Channel Myanmar

George Clooney

One Fine Day (1996) 6.5
One Fine Day (1996)  One Fine Day (1996)IMDb Rating (6.5) / Rotten Tomatoes (53%) Ocean'sရုပ်ရှင်စီးရီးရဲ့ ပင်တိုင်စံမင်းသားကြီး George Clooneyနဲ့မင်းသမီး Michelle Pfeifferတို့ရဲ့ ကိုးဆယ်ကျော်ခုနှစ်ကRom/Com အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဂျက်က မြို့တော်ဝင်ရဲ့မကောင်းသတင်းကို ဆောင်းပါးရေးနေတဲ့ နာမည်ကြီးသတင်းထောက်။ ဇနီးဟောင်းဖြစ်သူက သွားစရာရှိလို့ သမီးဖြစ်သူကို လာထားခဲ့တဲ့နေ့ကျမှသူရေးတဲ့ဆောင်းပါးက ပြဿနာအကြီးအကျယ်တက်ပါရော။မယ်လယ်နင်းက သားတစ်ယောက်ရှိတဲ့ စင်ဂယ်မားသား ဒီဇိုင်နာတစ်ယောက်။ ရုံးမှာ အရေးကြီးကလိုင်းယန့်နဲ့ တွေ့ရမဲ့အရေး သားဖြစ်သူကို အပ်ထားရမဲ့လူရှိဖြစ်နေချိန်။ဒီလိုမျိုး ဒုက္ခကိုယ်စီ၊ ကလေးကိုယ်စီနဲ့ သူတို့နှစ်ယောက် စတွေ့ကတည်းကအထေ့အငေါ့တွေနဲ့ အဆင်မပြေကြရာကနေ ကိုယ့်အလုပ်ပြဿနာကိုယ် ရှင်းကြရင်းဘာတွေဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။)File size…(2.4 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance Duration….01:48:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Pyae ...
movie

One Fine Day (1996)

1996
Burn After Reading (2008) 7.0
Burn After Reading (2008) Burn After Reading (2008)**************************IMDb..... 7.0ဒီတစ်ခါ ကျွန်တော်တို့ မိတ်ဆက်ပေးချင်တဲ့ကားကတော့ cast တွေ အရမ်းကြမ်းတဲ့ R rate ရထားတဲ့Crime Drama ရုပ်ရှင် တစ်ကားပါ။  Castတွေကတော့ ဟောလိဝုဒ်ရဲ့ Legendတွေဖြစ်ခဲ့တဲ့George Clooney, Brad Pitt နဲ့ Tilda Swinton တို့ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့..CIA အေးဂျင့်ပြုတ် တစ်ယောက်ဟာ အရေးကြီးတဲ့ ပဟေဋ္ဌိဆန်တဲ့ အချက်အလက်တွေပါတဲ့ CDတစ်ချပ်ကို မှတ်တမ်းအနေနနဲ့လုပ်ခဲ့ပါတယ်။ ကံဆိုးချင်တော့ ဒီCDဟာ Georgetwon Gymမှာ ကျန်ခဲ့ပြီးအလုပ်သမား နှစ်ယောက် လက်ထဲရောက်သွားခဲ့ပါတယ်။ အဲဒီ အလုပ်သမား ၂ယောက်ကတော့ Lindaလို့ ခေါ်တဲ့အလှပိုင်းဆိုင်ရာ ခွဲစိတ်ပြုပြင်ဖို့ ငွေလိုနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ Chad ဆိုတဲ့ လူအတစ်ယောက်ဖြစ်ပြီးဒီ CDကို ရောင်းဖို့ ကြိုးစားတဲ့အခါမှာတော့..... ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဟာသတစ်ပိုင်း ရင်ဖိုစရာတစ်ပိုင်းနဲ့ခံစားရမဲ့ Imdb rating ...
movie

Burn After Reading (2008)

