Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gian Magdangal
5.6
Whispers in the Wind (2024)
Whispers in the Wind (2024)IMDb Rating (5.6) ဂျပန်နိုင်ငံမှာနေထိုင်တဲ့ ဟန်နာဆိုတဲ့ဖိလစ်ပိုင်သူလေးဆရာမလေးဟာ တစ်ရက်မှာဆူနာမီဖြစ်ပေါ်ခဲ့ပြီး သူ့ချစ်သူအီမီးက သေသွားပြီး သူက အသက်ရှင်လျက်ကျန်နေခဲ့ပါတယ်။တစ်ရက်မှာ ရန်ဆိုတဲ့ ဖိလစ်ပိုင်သားကလည်း သူ့အဖေမသေခင် ၀ေးကွာနေတဲ့သူ့အမေကိုရှာဖို့မှာခဲ့တာကြောင့် ဂျပန်မှာနေတဲ့သူ့အမေကို လာရှာရာ ဟန်နာနဲ့တွေ့ဆုံခဲ့ပါတယ်။ရန် အမေကို ဂျပန်မှာနေတာကြာတဲ့ ဟန်နာကလည်းလိုက်ရှာပေးရင်း နောက်ဆုံးမှာသူ့အမေနဲ့ ဆုံခွင့်ရခဲ့ပါတယ်။ဒါပေမယ့် သူ့အမေအိမ်ကိုရောက်တော့ ဖြစ်ပျက်နေတဲ့အခြေအနေတွေက ထင်ထားသလိုမဟုတ်ဘဲ ဟန်နာ ဟာထင်ယောင်ထင်မှားဖြစ်နေတဲ့ အမှန်တရားကိုတွေ့ရမှာပါ။ဒီတော့ ဘယ်လိုအမှန်တရားမျိုးလည်းဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှုကြပါဦး... (အညွှန်းနဲ့ဘာသာပြန်ကတော့ Son Gohan ဖြစ်ပါတယ်။)File size…(1.3 GB) / (730 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:36:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Son Gohan
movie
Whispers in the Wind (2024)
2024
8.4
Chances Are, You and I (2024)
Chances Are, You and I (2024)IMDb Rating (8.4)Sol Sikat ဟာဦးနှောက်ထဲမှာအကျိတ်တည်နေတဲ့ဝေဒနာကိုခံစားနေရပြီး လောကကြီးကိုစိတ်ကုန်အရွဲ့တိုက်နေတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။လွန်ခဲ့တဲ့ ငါးနှစ်က မတော်တဆမှုတစ်ခုမှာ သူ့မိခင်ကိုဆုံးရှုံးခဲ့ရပြီး ဖခင်ဖြစ်သူကလည်း သူ့မိသားစုအသစ်နဲ့နိုင်ငံခြားမှာပျော်ရွှင်နေပြီဖြစ်တဲ့အတွက် သူ့အတွက်အသက်ဆက်ရှင်စရာအကြောင်းပြချက်မရှိတော့ဘူးလို့ ယူဆထားတာဖြစ်ပါတယ်။Gabi Sinag ဆိုတဲ့ကောင်မလေးကလည်း သူနဲ့ထပ်တူဝေဒနာမျိုးခံစားနေရတဲ့သူဖြစ်ပြီး သူ့လိုပဲ မတော်တဆမှုတစ်ခုမှာ မိခင်ရောဖခင်ကိုပါဆုံးရှုံးခဲ့ရသူလည်းဖြစ်ပါတယ်။ဒါပေမယ့် သူနဲ့ဆန့်ကျင်စွာ လောကကြီးကိုအကောင်းမြင် လူတွေကိုအကူအညီပေးတတ် ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ပါ။တစ်နေ့မှာတော့ သူတို့နှစ်ယောက် အတူဆုံဖြစ်ခဲ့ပြီး ရင်းနှီးမှုရလာ လောကကြီးအပေါ် ခံစားချက်တွေ အတွေးအမြင်တွေရင်ဖွင့်ဖလှယ်ရင်းကနေ ခရီးရှည်တစ်ခုထွက်ဖြစ်ခဲ့ပြီးဘ၀ရဲ့အပြောင်းအလဲတွေကို ရင်ဆိုင်တွေ့ကြုံရဖို့ဖြစ်လာပါတော့တယ်။နာမည်ကျော်တက်သစ်စနှစ်ယောက်ဖြစ်တဲ့ Kelvin Miranda နဲ့ Kira Balinger တို့ခေါင်းဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားဟာပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Netflix ထုတ် ဖိလစ်ပိုင် romance/drama ဇာတ်ကားကောင်းလေးတစ်ကားပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်)File size…(2.2 GB) / (985 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….02:13:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie
Chances Are, You and I (2024)
2024
5.5
Fuchsia Libre (2024)
Fusha Libre ဟာ အက်ရှင်၊ ဟာသအမျိုးအစားဖိလစ်ပိုင်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ မိခင်ဆုံးပါးပြီးတဲ့နောက်တစ်ဦးကိုတစ်ဦးမှီခိုနေထိုင်လာကြတဲ့ဒန်နီနဲ့အိုလီဗာတို့ဟာသိပ်ချစ်ကြတဲ့သားအဖတွေဖြစ်ပါတယ်။ငယ်ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ်ဂေးမှန်းသိနေခဲ့တဲ့အိုလီဗာဟာ ယောကျ်ားပီသစေချင်တဲ့ဖခင်ရဲ့ဆန္ဒကြောင့်သူ့ပုံစံမှန်ကိုမျိုသိပ်ရင်း ကြီးပြင်းလာခဲ့ရပါတယ်။လူပျိုအရွယ်ရောက်လာတဲ့အခါမှာတော့ အိုလီဗာကယောကျ်ားလေးချင်းရည်းစားထားနေတာကိုသိသွားတဲ့ဒန်နီကအိုလီဗာကိုစိတ်ဆိုးပြီး သားအဖဆက်ဆံရေးကိုလည်းဖြတ်ပစ်ခဲ့ပါတယ်။အိုလီဗာက ဘဝကိုကြိုးစားရုန်းကန်ရင်း သူတည်ထောင်ထားတဲ့အားကစားခန်းမလေးကိုကယ်တင်နိုင်ဖို့ ကြေးကြီးတဲ့ မြေအောက်လက်ဝှေ့ကြိုးဝိုင်းတစ်ခုမှာ ဝင်ထိုးဖို့ဖြစ်လာခဲ့ပါတယ်။အိုလီဗာထင်မထားခဲ့တာက သူ့အဖေဒန်နီဟာ လက်ဝှေ့ပွဲကျင်းပသူတွေထဲကတစ်ယောက်ဖြစ်နေတဲ့အပြင် သူပတ်သက်ခဲ့မိတာကသာမန်တရားမဝင်လက်ဝှေ့ကြိုးဝိုင်းလေးတစ်ခုမဟုတ်ဘဲ ရက်စက်တဲ့လူသတ်မှုတွေ၊ ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ဂိုဏ်းကြီးတစ်ခုဖြစ်နေပါတော့တယ်။ File size…2.41GB / 1.16GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Comedy , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Fuchsia Libre (2024)
4.2
The Oskars Fantasy (2023)
The Oskars Fantasy 2023 (အော်စကာရူးလေးများ)ယခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ဖိလစ်ပိုင်ဟာသကားလေးပဲဖြစ်ပါတယ်။လူတွေရဲ့နှိမ့်ချခြင်းကို ခံခဲ့ရတဲ့ ဘော်ဘီဘီဆိုတဲ့ ပရိုဂျူဆာတစ်ယောက်ဟာ သူ့ကိုနှိမ့်ချတဲ့သူတွေကို လုပ်ပြချင်တဲ့စိတ်နဲ့ အော်စကာရဖို့ကြိုးစားရင်း ရုပ်ရှင်တွေလုပ်နေသူတစ်ယောက်ပါ။သူနဲ့အတူ ရုပ်ရှင်ကျောင်းမှာတက်ခဲ့တဲ့ သူရဲ့သူငယ်ချင်းဖြစ်သူ ဒန်နီကလည်း သူ့အဘွားဖြစ်သူရဲ့ ပြောပြနေကျပုံပြင်တွေကို ဇာတ်လမ်းအဖြစ်ဖန်တီးချင်နေပြီး ကျောင်းတုန်းက အော်စကာဆုရအောင်လုပ်မယ်ဆိုပြီး ပေးထားတဲ့ကတိအရ သူငယ်ချင်းနှစ်ယောက်ပြန်လည်ဆုံတွေ့ရင်း ဇာတ်ကားရိုက်ဖို့လုပ်ကြပါတော့တယ်။သူတို့နှစ်ယောက် ဇာတ်လမ်းရိုက်ဖို့အတွက် ဒန်နီအဘွားဖြစ်သူနေတဲ့ ကျွန်းကိုရောက်ရှိလာကြပါတော့တယ်။ အဲဒီကျွန်းမှာရှိတဲ့ တောထဲမှာတော့ မြေအောက်ကမ္ဘာက မမြင်အပ်တဲ့မကောင်းဆိုးဝါးတွေရှိတယ်လို့ အဆိုရှိပါတယ်။ အဲဒီမှာပဲ သူတို့ရိုက်မဲ့ဇာတ်လမ်းက သဲထိတ်ရင်ဖိုဇာတ်လမ်းဖြစ်တဲ့အလျောက် အထူးပြုလုပ်ချက်တွေအတွက် ကုန်ကျစရိတ်လျှော့ချနိုင်အောင် တောထဲက တကယ့်မကောင်းဆိုးဝါးတွေကို ဖမ်းပြီးရိုက်ဖို့ အကြံရလာရင်း ဘယ်လိုတလွဲတွေလုပ်ပြီး ဘယ်လိုတွေ ဗိုက်နှိပ်ရီရမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.4GB / 900MB Quality…WEB DL 1080p /720p Format…mp4 Duration…1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
The Oskars Fantasy (2023)
2023