Channel Myanmar

George Takei

The Keepers of the 5 Kingdoms (2024)
The Keepers of the 5 Kingdoms (2024) ပက်စီလီဆိုတဲ့ကောင်မလေးက အဖေသေသွားတာကြောင့် ပူ‌ဆွေးနေသူတစ်ဦး ။ ဒီလိုပုံမှန်အထက်တန်းကျောင်းသူလေးဘ၀ထဲကိုမတော်တဆ၀င်လာတဲ့အရာတစ်ခုကြောင့် ဆန်းကြယ်တဲ့ကမ္ဘာတစ်ခုထဲ၀င်သွားပြီး အိမ်ပြန်နိုင်ဖို့ဆိုရင် ငါးနိုင်ငံကိုအုပ်စိုးချင်နေသူ မိစ္ဆာသခင်မကိုနှိမ်နင်းနိုင်မှသာဖြစ်တယ် ။သူနဲ့သူငယ်ချင်းတစ်သိုက် အဘိုးဖြစ်တို့ဟာ ဒီအန္တရာယ်အပြည့်နဲ့ ကမ္ဘာထဲ ဘယ်လိုရုန်းကန်သွားကြမလဲ မကောင်းမှုကိုဘယ်လိုအနိုင်ယူသွားမလဲဆိုတာ‌ကိုကြည့်ရမှာပါ ။ ကလေးတွေကြိုက်မယ့် fantasy ဆန်ဆန် movie လေးပါ ။File size…(1.7 GB)/(967 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Genre...Adventure, Fantasy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin 
movie

The Keepers of the 5 Kingdoms (2024)

Scooby-Doo! and the Samurai Sword (2009) 6.4
Scooby-Doo! and the Samurai Sword (2009) ဇာတ်လမ်းအညွှန်း ‌ဒီတစ်ခေါက်မှာတော့ ငယ်ဘဝကို ပြန်အမှတ်ရစေမယ့် ဇာတ်လမ်းလေး တင်ဆက်ပေးချင်ပါတယ်။စကူဘီဒူးတို့အဖွဲ့ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို လာရောက်ရင်း ပဟေဠိပြဿနာ ဖြေရှင်းကြဦးမှာ ဖြစ်ပါတယ်။ဒါကတော့ ဂျပန့်ရိုးရာ ဆာမူရိုင်း အရှုပ်တော်ပုံပေါ့။ကြောက်ရင်း ပြေးရင်း အစားအသောက်ငမ်းရင်းနဲ့ အရှုပ်တော်ပုံကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့စကူဘီနဲ့ ရှက်ဂီတို့ကို ‌အမြဲတမ်း‌တွေ့‌နေကြပုံစံအတိုင်း တွေ့မြင်ရဦးမှာပါ။စကူဘီဒူးကြည့်ရင်း အိမ်ထောင်ကျတဲ့အရွယ်ရောက်သွားပြီဆိုတဲ့သူတွေအတွက်ကတော့သားသားမီးမီးလေးတွေ ကြည့်ဖို့ပေါ့ဗျာ။ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။  File Size :  1.36GB, 632 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Animation, Adventure, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : Orika Encode by : Thit San Khant
movie

Scooby-Doo! and the Samurai Sword (2009)