The American (2010) 6.5
The American (2010) The American (2010) *********************IMDb....6.5,,,,Rotten ....70%မင်းသားကြီး  George Clooney ရဲ့အမိုက်စားကားကိုတင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားလေးမှာ အီတလီသရုပ်ဆောင်နဲ့အဆိုတော် Violante Placidoရဲ့ ...ရင်သပ်ရှုမောဖွယ် အလှအပတွေကိုလည်း ဝေဝေဆာဆာတွေကိုလည်းတွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်း ---------------အဖွဲ့အစည်းတစ်ခုလက်အောက်မှာနေပြီးတော့ လျှို့ဝှက်စွာ အလုပ်လုပ်တဲ့ ဂျက်ဆိုတဲ့ သူတစ်ယောက်ရှိတယ်။သူလုပ်တဲ့အလုပ်က ဘယ်သူမှ မသိအောင် သဲလွန်စဖျောက်ပြီး လူသတ်တဲ့အလုပ်ပါပဲ...အလုပ်လုပ်တာ အတော်ကြာလာတော့ မကျေနပ်တဲ့အဖွဲ့အစည်းတွေက စုံစမ်းရင်းသိလာပြီးတဲ့နောက်မှာ...ဂျက်ကိုပြန်လည် သုတ်သင်ဖို့ စတင်ကြိုးစားလာကြတယ်။ ဒီလို သားကောင်အဖြစ်ပြန်ရောက်ရတဲ့ ဂျက်တစ်ယောက်..အီတလီနိုင်ငံက မြို့ငယ်လေးတစ်မြို့မှာ ကိုယ်ယောင်ဖျောက်ပြီးသွားရောက်နေထိုင်ဖို့ကြိုးစားပါတယ်။သို့ပေမယ့်...သူ့ကိုလိုက်သတ်ကြတဲ့သူတွေဟာ ဘယ်သူတွေများဖြစ်မလဲ...လူပေါင်းများစွာကိုသတ်ပစ်ခဲ့တဲ့ သွေးအေးလူသတ်သမားကြီးဂျက်တစ်ယောက်...အသက်ဘေးကနေလွတ်မြောက်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်လိုက်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasဖြစ်ပါတယ်File Size : 1.6GB / 650MB Quality : 1080p / 720p Duration : 01:45:00 Genre : Crime , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  MarTizas Encoded by Heather Oo
movie

The American (2010)

Wolfs (2024)
Wolfs (2024) မင်းသားကြီး ဂျော့ကလူနီ နဲ့ ဘရက်ပစ်တို့ ပါဝင်ထားတဲ့ သည်းထိပ်ရင်ဖိုမှုခင်းကားအသစ်ပါ။ ဒါရိုက်တာကတော့ Spider-Man : No Way Home ကိုရိုက်ခဲ့တဲ့ Jon Watts ပါပဲ။ဇာတ်လမ်းအကျဉ်းတိုင်းရှေ့နေမကြီးတစ်ယောက်က လူငယ်လေးတစ်ယောက်နဲ့ ဟိုတယ်မှာ ချိန်းတွေ့ရင်း လူငယ်လေးက ဆေးလွန်ပြီး သေသွားတယ်။ ဒီလိုကိစ္စမျိုးတွေကို ရှင်းပေးတဲ့ ပရော်ဖက်ရှင်နယ်ကြီးတစ်ယောက်ကို ဖုန်းဆက်ပြီးခေါ်လိုက်တယ်။ ဒါပေမဲ့ ဟိုတယ်ပိုင်ရှင်ကလည်း ဒီကိစ္စကိုရှင်းဖို့ ပရော်ဖက်ရှင်နယ်လေးတစ်ယောက်ကို ထပ်ပြီးခေါ်မိတယ်။အဲဒီမှ ရှင်းလင်းရေးသမားနှစ်ယောက် ထိပ်တိုက်တိုးပြီး ဒီလူသေမှုကို အတူတူ အစဖျောက်ဖို့ကြုံလာတယ်။ ဒါပေမဲ့ ဒါက သာမန်အမှုမဟုတ်ဘဲ ဘိန်းဖြူဂိုဏ်းတွေနဲ့ပါ ပတ်သတ်နေတာမို့ နှစ်ယောက်လုံး ကြားညပ်ပြီး အစကနေအဆုံးထိ လိုက်ရှင်းရင်း အသက်ရှင်ဖို့ ကြိုးစားရပါတော့တယ်။File size…(4.3 GB)/ (1.3 GB)/(707 MB) Quality….Webrip 4K HEVC/ 1080p / 720p Format…mp4 Duration….01:48:00 Genre...  Action, Comedy, Thriller Subtitle….Myanmar ...
movie

Wolfs (2024)

