Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gibin Gopinath
8.6
Kishkindha Kaandam (2024)
Kishkindha Kaandam 2024 (သေနတ်တစ်လက်ပျောက်ဆုံးမှု၏နောက်ကွယ်)ရွေးကောက်ပွဲနီးလာတာကြောင့်နဲ့ ဆူပူမှုတွေမဖြစ်စေဖို့အတွက် လိုင်စင်လုပ်ထားတဲ့ သေနတ်တွေအကုန်လုံးကို ရဲဌာနကနေ ပြန်လည်အပ်ဖို့အတွက် အကြောင်းကြားစာတွေ ပို့ခဲ့ပါတယ်။ဒီလိုနဲ့ သေနတ်အပ်ဖို့ နောက်ဆုံးနေ့ရောက်လာတာတောင် လူတစ်ယောက်ကတော့ သေနတ်ကို လာမအပ်ဘဲရှိနေတဲ့အတွက် ရဲစခန်းကနေ ဖုန်းဆက်ပြီးတော့ အကျိုးအကြောင်းမေးတော့တာပေါ့။အဲဒီလူကတော့ အပူပါလိုင်ပဲဖြစ်ပါတယ်။ သူဟာ စစ်တပ်ကနေ အငြိမ်းစားယူထားတာဖြစ်ပြီးတော့ သားဖြစ်သူကတော့ သစ်တောရေးဌာနမှာ အလုပ်လုပ်နေတဲ့သူဖြစ်ပါတယ်။သူတို့နေထိုင်နေတဲ့နေရာကတော့ မျောက်အမျိုးပေါင်း သောင်းခြောက်ထောင်ရှိတဲ့ သစ်တောကြိုးဝိုင်းအနားမှာနေတာပဲဖြစ်ပါတယ်။ အဲဒီတောထဲက မျောက်တွေဟာ ခြေဆော့လက်ဆော့နဲ့ လူတွေရဲ့ပစ္စည်းတွေကို လာလာခိုးပြီး သစ်ပင်တွေမှာ ချိတ်ထားတတ်တဲ့အကျင့်ကလည်း ရှိနေပြန်ပါသေးတယ်။သေနတ်မအပ်လို့ ဆက်သွယ်တဲ့အချိန်ကျမှ အပူပါလိုင်ဟာ သေနတ်ပျောက်နေတာဖြစ်ကြောင်းကို ရဲဌာနက သိလိုက်ရပါတော့တယ်။ဖြစ်ချင်တော့ အဲဒီနေ့ဟာ အပူပါလိုင်ရဲ့သားဖြစ်သူ မင်္ဂလာပွဲလေးကို အကျဉ်းရုံးဆောင်ရွက်တဲ့နေ့ဖြစ်နေပါတယ်။ ဇနီးအသစ်စက်စက်လေးကိုလည်း စိတ်အဆင်မပြေမဖြစ်စေရဖို့က တစ်ကြောင်း၊အဖေဖြစ်သူအတွက် သေနတ်ပျောက်လို့ ရှင်းပေးရမယ့် ပြဿနာတွေက တစ်ကြောင်းနဲ့ သားဖြစ်သူခမျာ ဗျာများလို့နေပါတော့တယ်။ဒီလိုနဲ့ ပျောက်ဆုံးနေတဲ့ သေနတ်ဟာ သစ်တောကြိုးဝိုင်းထဲက မျောက်တွေလက်ဆော့လို့ပဲ ပါသွားတာလား ...... ဒါမှမဟုတ် မသမာသူတွေရဲ့ လက်ထဲကိုပဲ ပါသွားလား ....... သားဖြစ်သူနဲ့ ဇနီးအသစ်စက်စက်လေးတို့ အဖေဖြစ်သူရဲ့ သေနတ်ပျောက်တဲ့ကိစ္စအတွက် ဘယ်လိုတွေ ဆက်ပြီးစုံစမ်းသွားမလဲ .... ဆိုတာတွေကို ကြည့်ရှုရမယ့် ...
