Channel Myanmar

Geraldine James

Alice Through the Looking Glass (2016) 6.2
Alice Through the Looking Glass (2016) Alice Through the Looking Glass (2016)_____IMDb - 6.2/10   Alice through the Looking Glass (2016) IMDB : 6.2 Rotten Tomatoes : 29% Genre : Fantasy/Drama/Adventure Alice through the Looking Glass ကတော့ Alice in Wonderland(2010) ရဲ့ Sequel ရုပ်ရှင်ဖြစ်တာကြောင့် သိပ်ပြီးတော့ အထွေအထူးမညွှန်းတော့ပါဘူး။ ဇာတ်ကြောင်းကိုပဲတန်းပြောလိုက်ပါတော့မယ်။ ဇာတ်ညွှန်း အဲလစ်စ်လေး အသက် ၂၂ နှစ်ကျော်ခဲ့ပါပြီ။ သူ့အဖေပိုင်တဲ့ သင်္ဘော"အံ့ဖွယ်" ရဲ ကပ္ပတိန်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။ ဒီလိုနဲ့ တရက်မှာ ကြည့်မှန်တစ်ခုကနေပြီး အဲလစ်စ်ဟာ အံ့ဖွယ်ကမ္ဘာကိုပြန်ရောက်သွားခဲ့ပါတယ်။ ရောက်သွားတဲ့အချိန်မှာဟက်တာတစ်ယောက် စိတ်ဖောက်နေပါပြီ။ ဘာလို့စိတ်ဖောက်လည်းဆိုတော့ သူ့မိသားစုဟာ ဂျက်ဘာဝေါ့ကီလက်ချက်နဲ့ အသက်မဆုံးပဲ အသက်ရှင်နေတယ်ဆိုတဲ့ အသိကြောင့်ဖြစ်ပါတယ်။ သူတို့ကိုကယ်တင်နိုင်မယ်ဆိုလည်း အဲဒါက အဲလစ်စ်တစ်ယောက်တည်းပဲရှိကြောင်း ဟက်တာကပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲလစ်စ်က ...
movie

Alice Through the Looking Glass (2016)

2016
4K HEVC
Alice in Wonderland (2010) 6.4
Alice in Wonderland (2010) Alice in Wonderland (2010)IMDb - 6.4/10_____Rotten - 50%Won 2 Oscars. Another 33 wins & 63 nominations.   Alice In Wonderland(2010) IMDB : 6.4 Rotten Tomatoes : 50% Genre : Family/Adventure/FantasyAlice in Wonderland ကို လူတိုင်းသိကြမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ ငယ်ဘဝတစ်စိတ်တပိုင်းဆိုလည်းမမှားပါဘူး။ငယ်ငယ်ကတည်းက လောကကြီးကိုရင်ဆိုင်ပြီးတိုက်ခိုက်နေရတဲ့ အသက်အရွယ်ရောက်လာတာတောင်မှTim Burton ရဲ့ရုပ်ရှင်တွေကိုကြည့်ပြီး Tim Burton Universe ထဲကိုသွားချင်တဲ့စိတ်ကမကုန်သေးပါဘူး။ Fantasy လောကရဲ့ ဖခင်ကြီး Tim Burton ရဲ့ရုပ်ရှင်တွေဟာ ကြည့်လိုက်တိုင်း ရင်ထဲမှာတော့ တစ်ခုခုကျန်ခဲ့ပါတယ်။Alice in Wonderland လည်းအဲလိုပါပဲ။ ကျွန်တော်တို့ဟာ ဘဝမှာ တစ်ခါတော့ အံ့ဖွယ်ကမ္ဘာကိုရောက်သွားတဲ့ Alice တော့ဖြစ်ချင်ခဲ့မှာပါ။ ရှုပ်ထွေးလှတဲ့ လောကကြီးကနေ အံ့ဖွယ်ကမ္ဘာကိုရောက်သွားတဲ့ Alice ...
movie

