Channel Myanmar

Gilberto Barraza

Queer (2024) 6.6
Queer (2024)   Queer (2024)IMDb Rating (6.6) / Rotten Tomatoes (78%) ဂျိမ်းစ်ဘွန်းမင်းသား Daniel Craigရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ရုပ်ရှင်။ဘဲကြီးက မက္ကဆီကိုစီးတီးမှာနေရင်း ကောလိပ်ကျောင်းသားလေးတွေကို စားဘဲကြီးလုပ်နေတာ။ယူဂျင်းဆိုတဲ့ကောင်လေးနဲ့တွေ့တဲ့အခါမှာတော့ စွဲလန်းသွားပြီး သူနဲ့အတူခရီးထွက်ဖို့ပါ စည်းရုံးပါတော့တယ်။ဘာအတွက်ခရီးလဲဆို သူ့စိတ်ထဲမှာ စွဲလန်းနေတဲ့အရာတစ်ခု။ တယ်လီပသီစိတ်စွမ်းအားမြှင့်တင်ပေးတယ်လို့ သူသိထားတဲ့ ယာဂေးဆိုတဲ့အပင်ကို သုံးစွဲကြည့်ချင်တာ။အဲဒီအပင်ကိုရှာဖို့အတွက် ယူဂျင်းနဲ့အတူ အီကွေဒေါက တောကြီးထဲကိုရောက်သွားချိန်မှာတော့..။(အဖော်အချွတ်နဲ့ လိင်တူအခန်းတွေပါဝင်တာမို့ အသက်ပြည့်ပြီးမှကြည့်ကြပါ) (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(14 GB) / (3.1 GB) / (1.2 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Romance Duration….02:16:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo
movie

Queer (2024)

2024
4K HEVC
Pedro Páramo (2024) 6.1
Pedro Páramo (2024)  Pedro Páramo (2024)IMDb Rating (6.1) / Rotten Tomatoes (71%) ၁၉၅၅မှာ ထုတ်ခဲ့တဲ့ မက္ကဆီကန် Juan Rulfoရဲ့ ဝတ္တုPedro Páramoကိုပဲ ပြန်ရိုက်ထားတာပါ။မက္ကဆီကန်ဒါရိုက်တာကပဲရိုက်ထားပြီး ဇာတ်လမ်းကိုက မက္ကဆီကန်အငွေ့အသက် တော်တော်လွှမ်းတဲ့ ဇာတ်လမ်းမျိုးပါပဲ။အမျိုးအစားက magical realism dramaဖြစ်ပြီး တစ်ကားလုံးမှာ ကျွန်တော်တို့တွေ တစ္ဆေမြို့တွေ တစ္ဆေတွေ နားမလည်နိုင်စရာ အဖြစ်အပျက်တွေကို မြင်ရမှာပါပဲ။ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ Rodrigo Prietoပါ။ နာမည်ကျော် စီနီမာတိုဂရပ်ဖာပါပဲ။ ဒီရုပ်ရှင်ကတော့ သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်ပါ။မက္ကဆီကန်ဒါရိုက်တာတွေထဲ နာမည်အကျော်ဆုံးဖြစ်တဲ့ Alejandro ရဲ့ 21 Gramsတို့ Babelတို့ Amores perrosတို့မှာ စီနီမာတိုဂရပ်ဖာအနေနဲ့ ရိုက်ကူးခဲ့သလိုအန်းလီရဲ့ Lust, Cautionနဲ့ Brokeback Mountainမှာလည်း ရိုက်ကူးခဲ့ဖူးတယ်။The Wolf of Wall Street , The Irishman , ...
movie

Pedro Páramo (2024)

