Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gemma Chan
7.3
Submarine (2011)
Submarine (2011)IMDb - 7.3IMDb မှာ rating 7.3 ရရှိထားတဲ့ ဟာသ-ဒရာမာ အမျိုးအစား ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Submarine ဇာတ်ကား နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းဟာဆိုရင် အရွယ်ရောက်လာပုံကို ဟာသဆန်ဆန်ပုံဖော်ထားပေးပြီး ဆယ်ကျော်သက်ဘဝရဲ့အတွေ့အကြုံတွေကို ထင်ဟပ်ပြထားနိုင်မှုကြောင့် ဝေဖန်သူတွေရဲ့ ချီးကျူးမှုတွေကိုပါ လက်ခံရရှိခဲ့ပါတယ်။ အရွယ်ရောက်ချိန်မှာ ကြုံတွေ့ရတတ်တဲ့ အချစ်ဇာတ်လမ်းနဲ့ မိသားစုရေးရာအကြောင်းတွေကိုပါ ထည့်သွင်းပြထားတဲ့အတွက် လက်တွေ့ဆန်မှုကိုပါခံစားနိုင်မှာဖြစ်ပါတယ်။Oliver Tate ဆိုတဲ့ကောင်လေးတစ်ယောက် အရွယ်ရောက်ချိန်မှာ ဘာတွေကြုံတွေ့ရသလဲ...ဆယ်ကျော်သက်အတွေးတွေကရော ဘယ်လိုရှိလဲ...မိသားစုနဲ့ရော အခြေအနေဘယ်လိုလဲ...အချစ်ဇာတ်လမ်းကရော အဆင်ပြေပါ့မလားဒါတွေအားလုံးကို Submarine ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားနိုင်မှာဖြစ်ပါတယ်။ ကြည့်ရတာတန်တဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်လို့ညွန်းပေးလိုက်ပါရစေ။File Size - 3.28 GB/ 777 MB Quality - BluRay 1080p/ 720p Duration - 1:38:53 Format - mp4 Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle ...
movie
Submarine (2011)
The Actor (2025)
အခု တင်ဆက်ပေးမယ့် ရုပ်ရှင်ကားလေးကတော့ 2025 မှာပဲ ထွက်ရှိလာပြီး Cast တွေ ကတော့ André Holland ရယ် Marvel ကားတွေဖြစ်တဲ့ Captain Marvel, Eternals , Eternals 2 နဲ့ The creator ဆိုတဲ့ ကားမှာလည်း ပါဝင်ဖူးတဲ့ Gemma Chan အပြင် လူကြိုက်များခဲ့တဲ့ Moon knight 2022 မှာ အဓိက မင်းသမီး အဖြစ် ပါဝင်ခဲ့တဲ့ May Calamawy တို့ပဲဖြစ်ပါတယ်Psychological mystery thriller drama အမျိုး စားဖြစ်ပြီး R rated ဖြစ်ပါတယ် 1950 ခုနှစ် နယူးယော့မှာ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ပေါလ် ကိုး ဟာ မတော်တဆမှု တစ်ခုဖြစ်ပြီး အိုဟိုင်းယိုး ...
movie
The Actor (2025)
7.2
Captain Marvel (2019)
Marvel Cinematic Universe: Phase Three ကတော့ MCU ရဲ့ အကောင်းဆုံးအစိတ်အပိုင်းလို့ဆိုရတဲ့အထိ လူကြိုက်များပြီး ထောင့်စေ့ခဲ့ပါတယ်။Phase 3 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်နဲ့ မျက်နှာချင်းဆိုင်ဖိုက်ကြတဲ့အထိ ကြမ်းကုန်ကြပါပြီ။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 3 မှာတော့ ရုပ်ရှင် ၁၁ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။Captain America: Civil War (2016) Doctor Strange (2016) Guardians of the Galaxy Vol. 2 (2017) Spider-Man: ...
movie
Captain Marvel (2019)
2019
4K HEVC IMAX
7.3
Fantastic Beasts and Where to Find Them (2016)
Fantastic Beasts and Where to Find Them (2016) IMDb - 7.3/10____Rotten - 74% Won 1 Oscar. Another 14 wins & 53 nominations. ဒီဇာတ်လမ်းဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွေရဲ့ မှော်လောကထဲမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေပါပဲ။ ဒါပေမယ် ဖြစ်ပျက်နေတဲ့ကာလဟာ ၁၉၂၆ ဖြစ်ပြီး ကျောင်းအုပ်ဆရာကြီး အဲဘတ်စ် ဒန်ဘယ်လ်ဒိုးရဲ့လူငယ်ကာလဖြစ်ပါတယ်။ အဲဒီကာလရဲ့ နာမည်ကြီးမှော်နက်ဆရာကတော့ ဟယ်ရီစာအုပ်ထဲမှာ နာမည်ဖော်ပြခဲ့တဲ့ ဂရင်ဒီဝေါလ်ပါ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ကတော့ မှော်ပညာ နဲ့ မှော်သတ္တဗေဒ ပညာရှင် နျု စကန်မန်ဒါပါ(ဟယ်ရီတို့ ကာလမှာ နျုရဲ့စာအုပ်တွေဟာ ကျောင်းအတွက် ပြဌာန်းစာအုပ်ဖြစ်လာခဲ့ပါတယ် ဟက်ဂရစ်လက်စွဲပေါ့)။ နျုဟာ လန်ဒန်ကနေ နယူးယောက်ကို မှော်သတ္တဝါဆန်းတွေ အပြည့်ပါတဲ့ လက်ဆွဲအိတ်တစ်လုံးနဲ့ ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နယူးယောက်မှာ အဖြေရှာမရတဲ့ ထူးဆန်းတဲ့တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေပါတယ်။ အမေရိကန်အခေါ် ...