4K HEVC
Gravity (2013) 7.7
Gravity (2013) ကြည့်ကိုကြည့်သင့်တဲ့ကားပါ..။ ကဲစထဲကပြောထားလိုက်ပြီ။ မကြိုက်တဲ့ သူတွေက ဘာလို့ မကြိုက်ကြလည်းတော့မသိဘူး။ အကောင်းတကာ့ အကောင်းဆုံးကားတွေထဲမှာ ဒီကားလည်းပါပါတယ်။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ Godfather ဇာတ်လမ်းတွေ၊ Nolan ရဲ့ The Dark Knight ၃ကားနဲ့ တန်းတူ အောင်မြင်ပြီး အရည်အသွေးကောင်းတဲ့ကားပါ။ အခုထဲကတောင် Oscar Nomination မှာ ထိပ်ဆုံးက စာရင်းပြေးနေပါပြီ။ Best Actress, Best Achievement in Visual Effect, Best Writing, Director, စတဲ့ ဆုတွေအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်ဖို့လည်း ကြိမ်းသေနေပါတယ်။ ဒီကားကိုကြည့်ရင်းနဲ့ မြန်မာပြည်ကိုတောင် ပြန်သတိရမိပါတယ်။  အမေရိကားနိုင်ငံမှာ လူကြိုက်များရတဲ့ အဓိကအကြောင်းအရင်းကတော့Cold War (1947-1991) အမေရိက နဲ့ ရုရှားတို့ စစ်အေးတိုက်ပွဲကာလ(ကုလသမဂ္ဂဥက္ကဌ ဦးသန့် ဖြေရှင်းပေးခဲ့ရတဲ့Cuban Missile Crises, ref: http://www.unspecial.org/UNS680/t23.html) ) ကာလတုန်းကသူတို့ နှစ်နိုင်ငံက စစ်ရေးတင်မကပဲ အာကာသ ကို လူလွှတ်နိုင် ဖို့၊ဂြိုလ်ထုတွေ ...
movie

Gravity (2013)

4K HEVC
Confessions of a Dangerous Mind (2002)
Confessions of a Dangerous Mind (2002)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့...ဖြစ်ရပ်မှုန်အပေါ်အခြေခံထားတဲ့ စိတ်လှုပ်ရှားစရာသူလျှိုဇာတ်လမ်းလေးပဲဖြစ်ပါတယ်...ဆုပေါင်း ၇ ဆုရရှိခဲ့ပြီး ဇကာတင်စာရင်း ၁၂ နေရာဝင်ခဲ့ပါတယ်.....ဆုပေါင်း ၇ ဆုရရှိခဲ့ပြီး ဇကာတင်စာရင်း ၁၂ နေရာဝင်ခဲ့ပါတယ်...Sam Rockwell, Drew Barrymore, George Clooney, Julia Roberts အစရှိတဲ့နာမည်ကြီးမင်းသားမင်းသမီးများပါဝင်ထားပါတယ်... ဇာတ်လမ်းကတော့ ၁၉၆၀ ဝန်းကျင်မှာ နာမည်စကြီးခဲ့တဲ့ ရုပ်မြင်သံကြားထုတ်လုပ်သူ Chuck Barris ရဲ့ကိုယ်တိုင်ရေးအထုပ္ပတ္တိအပေါ်အခြေခံထားပါတယ်....အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ကြိုးစား‌နေတဲ့ Chuck Barris က ရုပ်မြင်သံကြားလုပ်ငန်းဟာအလားအလာရှိတယ်လို့သိမြင်လာတဲ့အခါ NBC ကုမ္ပဏီမှာအကူအနေနဲ့စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်...ထို့နောက်သူဟာ ရုပ်မြင်သံကြားထုတ်လုပ်သူဖြစ်ဖို့ကြိုးစားလာခဲ့ပြီး မအောင်မြင်သေးခင်ကာလမှာ ဂျင်မ်ဘတ်ဒ်လို့ခေါ်တဲ့ စီအိုင်အေသူလျှိုတစ်ယောက်က သူ့ကိုဆက်သွယ်လာခဲ့ပါတယ်....ချက်ခ်လည်းသူလျှိုလုပ်ဖို့သဘောတူလိုက်ပြီး ဂျင်မ်ဘတ်ဒ်ရဲ့ညွှန်ကြားမှုအတိုင်း စစ်ဆင်ရေးတွေဆောင်ရွက်ခဲ့ပါတယ်....တဖက်မှာလည်း ရုပ်မြင်သံကြားထုတ်လုပ်သူအနေနဲ့ အသွင်ယူနေခဲ့ပါတယ်...ထို့နောက် သူနဲ့အတူလက်တွဲလုပ်ခဲ့တဲ့သူလျှိုတွေအသတ်ခံလာရတဲ့အခါမှာတော့ ချက်ခ်ဟာလည်းကြောက်လန့်နေခဲ့ပါတယ်....ဒီရုပ်ရှင်ဇာတ်လမ်းဟာ ချက်ခ်ဘယ်ရစ်ရဲ့မနက်ဆိုရုပ်မြင်သံကြားထုတ်လုပ်သူ...ညဆိုသူလျှိုလုပ်တဲ့ ဘဝနှစ်ခုအကြောင်းကိုတင်ဆက်ပြသထားပါတယ်...ခံစားကြည့်ကြပါခင်ဗျာ File size…(1.5 GB)/(796 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Crime, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike ...
movie

Confessions of a Dangerous Mind (2002)

