Channel Myanmar

Geoffrey Beauchamp

Gifted Hands: The Ben Carson Story (2009) 7.5
Gifted Hands: The Ben Carson Story (2009) ဒီဇာတ်လမ်းက အမေရိကန်က နာမည်ကျော် အာရုံကြောခွဲစိတ်ဆရာဝန်ဘန်ကာဆင်ရဲ့အတ္ထုပ္ပတ္တိကို ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး IMDb 7.5နဲ့ RT 85%ထိ rating ကောင်းတွေရရှိထားတာပဲ ဖြစ်ပါတယ်။ခွဲစိတ်ဆရာဝန်ကြီး ဘင်ကာဆန်တစ်ဖြစ်လဲ ဘင်ဂျမင်ကာဆန်ဟာတစ်ကိုယ်တော်မိခင်ရဲ့ ပျိုးထောင်မှုနဲ့ ကြီးပြင်းလာခဲ့ရသူဖြစ်ပြီးငယ်စဉ်က အတန်းထဲမှာ နောက်ဆုံးကရေရင် ထိပ်ဆုံးရတဲ့အထိပညာရေးပိုင်းမှာအားနည်းခဲ့သူပါ။ဒါပေမဲ့ ကိုယ်တိုင် ပညာမတတ်လို့ရုန်းကန်ခဲ့ရတဲ့ မိခင်ဖြစ်သူက သူ့သားနှစ်ယောက်ကို ပညာတတ်ဖြစ်စေချင်တာကြောင့်ငယ်ငယ်ကတည်းက ပုံသွင်းလေ့ကျင့်ရင်းတဖြည်းဖြည်းနဲ့ ထူးချွန်တဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ မိဘအစုံအလင်မရှိတဲ့ သားသမီးတွေရဲ့ ထုံးစံအတိုင်းဘင်မှာ ဒေါသမထိန်းနိုင်တဲ့ ဉာဉ်ဆိုးတစ်ခုရှိသလို အဲဒီစိတ်ကြောင့်ဘဝပျက်နိုင်တဲ့အထိ ဖြစ်သွားတဲ့အခြေအနေတွေလည်းအများကြီးကြုံခဲ့ရတဲ့သူပါ။ဒီလိုမျိုး ငွေကြေးပိုင်း လူမျိုးရေးပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာပြဿနာပေါင်းစုံ ကြုံတွေ့ခဲ့ရတဲ့ ဘင်ကာဆန်ဘဝကနေတစ်ချိန်မှာခေါင်းချင်းဆက်အမြွှာနှစ်ဦးကို အသက်ရှင်လျက် အောင်မြင်စွာခွဲစိတ်ပေးနိုင်ခဲ့တဲ့ခွဲစိတ်ဆရာဝန်ကြီး ဘင်ကာဆန် ဖြစ်လာတဲ့အထိဘဝဇာတ်ကြောင်းကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အားကျအတုယူစရာ ကောင်းလောက်အောင် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ဒါ့အပြင် မိဘမေတ္တာတွေ၊ မိသားစုကြားကချစ်ခြင်းမေတ္တာတွေကို ပေါ်လွင်ထင်ရှားအောင် ရိုက်ကူးထားသလိုမှတ်သားစရာ ဆေးပညာဆိုင်ရာ ဗဟုသုတ‌တွေလည်းပါတာမို့ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ File Size :  1.8 GB, 777 MB Quality ...
movie

Gifted Hands: The Ben Carson Story (2009)