movie
Kishkindha Kaandam (2024)
7.4
Vaazha: Biopic of a Billion Boys (2024)
Vaazha - Biopic of a Billion Boys(2024) "အပယ်ခံသူငယ်ချင်းများ"IMDb 7.4ပရိသတ်တို့အတွက် မလေယာလမ် coming-of-age ဟာသဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်လိုက်ပါတယ်လူတိုင်းခံစားနားလည်နိုင်မယ့် ဒီဇာတ်ကားလေးဟာဆိုရင် ရုံဝင်ငွေ ၁၀ ဆ ပြန်ရထားတာပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ပတ်ဝန်းကျင်က ဖယ်ကျဥ်ထားတဲ့ သူငယ်ချင်းငါးယောက် ကျောင်းသားလူငယ်ဘဝအခက်အခဲတွေကို ရင်ဆိုင်ရာမှာ...ကျောင်းစာလည်းမတော်သလို ကျောင်းအုပ်ရုံးခန်းကို အိမ်ဦးကြမ်းပြင်လို ထပ်ချည်တလဲ သွားနေရတဲ့ သူတို့ဘော်ဒါတွေ အချစ်ကို စတင်ထိတွေ့တာစလို့ ကျောင်းရန်ပွဲတွေအလယ်နဲ့ ...ငယ်ရွယ်စဥ်ကလေးဘဝမှသည် ကြီးကောင်ဝင်တဲ့ လူပျိုအရွယ်၊ ဒီမှတစ်ဆင့် လူလတ်ပိုင်းအထိ ပြောင်းလဲရင့်ကျက်လာပုံ၊ အချစ်၊ အလွမ်းအလီလီတို့အဆုံး တွေ့မြင်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပါ File size… 2.6 GB/ 1.13 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Vaazha: Biopic of a Billion Boys (2024)
6.9
B 32 Muthal 44 Vare (2023)
B 32 Muthal 44 Vare 2023 (ပွင့်သောပန်းတိုင်း လန်းပါစေသား )IMDb-7.0/10 ဒီမိုကရေစီတို့ ကျားမတန်းတူတို့ ဘယ်လောက်ပဲဟစ်ကြွေးနေပါစေ၊ ကမ္ဘာကြီးရဲ့ တချို့နေရာတွေမှာတော့ အမျိုးသမီးတွေဟာ ခွဲခြားမြဲခွဲခြားခံနေရဆဲ၊ ဖိနှိပ်ခံနေရဆဲပါပဲ။ဒါကိုမီးမောင်းထိုးပြဖို့အတွက် woman empowerment ရုပ်ရှင်တွေ အများကြီးရိုက်ကူးခဲ့တဲ့ထဲမှာမှ ပုံစံကွဲလေးတစ်မျိုးနဲ့ တင်ပြလာတဲ့ ရုပ်ရှင်လေးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ။ လူရယ်လို့ဖြစ်လာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်ရည်မှန်းထားတဲ့ own expectations တွေရှိသလိုပဲ ပတ်ဝန်းကျင်က အသိုင်းအဝိုင်းက ကိုယ့်အပေါ်ထားတဲ့မျှော်မှန်းချက်တွေလည်း ရှိနေပြန်ပါတယ်။ အခုဒီကားလေးထဲမှာတော့ လူမှုအသိုင်းအဝိုင်းနဲ့ လုပ်ငန်းခွင်က အမျိုးသမီးတွေအပေါ်ထားတဲ့ gender expectation တွေ gender normsတွေကို လူတန်းစားအလွှာမတူတဲ့ အမျိုးသမီး ၅ ယောက်နဲ့ transgender manတစ်ယောက်ရဲ့ ရှုထောင့်နဲ့ တင်ပြထားတာပါ။လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသမီးတွေပီပီ ပတ်ဝန်းကျင်ကရိုက်ခတ်မှုတွေ၊ lgbtတွေကိုခွဲခြားမှုတွေ၊ အမျိုးသမီးတွေဖြစ်နေတဲ့အတွက် အလုပ်ခွင်ကနေ အပိုဆောင်းရလာတဲ့ဖိအားတွေကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး positive reviewတွေ ပိုင်ဆိုင်ထားတဲ့ရုပ်ရှင်ကားကောင်းလေးဖြစ်တာမလို့ စီအမ်ပရိသတ်တို့လည်း ကြည့်ရှုခံစားနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamကပဲဖြစ်ပါတယ်) File size…1.1GB/ 588MB Quality…WEB DL ...