movie
Fantastic Beasts and Where to Find Them (2016)
2016
4K HEVC
The Creator (2023)
The Creator (2023) ============== IMDb Rating - 7.1/10စက်ရုပ်မျိုးနွယ်ရဲ့ နောက်ဆုံးလက်နက်ကို ရှာပြီး ဖျက်ဆီးဖို့ တာဝန် ပေးခံရတဲ့ လူသားတပ်သားတစ်ယောက်အကြောင်းကို သိပ္ပံစွန့်စားခန်း အက်ရှင်အဖြစ် Godzilla 2014 တို့ Rogue One တို့ရဲ့ ဒါရိုက်တာ Gareth Edwards က ရိုက်ကူးထားတာပါ။ ခေါင်းဆောင်မင်းသားအဖြစ် TENET ထဲက မင်းသား John David Washington (ဒန်ဇယ် ဝါရှင်တန် ရဲ့သား) က ပါဝင်ထားပါတယ်။ IMDb 7.1 အထိ ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း - ထုံးစံအတိုင်း စောင်ပျင်းမျိုးနွယ်ဖြစ်တဲ့လူတွေဟာ ခိုင်းစားဖို့ စက်ရုပ်တွေ တီထွင်ပါတယ်။ ခိုင်းလို့ကောင်းအောင် စက်အသိဉာဏ်တွေ ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ စက်တွေကနေ လူတွေကို လော့စ်အန်ဂျလိမှာ အဏုမြူဗုံးတစ်လုံး ကျဲချလိုက်ချိန်မှာ အရာရာပြောင်းလဲသွားပါတော့တယ်။ ကမ္ဘာ့အနောက်ခြမ်း တစ်ခုလုံးက အသိဉာဏ်ရှိစက်ရုပ်တွေကို ရှင်းပစ်ဖို့ ကြိုးစားတဲ့ တပ်ပေါင်းစု ကြီးဖြစ်လာပြီး၊ အာရှသစ်လို့ခေါ်တဲ့ အရှေ့ပိုင်းမှာတော့ လူတွေနဲ့ စက်တွေ ယှဉ်တွဲနေထိုင်ကြပါတယ်။ တစ်နေ့မှာတော့ လူတွေအားလုံးကို အပြီးသတ် ရှင်းပစ်နိုင်မဲ့လက်နက်တစ်ခုကို ...
movie
The Creator (2023)
2023
4K HEVC
6.3
Mary Queen of Scots (2018)
Mary Queen of Scots (2018)~ IMDb - 6.3/10, Rotten Tomatoes - 62% ~1500 ပြည့်နှစ်တွေက စကော့တလန်ဘုရင်မ မယ်ရီနဲ့ အင်္ဂလန်ဘုရင်မ အယ်လိဇဘက်တို့အကြောင်းကို ပြန်လည်ပုံဖော်ထားတဲ့ သမိုင်းကားကောင်းတစ်ကားပေါ့။ တိုင်းပြည်နှစ်ခုရဲ့ ကိုးကွယ်တဲ့ဘာသာ အယူအဆတွေ နိုင်ငံရေးရပ်တည်ချက်တွေ ကွဲပြားပုံနဲ့ နှစ်ဖက်ကောင်စီ၀င်၀န်ကြီးတွေရဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကြားက ၀မ်းကွဲတော်စပ်တဲ့ ဘုရင်မ၂ဦးအကြောင်းကို ရိုက်ထားတာပါ။မယ်ရီက ကက်သလစ်ကိုးကွယ်သူဖြစ်ပြီး အယ်လိဇဘက်က ရိုမန်ကက်သလစ်ကိုးကွယ်သူဖြစ်ပါတယ်။ အဲဒီတုန်းက ဘာသာရေးကွဲလွဲချက်တွေပြင်းထန်တဲ့အတွက် ၂နိုင်ငံအမြင်မတူဘဲ စစ်ဖြစ်နိုင်တဲ့အခြေအနေပါ။ ဒါကို မယ်ရီက ၀မ်းကွဲအမ အယ်လိဇဘက်ဆီကနေ ဆက်ခံသူအဖြစ်တောင်းဆိုတဲ့အခါ ဒီအချက်က နိုင်ငံ၂ခုကြားက တင်းမာတဲ့အခြေအနေကို ပိုလှုံ့ဆော်လိုက်တာပါ။မယ်ရီက အသက်၁၅နှစ်မှာ ပြင်သစ်သားနဲ့ အိမ်ထောင်ကျခဲ့ပြီး မုဆိုးမအဖြစ်နဲ့ စကော့တလန်ကိုပြန်လာတာပါ။ အယ်လိဇဘက်က အိမ်ထောင်မရှိ ဆက်ခံသူမရှိတဲ့အတွက် မယ်ရီရဲ့ဖြစ်တည်မှုက အယ်လိဇဘက်ရဲ့အာဏာနဲ့ ထီးနန်းကို ခြိမ်းခြောက်နေခဲ့ပါတယ်။ သံတမန်တွေနဲ့ တွေ့ဆုံပြီး ...