Alice in Wonderland (2010)

2010
4K HEVC
45 Years (2015) 7.1
45 Years (2015) 45 Years (2015)IMDb Rating (7.1) / Rotten Tomatoes (97%) Andrew Haighရဲ့ပုံစံအတိုင်း လူ၂ယောက်ရဲ့ Relationshipကို အဖြစ်အပျက်နည်းနည်း အချိန်ကာလတိုတိုကိုပြပြီး အဲဒီကာလတိုတိုမှာ ဟိုးအဆက်ဆက်ကတည်းက သူတို့ရဲ့ ခံစားချက်တွေရဲ့ သက်ရောက်မှုကို ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အဓိကဇာတ်ကောင်က အိမ်ထောင်သက်၄၅နှစ်ပြည့် နှစ်ပတ်လည်ကို ကျင်းပတော့မယ့် ၇၀ နား ၇၀ကျော်က စုံတွဲတစ်တွဲပဲ။ ပြောရရင် အငြိမ်းစားယူပြီးသား အဘိုးကြီးအဘွားကြီး၂ယောက်ပေါ့။၄၅နှစ်ပြည့် နှစ်ပတ်လည်နေ့နားနီးတဲ့အချိန်မှာ သူတို့ဘဝထဲကို ဘဝဟောင်းက တစ်ပတ်ပြန်လည်လာခဲ့တယ်။ အဘိုးကြီးရဲ့ မေ့ထားသလား မေ့ချင်ယောင်ဆောင်ထားသလား မေ့မေ့ပျောက်ပျောက်ပဲဖြစ်နေခဲ့သလားမသိတဲ့ အတိတ်က လူတစ်ယောက်ရဲ့ သတင်းရောက်လာတယ်။လွန်ခဲ့တဲ့အနှစ်၅၀လောက်က ရေခဲမြစ်ထဲပြုတ်ကျပြီး ဆုံးသွားတဲ့ သူ့ရည်းစားဟောင်းရဲ့ အလောင်းကို ရှာတွေ့ပါပြီဆိုတဲ့ သတင်းပေါ့။ ဟိုဘက်က အတည်ပြုဖို့ အဘိုးကြီးကို လာပေးဖို့ အကြောင်းကြားတယ်။ ဒါက ဇာတ်ရဲ့ပင်မကျောရိုးပါပဲ။အဲဒီပင်မကျောရိုးကို ပြန်ယှက်ထားတာက အသက်၇၀နားနီးနေတဲ့အဘွားကြီးရဲ့ သူ့ယောက်ျားကို ဝန်တိုစိတ်တွေနဲ့ ...
movie

45 Years (2015)

2015
Rogue One: A Star Wars Story (2016) 8.1
Rogue One: A Star Wars Story (2016) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Rogue One: A Star Wars Story (2016)