Solaris (2002)
Solaris (2002)  CM ပရိသတ်ကြီးအတွက် sci-fi romance ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်Chris ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ကို တစ်နေ့မှာ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်က Solaris အမည်ရ ဂြိုဟ်တစ်ခုကို လာရောက်ပေးဖို့ အကူအညီတောင်းလာပါတယ်အကြောင်းကတော့ Solaris က အာကာသယာဥ် အဖွဲ့သားတွေဟာ ထူးဆန်းတဲ့ ပုံရိပ်တွေကို မြင်နေရပြီး ရှင်းပြလို့မရတဲ့ စွဲလမ်းမှုတွေ ရှိနေတာကို အဖြေရှာလို့ အားလုံးကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်နိုင်ဖို့ပါဒါကို အဖြေရှာဖို့ Solaris ဂြိုဟ်ကို ရောက်လာတဲ့ Chris ကိုယ်တိုင်ကပါ သေဆုံးသွားပြီးဖြစ်တဲ့ ချစ်သူ Rheya သူ့ဆီ ပြန်ရောက်လာတာကို တွေ့ကြုံလာရတဲ့အခါမှာတော့ ....မင်းသား George Clooney ရဲ့ ရုပ်ရှင်အဟောင်းလေးကို ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦး File size…(1.4 GB)/(585 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Science Fiction, Mystery  Subtitle….Myanmar Subtitle ...
movie

Solaris (2002)

Intolerable Cruelty (2003)
Intolerable Cruelty (2003) IMDb rating - 6.3/10, RY -76% (Award - ဆန်ခါတင်သုံးဆု) ဒီကားလေးကတော့ ၂၀၀၃ခုနှစ်က ထွက်ရှိထားတဲ့ အချစ်ဟာသဇာတ်မြူးကားလေးဖြစ်ပါတယ်။ သရုပ်ဆောင်ဆိုရင်လည်း အခုထိလန်းဆန်းလတ်ဆတ်‌နေတုန်းဖြစ်တဲ့ Gorge Clooneyရဲ့ နုပျိုစဉ်ကချောမောခန့်ညားမှုကြီးကိုရှုစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မိုင်းစ်မက်ဆီက နာမည်ကြီးကွာရှင်းရှေ့နေတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့အမှုသည် ရက်စ်ရက်စ်​ရောသ့်​ရဲ့ကွာရှင်းမှုမှာ အနိုင်ရအောင်လုပ်ပေးလိုက်တဲ့အတွက် တစ်ဖက်က သိုက်တူးသမားဇနီးသည်မယ်ရီလင်းက အငြိုးအတေးထားပြီး အကွက်ဆင်ပြီးတော့ မိုင်းစ်ကိုလက်စားချေဖို့ကြံပါတော့တယ်။ မိုင်းစ်တစ်ယောက် မာရီလင်းရဲ့လှည့်ကွက်ထဲကျရှုံးသွားမလား လွတ်မြောက်နိုင်သွားမလားဆိုတာကြည့်ရှုရမှာပါ။ ပေါ့ပါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးဖြစ်လို့ စိတ်လက်အပန်းဖြေချင်သူများအတွက် ရွေးချယ်သင့်တဲ့ကားလေးပါ။File size…(1.9 GB)/(918 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Comedy, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kyawt Hay Thar
movie

Intolerable Cruelty (2003)

IF (2024) 6.7
IF (2024)  ဒက်ပူးမင်းသား ရိုင်ရန်ရေးနိုးရဲ့ လူတစ်ဝက်ကာတွန်းတစ်ဝက် ရုပ်ရှင်အသစ်လာပါပြီ။ဒါရိုက်တာနဲ့ ဇာတ်ပို့ကတော့ The Officeဇာတ်လမ်းတွဲထဲက မင်းသား John Krasinski ပါပဲ။Walking Dead ထဲက မင်းသမီးလေးCailey Fleming ကတော့ အဓိက မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း***************ကလေးတိုင်းမှာ စိတ်ကူးယဉ်သူငယ်ချင်းတွေရှိတတ်ကြပါတယ်။ သူတို့ အကျင့်စရိုက်အတိုင်း၊သူတို့ဆန္ဒအတိုင်း ပုံဖော်မိထားတဲ့ သူငယ်ချင်းလေးတွေပေါ့။ ပုံစံအစုံ ရှိနိုင်ပါတယ်။ အဲဒီသူငယ်ချင်းတွေက သူတို့ကိုယ်သူတို့ What If"အကယ်၍" ဆိုပြီး နာမည်ပေးထားတယ်။အဲဒီလို စိတ်ကူးယဉ်သူငယ်ချင်းတွေရဲ့သနားစရာကောင်းတဲ့အချက်ကတော့ သူတို့ကိုဖန်တီးတဲ့ ကလေးတွေ ကြီးလာတဲ့အခါ သူတို့ကိုမေ့သွားပြီး မမြင်နိုင်တော့သလို သူတို့အချင်းချင်းကလွဲပြီး ဘယ်သူမှမမြင်နိုင်ပါဘူး။ တစ်နေ့မှာတော့အဲဒီ စိတ်ကူးယဉ်သူငယ်ချင်းတွေ အကုန်လုံးကိုမြင်နိုင်တဲ့ ကလေးမလေးတစ်ယောက်ကသူတို့အားလုံးကို ကလေးသူငယ်ချင်းတစ်ယောက်စီပြန်ရှာပေးဖို့ ကြိုးစားပါတော့တယ်... File size…2.13GB / 972MB Quality…WEB-DL  1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Animation  , Comedy , Drama Subtitle….Myanmar Subtitle ...
movie