movie
Mary Queen of Scots (2018)
2018
5.2
Transformers: The Last Knight (2017)
၅ ကားမြောက် ထရန်စဖော်မာကားကို တင်ပေးထားပါတယ်။ အရင်ဇာတ်လမ်းမှာ အော့ပ်တိမက်စ် ပရိုင်းဟာ သူ့ရဲ့ဖန်ဆင်းရှင်တွေကို ရှာဖို့ အာကာသထဲကိုထွက်သွားပြီး ပြန်မလာခဲ့ပါဘူး။သူမရှိချိန်အတွင်းမှာ လူသားတွေဟာ အရင်ရုပ်ရှင်က တိုက်ပွဲအကျိုးဆက်အဖြစ်အော်တိုဘော့တွေကိုပါ တရားမဝင်ကြေညာပြီး တိုက်ခိုက်နေပါပြီ။ခေါင်းဆောင်မဲ့နေတဲ့ အော်တိုဘော့တွေကို ကိတ်ရေဂါက ဖွက်ပေးထားစောင့်ရှောက်ထားရပါတယ်။ဒီဇာတ်လမ်း အစကတော့ ဘုရင်အာသာနဲ့ မာလင်ခေတ်က ထရန်စဖော်မာတွေရဲ့လျို့ဝှက်သမိုင်းကြောင်းကို အခြေခံထားပါတယ်။ အော့ပ်တိမက်စ်ရဲ့ ဖန်ဆင်းရှင်ကကမ္ဘာကိုဖျက်ပြီး ဆိုက်ဘာထရွန်ကို ပြန်မွေးဖွားဖို့ကြိုးစားတာကို အော်တိုဘော့တွေ၊မာလင်ရဲ့မျိုးဆက် နဲ့ ရွေးချယ်ခံရတဲ့ နောက်ဆုံးသူရဲကောင်းစစ်သည်တို့စုပေါင်းကာကွယ်ကြပုံကို တွေ့ရပါလိမ့်မယ်။ (Transformers ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=transformers မှာရှာပြီး Download လုပ်လို့ရပါတယ်။ )4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ File size…(8.2 GB)/(4.2 GB)/(1.5 GB) Quality….BluRay 4K HDR HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:34:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
movie
Transformers: The Last Knight (2017)
2017
4K HEVCHDR
6.3
Don’t Worry Darling (2022)
Don't Worry Darling (2022)ဒီဒရာမာလေးကတော့ ပရိသတ်အချစ်တော်နာမည်ကြီးတွေများပါတယ်။ ဟယ်ရီစတိုင်၊ ဖလောရန့်စ် ပြူ၊ ခရစ္စပိုင်းတို့ အဓိကပါဝင်ထားပါတယ်။ Psycho drama thriller လေးပါပဲ။ဇာတ်လမ်းထဲမှာ ဗစ်ထရီစီမံကိန်းဆိုတဲ့ ဘာမှန်းမသိတဲ့ ကုမ္ပဏီကြီးတစ်ခုရှိတယ်။ အဲဒီကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ ယောကျာ်းတိုင်းအတွက် အိမ်ရာတစ်ခုရှိပါတယ်။ အဲဒီအိမ်ရာမှာပဲ ဇနီးကိုယ်စီနဲ့ ပျော်ပျော်ရွင်ရွှင်နေကြပါတယ်။ စားစရာသောက်စရာ၊ ငွေကြေး ဘာမှကိုပူစရာမလိုပါဘူး။ အလုပ်ဆင်းတာနဲ့အချိန်တိုင်း ပျော်စရာတွေချည်းပါပဲ။ ပါတီတွေ၊ အားကစားတွေနဲ့ သုခဘုံအစစ်ပါပဲ။ ဒါပေမဲ့ သူတို့တွေ ဘယ်ကနေဒီကိုရောက်လာသလဲ၊ ဘာအလုပ်တွေလုပ်ရလဲဆိုတာ အားလုံးဝေဝေဝါးဝါးပါပဲ။ အဲဒီလူတွေထဲကနေ ဒီလောကကြီးကို သံသယဖြစ်လာသူတွေရှိရင်လည်း အားလုံးက သူ့ကိုရူးနေသလိုပဲထင်ကြပါတယ်။ အဲဒီလို သံသယရှိလာသူတွေထဲမှာ အဲလစ်ပါလာတဲ့အခါ ဒီအရာတွေအားလုံးကိုအဖြေရှာဖို့ ကြိုးပမ်းလာပါတော့တယ်...ဒီဇာတ်ကားကတော့ လက်ရှိဘဝတွေနဲ့လူတွေရဲ့စိတ်တွေကို နိမိတ်ပုံလေးနဲ့ ပြထားတာဖြစ်ပြီး ကြည့်နေရတဲ့လူကိုပါ အားမလိုအားမရ မွန်းကြပ်လာအောင်ဖန်တီးထားတဲ့အမျိုးအစားမို့ တမူထူးခြားပြီးခံစားလို့ကောင်းမယ့် ရုပ်ရှင်တစ်ခုပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Drama, Thriller Quality…. 1080p | 720p | 480p File size…1.7GB | 901MB | 495MB Format… mp4 Duration…. 2h 3min Subtitle…. Myanmar ...