movie
B 32 Muthal 44 Vare (2023)
2023
8.1
Kannur Squad (2023)
Kannur Squad(2023) "ကန်နူးရ်တပ်ဖွဲ့" IMDb-8.4/10 ဘတ်ဂျတ်ရူပီး ကုဋေသုံးဆယ်ကျော်သုံးထားပြီး ရုံတင်ငွေရူပီး ကုဋေတစ်ရာကျော်အထိ ပြန်လည်ရရှိခဲ့တဲ့ ရဲမှုခင်းကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၇-၂၀၁၃ကြားက ဖြစ်ခဲ့တဲ့အမှုနှစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ကြောင်း အဓိကဇာတ်ကောင်က အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။ဂျော့်ချ်ဆိုတဲ့ အရာရှိတစ်ယောက်ဦးဆောင်တဲ့ အဖွဲ့တစ်ခုဟာ တရားခံပြေးတွေကိုလိုက်လံဖမ်းဆီးရင်း ပုတ်သိုးဆွေးမြေ့နေတဲ့ အလောင်းတစ်ခုကို တွေ့ခဲ့ပါတယ်။ သေဆုံးတဲ့အလောင်းကို စစ်ကြည့်တော့လည်း ဘယ်သူဘယ်ဝါမှန်းမသိ။ အဲဒီနယ်တစ်ဝိုက်မှာကလည်း လူပျောက်တိုင်ထားတာကမရှိ။ လိုက်စုံစမ်းတော့လည်း လူရိုင်းမျိုးနွယ်စုကလိုလို ဘာလိုလိုနဲ့အမှုပိတ်သိမ်းရမလိုဖြစ်နေပါတယ်။သတ်သေတဲ့အမှုဖြစ်ဖို့ ကိုးဆယ်ရာခိုင်နှုန်းထင်ပေါ်နေပေမယ့် တစ်ရာရာခိုင်နှုန်းမပြည့်တဲ့အတွက် အရာရှိဂျော့်ချ်တို့အဖွဲ့ဟာ ဒီအမှုကို လိုက်စုံစမ်းပါတော့တယ်။ လူသတ်မှုလား လူသေမှုလား။ သေဆုံးတဲ့သူက ဘယ်သူလဲ၊ ဘာကြောင့်လဲ။ ဒီလိုပဟေဠိတွေနဲ့ သို့လော သို့လော စိတ်ဝင်တစားကြည့်ရှုရမယ့် ရဲမှုခင်းကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးကြပါဦးလို့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3.1GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 41m Subtitle….Myanmar ...
movie
Kannur Squad (2023)
2023
8.8
2018 (2023)
2018 (2023) (IMDb 8.8/10,RT 100%)ယခုတစ်ခါ ပရိသတ်ကြီးကို ၂၀၂၃ မေလမှာထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်အခြေခံ survival ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ Vaashi,Neelavelicham တို့မှာကျရာဇာတ်ရုပ်က ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ Tovino Thomas ဟာဆိုရင်ဖြင့် ဒီကားထဲမှာလည်း ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြန်ပါတယ် ရုံတင်ငွေဟာလည်း 171ကုဋေအထိ ပြန်ရခဲ့တဲ့ကားဖြစ်လို့ Survival ကားကြိုက် ပရိသတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ကားပါပဲအိန္ဒိယတောင်ပိုင်း ကယ်ရာလာမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြောင့် တစ်ပြည်နယ်လုံး ရေထဲမြုပ်သွားပြီ တောင်ကုန်းပါမကျန် ဘာဆိုဘာမှ မကျန်အောင် အကုန်ရေထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ် အဆိုပါရေလွှမ်းမိုးမှုဟာ မိုးရေချိန်များပြားစွာ ရွာသွန်းမှု ဆည်ရေလျှံမှု မြစ်ရေကြီးမှု စသည်ဖြင့် အကြောင်းရင်းများစွာရှိခဲ့ပါတယ်ယခုအချိန် ၂၀၁၈ မှာ အဆိုပါရေကြီးမှုမျိုးထပ်မံဖြစ်လာတဲ့အခါ ရုန်းကန်လှုပ်ရှား ကယ်ဆယ်ကြရတာကို ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဖြစ်ရပ်မှန်အခြေပြု ရိုက်ပြလိုက်တဲ့အခါမှာ အခုလို rating တွေ လန်ပြန်ထွက် ရှယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ်Survival ကားကောင်းကောင်း ကြည့်ချင်တဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ပါ တိုက်တွန်းပေးလိုက်ရပါတယ်ဗျာ (အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Thaik~Chiclon3~YH~Aditiနဲ့ Yunni တို့ပဲဖြစ်ပါတယ်) File size…2GB ...