IF (2024)

The Thin Red Line (1998) 7.6
The Thin Red Line (1998) The Thin Red Line (1998)IMDb Rating (7.6) / Rotten Tomatoes (80%)ဒီရုပ်ရှင်ကားကြီးကတော့ သရုပ်ဆောင်ပေါင်းများစွာနဲ့ စစ်ပွဲရဲ့အနိဌာရုံအကြောင်းတွေကို အသေးစိတ်အနုစိတ်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဂန္တဝင်ရုပ်ရှင်စစ်ကားကြီးဖြစ်ပါတယ်.....ကံဆိုးတာကတော့ တွမ်ဟန့်ရဲ့ Saving Private Pyan (1998) ရုပ်ရှင်ကားနဲ့တစ်နှစ်တည်းထွက်ခဲ့တာကြောင့် အော်စကာဆုတစ်ဆုမှမရခဲ့ဘဲ စကာတင်အဆင့်နဲ့တင်ကျေနပ်ခဲ့ရပြီး အခြားဆုပေးပွဲတွေမှာပဲ Won ခဲ့ရပါတယ်... ဒါပေမယ့် တချို့ဆိုရင် ဒီရုပ်ရှင်ကားကြီးကို Saving Private Pyan ထက် ပိုကြိုက်ခဲ့ကြပြီး အေးအေးလေးလေးခံစားတတ်သူများအဖို့တော့ TTRL က ခံစားစီးဝင်ဖို့ သိပ်ကောင်းတဲ့ရုပ်ရှင်ကားကြီးပါ....ရုပ်ရှင်ပြသချိန်ကလဲ ၃ နာရီလောက် ကြာရှည်ပြီး ကြည့်ရင်းကြည့်ရင်း ကိုယ်ပါရုပ်ရှင်ထဲရောက်ရှိသွားသလို နစ်မြောသွားမှာပါ။ TTRL ရဲ့ဇာတ်ကြောင်းကတော့  Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) စတဲ့နာမည်ကြီးစစ်ကားတွေလိုပဲ ရန်သူရဲ့ အဓိက အခြေချတပ်စွဲထားတဲ့နေရာတွေကို အသက်စွန့်ပြီး ဝင်သိမ်းတာကို အခြေပြုရိုက်ကူးထားပါတယ်... ဒီလိုခြေကုတ်ယူထားတဲ့နေရာဆိုတာနဲ့ ...
movie

The Thin Red Line (1998)

1998
4K HEVC
Hail, Caesar! (2016) 6.3
Hail, Caesar! (2016) ၁၉၅၀ ခုနှစ် ဟောလိဝုဒ်ရုပ်ရှင်လောကကို ထင်ဟပ်ထားတဲ့Dark Comedy အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ Hail Ceasar! ကို တင်ဆက်ပေးလိုက်ရပါတယ်။ကတ်ပီတော်ပစ်ချားရုပ်ရှင်ထုတ်လုပ်ရေးရဲ့ fixer ဖြစ်တဲ့အက်ဒီမန်းနစ်စ်ရဲ့ တစ်နေ့စာအလွဲများလို့ ဆိုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။ရုပ်ရှင်လောကကို ဖော်ပြတဲ့ဇာတ်ကားဖြစ်တာနဲ့အမျှA-List Actor အများစုကို အသုံးပြုထားတာတွေ့ရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Josh Brolin, George Clooney, Alden Ehrenreich, RalphFiennes, Jonah Hill, Scarlett Johannsson, Frances McDorman,Tilda Swinton နဲ့ Channing Tatumအထိ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ ကတ်ပီတော်ပစ်ချား ရဲ့ထုတ်လုပ်ရေးဦးစီးဖြစ်တဲ့ အက်ဒီမန်းနစ်စ်ဟာစတူဒီယိုရဲ့ အရှုပ်တော်ပုံများကိုလိုက်လံဒိုင်ခံ ဖြေရှင်းရသူ တစ်ဦးလည်း ဖြစ်ပါတယ်။တစ်ရက်မှာ စတူဒီယိုရဲ့အဓိကပရော်ဂျက်ဖြစ်တဲ့ “Hail Ceasar” ရဲ့ အဓိကသရုပ်ဆောင်ဘာ့တ်ဝှစ်လော့တ် ရိုက်ကွင်းကနေ ဆေးခတ်ပြီး ပြန်ပေးဆွဲခံခဲ့ရပါတယ်။စတူဒီယိုအပေါ်မကျေနပ်ချက်တွေကြားမှာ မြေစာပင်ဖြစ်ခဲ့ရသူ ဘာ့တ်ဝှစ်လော့တ်ကလည်းစာရေးဆရာကွန်မြူနစ်အုပ်စု ကြားထဲကို ရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ အက်ဒီမန်းနစ်စ်ဟာ ပြန်ပေးငွေ ...
movie