2016
4K HEVC
If Looks Could Kill (1991) 5.8
If Looks Could Kill (1991)  ရာသီဥတုပူပူမှာ အခွီဓာတ်လေးရစေမဲ့ ဟာသအက်ရှင်ဇာတ်မြူးလေးဖြစ်တဲ့ 90sရဲ့ Old but gold movieလေးတစ်ကားဖြစ်တဲ့ If Looks Could Killဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးထဲမှာတော့ ကြက်ကန်းဆန်အိုးသွားတဲ့ ဆယ်ကျော်သက်ကောင်လေးရဲ့စွန့်စားခန်းကို ရှုစားရမှာပါ။ မိုက်ကယ်ကော်ဘန်ဟာ ကျောင်းပြေးအလေလိုက် ပေါ့ပေါ့နေပေါ့ပေါ့စားတဲ့ ဆရာမတိုင်းမျက်မုန်းကျိုးမဲ့ နောက်ဆုံးတန်းကကောင်လေးပေါ့။သူ့ဟာ အရာရာကိုခပ်ပေါ့ပေါ့ပဲတွေးရင်းနဲ့ ပြီးအောင်မလုပ်တတ်တဲ့အကျင့်လေးကလည်းရှိတော့ အတန်းပြေးတာလက်လွန်ပြီး ပြင်သစ်ဆရာမရဲ့အကွက်ထဲဝင်သွားတာပေါ့။ အထက်တန်းပြီးဖို့ ပြင်သစ်ဆရာမဂရော်ဘာဆီက အမှတ်ကလည်းလိုနေ ဆရာမကလည်း နွေရာသီသင်တန်းချိန်မှာ ပြင်သစ်ကလပ်နဲ့တူတူ ပြင်သစ်ကိုလေ့လာရေးခရီးထွက်ဖို့ ပြင်ဆင်နေချိန်ဆိုတော့ လူရွှတ်လူနောက် ကော်ဘန်တစ်ယောက် ပြင်သစ်သွားဖို့ အကြောင်းပါသွားတော့တာပေါ့။ ကော်ဘန်တစ်ယောက် အဖေကြည်ဖြူအောင်သာ အထက်တန်းအောင်ဖို့ကို အကြောင်းပြနေပေမဲ့ စိတ်ထဲမှာတော့ ပါရီကစကီတစ်သိုက်နဲ့ နိုက်အောက်ဖို့အစီအစဉ်ဆွဲနေတာပါ။ မျက်မုန်းကျိုးနေတဲ့ဆရာမကလည်း သူ့ကိုပြင်သစ်ခေါ်လာတာ ပညာပြဖို့ပါပဲ။ ဒါပေမဲ့ မျက်နှာပြောင်တပည့်နဲ့ စည်းကမ်းကြီးတဲ့ဆရာမကြားကတိုက်ပွဲမှာ မထင်မှတ်တဲ့ကိစ္စတစ်ခုပေါ်လာပါတော့တယ်။အဲဒါကတော့ ပြင်သစ်ကိုသွားမဲ့လေယာဉ်ပေါ်မှာ မိုက်ကယ်ကော်ဘန် ၂ ယောက်ပါလာတာပါပဲ။ တစ်ဖက်က အမေရိကန်အသွင်ယူအေးဂျင့် မိုက်ကယ်ကော်ဘန်ကတော့ ...
movie

If Looks Could Kill (1991)

