Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gary Poux
5.5
The Painted (2024)
ပိတ်ရက်ရှည်မှာ ခြောက်ခြားစရာကောင်းတဲ့ Horrorကားကောင်းကောင်း ကြည့်ချင်မယ့် CM ပရိသတ်တွေအတွက် ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Jump Scare တွေ အတော်များများ ပါပြီး အသံ၊ အလင်းအမှောင်တွေက လုံးဝကို Creepy Vibe ကို ပေးနိုင်တဲ့ဇာတ်ကားပါ။ကြောက်တတ်ရင် အနားမှာ အဖော်ခေါ်ထားပြီး ကြည့်ဖို့အကြံပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ပရိဘောဂလက်သမား အဖြစ် လုပ်ကိုင်တဲ့ အာဒမ်နဲ့ သူတို့ မိသားစုဟာဖောက်သည်ရှားပါးမှုနဲ့အတူ တဖြည်းဖြည်း စီးပွားကျဆင်းလာခဲ့ပါတယ်။ ဒီအချိန်မှာပဲ အာဒမ်ဇနီး အယ်ဗလင်းရဲ့ဝမ်းကွဲညီမ လင်မယား သေဆုံးပြီးတော့ အမွေဆက်ခံမယ့်သူမရှိတာကြောင့် သူတို့မိသားစုဆီကို အမွေဆက်ခံဖို့လမ်းကြောင်း ပေါ်လာပါတယ်။ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို အာဒမ်က ဝမ်းသာနေပေမယ့်လည်း အယ်ဗလင်းကတော့ စိတ်မသိုးမသန့်ဖြစ်နေတာမို့ အဲဒီအိမ်ကို သွားဖို့ တွန့်ဆုတ်နေခဲ့တာပါ။ခင်ပွန်းသည်ရဲ့ ဇွတ်အတင်း တိုက်တွန်းမှုကြောင့် အမွေခံအိမ်နဲ့ ပစ္စည်းတွေကို ရောင်းချနိုင်ဖို့အတွက် မိသားစုလိုက်ခေတ္တပြောင်းရွေ့လာခဲ့ကြပါတယ်။သူတို့တွေ့လိုက်ရတာက အိမ်ကြီးထဲမှာ များပြားလှတဲ့ပန်းချီကားတွေကို ချိတ်ဆွဲထားပြီးတော့ ဒီပန်းချီကားတွေကဒီအိမ်ကြီးရဲ့ သမိုင်းကြောင်း ...
movie
The Painted (2024)
Top Gunner: America vs. Russia (2023)
မင်းသားကြီး Tom Cruiseရဲ့ Top Gun Maverickလိုမျိုး အက်ရှင်ဇာတ်လမ်းကိုတင်ဆက်ပေးလိုက်ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်လိုမျိုးပဲ စစ်ကားဆိုရင် အမြဲတမ်းလိုလို တည်လေ့ရှိတဲ့ အမေရိကန်နဲ့ ရုရှားတို့ကြားက အရှုပ်အရှင်းကိစ္စလေးတွေမှာ အမေရိကန်နဲ့ ရုရှားတို့ရဲ့ လေကြောင်းတိုက်ခိုက်ရေးကို အဓိကထားရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ရုရှားသမ္မတ ဗဆီးလီယက်ဟာ အမေရိကန် ဝါရှင်တန်မြို့ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတက် လာရောက်မှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားမှာရှိနေတဲ့ CIAအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဗရောနီကာ့ဆီကို မိတ်ဆွေတစ်ဦးထံကနေ အရေးကြီးပြောစရာရှိတယ်ဆိုပြီး ခေါ်တွေ့ရာက ရုရှားကာကွယ်ရေးဝန်ကြီးက ရုရှားသမ္မတကို အမေရိကန်ခရီးစဉ် အမေရိကန်တို့ရဲ့မြေမှာ လုပ်ကြံပြီး အမေရိကန်အစိုးရကို အပြစ်လွှဲချပြီး သမ္မတလုပ်အာဏာသိမ်းမဲ့ အစီအစဉ်ဖြစ်ပါတယ်။ရုရှားသမ္မတကလည်း ရောက်လာပြီမို့ သူတို့သိထားတဲ့ အစီအစဉ်ကို ကြိုတင်ပြောပြ ကာကွယ်ဖို့ အတော်လေးခက်ခဲနေတဲ့ အနေအထားမှာလည်းရှိနေပါတယ်။ အစပိုင်းလေးပဲ ပြောပြထားတာဖြစ်ပြီး နောက်မှာ ဇာတ်ကြောင်းတွေအများကြီးရှိသေးတာမို့ စစ်ပွဲတွေ၊ တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ကြိုက်နှစ်တတ်တဲ့သူတွေ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File ...