Hail, Caesar! (2016)

2016
Syriana (2005) 6.9
Syriana (2005) ဒီဇာတ်ကားကတော့ အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အာရေးဗျနိုင်ငံနှင့် အီရတ်နိုင်ငံတို့ရဲ့ သဘာဝသယံဇာတဖြစ်တဲ့ ရေနံထွက်ရှိတဲ့နယ်မြေတွေကို လက်ဝါးကြီးအုပ် ပိုင်ဆိုင်ချုပ်ကိုင်နိုင်ဖို့အတွက် နိုင်ငံချင်းအားပြိုင်ရုံတင်မကဘဲ နောက်ကွယ်မှာ အမေရိကန်တို့လို အင်အားကြီးနိုင်ငံတွေပါ ကြိုးကိုင်ခြယ်လှယ်နေတယ်ဆိုတာကိုပါ ရိုက်ပြထားတာပါဒီဇာတ်လမ်းမှာ ပါဝင်တဲ့ဇာတ်ကောင်တွေဖြစ်တဲ့ အာရပ်တော်ဝင်စော်ဘွားတွေ၊ ရေနံတူးဖော်ရေးကုမ္ပဏီနှစ်ခု ပေါင်းစည်းနိုင်ဖို့ကြိုးပမ်းနေတဲ့ ရှေ့နေဖြစ်သူ ဘင်းနက်ဟောလီးဒေး၊ ဆွစ်ဇာလန်အခြေစိုက်စွမ်းအင်ကုမ္မဏီရဲ့ လေ့လာဆန်းစစ်ရေးပညာရှင် ဘရိုင်ယန်ဝုဒ်မန်းတို့ဟာ နောက်ကွယ်မှာပါဝင်ကြိုးကိုင်နေတဲ့ စီအိုင်အေ၊ အကျိုးအမြတ်ပဲကြည့်တဲ့ ရေနံကုမ္မဏီကြီးတွေအစရှိတဲ့ အင်းအားကြီးအစုအဖွဲ့ကြားမှာ ဘယ်လိုမြေစာပင်ဖြစ်သွားကြလဲ ဘယ်လိုနယ်ရုပ်ကလေးတွေလိုရွှေ့ခံရလဲဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့လွှမ်းမိုးချုပ်ကိုင်မှုက ဘယ်လောက် အင်အားကြီးလဲ၊ မဖွံ့ဖြိုးသေးတဲ့နိုင်ငံရဲ့သယံဇာတတွေကို ဘယ်လောက်နှိုက်ထုတ်ရလွယ်လဲဆိုတာကို ဗဟုသုတရဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပြီး သမိုင်းကြောင်း၊ နိုင်ငံရေးရာစိတ်ဝင်စားတဲ့သူတွေဆို အကြိုက်တွေ့မှာအသေအချာပါပဲ။ IMDb Rating 6.9/10 ရရှိထားပြီး Tomatoes Metre မှာ Rating 73% ရရှိထားတဲ့ အတွက် တော်တော်လေးကြည့်ပျော်မဲ့ကားလေးလို့ဆိုရပါမယ်။ File size…(1.7 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:08:00 Genre...Drama, Thriller Subtitle….Myanmar Subtitle ...
movie

Syriana (2005)