Downton Abbey (2019) 7.7
Downton Abbey (2019) ဒီကားလေးကတော့ IMDB 7.7 နဲ့ tomatoes မှာ84%တောင်ရထားတဲ့harry potterထဲကပရော်ဖက်ဆာကြီးmaggie smithပါဝင်ထားတဲ့ကားကောင်းလေးပါEnglandရဲ့ဘုရင်နဲ့ဘုရင်မကနယ်လှည့်သွားလာရင်းဒေါင်းတွန်ဆိုတဲ့နယ်လေးကိုလာမယ်လို့သတင်းစကားကြားလိုက်တဲ့အချိန်မှာတစ်နယ်လုံးကလူတွေကဂုဏ်ယူမဆုံးတွေဖြစ်ပြီးဝမ်းသာနေကြတယ်အထူးသဖြင့်လာလည်ရင်းတည်းမယ့်ဒေါင်းတွန်ရဲ့မြို့စားအိမ်ကအလုပ်သမားတွေကဘုရင်နဲ့ဘုရင်မကိုအနီးကပ်တွေံခွင့်ရပြီးအလုပ်အကျွေးပြုရတော့မယ်လို့တွေးရင်းစိတ်တွေလှူပ်ရှားနေခဲ့ကြတယ်ဒါပေမယ့်သူတို့မျှော်လင့်ထားသလိုမဟုတ်ပဲဘုရင်နဲ့ဘုရင်မအတွက်နန်းတော်ကအစေခံ​တွေအိမ်တော်ထိန်းတွေ စားဖိုမှူးတွေအကုန်လာပြီးသူတို့အိမ်မှာချယ်လှယ်ကြမှာကိုသိလိုက်ရတဲ့အခါမှာသူတို့တွေဘယ်လိုတုန့်ပြန်မလဲဘယ်လိုနည်းလမ်းနဲ့ဘုရင်နဲ့ဘုရင်မကိုဧည့်ခံကြမလဲအဲဒါအပြင် ဒေါင်းတွန်ကိုအုပ်စိုးနေတဲ့မိသားစုရဲ့အဖွားကြီးနဲ့မိသားစုထဲကနေခွဲထွက်သွားတဲ့ဘုရင်မနားကအထိန်းတော်နဲ့လည်းအမွေကိစ္စပြဿနာတွေရှိတာကိုဘယ်လိုရှင်းမလဲမိသားစုထဲမှာလည်းတဟ်ယောက်တစ်မျိုးမရိုးတဲ့ဇာတ်လမ်းလေးတွေကဘာတွေဖြစ်မလဲကွန်မြူနစ်ဝါဒီတွေနဲ့ ဘုရင်ကိုလုပ်ကြံမယ့်သူပေါ်လာတဲ့အခါမှာရော ဇာတ်လမ်းကဇာတ်ကောင်တွေများစွာပါဝင်ပြီးတော့မရိုးရအောင်ဟာသတွေပါပါဝင်တဲ့မိသားစုဟာသဇာတ်လမ်းလေးမို့စိတ်ဝင်တစားကြည့်လို့ကောင်းမယ့်ဇာတ်လမ်းလေးပါFile Size : ( 1 GB , 429 MB )Quality :  WEB-DL 720pRunning Time : 2 hr 02 minFormat : Mp4Genre :  Drama , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin 
movie

Downton Abbey (2019)

2019
Arthur (2011) 5.7
Arthur (2011) Arthur (2011)ယခုတစ်ခေါက် တင်ဆက်ပေးမှာကတော့ ၂၀၁၁ က ထွက်ရှိခဲ့တဲ့ ရိုမန့်ဟာသ ဇာတ်ကားအမျိုးအစားဖြစ်တဲ့ Arthur ဆိုတဲ့ ဇာတ်ကားလေးပါ။ ဟာသဇာတ်ကားကြိုက်သူတွေအတွက် ဟာသကောင်းလေးတွေနဲ့ တွေးရင်း ရယ်မောနိုင်စေမှာ ဖြစ်ပါတယ်။ ကျိကျိတက်ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာတဲ့ အာသာဘာ့ခ် ဆိုတဲ့ လူတစ်ယောက်။ ချမ်းသာသည့် အလျှောက် သူ့ဘဝတစ်လျှောက်လုံးမှာ ဘာတာဝန်မှ မယူဘဲ ထင်ရာစိုင်းနေခဲ့ပါတယ်။ ပြဿနာတွေရှာလိုက် အရက်တွေသောက်လိုက်၊ ပိုက်ဆံတွေဖြုန်းလိုက်၊ မိန်မတွေ ရှုပ်လိုက်နဲ့ နေလာလို့ အမေဖြစ်သူဟာ ကုမ္ပဏီရဲ့ အကျိုးစီးပွားအတွက် ဆူဆန်ဂျွန်ဆန် ဆိုတဲ့ မိန်းကလေးနဲ့ ပေးစားဖို့ စီစဥ်ပါတော့တယ်။ အကယ်၍ သူပေးစားတဲ့သူနဲ့ မယူရင် အမွေပြတ်စွန့်လွှတ်မယ်ပြောလို့ အာသာ ဟာ ရွေးချယ်စရာမရှိတော့တာနဲ့ လက်ထပ်ဖို့ သဘောတူလိုက်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ နေအိုမီ ဆိုတဲ့ ဧည့်လမ်းညွှန် ကောင်မလေးနဲ့တွေ့ဆုံဖြစ်ရာကနေ အာသာရဲ့ ဘဝ ပြောင်းလဲဖို့ အစပျိုးလာပါတော့တယ်။ အာသာ တစ်ယောက် ဘယ်လို ပေါက်တတ်ကရတွေ လုပ်မလဲ၊ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲဆိုတာ ဟာသမြောက်စွာ ...
movie