movie
Top Gunner: America vs. Russia (2023)
5.7
The Lodger (2009)
The Lodger (2009)============အယ်လင်ဟာ မပြေလည်တဲ့ အိမ်ထောင်ရေးနဲ့စိတ်ဒဏ်ရာတွေကြားမှာ ခက်ခက်ခဲခဲရှေ့ဆက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့တော့ သူတို့ခြံဝင်းထဲက ငှားစားတဲ့အိမ်အလွတ်ကို သူစိမ်းလူချောတစ်ယောက်ပြောင်းလာခဲ့ချိန်မှာတော့ ငြီးငွေ့ဖွယ် သူ့ဘ၀ထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေဖြစ်ပေါ်လာပါတော့တယ်။ အဲ့ဒီသူစိမ်းဟာ သူ့ကိုယ်သူ စာရေးဆရာတစ်ယောက်အဖြစ်မိတ်ဆက်ပါတယ်။စိတ်ကူးနဲ့လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက်အနှောင့်အယှက်မခံနိုင်လို့ဆိုပြီး သူငှားနေတဲ့ အိမ်ထဲကိုအယ်လင်ကိုပါအလာမခံပါဘူး။ ဒါပေမယ့် သူ့ဆင်ခြေနဲ့သူ ဟုတ်နေတဲ့အတွက်သံသယတစ်စုံတစ်ရာမရှိပဲ ပဟေဠိဆန်တဲ့လူတစ်ယောက်ကို အယ်လင့်အနေနဲ့လက်ခံထားမိရက်သားဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်ဟာ ဝက်စ်ဟောလိ၀ုဒ်မှာ ရက်စက်ကြမ်းတမ်းလွန်းတဲ့လူသတ်မှုတွေစပြီးဖြစ်ပေါ်နေတဲ့အချိန်ပါ။ အသတ်ခံရသူတွေဟာ ပြည့်တန်ဆာတွေဖြစ်ပြီး သတ်ပုံသတ်နည်းတွေ သားကောင်ရွေးချယ်မှုတွေဟာ လွန်ခဲ့တဲ့ ၁၈၈၈ ခုနှစ်က လန်ဒန်မှာဖြစ်ပေါ်ခဲ့ပြီး အခုချိန်ထိတရားခံမပေါ်ခဲ့တဲ့ Jack the Ripper ကိုပုံတူကူးထားတာဖြစ်ပါတယ်။ အဲ့ဒီလိုပုံစံတူလူသတ်မှုတွေဟာ လွန်ခဲ့တဲ့ ခုနှစ်နှစ်ကလည်းဖြစ်ပွားခဲ့ဖူးပြီး အဲ့ဒီအမှုတွေရဲ့တရားခံကိုဖော်ထုတ် ကွပ်မျက်ခဲ့ပြီးပါပြီ၊ ဒါဆိုရင်အခုထပ်ဖြစ်လာတဲ့လူသတ်မှုတွေကရော ပုံတူကူးလူသတ်သမားနောက်တစ်ယောက်လား? ဖမ်းဆီးကွပ်မျက်ခံလိုက်ရတဲ့သူဟာ တရားခံအစစ်ဖြစ်နိုင်ပါ့မလား? အဲ့ဒီလူသတ်မှုတွေဟာ အယ်လင်နဲ့ ဘယ်လိုပတ်သက်လာမလဲ ဆက်လက်ရှုစားကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.1GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:35:00 Genre_Crime, Horror , Mystery Subtitle_Myanmar Subtitle ...
movie
The Lodger (2009)