Good Night, and Good Luck (2005) 7.4
Good Night, and Good Luck (2005)  ဆုပေါင်း ၃၉ ဆု၊ အော်စကာ ဆန်ကာတင် ၆ဆုအပါအဝင် ဆန်ကာတင်ပေါင်းတစ်ရာကျော် ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဝါသနာအိုးတွေနဲ့ မစိမ်းတဲ့ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားပါ၊ဇာတ်လမ်းက ၁၉၅၀ ဝန်းကျင်တုန်းကဖြစ်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူအက်ဒ်မော်ရိုးနဲ့ ကွန်မြူနစ်တွေကို မြေလှန်ပစ်ချင်နေတဲ့ အမတ် မက်ကာတီတို့ကြားက အပြန်အလှန်ခြေကန်မှုတွေကိုအဓိကထားဇာတ်အိမ်တည်ထားပါတယ်။မော်ရိုးက ကိုယ့်အလုပ်ရဲ့အားသားချက်ကိုသုံးပြီး လူထုကို နိုင်ငံရေးအတွေးအခေါ်လူမှုရေးစသဖြင့်ပညာပေးတင်ဆက်ပေးနေသူပါ၊ မဟုတ်မမှန် မတရားတာတွေဆို သူနဲ့ သူ့မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေက ရုပ်မြင်သံကြားကနေတဆင့် အတိုင်အဖောက်ညီညီဖော်ထုတ်ပါတယ် ။ မက်ကာတီကျ ရထားတဲ့အာဏာလေးနဲ့ ကွန်မြူနစ်ရှင်းထုတ်တယ်ဆိုတဲ့အမည်ခံနဲ့ ကိုယ်နဲ့မကြည် မကျေနပ်တဲ့လူတွေကိုပါ ဝါးလုံးယမ်းတာတွေလုပ်တတ်ပါတယ် ၊ဒီကားမှာ ထိုနှစ်ဦးအပြင် အဲ့ခေတ်ကာလတုန်းက အမေရိကန်ရဲ့ ကွန်မြူးနစ်အယူသီးပုံတွေ ၊ရုပ်မြင်သံကြားအပေါ်လူတွေရဲ့အမြင်၊ မော်ရိုးတို့ သတင်းတင်ဆက်သူတွေရဲ့ခံယူချက်စတဲ့ လက်တွေ့ဖြစ်ရပ်တွေကိုအခြေခံရိုက်ကူးထားတာမို့ သမိုင်းရုပ်ရှင်တွေကိုစိတ်ဝင်စားသူတွေရဲ့ အသည်းစွဲပါပဲ ။ File size…(1.5 GB)/(730 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie

Good Night, and Good Luck (2005)

The Men Who Stare at Goats (2009) 6.2
The Men Who Stare at Goats (2009)  ယခုရုပ်ရှင်ကနာမည်တူစာအုပ်ကိုအခြေခံထား ပြီး Ewan McGregor နဲ့ George Clooney တို့ဦး ဆောင်ပါ၀င်ထားပါတယ်။ဇာတ်လမ်းအစမှာ သတင်းစာသမားဖြစ်တဲ့ ဝဲလ်တန် ဟာ အယ်ဒီတာရဲ့စေခိုင်းမှုအရ နယ်ခံ စစ်မှုထမ်း‌ ဟောင်းတစ်ယောက်ကိုအင်တာဗျူးဖို့ဖြစ်လာပါတယ်။ အဆိုပါအင်တာဗျူးကြောင့်ဝဲလ်တန်တစ်ယောက် အမေရိကန်အစိုးရရဲ့အထူးစစ်သားတွေဖန်တီးနေတဲ့ လျှိုဝုက်ပရိုဂရမ်အကြောင်းကိုသိခွင့်ရခဲ့ပါတယ်။အထူးစစ်သားတွေဟာ နံရံတွေကိုဖြတ်ကျော်သွားနိုင်သလို အကြည့်တစ်ချက်နဲ့ သက်ရှိတွေရဲ့နှလုံးခုန်ကို ရပ်တန့်အောင်ပြုလုပ်နိုင်တဲ့စိတ်စွမ်းအင်ရှိတဲ့သူတွေဖြစ်တယ်ဆိုပါတယ်။ ဝဲလ်တန်အနေနဲ့ကနဦးမှာအယုံအကြည့်မရှိခဲ့ပေမယ့် စစ်ပွဲသတင်းတွေရေးဖို့ကူဝိတ်ကိုရောက်ရှိသွားရာမှာ အထူစစ်သားအဖွဲ့ကအတော်ဆုံးအဖွဲ့၀င် လန့်ကတ်စတီ အမှတ်မထင်ဆုံမိကြပြီး ခရီးလမ်းတစ်လျောက်မှာ အထူးအဆန်းတွေကိုဆက်တိုက်ကိုကြံရပါတော့တယ်။ File size…(1.3 GB)/(646 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yani
movie

The Men Who Stare at Goats (2009)