movie
2018 (2023)
2023
7.2
12th Man (2022)
12th Man(2022)IMDb 7.2ရရှိထားပြီး မာလာယာလမ်း သဘာဝမင်းသားကြီးမိုဟမ်လယ်တော့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့တောင်ပိုင်းရုပ်ရှင်ကားကောင်းတခုတင်ဆက်ပေးချင်ပါတယ် အမြဲစည်းလုံးနေခဲ့တဲ့သူငယ်ချင်း၁၁ယောက် ဂိမ်းကစားကြရင်းတစ်ယောက်ရဲ့လျှို့ဝှက်ချက်တစ်ယောက်သိကုန်ကြပြီး အဖွဲ့ထဲကတစ်ယောက်ကထူးဆန်းစွာသေဆုံးသွားတဲ့အခါ....ကောလိပ်ကျောင်းသားဘဝတွေတည်းကလက်တွဲမဖြုတ်ဘဲတစ်တွဲတွဲဖြစ်လာခဲ့တဲ့သူငယ်ချင်း၁၁ယောက်ဟာ ဘဝကိုယ်စီနဲ့ဖြတ်သန်းနေကြပါတယ် တစ်နေ့တော့ သူငယ်ချင်းထဲကတစ်ယောက်ရဲ့လူပျိုပါတီမှာတွေ့ဆုံကြဖို့အပန်းဖြေခြံတစ်ခုဆီခရီးထွက်ခဲ့ကြပါတယ် ဒီခြံထဲမှာဆော့ကစားရင်းအရက်သမားချန်ဒရာဆီလ်ဆိုတဲ့တစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံခဲ့ပြီးကတောက်ကဆလေးတွေရှိခဲ့ကြပါတယ် ဒီလိုနဲ့ညဘက်ရောက်တော့ပါတီပွဲလုပ်နေရင်းဂိမ်းဆော့ကြမယ်ဆိုပြီး လျှို့ဝှက်ချက်ဖော်တဲ့ဂိမ်းကစားရာက အချင်းချင်းခိုက်ရန်ဖြစ်ပြီးကိုယ်စီအခန်းတွေကိုပြန်လာခဲ့ကြပါတယ် ဇာတ်လမ်းကဒီမှာတင်ပြီးမသွားပါဘူး၁၁ယောက်ထဲက မိန်းကလေးတစ်ယောက်ညဘက်ကြီးအသတ်ခံလိုက်ရပါတယ်ဒီကောင်မလေးကိုသတ်တာဟာအရက်သမားလို့ယုံကြည်နေကြပေမယ့်မြှုပ်ကွက်တွေရှိနေတဲ့အတွက်အရမ်းစိတ်ဝင်စားစရာကောင်းနေမှာပါ ဒီအရက်သမားရဲ့ဘဝဇာတ်ကြောင်းအမှန်ကရောဘယ်သူဖြစ်မလဲလူသတ်သမားက ၁၁ယောက်ထဲကပဲလားဆိုတာ သိချင်ဇောတွေတစ်ဟုန်ဟုန်နဲ့ကြည့်ရှုရမှာပဲဖြစ်လို့ အခုပဲအပြေးဒေါင်းလိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်) File size…1.8GB / 871MB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Poe & Yunni
movie
12th Man (2022)