Channel Myanmar

Geoff Stults

12 Strong (2018) 6.5
12 Strong (2018) 12 Strong (2018)စစ်ကားကောင်းကောင်းမှ ကြည့်ချင်တယ်ဆိုတဲ့ စစ်ကားကြိုက်ပရိသတ်တွေအတွက် 12 Strong ဆိုတဲ့ ရုံတင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ဒီရုပ်ရှင်ဟာ Doug Stanton ရဲ့ဖြစ်ရပ်မှန်ဝတ္ထု Horse Soldiers ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ဒီရုပ်ရှင်မှာဆိုရင်တော့ 9/11 အဖြစ်အပျက်အပြီး အာဖဂန်နစ္စတန်ကို ပထမဆုံးစေလွှတ်ခံရတဲ့ အမေရိကန်တပ်ဖွဲ့အကြောင်ကို အဓိကထားပြီး ပြသထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ကပ္ပတိန်မစ်ချ်နယ်လ်ဆန်ဦးဆောင်ပြီး တပ်သား ၁၂ ယောက်သာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်စစ်ခေါင်းဆောင်တစ်ယောက်နဲ့ ပူးပေါင်းပြီး တာလီဘန်နဲ့ အယ်လ်ကေဒါးတွေလက်ထဲကျရောက်နေတဲ့ မြို့၊ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းကြရတာဖြစ်ပါတယ်။တာလီဘန်တွေနဲ့ ယှဉ်ရင် လက်နက်အင်အား၊ လူအင်အားလဲ မမျှသလို နယ်မြေလဲမကျွမ်းကျင်ကြတဲ့ နယ်လ်ဆန်တို့အဖွဲ့ သူတို့ရဲ့မစ်ရှင်တွေကို အောင်နိုင်ပါ့မလား၊သူတို့ရဲ့မဟာမိတ် စစ်ခေါင်းဆောင်ဆိုတာလဲ ယုံကြည်ရရဲ့လား ဆိုတဲ့ သို့လော သို့လောတွေ အများကြီးပါဝင်ပါတယ်။ပုံမှန်ဆိုရင် နှစ်စဉ် ပထမဆုံးလမှာ ရုံတင်တဲ့ရုပ်ရှင်ကားတွေက ဂွမ်းလေ့ရှိပေမယ့် ဒီကားကတော့ ရုံတင်တဲ့အခါ တော်တော်လေး ချီးကျူးခံခဲ့ရတဲ့ကားတစ်ကားဖြစ်ပါတယ်။တာလီဘန်တွေ ဘယ်လောက်ရက်စက်သလဲဆိုတာကိုသေချာပြသွားနိုင်ခဲ့သလို အာဖဂန်ပြည်သူတွေရဲ့ ...
movie

12 Strong (2018)

2018
4K HEVC
J. Edgar (2011) 6.5
J. Edgar (2011) J Edgar (2011)IMDb Rating (6.5)ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ဆရာကြီး လီယိုနာဒိုက အဓိကဦးဆောင်ထားပြီး သူ့ထက်ဆရာ့ဆရာ ကလင့်စ်အိစ်ဝုဒ်က ပရိုဂျူဆာ ဒါရိုက်တာလုပ်ထားတဲ့ ဘိုင်အိုဂရပ်ဖီကားလေးပါပဲလူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ထားတဲ့ဘိုင်အိုဂရပ်ဖီကားဆိုပေမြ့ ဂျေအက်ဂါဆိုတဲ့ အမေရိကန်ရဲ့နာမည်ကြီး ထောက်လှမ်းရေး အဖွဲ့အစည်း FBI ကို စတင်တည်ထောင်ခဲ့တဲ့သူပါ အဲ့တော့ သူ့အကြောင်းဆိုတာက FBI အဖွဲ့ကြီးရဲ့သမိုင်းကြောင်းပါပဲ စစ်အေးတိုက်ပွဲကာလမှာ ကမ္ဘာမှာ ကွန်မြူနစ်စနစ်ကြီးစိုးချိန် အမေရိကန်နိုင်ငံမှာ ကွန်မြူနစ်တွေရဲ့အန္တရာယ်ကိုကာကွယ်ဖို့ ဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့ရာကစပြီး အမေရိကန်ရဲ့ အကောင်းဆုံး ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်အောင် ဂျေအက်ဂါတစ်ယောက်သူ့ခြေသူလက်နဲ့ ဘယ်လိုတည်ထောင်ခဲ့လဲဆိုတာ သူ့ဘဝအကြောင်းနဲ့ ယှဉ်တွဲပြီးတော့ ပုံဖော်ပြထားတာပါ လီယိုနာဒိုကတော့ လီယိုနာဒိုပါပဲ လုံးဝကိုဇာတ်ကောင်နဲ့ထပ်တူညီတယ်လို့ခံစားရပြီး ရသလဲပေးနိုင်သလို အဲ့ခေတ်က အမေရိကန်အကြောင်း ဗျူရိုစနစ်တွေအကြောင်း တစေ့တစောင်းကို ဇာတ်လမ်းသွားလေးနဲ့ကြည့်ရမှာမို့ CM ပရိသတ်တို့ လက်မလွှတ်ကြဖို့ အကြံပေးလိုပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှတင်ဆက်ထားပါတယ်။)  File size…(1.9 GB)/(970 MB) Quality….BluRay 1080p /720p Format…mp4 Duration….02:16:54 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Sai Thurein Lynn
movie

