Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gary Oldman
Lost in Space (1998)
ဒီဇာတ်ကားကတော့ ၁၉၆၅ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နာမည်ကြီးတီဗွီစီးရီးတစ်ခုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့သိပ္ပံစွန့်စားခန်းအမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။အနာဂတ်ကာလ၂၀၅၈ခုနှစ်မှာဇာတ်တည်ထားပြီး ကမ္ဘာမြေကြီးက သဘာဝပြဿနာတွေနဲ့ လူတွေက ပေးတဲ့ပြဿနာတွေကြောင့် ပျက်စီးခါနီးအခြေအ နေကိုရောက်လုနီးပါးဖြစ်နေပါပြီ။ ဒီတော့လဲလူသားတွေရဲ့ထုံးစံအတိုင်း လူတွေနေနိုင်မယ့် ဂြိုလ်အသစ်တစ်ခုကိုထပ်ရှာကြတာပေါ့။ လိုက်ရှာကြရင်းနဲ့ ကံကောင်းထာက်မစွာနဲ့ပဲ(အယ်ဖာပရိုင်း)ဆိုတဲ့ကမ္ဘာ မြေနဲ့အရမ်းတူတဲ့ဂြိုလ်တစ်ခုကိုသွားတွေ့တယ်။ အဲဒီလို တွေ့ပြီးနောက်မှာ အဲဒီဂြိုလ်ကို ဉာဏ်ကြီးရှင်မိသားစုဖြစ်တဲ့ရော်ဘင်ဆန်မိသားစုကို လေ့လာဖို့တာဝန်ပေးခံရပါတယ်။ ဒါပေမဲ့ သူတို့သွားပြီမကြာဘူး အာကာသယာဉ်ပေါ်မှာဒုက္ခပေးဖို့လိုက်လာတဲ့ ဒေါက်တာစမစ်ဆိုသူကြောင့် အရာရာဟာအလွဲလွဲအချော်ချော်တွေဖြစ်ပြီး အာကာသထဲမှာတစ်မိသားစုလုံး လမ်းပျောက်ကုန်ကြပါတယ်။အဲဒီကနေမှ မထင်မှတ်ထားတဲ့အန္တရာယ်အသွယ်သွယ်ကိုဖြတ်ကျော်ပြီး သူတို့ဦးတည်ရာကို ရောက်နိုင်မလားဆိုတာကတော့ ကိုယ်တိုင်ကြည့်ရှုရင်းနဲ့ပဲ ခံစားပေးကြပါဦး။File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Science Fiction, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero
movie
Lost in Space (1998)
6.8
The Book of Eli (2010)
The Book of Eli(2010) IMDb - 6.8 တစ်ချို့သူတွေအတော်များများ ဇာတ်ကားတစ်ကားကြည့်ဖို့ စုံစမ်းမေးမြန်းကြစဉ်မှာ ဇာတ်လမ်းအမျိုးအစားဆိုတာထက် မင်းသားက ဘယ်သူတုန်းဆိုတာကို ပိုမိုစိတ်ဝင်စားကြသည်.. မိမိသဘောကျသည့် မင်းသားဆိုလျှင်ဘာကားအမျိုးအစားဖြစ်ဖြစ်ကြည့်ကြလေသည်... ထိုမင်းသားပါဝင်သည့်ကားတိုင်းက ကောင်းမွန်နေတတ်သလို သူ့ရဲ သရုပ်ဆောင်မှုဟန်ပန်ကလည်း ကျရာဇာတ်ရုပ်မှာ ခမ်းနားကြီးကျယ်အောင်သရုပ်ဆောင်နိုင်စွမ်းရှိလေသည်... ပြောရလျှင် ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးစားမှုကို အမြဲရယူနိုင်သော မင်းသားမျိုးဆိုလျှင်ပိုမှန်ပေမည်.. ထိုသို့သောမင်းသားကြီးများစာရင်းတွင် Denzel Washington ကြီး က ထိပ်ဆုံးတွင်ရှိမည်ထင်ပါသည်.. ထို့ကြောင့် သူ့ပရိတ်သတ်များအတွက် ကားဟောင်းဖြစ်သော်ငြား ကားကောင်းအဖြစ်တည်ရှိနေဆဲဖြစ်သည့် The Book of Eli ကို တင်ဆက်ပေးလိုက်ပါသည်... စစ်ပွဲများကြောင့် ကမ္ဘာမြေ ပျက်သုဉ်းပြီး နှစ်ပေါင်း ၃၀ ကျော် အကြာတွင် တစ်ကိုယ်တော် သူရဲကောင်း အီလိုင် ဟာ တောတောင် ရေမြေတွေကို ဖြတ်သန်းလို့ လူသားတို့၏ အနာဂတ်ဖြစ်လာမည့် စာ တစ်အုပ်ကို သယ်ဆောင်လာခဲ့သည်။ ထိုစာအုပ်၏ ပါဝါကို သိရှိသူမှာ အီလိုင် အပြင် အခြားတစ်ဦးသာ ရှိလေသည်။ ထိုသူက ထိုစာအုပ်ကို ကိုယ်ကျိုးအတွက် အသုံးချရန် တောင်းခံလာသည့်အခါ ...