2024
Radical (2023) 8
Radical (2023) Radical (2023)~ IMDb - 8/10, RT - 94%, Meta - 70% ~Directed by "Christopher Zalla"မက္ကဆီကန်နယ်စပ်က ဘယ်သူမှဘောင်မသွင်းကြတဲ့ အပယ်ခံကျောင်းက အပယ်ခံအတန်းကို အတန်းပိုင်ဆရာအသစ်ယောက်ရောက်လာခဲ့တယ်။ အဲဒီအတန်းက ကျောင်းသားတွေမှာ အမှိုက်ကောက်စားရတဲ့ကလေးတွေလည်းပါတယ်။ မူးယစ်ဆေးရောင်းတဲ့ ကလေးတွေလည်းပါတယ်။ အောက်ခြေလူတန်းစားကလေးတွေချည်းပေါ့။ ဒီလိုကလေးတွေလည်း ဖြစ်နေသလို စာမေးပွဲမှာလည်း အမှတ်တွေမကောင်းကြတော့ အားလုံးက ဝိုင်းကြဉ်တာခံနေရတဲ့ အတန်းဆိုလည်း မမှားဘူး။ ရောက်လာတဲ့ဆရာက "ခေတ်ကြောင့်ကလေးတွေဟာ ထက်လာကြပေမဲ့ ပညာရေးစနစ်ကတော့ အဲဒီလို ထက်တဲ့ ကလေးတွေနဲ့ မလိုက်အောင် ခေတ်နောက်ကျန်နေတဲ့အရာ" လို့ ယုံကြည်တဲ့သူ။ သူ့စကားအရတော့ ခေတ်ကြီးကလည်း ပြောင်းလဲသွားပြီ။ ကလေးတွေလည်း ပြောင်းလဲသွားကြပြီ။ ပညာရေးနစ်ကြီးကပဲ နှစ်တစ်ရာလုံး ဘာမှမပြောင်းလဲဘဲ ကျန်နေတယ်တဲ့။ ဒီပညာရေးစနစ်ကြီးက လုပ်ပေးနိုင်တဲ့တစ်ခုတည်းသောအရာက ကလေးတွေကို ယန္တရားအသေကြီးတစ်ခုထဲက အစိတ်အပိုင်းအသေလေးတွေဖြစ်လာပြီး သူတို့အိပ်မက်နောက် သူတို့မလိုက်နိုင်အောင် ...
movie

Radical (2023)

2023
The Mexican (2001) 6.1
The Mexican (2001) ဘရတ်ပစ်နဲ့ ဂျူလီယာရောဘတ်ကို ဒီလိုဇာတ်လမ်းမှာ တွဲပြထားတာ ထိပ်တန်းစိတ်ကူးပါပဲ...နှစ်ယောက်လုံးရဲ့သရုပ်ဆောင်မှုတွေ အသက်ဝင်ချက်တွေဆိုတာလေ ကိုယ်တိုင်နှစ်မြောသွားပြီး ပြုံးစိစိကိုဖြစ်နေတာပဲ။ခင်ဗျားအချစ်ဇာတ်လမ်းတစ်ခုရိုက်မယ်ဆိုရင် Mexico လို ဒုစရိုက်တွေပြုံနေတဲ့နေရာမှာ Romance ဆန်ဆန်ရိုက်မယ်လို့ စိတ်ကူးမလား...ပြီးရင် တကယ့်ကြေးစားနာမည်ကြီးလူသတ်သမားတွေက ဘယ်လိုနူးညံ့တယ်ဆိုတာမျိုးရော ထည့်ရိုက်မလား...ပြီးရင် ဇာတ်လမ်းနဲ့ပက်သက်ပြီး မိတ်ဆက်ရာမှာ တကယ်အပြင်မှာဖြစ်နေသလိုမျိုး ကမူးရှူးသောနဲ့ အစီအစဉ်မကျဘဲ ရိုက်မယ်ရော စိတ်ကူးဖူးလား...ဇာတ်လမ်းအမျိုးအစားက အလွဲခန်းတွေကိုထိုင်ရယ်ရမှာလို အချစ်တွေနဲ့ရင်ခုန်ရမှာလို သေနတ်ပစ်ခန်းတွေပဲရင်တုန်ရမှာလို စွန့်စားခန်းတွေကြားထဲပျော်ရွှင်ရမှာလို ရှေးခေတ်ပုံပြင်ထဲမှာပဲ မိန်းမောရမှာလိုနဲ့ တကယ့်ကမောက်ကမ ဘဝင်ကျစေမှာမျိုးကို ရိုက်မလား..ရိုက်တဲ့လူတော့ရှိပါတယ်...ခုဇာတ်ကားကိုရိုက်ထားတဲ့ ဒါရိုက်တာ Gore Verbinski ဖြစ်ပြီး သူ့ကိုတော့ Pirates of the Caribbean (1-3) ရိုက်ကူးတဲ့ဒါရိုက်တာအဖြစ် နာမည်ကျော်ကြားလူသိများပါတယ်။ဇာတ်လမ်းကတော့...ဂျယ်ရီ က ဘာမဆို နမော်နမဲ့လုပ်တတ်တဲ့လူငယ်တစ်ယောက်ပါ။ နမော်နမဲ့လုပ်တတ်လွန်းလို့လည်း မီးနီကိုမမြင်ဘဲ ဖြတ်မောင်းလိုက်တာ လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးတစ်ယောက်ရဲ့ကားကို ဝင်ကျုံးမိပါလေရော။ ရဲတွေရောက်လာတော့ လူဆိုးဂိုဏ်းချုပ်ကြီးရဲ့ကားနောက်ဖုံးထဲမှာ လူတစ်ယောက်ကို ကြိုးနဲ့တုပ်ဖမ်းလာတာ တွေ့သွားကြတယ်။ အဲဒါနဲ့ပဲ ဂိုဏ်းချုပ်ကြီးခမျာ ...
movie

The Mexican (2001)