movie
Don’t Worry Darling (2022)
6.5
The Double (2013)
The Double (2013) ဇာတ်လမ်းအညွှန်း*****************************Psycho/ Mystery ဆန်ဆန်ဇာတ်ကားမျိုးကို နှစ်သက်ရင်တော့ ဒီဇာတ်ကားလေးကိုကြည့်ရှုဖို့ recommend ပေးပါတယ်နော်။ကုမ္ပဏီတစ်ခုမှာ ၇ နှစ်တာအလုပ်လုပ်ခဲ့ပေမယ့် လူရေးလူတာမသိသေးတဲ့ ဆိုင်မွန်ဂျိမ်းစ် …သူ့စကားဆိုရင် ဘယ်သူကမှ အဖက်မလုပ်ကြသလို လူရာလည်းမသွင်းကြတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေပျောက်ဆုံးပြီး ရဲရဲဝံ့ဝံ့မပြောရဲမဆိုရဲရှာသူပေါ့။ စိတ်ဝင်စားနေတဲ့ကောင်မလေးကိုလည်း ချောင်းကြည့်ရုံကလွဲပြီး ဘာမှမလုပ်ရဲတဲ့ လူပျော့လူညံ့ကလေးပေါ့။ တစ်နေ့မှာတော့ သူတို့ကုမ္ပဏီကို သူနဲ့ချွတ်စွပ်တူတဲ့လူတစ်ယောက် ရောက်လာခဲ့တယ်။ ရုပ်ရည်က ချွတ်စွပ်ပေမယ့် အကျင့်စရိုက်တွေအားလုံးက ဆန့်ကျင်ဘက်ဖြစ်နေတဲ့အခါ ...အဲဒီလူက ဘယ်သူလဲဆိုတာကို ဆိုင်မွန်နဲ့အတူ အဖြေရှာကြည့်လိုက်ပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ) File Size : (2.6GB), (788MB) & (400MB) Quality : 1080p BluRay, 720p ...
movie
The Double (2013)
6.8
Eternals (2021)
Eternals (2021)=============IMDb Rating - 6.8/10မာဗယ်ရဲ့ စူပါဟီးရိုးအသစ်တွေ လာပါပြီ။မူလပထမအစမှာ.... ဧကဖြစ်တည်မှု ၆ ခု မတိုင်ခင်၊ ဖန်ဆင်းမှုကြီးမတိုင်ခင် ဖန်ဆင်းရှင်များရှိခဲ့ပါတယ်။ မဟာဖန်ဆင်းရှင် အာရစ်ရှမ်ဟာ ပထမဆုံးသော နေကို ဖန်ဆင်းပြီး စကြဝဠာကိုအလင်းပေးခဲ့တယ်ပေါ့။ အဲ့လိုနဲ့ သက်ရှိတွေ စတင်ဖြစ်ပေါ်လာပြီး ဟန်ချက်ညီစွာ သာယာဝပြောခဲ့ကြတယ်။ အဲ့ဒီလိုပဲ အာကာသရဲ့ နက်ရှိင်းတဲ့နေရာတွေဆီမှာလည်း ဒီးဗီးယန့်ဆိုတဲ့ထူးခြားတဲ့ မျိုးစိတ်တွေ ဖြစ်ပေါ်လာပြီးအသိဉာဏ်ရှိ သက်ရှိတွေကို စားသုံးလာကြတဲ့အခါစကြဝဠာကြီးလည်း ကစင့်ကလျားဖြစ်ကုန်ပါတော့တယ်။ ဒီလိုဖြစ်ပျက်နေတဲ့ သဘာဝတရားကိုပုံမှန်ဖြစ်စေဖို့ အာရစ်ရှမ်ဟာ အိုလမ်ပီယာဂြိုလ်မှ မသေမျိုးသူရဲကောင်းတွေဖြစ်တဲ့ အီတာနယ်တွေကိုစေလွှတ်ပြီး ဒီးဗီးယန့်တွေကို ရှင်းလင်းစေခဲ့တယ်။ မဟာအီတာနယ် အာဂျက်ဦးဆောင်တဲ့အီတာနယ်တွေဟာ အာရစ်ရှမ်အပေါ်ကို စွဲစွဲမြဲမြဲသစ္စာရှိခဲ့ပေမဲ့ တာဝန်တစ်ခုနဲ့တွေ့လာတဲ့အခါအရာရာ ပြောင်းလဲသွားပါတော့တယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။)File Size - (4.22 GB) / (2.89 GB) / (1.5 ...