Mulan II : The Final War (2004) 5.6
Mulan II : The Final War (2004) Mulan II (2004) Genre – Animation, Comedy, Adventureဒီ ဒုတိယကားလေးမှာတော့ ချစ်သူ နှစ်ဦး ဖြစ်ကြတဲ့ Mulan နဲ့ ဗိုလ်ချုပ် Shang တို့ ပျော်ပျော်ပါးပါး လက်ထပ်မင်္ဂလာပွဲလေး ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။ဒါပေမဲ့ နှစ်ယောက်သား ပျော်ပွဲလေး မဆင်နွဲရသေးခင်မှာတင် အင်ပါယာကြီးက သူတို့ကို မင်းသမီး ၃ ပါးကို ကိုယ်ရံတော်လုပ်ရမယ့် လျှို့ဝှက်တာဝန်တစ်ခု ဆောင်ရွက်ခိုင်းလိုက်ပါတော့တယ်။ အဲဒီအချိန်မှာ Mushu တစ်ကောင်လည်း အကယ်၍သာ Mulan က Li မျိုးနွယ်နဲ့ လက်ထပ်လိုက်မယ်ဆို သူ့ရဲ့အစောင့်အရှောက် မိသားစုတာဝန်လေး ပျောက်ပျက်သွားမှာစိုးတဲ့အတွက် အတွဲကြားကို ခလောက်ဆန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။အဲဒီမှာ မင်းသမီးလေးတွေက မချစ်မနှစ်သက်တဲ့လူတွေနဲ့ လက်ဆက်ရမှာကို Mulan အနေနဲ့လည်း ကိုယ်တွေ့ကြုံဖူးတဲ့အတွက် သဘောမတူရာကနေ အင်ပါယာအမိန့် ဖီဆန်ရမလားဆိုပြီး Shang နဲ့လည်း မေးခွန်းထုတ်စရာတွေ ဖြစ် ပြဿနာတက်တဲ့အချိန်မှာပဲ ...
movie

Mulan II : The Final War (2004)

2004
Mulan (1998) 7.7
Mulan (1998) Mulan 1998 IMDb: 7.7/10ဒီကာတွန်းရုပ်ရှင်လေးဟာ တရုတ်ပြည်ကြီးမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန် ကို ပြန်လည်ပြီးဇာတ်လမ်းဖွဲ့ ရေးဆွဲခဲ့တယ်လို့ သိရပါတယ်…တိုင်းပြည် စစ်ဖြစ်နေချိန်မှာ ယခင် တာဝန်ထမ်းဆောင်ခဲ့သောသက်ကြီးစစ်သားဟောင်းများကိုပြန်လည် ဆင့်ခေါ်ခဲ့ပါတယ် အကယ်၍ သက်ကြီးစစ်သားနှင့်အရာရှိများကစစ်ထဲ မလိုက်နိုင်အောင်ကျန်းမာရေး ဆိုးဝါးနေခဲ့ရင် အိမ်တွင်ရှိသော သား တူ မြေး ယောင်္ကျားသားတစ်ဦးစီကိုစစ်ထဲသို့ ပို့ပေးပါရန် ဘုရင်မင်းမြတ်က အမိန့်ထုတ်ပြန်ထားပါတယ်… အဲ့ဒီအချိန်မှာပဲ မုလန် ရဲ့ အဖေဆီသို့ ထိုစာချွန်လွှာ ရောက်လာတဲ့အချိန်ကျန်းမာရေး မကောင်းတော့တဲ့အဖေကို ကြည့်ရင်း တစ်ဦးထဲသော သမီးဖြစ်သူမုလန် ဟာ ကွယ်လွန်ပြီးသော ဘိုးဘွားတွေ ရဲ့ မှတ်တိုင်များရှေ့တွင် ဆုတောင်းပြီးဖခင် မသိအောင် ဖခင်စစ်ဝန်တန်ဆာတွေ ခိုးဝတ်ကာ ထွက်ခွာသွားပါတော့တယ်…ယောင်္ကျားလေးကဲ့သို့ ပြင်ဆင်ပြီး စစ်မြေပြင်ကို ထွက်ခွာသွားသော ဖခင်ချစ်တဲ့မုလန် လေးကိုမြင်တဲ့ ကွယ်လွန်ပြီးတဲ့ ဘိုးဘွားများဟာ အရေးပေါ် အစည်းဝေးခေါ်ပြီးမုလန် အား စောင့်ရှောက်ရန်အိမ်စောင့်ထားသော နဂါးလေး မူရှုး ကို မုလန် အနားတွင်နေစေရန် ...
movie

Mulan (1998)