Arthur (2011)

2011
The Girl with the Dragon Tattoo (2011) 7.8
The Girl with the Dragon Tattoo (2011) The Girl with the Dragon Tattoo (2011) IMDb - 7.8/10_______Rotten - 86% Won 1 Oscar. Another 26 wins & 91 nominations    ငယ်စဉ်ကစပြီး ကြမ်းတမ်းတဲ့ဘဝတစ်ခုမှာနေထိုင်ဖြတ်သန်းလာရတဲ့နဂါးရုပ်ပုံဆေးမင်ကြောင်နဲ့ မိန်းကလေးတစ်ယောက်ဟာ မိသားစုမရှိ အုပ်ထိန်းသူမရှိပဲ တိုင်းပြည်ရဲ့ထောက်ပံမှုနဲ့ ဘဝကိုဆိုးပေတေရင်း ဖြတ်သန်းနေခဲ့ပြီးတစ်ဖက်မှာတော့သူဟာ ထက်မြက်တဲ့စုံစမ်းရေးစိတ်ကို ပိုင်ဆိုင်ထားတဲ့ အလွတ်စုံထောက်တစ်ဦးဖြစ်ပါတယ်ဂျာနယ်လစ်မီကယ်ဘလွန်းကစ်အဖြစ် သရုပ်ဆောင်ထားတဲဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရိတ် ကတော့ဒီဇာတ်လမ်းမှာ နိုင်ငံရဲ့အကြီးမားဆုံးငွေကြေးအလွဲသုံးစားလုပ်မှုကို သက်သေမခိုင်ပဲဖော်ထုတ်မိလို့ အသရေဖျက်မှုနဲ့ရင်ဆိုင်နေရသူတစ်ဦးဖြစ်ပါတယ် ကျွန်းတစ်ကျွန်းပေါ်မှာနေထိုင်တဲ့ ဆွီဒင်ရဲ့အချမ်းသာဆုံးမိသားစုတစ်ခုက သူဋ္ဌေးကြီးတစ်ယောက်ဟာ လွန်ခဲ့တဲ့အနှစ်၄၀ကဖြစ်ပွားခဲ့တဲ့ လက်သည်မပေါ်ခဲ့တဲ့မိသားစုအတွင်းလူသတ်မှုတစ်ခုကို သူ့ဘဝလက်ကျန်အချိန်တွေမှာအဖြေသိရဖို့ မီကယ်ဘလွန်းကစ်ကိုငြင်းဆန်လို့မရတဲ့ကမ်းလှမ်းမှုနဲ့ အဖြေရှာပေးဖို့ ကမ်းလှမ်းလိုက်ပါတော့တယ် ထိုအမှုဟာ ဘလွန်းကစ်ရဲ့ဂုဏ်သိက္ခာကိုပြန်လည်ဆယ်ယူဖို့ တိုင်းပြည်ရဲ့အကြီးမားဆုံး ငွေကြေးအလွဲသုံးစားလုပ်မှုတို့နဲ့ ပတ်သက်နေခဲ့ပြီး ဘလွန်းကစ်နဲ့အတူ နဂါးရုပ်ဆေးမင်ကြောင်နဲ့မိန်းကလေးပါ စုံစမ်းရေးထဲကို ပါဝင်လာတဲ့အခါမှာတော့.... Millennium Trilogy ရဲ့အောင်မြင်ခဲ့တဲ့ပထမဆုံးဝတ္တု ဖြစ်တဲ့ The girl with the dragon tattoo ဝတ္တု ကိုရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာလည်းအောင်မြင်ခဲ့ပြီး IMDb7.8နဲ့ RT86%ရရှိထားတဲ့ crime flim ...
movie