J. Edgar (2011)

If You Were the Last (2023) 6.3
If You Were the Last (2023) If You Were the Last (2023)~ IMDb - 6.3/10, Rotten Tomatoes - 85% ~အခုလတ်တလောမှ ထွက်ရှိလာတဲ့ Sci-Fi / Romance အမျိုးအစားလေးကိုမှ Comedy လေးစွက်ထားတဲ့ ကားတစ်ကားပါ။ အလုပ်ကနေအပြန် စိတ်အပန်းဖြေဖို့အတွက် ပေါ့ပေါ့ပါးပါးကြည့်ဖို့ဆိုရင် မေ့မထားသင့်တဲ့ရွေးချယ်မှုပါပဲ။ Cast အနေနဲ့ဆိုရင်လည်း တလောကမှ Twisted Metal မှာ ပရိသတ်အကြိုက်တွေ့နေကြတဲ့ Falcon တဖြစ်လဲ ကပ္ပတိန်အမေရိကလက်သစ်ဖြစ်တဲ့ Anthony Mackie က အဓိကမင်းသားအနေနဲ့သရုပ်ဆောင်ထားတာပါ။နာဆာရဲ့မစ်ရှင်တစ်ခုက အမှားအယွင်းဖြစ်ပြီးတော့ အာကာသယာဉ်ကလမ်းပျောက်ပြီး သုံးနှစ်လောက် ဂျူပီတာနဲ့ စေတန်ဂြိုဟ်ကြားမှာ မြောနေခဲ့ပါတယ်။ အာကာသယာဉ်မှူး သုံးယောက်ရှိခဲ့ပေမဲ့ အခုတော့ ဂျိန်းရယ် အဒမ်ရယ်နှစ်‌ယောက်ပဲကျန်ပါတော့တယ်။ ယာဉ်ပေါ်မှာ ‌ဂေဟစနစ်ပါတဲ့အတွက် စားဖို့သောက်ဖို့နေဖို့က မပူရပေမဲ့ အိမ်ပြန်လမ်းမဲ့နေတဲ့လူနှစ်ယောက် အချင်းချင်းကူညီဖေးမကြပုံတွေ၊ ယာဉ်ကိုကြိုးစားပြင်ကြပုံတွေနဲ့ တစ်ကိုယ်ရည်လိုအပ်ချက်တွေ နည်းမျိုးစုံနဲ့ဖြည့်ဖို့ကြိုးစားကြတာကို ...
movie

If You Were the Last (2023)