movie
The Book of Eli (2010)
6.5
Air Force One (1997)
Air Force One (1997)IMDb Rating (6.5) / Rotten Tomatoes (79%)မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ် ပါဝင်တဲ့ ဒီရုပ်ရှင်ကားကြီးက အမေရိကန်သမ္မတတွေပဲ စီးနင်းရတဲ့ Air Force One လေယာဉ်ကြီးပေါ်မှာ သမ္မတကိုပြန်ပေးဆွဲတဲ့ကားအဖြစ်နာမည်ကြီးပါတယ်။ ဘတ်ဂျက် $85 million ပဲသုံးခဲ့ပေမယ့် Box office $315.2 million ပြန်ရရှိတဲ့အထိ အောင်မြင်ခဲ့ပြီး အခုချိန်ထိ တမ်းတမ်းစွဲကြည့်နေကြရတဲ့ ရုပ်ရှင်ကားကြီးတကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့.. သမ္မတကြီးဂျိန်းမာရှယ်လ်နဲ့မိသားစုဟာ မော်စကိုကနေ USကို air force one လေယာဉ်နဲ့ ပြန်လာတဲ့ခရီးလမ်းတခုရဲ့အလည်ပျံသန်းနေစဉ်အတွင်းမှာပဲ အကြမ်းဖက်သမားတစ်စုက လေယာဉ်ကိုပြန်ပေးဆွဲလိုက်ပါတော့တယ်။ ပြန်ပေးသမားတွေရဲ့ လိုရင်းက ဘာလဲ သမ္မတရဲ့ အစိုးရအဖွဲ့တွေကရော ပြန်ပေးသမားတွေရဲ့တောင်းဆိုချက်တွေကို လိုက်လျောပါ့မလား သမ္မတကရော ဘယ်လိုတွေစွန့်စားဆုံးဖြတ်သွားမလဲဆိုတာ အသည်းတအေးအေးကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…(8.4 GB) / (2.9 GB )/ (1.2 GB) Quality…BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:05:00 Subtitle….Myanmar ...
movie
Air Force One (1997)
1997
4K HEVC
7.2
Kung Fu Panda 2 (2011)
Kung Fu Panda 2 မှာတော့ ‘ပို’ ရဲ့ ဘဝဇာတ်ကြောင်းကို ကြည့်ရှုရမှာပါ….‘ပို’ ရဲ့အဖေဖြစ်သူဟာ မွေးစားအဖေဖြစ်နေပါတယ်…‘ပို’ လသားအရွယ်မှာ သူတို့ရဲ့ရွာလေးကို တပ်ဖွဲ့တစ်ခုကဝင်ရောက်တိုက်ခိုက်ဖျက်စီးတာကို ခံလိုက်ရပါတယ်…ပို ရဲ့မိဘတွေဟာ ထွက်ပြေးရင်းနဲ့ ပို့ ကို စွန့်ပစ်ခဲ့ရပါတော့တယ်…ဒါက ပို ရဲ့ ဘသ ဇာတ်ကြောင်းပါ…အခုချိန်မှာတော့ ဒေါင်းမင်းသားတစ်ယောက်ဟာလက်နက်ဆန်းတစ်ခုကို တီထွင်ပြီးတော့ တရုတ်ပြည်ကြီးကိုသိမ်းပိုက်ဖို့ ကြံစည်နေပါပြီ…ဒါကို ပို နဲ့ သူ့အဖွဲ့က တားဆီးဖို့အတွက် တာဝန်ကျလာပါပြီ…ဒီတော့ ပို တို့တွေ ဒေါင်းမင်းသားကိုဘယ်လိုတားဆီးကြမှာလဲ ဘာတွေဆက်ဖြစ်ကြဦးမလဲဆိုတာကိုတော့ ထုံးစံအတိုင်း ကြည့်ရှုခံစားပေးကြပါဦးဒီဇာတ်ကားဟာလည်း ပထမကားလိုပဲrating ကောင်းကောင်းရထားတဲ့ကားတစ်ကားဖြစ်ပါတယ် File size… 4 GB / 1.5 GB / 913 MB Quality… WEB-DL 4K HEVC / 1080p / 720p Format… mp4 & mkv Audio ... ...