movie
Eternals (2021)
2021
4K HEVC Web-DL
7.8
Raya and the Last Dragon (2021)
Raya and the Last Dragon (2021)========================IMDb Rating - 7.8ဟိုးရှေးရှေးတုန်းကပေါ့ဗျာ .....ပုံပြင်ဆိုတော့ ဒီလိုပဲ စရမယ်လေနော့။ကူမန်ဒြာ ဆိုတဲ့ တိုင်းပြည်မှာ လူတွေရယ် နဂါးတွေ ရယ် အတူတူ နေကြသတဲ့။တစ်နေ့မှာတော့ ဒရွန်း ဆိုတဲ့ ကျောက်ရုပ်ဖြစ်စေနိုင်တဲ့ မိစ္ဆာတွေက လာရောက်အနိုင်ကျင့်ကြတဲ့အခါမှတော့ ...... နဂါးတွေက လူတွေကို ကူညီတိုက်ခိုက်ပေးကြပါတယ်။နဂါးတွေရဲ့ အစွမ်းတွေ စုထားတဲ့ ရတနာနဲ့ ဒရွန်း မိစ္ဆာတွေကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။ဒါပေမယ့် ကူညီတဲ့ နဂါးတွေအားလုံး ကျောက်ရုပ်တွေ ဖြစ်သွားကြပြီး နဂါးတစ်ကောင်ကတော့ရှင်ကျန်နေရစ်ခဲ့ပါတယ်။ ကူမန်ဒြာ တိုင်းပြည်ကြီးလည်း လူမျိုးစု ၅ စု ကွဲသွားသလို ရတနာကလည်း၅ ပိုင်း ကွဲသွားခဲ့ပါတယ်။နောက် နှစ် ၅၀၀ အကြာမှာတော့ ဒရွန်းတွေ ပြန်ပေါ်လာခဲ့ပါတယ်။ နှလုံးသားမျိုးနွယ်စု ခေါင်းဆောင်ရဲ့သမီးလေး ရာယာ က နောက်ဆုံးကျန်ခဲ့တဲ့ နဂါး ကို ...
movie
Raya and the Last Dragon (2021)
2021
4K HEVC
6.5
Let Them All Talk(2020)
Let Them All Talk(2020)အညွှန်း*****************************စာရေးဆရာမAliceဟာ အင်္ဂလန်က စာပေဆုပေးပွဲကိုတက်ရောက်ပြီးဆုသွားယူဖို့ ဖြစ်လာပါတယ်...ရခဲလှတဲ့ဆုဖြစ်ပြီးသွားရောက်ယူချင်ပေမဲ့ သူမအတွက်အခက်အခဲက လေယာဉ်မစီးရဲတာပါ...ဒါ့ကြောင့် သူမရဲ့ကိုယ်စားလှယ်က သင်္ဘောခရီးစီစဉ်ပေးခဲ့တယ်..ဒီတော့စာရေးဆရာမ Aliceဟာ လွန်ခဲ့တဲ့နှစ်(၅၀)ကတည်းက ငယ်သူငယ်ချင်းဖြစ်ခဲ့တဲ့အမျိုးသမီးကြီး(၂)ဉီးကို ခေါ်ခဲ့တယ်...သိတဲ့အတိုင်း ငယ်သူငယ်ချင်းတွေဆိုပေမဲ့လည်းအရွယ်ရောက်အလုပ်ကိုယ်စီ ပတ်ဝန်းကျင်တစ်ခုစီ ဖန်တီးပြီးနောက်မှာ ပြန်ဆုံကြတော့တစ်ယောက်နဲ့တစ်ယောက်ခပ်တန်းတန်းရယ်...ဒီလိုနဲ့ သင်္ဘောကြီးပေါ်မှာသူမတို့(၃)ယောက်နဲ့စာရေးဆရာကြီးရဲ့တူလေးတစ်ယောက်ရယ် ကိုယ်စားလှယ်အမျိုးသမီးငယ်လေးတစ်ယောက်ရယ်ပေါင်း(၅)ယောက်အင်္ဂလန်ကို ရွက်လွှင့်ခဲ့ကြတာပေါ့...ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး...ဒီကားက မင်းသမီးကြီး Meryl Streep ပါတာနဲ့တင်ကြည့်ရတာတန်ပါတယ်...ပြီးတော့ ဇာတ်လမ်းက ဘာမဟုတ်ဘူးထင်ရပေမဲ့ ကျွန်တော်တို့ဘဝကိုပြန်စဉ်းစားကြည့်ရင်ဒီလိုပါပဲ...ဘယ်လောက်ပဲခင်ခဲ့မင်ခဲ့ ကျောင်းမှာ အတူတူ ပေါက်ကရတွေလုပ်ခဲ့ပေမဲ့အရွယ်ရောက်လို့ ကိုယ်စီလမ်းတွေလျှောက်ပြီးချိန်မှာတော့ ပြန်ဆုံကြရင်သူစိမ်းတစ်ယောက်လိုဖြစ်နေတတ်ကြတာပဲမလား....