဒါပေမဲ့ ဒေးဗစ်တို့မောင်နှမ ၂ ယောက်ရောက်သွားပြီး ပြောင်းလဲမှုတွေ ...
movie
Pleasantville (1998)
1998