1998
Free Birds (2013) 5.8
Free Birds (2013) နှစ်တစ်နှစ်မှာရှိတဲ့ ပွဲတော်နေ့တွေရဲ့ နာမည်တွေသာကွဲပြားသွားမယ်။တူညီတဲ့အရာတစ်ခုကတော့ စားသောက်ပွဲပါပဲ။ပွဲတော်တစ်ခုမှာ သူနဲ့သက်ဆိုင်တဲ့အစားအသောက်တစ်ခုကတော့ မပါမဖြစ်ပေါ့။အချိန်တွေ ဘယ်လိုပဲပြောင်းလဲသွားပါစေ...ပွဲတော်စားစရာဆိုတာ အရင်ကတည်းကရှိသလိုအခုလည်းရှိနေပြီး နောင်လည်းရှိနေဦးမှာပါပဲ။ဥပမာပြောရရင် ကျေးဇူးတော်နေ့အတွက်မပါမဖြစ် ကြက်ဆင်သားပေါ့... အဲ့ဒါကြောင့် ကျေးဇူးတော်နေ့ရောက်ခါနီးတိုင်းကြက်ဆင်တွေမျက်ခုံးလှုပ်ရပါတယ်။ကြက်ဆင်နိဗ္ဗာန်ဘုံဆီ ဘယ်သူ့ကိုခေါ်သွားမလဲပေါ့။အကြောက်ဆုံးကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး ရက်ဂျီ ပေါ့။သူက ကြက်ဆင်အုပ်စုကြီးအစားခံရမှာကိုတွေးပူနေပြီးတော့ ထွက်ပြေးဖို့အမြဲတမ်းစည်းရုံးနေခဲ့တာပါ။ ဒါပေမဲ့ အထိမ်းအမှတ်ပွဲအတွက် ကြက်ဆင်ဖမ်းကြတော့သူစိတ်ပူပေးနေတဲ့ ကြက်ဆင်အုပ်စုကြီးက ရယ်ဂျီ ကိုစတေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ကံကောင်းချင်တော့လည်း ရယ်ဂျီ ကို သတ်ဖို့မဟုတ်ဘဲဘေးမဲ့ပေးတဲ့ပွဲ ဖြစ်တာကြောင့်သမ္မတစခန်းကကြက်ဆင်ဖြစ်သွားပါတော့တယ်။ ရယ်ဂျီခဗျာ.. သမ္မတရွေးထားတဲ့ကြက်ဆင်ဆိုတော့ကုသိုလ်ကံတွေကောင်းပြီး ဇိမ်ကျနေတဲ့အချိန်...ဂျိတ်ဆိုတဲ့ နောက်ထပ်ကြက်ဆင်တစ်ကောင်ကကျေးဇူးတော်နေ့ရဲ့ အစားအသောက်စာရင်းမှာကြက်ဆင်သားမပါအောင် မစ်ရှင်လုပ်ရမယ်ဆိုပြီးရောက်ချလာတဲ့အခါ... ရက်ဂျီနဲ့ဂျိတ်တို့ ဘယ်လိုတွေလွဲမလဲ? ဘယ်လိုတွေ သောင်းကျန်းမလဲဆိုတာတွေကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်.... File size…  1.8 GB /  900MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre .....  Action , Comedy , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie

Free Birds (2013)

