Channel Myanmar

Giorgio Gobbi

The American (2010) 6.5
The American (2010) The American (2010) *********************IMDb....6.5,,,,Rotten ....70%မင်းသားကြီး  George Clooney ရဲ့အမိုက်စားကားကိုတင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားလေးမှာ အီတလီသရုပ်ဆောင်နဲ့အဆိုတော် Violante Placidoရဲ့ ...ရင်သပ်ရှုမောဖွယ် အလှအပတွေကိုလည်း ဝေဝေဆာဆာတွေကိုလည်းတွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်း ---------------အဖွဲ့အစည်းတစ်ခုလက်အောက်မှာနေပြီးတော့ လျှို့ဝှက်စွာ အလုပ်လုပ်တဲ့ ဂျက်ဆိုတဲ့ သူတစ်ယောက်ရှိတယ်။သူလုပ်တဲ့အလုပ်က ဘယ်သူမှ မသိအောင် သဲလွန်စဖျောက်ပြီး လူသတ်တဲ့အလုပ်ပါပဲ...အလုပ်လုပ်တာ အတော်ကြာလာတော့ မကျေနပ်တဲ့အဖွဲ့အစည်းတွေက စုံစမ်းရင်းသိလာပြီးတဲ့နောက်မှာ...ဂျက်ကိုပြန်လည် သုတ်သင်ဖို့ စတင်ကြိုးစားလာကြတယ်။ ဒီလို သားကောင်အဖြစ်ပြန်ရောက်ရတဲ့ ဂျက်တစ်ယောက်..အီတလီနိုင်ငံက မြို့ငယ်လေးတစ်မြို့မှာ ကိုယ်ယောင်ဖျောက်ပြီးသွားရောက်နေထိုင်ဖို့ကြိုးစားပါတယ်။သို့ပေမယ့်...သူ့ကိုလိုက်သတ်ကြတဲ့သူတွေဟာ ဘယ်သူတွေများဖြစ်မလဲ...လူပေါင်းများစွာကိုသတ်ပစ်ခဲ့တဲ့ သွေးအေးလူသတ်သမားကြီးဂျက်တစ်ယောက်...အသက်ဘေးကနေလွတ်မြောက်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်လိုက်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasဖြစ်ပါတယ်File Size : 1.6GB / 650MB Quality : 1080p / 720p Duration : 01:45:00 Genre : Crime , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  MarTizas Encoded by Heather Oo
movie

The American (2010)

His Secret Life (aka) The Ignorant Fairies (2001) 7.3
His Secret Life (aka) The Ignorant Fairies (2001)  ဒီ​ရုပ်ရှင်​ကတော့ အီတလီ​စကားပြောရုပ်ရှင်ဖြစ်ပြီး ၂၀၀၁ ခုနှစ်​ကထွက်ရှိခဲ့ပါတယ်။ Family Drama အမျိုး​အစားဖြစ်ပြီး အီတလီ​နာမည်​က Le fate ignoranti ဖြစ်ပါတယ်။ ဒီ​ရုပ်ရှင်​ရဲ့ နောက်​ထပ်​ အင်္ဂလိပ် title က His Other Life ဖြစ်​ပါတယ်။ သိပ်​မကြာ​သေးခင်ကပဲ ဒီဇာတ်ကားကို Remake ပြန်​လည်ရိုက်ကူးခဲ့ပါသေးတယ်။ဇာတ်လမ်း​အကျဥ်းကတော့ Antonia က ရောမမြို့ပြင်က ရပ်ကွက်​တစ်ခုမှာနေတဲ့ အထက်​တန်း​လွှာ​အမျိုး​သမီး​တစ်ဦး​ဖြစ်ပြီး​ Massimo ဆိုသူ​နဲ့ အိမ်​ထောင်​ကျတာ ၁၅ နှစ်ရှိပြီဖြစ်ပါတယ်။ ၁၅ နှစ်​လုံး​လုံး​ Massimo​ ရဲ့အရိပ်အောက်မှာပဲနေရင်း ခင်​ပွန်း​ဖြစ်သူလိုအပ်တာကို ဖြည့်ဆည်း​ပေးခဲ့တဲ့​ဇနီး​ကောင်းဖြစ်ပါတယ်။ Massimo ကလည်း သူ့အတွက်​ခင်ပွန်း​ကောင်းဖြစ်တဲ့အတွက် နှစ်ယောက်​အတူပျော်ရွှင်စွာ နေထိုင်​လာရာကနေ တစ်နေ့မှာ Massimo တစ်ယောက်​ ယာဥ်​မတော်တဆ​မှုနဲ့ ကွယ်လွန်​သွားခဲ့ပါတယ်။ခင်​ပွန်း​ဖြစ်သူ​ကွယ်လွန်ပြီး သူ့ရုံးခန်းထဲက ပစ္စည်း​တွေကို အိမ်​ပြန်​ပို့​ရာကနေ အဲဒီ​ပစ္စည်း​တွေထဲမှာ ပန်း​ချီ​ကားတစ်ချပ်ပါလာပါတယ်။ ပန်းချီ​ကားနာမည်က The Ignorant Fairies ...
movie

His Secret Life (aka) The Ignorant Fairies (2001)