2023
D.E.B.S. (2004) 5.3
D.E.B.S. (2004) အမေရိကန်ကောလိပ်ဝင်ခွင့်စာမေးပွဲတစ်ခုဖြစ်တဲ့ SAT မှာလျှို့ဝှက်ထည့်သွင်းထားတဲ့စစ်ဆေးမှုတစ်ခုရှိနေပြီး အဲ့ဒီစစ်ဆေးမှုကို အောင်မြင်တဲ့လူတွေဆီကို D.E.B.S. လို့ခေါ်တဲ့သူလျှိုလေ့ကျင့်ရေးသင်တန်းကျောင်းက ဖိတ်ခေါ်မှုတွေရောက်လာလေ့ရှိပါတယ်။အေမီကတော့ အဲ့ဒီလျှို့ဝှက်စာမေးပွဲမှာ အမှတ်အမြင့်ဆုံးနဲ့အောင်မြင်ထားပြီး သူပါဝင်တဲ့ တပ်ဖွဲ့ဟာလည်း ကျောင်းရဲ့ထိပ်တန်းနေရာမှာရှိနေပါတယ်။ ဒါပေမယ့်လည်း အေမီစိတ်ဝင်စားတာက ကျောင်းဆင်းတဲ့အခါ သူလျှိုလုပ်ငန်းထဲဝင်ဖို့ထက် အနုပညာကျောင်းတက်ဖို့ပါပဲ။တစ်နေ့တော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူစီဒိုင်းမွန်းလို့ခေါ်တဲ့ ဒုစရိုက်သမားတစ်ယောက်မြို့ထဲကိုပြန်ရောက်လာတာကိုစုံစမ်း ထောက်လှမ်းနေရင်း မမျှော်လင့်တဲ့အလွဲတွေနဲ့ အေမီနဲ့ လူစီဒိုင်းမွန်းတို့ထိပ်တိုက်တွေ့ကြပါတော့တယ်။ သူအဲ့ဒီမှာသိလိုက်ရတာက လူစီဟာ မိန်းကလေးချင်းစိတ်ဝင်စားသူတစ်ဦးဖြစ်နေတယ်ဆိုတာကိုပါပဲ။လူစီက သူတို့အသိုင်းအဝိုင်းမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ လူဆိုးတစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ထိပ်တိုက်တွေ့ဆုံဖူးသူမှန်သမျှ အသက်ရှင်ကျန်ရစ်သူမရှိတာ၊ အလွန်ရက်စက်သွေးအေးတတ်တာ၊ သူ့အကြောင်းသေချာသိတဲ့သူရယ်လို့မရှိပဲ ဒဏ္ဍာရီဆန်ဆန်ပါးစပ်ပြောတွေနဲ့သာကြားဖူးနားဝရှိကြရတဲ့အထိလည်းလျှို့ဝှက်သူပါ။ အဲ့ဒီကြောက်စရာလူဆိုးမကြီးကိုမှ သူ့အနေနဲ့စိတ်လှုပ်ရှားခံစားသက်ဝင်မိသွားတယ်ဆိုတာ အေမီတစ်ယောက်သိလိုက်ရတဲ့အခါမှာတော့..။D.E.B.S ဟာဒီခေတ်လို GL တွေ BL တွေ ပေါပေါများများခေတ်မစားသေးခင်က ထွက်ခဲ့တဲ့ရှေ့ဆောင်လမ်းပြဖြစ်ခဲ့တဲ့ချစ်စရာ GL ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ထွက်ရှိခဲ့ချိန်ကစလို့ အခုချိန်ထိ LGBT community တွေရဲ့အစီအစဉ်နဲ့အထူးပွဲတွေပြနေတုန်းပါပဲ။ဘာကိုမှ Serious မထားပဲပေါ့ပေါ့ပါးပါးအချိန်ဖြုန်းချင်စရာ ပျော်စရာဇာတ်ကားလေးလည်းဖြစ်ပါတယ်။ဇာတ်ကားမှာဦးဆောင်ပါဝင်ခဲ့သူတွေဟာ အခုချိန်မှာ နာမည်ကျော်တွေအဖြစ်တန်းဝင်နေကြပြီဖြစ်ပြီး သူတို့ရဲ့ငယ်ဘဝအလှပုံရိပ်လေးတွေကို တစ်ဝကြီးတွေ့ရမှာပါ။ အနည်းဆုံးတော့ စကီအလန်းလေးတွေ စကပ်အတိုလေးတွေဝတ်ပြီး ပြေးလွှားလှုပ်ရှား ဖိုက်တင်ချကြတာကိုက အတော်ကြည့်ကောင်းနေပြီဖြစ်ပါတယ်။(တလောက ဖေစ့်ဘုတ်မှာခေတ်စားနေတဲ့ Devon Aoki ...
movie

D.E.B.S. (2004)