2013
Entourage(2015)
Entourage(2015) ဒီဇာတ်ကားလေးဟာတော့ဖြင့် Entourage ဆိုတဲ့ နာမည်ကြီး တီဗွီစီးရီးရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ အဲဒါကြောင့် Entourage စီးရီးဖန်တွေ သေချာပေါက် ကြည့်ရမဲ့ ဇာတ်ကားဖြစ်ပါတယ်၊ ဒါပေမဲ့ ဇာတ်လမ်းနဲ့ ဇာတ်အိမ်က စီးရီးမကြည့်ဖူးသေးသူတွေလည်း နားလည်နိုင်အောင် ဖွဲ့စည်းထားတာကြောင့် သူ့ရဲ့ဇာတ်လမ်းတွဲကို မကြည့်ရသေးသူတွေလည်း ကြည့်လို့အဆင်ပြေမှာပါ။ ဇာတ်လမ်းကတော့ နာမည်ကြီးရုပ်ရှင်မင်းသား Vince၊ အောင်မြင်တဲ့စတူဒီယိုတစ်ခုကို ဦးစီးနေနိုင်ပြီဖြစ်တဲ့ Ari နောက်တော့ Vince ရဲ့ မန်နေဂျာ Eric ရယ်၊ Vince ရဲ့အစ်ကို Johnny Drama ပြီးတော့ အဲအပေါင်းအပါအုပ်စုကြီးရဲ့ နောက်ဆုံး အဖွဲ့ဝင် Turtle တို့နဲ့အတူ Hollywoodရဲ့ ရှာရှာကြံကြံ အဖြစ်သနစ်တွေကို ဟာသနှောကာရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားကတော့ အရင်ဇာတ်လမ်းတွဲဇာတ်သိမ်းသွားတဲ့နေရာကနေ စထားပါတယ်။ Ari ဟာ Vince ကို သူထုတ်လုပ်မဲ့ကားမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းလိုက်ပါတယ်။ ဒါမဲ့ Vince ကတော့ သူ့ကိုဒါရိုက်တာပါ လုပ်ခွင့်ပေးမှ လုပ်ပါမယ်တဲ့။ ...
movie

Entourage(2015)

Paws of Fury: The Legend of Hank (2022) 6.5
Paws of Fury: The Legend of Hank (2022) Paws of Fury: The Legend of Hank (2022) ဆမ်မြူရယ် ဂျက်ဆန်ကြီး ဆာမူရိုင်းအဖြစ် အသံသရုပ်ဆောင်ထားတဲ့ ကာတွန်းရုပ်ရှင်အသစ်ထွက်လာပါပြီ။ အတော်ရယ်ရပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ ကြောင်အမတ်ကြီး အစ်ကချူဟာ ကြောင်ရှိုးဂန်းကြီးကို ဖားဖို့အတွက် နန်းတော်ကြီးတစ်ခု တည်ဆောက်နေပါတယ်။ ဒါပေမဲ့ အဲဒီနန်းတော်ကြီးရဲ့ ရှုခင်းမှာ ရှေးဟောင်းကြောင်မြို့လေးတစ်ရွာပိတ်နေလို့ အဲဒီရွာကို ရှင်းပစ်ဖို့ ဘယ်သူမှမသိအောင် ကြောင်နင်ဂျာတွေ လွှတ်ပြီး ဖျက်ဆီးခိုင်းလိုက်ပါတယ်။အဲဒီအတွက် အဲဒီကာကာမူချိုမြို့သားတွေက မြို့ကိုကာကွယ်ပေးဖို့ ရှိုးဂန်းကြောင်ကြီးဆီက ဆာမူရိုင်းတစ်ယောက် တောင်းခံလိုက်ပါတော့တယ်။ ရှိုးဂန်ကြီးက အဲဒီတာဝန်ကို အစ်ကချူကိုပဲ ပြန်ပေးလိုက်တာမို့ အစ်ကချူ ကိုယ့်ရှုးကိုယ်ပတ်ပါတော့တယ်။ဒါပေမဲ့ ကြောင်ယုတ်မာ အစ်ကချူက ဆာမူရိုင်းအရမ်းဖြစ်ချင်လို့ ကြောင်တိုင်းပြည်ကို ခိုးဝင်လာတဲ့ ခွေး ဟန့်ခ်ကို ဖမ်းထားရာကနေလွှတ်၊ ဆာမူရိုင်းဘွဲ့ ချက်ချင်းပေးပြီး ကာကာမူချိုမြို့လေးကို ကာကွယ်ဖို့ တာဝန်ပေးလိုက်ပါတော့တယ်။ရည်ရွယ်ချက်ကတော့ အဲဒီမြို့က ကြောင်တွေက ခွေးကိုမုန်းလို့ ခြောက်ချက်ကုတ်ပြီး သတ်လိုက်ရင် သူက အရေးယူဖို့ပါပဲ။ ...
movie

Paws of Fury: The Legend of Hank (2022)

2022