Michael Clayton (2007) 7.2
Michael Clayton (2007)  အော်စကာဆုကို ထိုင်ထိုက်တန်တန်ဆွတ်ခူးထားခဲ့တဲ့ ဒီဇာတ်ကားကတော့ Crime, Mystery, Thriller အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်‌ဆောင်ဖြစ်သူ မိုက်ကယ်ကလေတွန်ဟာဆိုရင် အကြွေးနွံနစ်နေတဲ့ fixer တစ်ယောက်ပဲဖြစ်တယ်။ သု့အလုပ်က သူများအရှုပ်တွေကို ရှင်းပေးဖို့ပဲဖြစ်ပြီး တရားခွင်ရှေ့နောက်တစ်ယောက်မဟုတ်။ဒါပေမဲ့ မိုက်ကယ်က သူ့ရဲ့လက်ရှိအသက်မွေးဝမ်းကျောင်းကို စိတ်ကုန်လာပြီး သူ့အစ်ကို တင်မီနဲ့ ဘားဖွင့်ခဲ့ပေမဲ့လဲ ဆေးစွဲနေတဲ့ တင်မီကြောင့် အကြွေးပဲတင်သွားခဲ့တယ်။ နောက်ဆုံး ကိုင်ရတဲ့အမှုက အလုပ်က စီနီယာဖြစ်သူ အာသာအီဒင်ရဲ့ ကေ့စ်။ အာသာက လယ်ယာဓာတုကုမ္ပဏီ U/North ရဲ့ ဒေါ်လာ ၃ ဘီလီယံတန် Action Lawsuit တစ်ခုတည်းကို ကိုင်တွယ်နေတာ ၆ နှစ်ရှိပြီဆိုပေမဲ့ အီဒင်က စိတ်ကစဉ့်ကလျားရောဂါကြောင့် ဆေးပုံမှန်သောက်နေရတဲ့သူတစ်ယောက်။ တစ်ရက် ဆေးပုံမှန်မသောက်မိဘဲ ကိစ္စကို အ‌န္တရယ်တောထဲ ပို့မိသွားခဲ့တယ်။ မိုက်ကယ်ဟာ အရှုပ်တွေကို ရှင်းပေးနေတဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က သူ့ကို သတ်ဖို့ကြိုးစားခဲ့ပြန်ပါရော.....ဘယ်သူများဖြစ်နိုင်မလဲ? File ...
movie

Michael Clayton (2007)

The Flash (2023) 7.4
The Flash (2023) The Flash (2023) =============ဒီရုပ်ရှင်ဟာ Flash ရဲ့ ပထမဆုံး Live Action ရုပ်ရှင်ပဲဖြစ်ပါတယ်။ အရင်က Flash ဟာ အခြားရုပ်ရှင်တွေ၊ ကာတွန်းတွေနဲ့ စီးရီးတွေမှာပဲ ပါဖူးပါတယ်။ Flash ဟာ စီးရီးမှာရော ရုပ်ရှင်မှာရော အစွမ်းအကုန် မပြသေးတာဖြစ်ပေမဲ့ ဒီစီရဲ့ စွမ်းအားအကြီးဆုံး ဟီးရီုးတွေထဲက တစ် ယောက်ပါပဲ။ အပြေးမြန်ရုံတင်မက၊ အချိန်-အာကာသကို ပြင်နိုင်စွမ်း တွေ၊ စကြာဝဠာကူးနိုင်စွမ်းတွေ၊ အနန္တလက်သီး၊ လျှပ်စီးလှိုင်း၊ လေမုန် တိုင်း၊ မော်လီကျူးထိန်းချုပ်နိုင်စွမ်း၊ ဒဏ်ရာအမြန်ပြန်ကောင်းနိုင်စွမ်း၊ စူပါဉာဏ်ရည်၊ အမြန်နှုန်းနဲ့ တွေးတောနိုင်စွမ်း စသဖြင့် ပြောမကုန်အောင် ပါပဲ။ဒီရုပ်ရှင်ဟာတော့ ဖလက်ရှ်ပွိုင့် ဝိရောဓိ ကာတွန်းဇာတ်ကြောင်းကိုပဲ အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်မတိုင်ခင် ရှေ့မှာ ကာတွန်း တစ်ကားနဲ့ ဖလက်ရှ်စီးရီး စီစန် ၃ တို့မှာ Paradox story ကို အခြေခံပြီး ရိုက်ကူးထားတာ ရှိပါသေးတယ်။ ဒီရုပ်ရှင်ဟာ ဝမ်းဒါးဝူးမန်းနဲ့ အက်ကွာ မန်းတို့တုန်းကလို အော်ရဂျင်စတိုရီမဟုတ်ဘဲ၊ ဖလက်ရှ်တစ်ယောက် အ တိတ်ကို ပြန်သွားပြီး သူ့အမေကို ...
movie

The Flash (2023)

2023
4K HEVC