ဒီလိုအချိန်မှာ အရင်လိုအငွေ့အသက်တွေရအောင် တတ်နိုင်သလောက်ကျွန်တော်တို့ကြိုးစားဖန်တီးတတ်မြဲပဲမလား...ခင်ဗျားတို့မှာငယ်ငယ်ကရော ခုချိန်ထိပါ ခင်ဆဲမင်ဆဲအရင်လို ခံစားချက်တွေမျှဝေဆဲသူငယ်ချင်းတွေရှိရင် သိပ်ကိုကံကောင်းတယ်လို့ပြောချင်ပါတယ်..ဟာသလေးတွေလည်းပါသလို ကိုယ်ကိုတိုင်ခရီးထွက်သလိုခံစားရစေတဲ့ ကားမို့ကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Khine Khine Wai ပဲဖြစ်ပါတယ်...File Size :(1.82GB) and (1.03GB) Quality : Web-DL 1080P, 720P Format…mp4 Duration…01:52:00 Genre : Comedy , Drama Subtitle : Myanmar ...
movie
Let Them All Talk(2020)
4.5
London Fields(2018)
London Fields(2018)IMDb 4.5IMDb..တွေ ဘာညာ Rating တွေအသာထားလိုက်...မမရဲ့ ပုံရိပ်တွေကိုတစ်ခမ်းတနားအလေးပေးပြီး စုပေါင်းရိုက်ကူးပြထားတာနဲ့တင် ဖြူစင်စွာ"မ"အပေါ်ချစ်မြတ်နိုးတဲ့ကျွန်တော်တို့အဖို့ တရှိုက်မက်မက်ငေးကြည့်ခွင့်ရတဲ့အတွက်ကျွန်တော်တို့ဘယ်လောက်ကံကောင်းလိုက်လဲ....မမဖြတ်လျှောက်လေးပါခဲ့ရင်တောင် ကျွန်တော်တို့ အားပေးနေဦးမှာပါ....အခုလိုမျိုး တစ်ကားလုံးမှာ အရောင်အသွေးစုံ " မ " ကိုမြင်ရတဲ့အခွင့်အရေးက ကျွန်တော်တို့အတွက် တုနှိုင်းမဲ့ပါ မရေ...ကိုင်း မည်သို့ပင်ဆိုစေကာမူ ဇာတ်လမ်းအကြောင်းလေးကိုနည်းနည်းသွားရအောင်......ဒီဇာတ်ကားထဲမှာ မင်းသမီး Amber Heard က ညှို့အားပြင်းထန်လွန်းတဲ့ Nicola Six အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီးJohnny Depp လည်း အခန်းအနည်းငယ်ပါဝင်ထားပါတယ်…ဒီဇာတ်ကားမှာ အရမ်းစိတ်ကူးယဉ်ဆန်ပြီး မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေနဲ့ အရောင်အသွေးစုံလင်တဲ့ ရိုက်ချက်တွေ တွေ့မြင်ရမှာပါ ဇာတ်လမ်းအစလေးကတော့… ဆမ်ဆင် ယန်း ဆိုတဲ့ သိပ်မစွံတဲ့ အမေရိကန် စာရေးဆရာတစ်ယောက်ဟာ ဝတ္ထုတစ်ပုဒ်ရလိုရငြားလန်ဒန်ကို ထွက်လာခဲ့ပြီး အသိမိတ်ဆွေစာရေးဆရာတစ်ယောက်ရဲ့ နေအိမ်အလွတ်မှာ နေထိုင်နေခဲ့ပါတယ်…တစ်နေ့ အရက်ဆိုင်တစ်ခုမှာ အသုဘတစ်ခုက ပြန်လာတဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်…အမျိုးသမီးလေးဟာ စွဲမက်ဖွယ် လှပလွန်းပြီးဖြစ်ချင်တော့ မိန်းကလေးက သူ့တိုက်ခန်းရဲ့အပေါ်တိုက်ခန်းမှာ နေထိုင်တဲ့သူဖြစ်နေတယ်…ဒီထက်ထူးဆန်းတာတစ်ခုက မိန်းကလေးဟာအနာဂတ်ကိုကြိုမြင်နိုင်ပြီး သူသေမယ့်နေ့ရက်ကိုပါ ...