Wedding Crashers (2005) 7
Wedding Crashers (2005) IMDb Rating -7/10Rotten Tomatoes - 75%Wedding crashers ဆိုတဲ့သူတွေကမင်္ဂလာပွဲတွေကို အဖိတ်မခံရဘဲအပျော်တမ်းလိုက်တက်တဲ့သူတွေနောက်တစ်နည်းပြောရရင် လူးပါးဝတဲ့သူမျိုးတွေ ဖြစ်ပါတယ်ဒီဇာတ်လမ်းလေးမှာ ကွာရှင်းမှု ကြားဖြေဖျန်ပေးတဲ့အလုပ်လုပ်ကြတဲ့ငယ်ပေါင်းကြီးဖော် သူငယ်ချင်းနှစ်ယောက် ဂျွန်နဲ့ ဂျရဲမီတို့ဟာမင်္ဂလာပွဲတွေကို အပျော်တမ်းလိုက်တက်ကြတဲ့ wedding crasher တွေ ဖြစ်ကြပါတယ်။ဒီအတိုင်းလေး ရှိုးရွတ်ဆိုပြီး ပွဲဝင်တက်ကြတာတော့ မဟုတ်ပါဘူး ၊ သတို့သားနဲ့အသိလိုလို သတို့သမီးဘက်က အမျိုးလိုလို ဇာတ်ကြောင်းတွေ ဖန်တီးထားကြပြီးမင်္ဂလာပွဲရှင်တွေအကြောင်း စုံစမ်းပြီးမှ ပွဲတက်ကြတာပါ။အစားအသောက်တွေ အလကားစား ၊ ပွဲက တိုက်တဲ့အရက်တွေ အလကားသောက် ၊ ပွဲမှာမျက်စိကျမိတဲ့ ခပ်လန်းလန်းကောင်မလေးတွေနဲ့ တစ်ညတာပျော်ကြပါးကြနဲ့ ဒီနှစ်ယောက်ကတော့ မိန်းမလိုက်စားတဲ့ ဝါသနာရှင်တွေပဲ ဖြစ်ပါတယ်။တစ်နေ့မှာတော့ ဘဏ္ဍာရေးဝန်ကြီးက သူ့သမီး မင်္ဂလာပွဲကြေငြာလိုက်တော့ ဒီနှစ်ကောင်က အဆင့်တန်းမြင့်မြင့်ကခပ်လန်းလန်းကောင်မလေးတွေနဲ့ ပျော်မယ်ပါးမယ်ကြုံးဝါးပြီး ပွဲတက်လာကြတယ်။ပွဲရောက်ခါမှ ဂျွန် တစ်ယောက် သတို့သမီးအရံလေးကို တွေ့မိပြီးချစ်မိသွားလေသောအခါ...ချစ်မိသွားတဲ့ ဝန်ကြီးသမီးဖြစ်သူ ကလဲရာ နဲ့ ... ...
movie

Wedding Crashers (2005)

2005
Only the Brave (2017) 8.0
Only the Brave (2017) ဒီဇာတ်ကားလေးက ၂၀၁ရခုနှစ်ထွက် Rating 8 ရရှိထားတဲ့ Biography/Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။တကယ့်ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ပါဝင်သည့်သရုပ်ဆောင်များဟာလည်း ထိပ်တန်းသရုပ်ဆောင်များ ဖြစ်ပါတယ်။ဇာတ်ကားလေးဟာ ၂၀၁၃ခုနှစ် ဇွန်လ၂၈ရက်တွင်ဖြစ်ပွားခဲ့တဲ့ Yarnell Hill တောမီးလောင်မှုဖြစ်ရပ်မှန်ကို အခြေခံထားတာပါ။Granite Mountain Hotshots မီးသတ်အဖွဲ့ဝင် ၁၉ဦးအသက်ပေးဆပ်ခဲ့ရတဲ့ အမေရိကကန်နိုင်ငံရဲ့ သမိုင်းတွင် တောမီးလောင်မှုကြီးတစ်ခုဖြစ်ပါတယ်။Hotshot ဆိုတဲ့အဖွဲ့အစည်းဟာ စစ်တပ်မှာဆိုရင် အထူးတပ်ဖွဲ့ဝင်တွေလိုပါပဲ။အထူးမီးသတ်တပ်ဖွဲ့ပဲဖြစ်ပြီး သူတို့ရဲ့လေ့ကျင့်မှုတွေဟာလည်း အလွန်ပြင်းထန်ပါတယ်။ဒီဇာတ်ကားမှာအဲဒီဖြစ်ရပ်ဆိုးကြီးမှာ အသက်ပေးသွားခဲ့ကြတဲ့ အထူးမီးသတ်တပ်ဖွဲ့တွေကို ဂုဏ်ပြုရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်များစွာဖြင့် အားဖြည့်ထားတဲ့အတွက် ကြည့်ရှုရတာတန်စေမယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို အရသာပျက်သွားမှာရယ် ကိုယ်တိုင်ကြည့်ရှုစေချင်တာရယ်ကြောင့် မရေးပြတော့ပါဘူး။Rating အနေနဲ့ရောတော်တော်မြင့်မြင့်လေးရထားတာဖြစ်ပြီး Biography/Drama ဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားလို့ပဲညွန်းချင်ပါတယ်။ File Size : (0.99 GB) and (400 MB) Quality : Blu-Ray 720p Running Time : 2hr 14min Format : Mp4 Genre :Biography, Drama Subtitle : ...
movie

Only the Brave (2017)

2017