The Girl with the Dragon Tattoo (2011)

2011
Megan Leavey (2017) 7.1
Megan Leavey (2017)  ဖြစ်ရပ်မှန်ကားကောင်းလေးတွေကိုမှကြိုက်တဲ့သူတွေအတွက်၂၀၁၇ထွက် rating7.1ထိရထားတဲ့ခွေးကားကောင်းလေးတစ်ကားလာပြီ။တကယ့်အပြင်ကဖြစ်ရပ်မှန်ကိုအခြေပြုရိုက်ကူးထားတာပါ။ဒုတပ်ကြပ်မီဂန်လီဗီနဲ့ သူ့ရဲ့ရဲဘော်ရဲဖက်စစ်ခွေးလေးတို့ရဲ့အကြောင်းလေးကိုရိုက်ကူထားတာပါ။မီဂန်ဟာအိမ်တွင်းရေးအဆင်မပြေမှုတွေကြားကအလုပ်ကပြုတ်တဲ့အပြင်သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းသေဆုံးသွားပြီးနောက်မှာတော့အမေရိကန်မရိန်းတပ်ထဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။စစ်တပ်ထဲရောက်တဲ့အချိန်မှာတော့မီဂန်ရဲ့ခြောက်သွေ့နေတဲ့ဘ၀လေးဟာရက်စ်ဆိုတဲ့ခွေးလေးနဲ့တွေ့ပြီးပြန်လည်စိုပြေလာပါတော့တယ်။ရက်စ်ဆိုတာကအမေရိကန်စစ်တပ်ကလေ့ကျင့်ပေးထားတဲ့တိုက်ပွဲဝင်စစ်ခွေးလေးတစ်ကောင်ပါ။ရက်စ်ကိုထိန်းကျောင်းရဖို့ကံကြမ္မာပါလာတဲ့မီဂန်တစ်ယောက်သူတို့နှစ်ဦးကြားဘယ်လိုချည်နှောင်မှုတွေရှိလာမလဲ။ဘယ်လိုတိုက်ပွဲတွေအလီလီအတူတူဖြတ်ကျော်ကြမဘဲဆိုတာဇာတ်ကားလေးကိုဆက်ကြည့်ပြီးခံစားလိုက်ပါ။တကယ့်အပြင်မှာမီဂန်နဲ့ရက်စ်တို့ဟာအတူတူတိုက်ပွဲပေါင်း၁၀၀၀ကျော်ဆင်နွဲခဲ့ပြီးလူ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့ကြတဲ့စစ်သည်ကောင်းတွေအဖြစ်အသိအမှတ်ပြုခံခဲ့ရသူများဖြစ်ပါတယ်။ဇာတ်ကားလေးဟာလည်းသူတို့နှစ်ယောက်ရဲ့ကြားကဖြစ်တည်မှုလေးကိုသေသေချာချာရင်ထဲထိအောင်ရိုက်ပြထားတာတွေ့ရမှာပါ။တကယ့်ဖြစ်ရပ်မှန်အခြေခံရိုက်ထားတဲ့ကားကောင်းလေးတွေကိုကြိုက်နှစ်သက်သူများအတွက်ဒီကားလေးဟာကြည့်သင့်တဲ့ကားလေးပါလို့ညွန်းပါရစေဗျာ။Rotten Egg ratingအနေနဲ့လည်း84%အထိရရှိထားတာဆိုတာ့အထူးတလည်ပြောနေစရာမလိုဘူးထင်ပါတယ်ဗျာ။  (ဘာသာပြန်သူကတော့ သားပြည့်စုံဇော်ပါ)  File Size : (850 MB) and (378 MB) Quality : 720p Bluray Running Time : 1hr 56min Format : Mp4 Genre :Biography, Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Pyae Sone Zaw Encode by Thanhtike Zaw
movie

Megan Leavey (2017)

2017