movie
London Fields(2018)
2018
7.5
Crazy Rich Asians (2018)
ရေချယ်ချုဟာ နယူး ယောက်တက္ကသိုလ်က စီးပွား ရေးပါမောက္ခတစ်ယောက်ဖြစ်ပြီး သူ့မှာ နစ်ခ်ရန်းဆိုတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ နစ်ခ်က သူ့အခင်ဆုံးသူငယ်ချင်း ကောလင်းရဲ့ မင်္ဂလာပွဲမှာ လူပျိုရံလုပ်ဖို့ရှိတဲ့အတွက်ရယ်၊ သူ့မိသားစုနဲ့ မိတ်ဆက်ပေးဖို့အ တွက်ရယ်ဆိုပြီး ရေချယ်ကိုသူနဲ့ အတူ စင်ကာပူကို လိုက်ခဲ့ဖို့ ခေါ် ခဲ့ပါတယ်။အထက်တန်းလွှာတွေစီးတဲ့ လေယာဉ်လက်မှတ်ဝယ်ထား တာကို တွေ့လိုက် တာ နဲ့ ရေချယ်တစ်ယောက် နစ်ခ်ဟာ ချမ်းသာတဲ့မိသားစုကလာတာလားလို့မေး ပေမယ့် နစ်ခ်ကတော့ သိပ်ထူးဆန်းဟန်မပြဘဲ မိသားစုက အိမ် ခြံမြေလုပ်ငန်းလုပ်တယ်လောက်ပဲ ပြောပြခဲ့ပါတယ်။စင်ကာပူကိုရောက်တဲ့အခါ မှာ ရေချယ်ဟာ နစ်ခ်ရဲ့ သူငယ်ချင်းကောလင်းနဲ့ သူ့ချစ်သူအရာ မင်တာလီတို့ စုံတွဲနဲ့ခင်မင်ခဲ့ပြီးနစ်ခ်တို့မိသားစုနဲ့တွေ့ဖို့အတွက်စိတ်မပူဖို့ ရေချယ်ကိုအားပေးခဲ့ ကြပါတယ်။ ရေချယ်ကလည်း စင်ကာပူကိုရောက်တုန်းရောက်ခိုက် ကောလိပ်တုန်းက သူ့အခန်းဖော် ဂိုပိတ်လင်နဲ့ဆုံဖို့စီစဉ်ခဲ့ပါတယ်။ပိတ်လင်နဲ့ ဆုံတဲ့အခါမှာ တော့ ပိတ်လင်ဟာအရမ်းကို ချမ်းသာသူတစ်ယောက်ဖြစ်ပြီး ရွှေနဲ့ တည်ဆောက်ထားတဲ့ အိမ်ကြီးရခိုင်မှာ နေတယ်ဆိုတာသိလိုက်ရ ...
movie
Crazy Rich Asians (2018)
2018
6.2
Jack Ryan: Shadow Recruit (2014)
Jack Ryan, as a young covert CIA analyst, uncovers a Russian plot to crash the U.S. economy with a terrorist attack. File Size : (850 MB) Quality : Blu-Ray 720p Running Time : 1hr 45min Format : Mp4 Genre : Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SPARKS Translated by Myat Noe Wutt Yi Encoded by Thanhtike Zaw
movie
Jack Ryan: Shadow Recruit (2014)
2014
6.9
Exam (2009)
2010 ကထွက်တဲ့ Deadpoolမင်းသား Ryan Reynolds သရုပ်ဆောင်ထားတဲ့ Buriedဆိုတဲ့ကားလေးကိုလဲ ကြည့်ဖူးကြမှာပေါ့ပြသချိန် ၁နာရီခွဲခန့်ရှိတဲ့ ဇာတ်ကားတစ်ကားလုံးကို အခေါင်းလေးတစ်လုံးထဲမှာပဲ လှည့်ပတ်ရိုက်ပြသွားတယ် အခုဒီ Exam ဆိုတဲ့ကားလေးလဲ အဲ့လိုမျိုးပါပဲ အခန်းလေးတစ်ခန်းထဲမှာပဲ တစ်ကားလုံးပြီးသွားတာပါ 2009 ကထွက်ခဲ့တဲ့ ဒီindieကားလေးဟာ 600,000 USD သာ ကုန်ကျခဲ့ပါတယ် တစ်ကားလုံးကို အခန်းလေးတစ်ခန်းထဲမှာပဲပြီးသွားခဲ့ပေမဲ့ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ဒီကားလေးဟာ ဆုတွေလဲ ဆွတ်ခူးခဲ့ပါတယ်ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်...... တစ်ကမ္ဘာလုံးမှာ ကူးစက်ရောဂါတစ်မျိုး ကပ်ရောဂါအသွင်ဖြစ်ပွားနေချိန် လူတွေက ရောဂါအကူးမခံရဖို့ကိုသာ အာရုံစိုက်နေရပြီး အလုပ်အကိုင်တွေလဲရှားပါးလာတဲ့အခြေအနေမျိုးမှာ ကုမ္ပဏီတစ်ခုက အလုပ်ခေါ်တဲ့အကြောင်းလေးပါ အလုပ်လိုချင်တဲ့လူပေါင်းမြောက်များစွာထဲကမှ နောက်ဆုံးစကာတင် ရှစ်ယောက်ပဲကျန်တယ်အဲ့ရှစ်ယောက်ကို နောက်ဆုံးစမ်းသပ်မှုတစ်ခုထပ်ဖြေခိုင်းတယ် သတ်မှတ်ထားတဲ့စည်းကမ်းချက် ၃ချက်ထဲရှိတယ် စည်းကမ်းဖောက်ရင် အထုတ်ခံရမယ် ဖြေဖို့သတ်မှတ်ချိန် မိနစ် ၈၀ပေးထားတယ် သူတို့အတွက်စားပွဲပေါ်မှာပေးထားတာက ခဲတံလေးတစ်ချောင်းစီနဲ့ စာရွက်တစ်ရွက်စီ အားလုံးက မေးခွန်းစာရွက်လို့ထင်နေပေမဲ့ တကယ်တမ်း စဖြေလို့ရပါပြီဆိုတဲ့အချိန်မှာ ကြည့်လိုက်တော့ စာရွက်က အလွတ်ကြီး!အဲ့တော့ ဘာကိုဖြေခိုင်းတာလဲ?သာမန်စာမေးပွဲလို စာရေးရမှာမဟုတ်ရင် ဘာတွေလုပ်ရမှာလဲ?ဘာလို့ဒီကုမ္ပဏီက အလုပ်လေးတစ်ခုခန့်ဖို့ကို အဲ့လောက်ထိရှုပ်ထွေးနေရတာလဲ?သာမန်ရွေးချယ်မှုလေးမဟုတ်ရင် ဒီအလုပ်က ဘယ်လောက်အထိတောင် အရေးကြီးနေလို့လဲ?အဲ့ကုမ္ပဏီကလဲ အမှန်တကယ်က ဘာကုမ္ပဏီလဲ?ရှစ်ယောက်ထဲကဘယ်သူက လျှို့ဝှက်ချက်တွေကိုဖော်နိုင်ပြီး အလုပ်ရသွားမလဲ?ပြသချိန် ...
movie
Exam (2009)
2009
5
Stratton (2017)
အခုမိတ်ဆက်ပေးချင်တဲ့ Stratton ဆိုတဲ့ဇာတ်ကားလေးကတော့ ဗြိတိန်အက်ရှင်ကားလေးပါ SBS ရဲ့တာဝန်ရှိသူ Stratton ကသူ့ရဲ့ပါတနာ Marty နဲ့အတူ ဇီဝလက်နက်ကို ယူဖို့ အီရတ်က ဓာတ်ခွဲခန်းမှာ သွားရောက်ရှာဖွေရပါတယ် မစ်ရှင်ကလွဲပြီး သူ့သူငယ်ချင်း Marty က သေလောက်တဲ့ဒဏ်ရာရသွားပါတယ် အဲနောက်တော့ သူ့ရဲ့အထက်လူကြီး သတင်းရတာက လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကသေဆုံးပြီလို့ထင်ထားခဲ့တဲ့ အရင်က ဆိုဗီယက်တာဝန်ရှိသူ Barovski က လက်စားချေဖို့ပြန်လာတယ်ဆိုတဲ့သတင်းပါ အဲအခါမှာ Stratton နဲ့သူ့အဖွဲ့ဟာ စိတ်ကူးယဉ်လို့မရနိုင်လောက်တဲ့ အဖြစ်အပျက်တွေကိုတားဆီးဖို့ အချိန်နဲ့အမျှ လေ့ကျင့်ရပါတော့တယ် သူတို့တွေ ဘယ်လိုလေ့ကျင့်ကြမယ်ဆိုတာနဲ့ Barovski ကိုနိုင်အောင်တိုက်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းဇာတ်ကွက်ပီပီပြင်ပြင်နဲ့ ရိုက်ပြထားတဲ့အက်ရှင်ကားကောင်းလေးပါ စိတ်ဝင်စားဖွယ်ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့မလို့ ကြည့်ရှုသင့်တဲ့အက်ရှင်ကားတစ်ကားလို့ ပြောလို့ရပါတယ် CM ပရိသတ်ကြီးရေ File Size : (700 MB) and (280MB) Quality : Bluray 720p Running Time ...
movie
Stratton (2017)
2017