movie
Kung Fu Panda 2 (2011)
2011
4K HEVC
6.8
Parthenope (2024)
Parthenope (2024)IMDb Rating (6.8) / Rotten Tomatoes (49%) ဒါရိုက်တာ Paolo Sorrentino ရိုက်ကူးထုတ်လုပ်ထားတဲ့ဒီရုပ်ရှင်ဟာဆိုရင် အီတလီသူအမျိုးသမီးလေးတစ်ဦးရဲ့ဘ၀အကြောင်းကိုပုံဖော်ရိုက်ကူးထားခြင်းပါ ။လူတွေကတိုတောင်းတဲ့ဘ၀ကြီးမှာ ငွေ၊ဂုဏ်၊အလှတရားတွေနောက်ကိုသာလိုက်ရင်းကုန်ဆုံးတတ်ကြပါတယ် ။ပါတဲလိုပီမည်သူအမျိုးသမီးလေးကတော့ အကုန်ပြည့်စုံပေမယ့် ပျော်ရွှင်မှုဆိုတာဘာလဲဆိုတာအဓိပ္ပာယ်ရှာချင်သူဖြစ်တယ် ။လှပလွန်းတဲ့ရုပ်ရည်ကြောင့် ချစ်ခင်သူပေါများပေမယ့် တကယ်တမ်းမှာ အထီးကျန်ဆန်လွန်းတဲ့သူ့ဘ၀လေးကို ပါတဲလိုပီတစိယောက်ဖြည်းဖြည်းချင်းအဖြေရှာသွားပုံကို အတူစီးမျောခံစားလိုက်ကြနော် ။ကြည့်ပြီးပြီဆိုရင် ရင်မှာဟာတာတာကြီးကျန်ခဲ့မယ့်ရုပ်ရှင်မျိုး ၊ မေးခွန်းအများကြီးချန်ထားခဲ့တဲ့အတွေးအခေါ်ရုပ်ရှင်မျိုးတွေကို သဘောကျကြရင်တော့ ဒီကားက အဲ့လူတွေအတွက်ပါပဲ File size…(6.6 GB) / (1.7 GB) / (967 MB) Quality….Blu-Ray 4K HEVC / Webrip 1080p / 720p Format…mkv / mp4 Duration….02:00:00 Genre...Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin
movie
Parthenope (2024)
2024
4K HEVC
6.9
The Contender (2000)
The Contender (2000)IMDb Rating (6.9) / Rotten Tomatoes (77%) ဒီကားလေးက နိုင်ငံရေးသမားတွေရဲ့ ညစ်ကွက် လှည့်ကွက် ၊ ကြုံတွေ့ရတဲ့ သုခဒုက္ခတွေအပြင်၊ ပါတီစွဲ၊ ဖိုဝါဒီကြီးစိုးမှုတွေကို ဇာတ်အိမ်ကောင်းကောင်းနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။အော်စကာဆုအတွက်လည်း ဆုနှစ်ခုဆန်ခါတင်ခဲ့ပြီး တခြားဆုတွေလည်းရခဲ့ပါတယ်။အမေရိကန်ရဲ့ဒုသမ္မတသေဆုံးပြီးတဲ့နောက်မှာ ဒုသမ္မသစ်ရွေးချယ်ဖို့ ဆီးနိတ်အမတ်လိန်းဟန်ဆန်ကို သမ္မတကနေ အဆိုပြုလိုက်ပါတယ်။ထုံးစံအရ အက်ဖီအိုင်ကနေ နောက်ကြောင်းစစ်ဆေးရေးပြုလုပ်ရမှာဖြစ်ပြီး "House"လို့ခေါ်တဲ့ အောက်လွှတ်တော်က ကော်မတီကျင်းပပြီး အတည်ပြုပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့ လိန်းက မိန်းမတစ်ယောက်ဖြစ်နေတဲ့အတွက် ကော်မတီသဘာပတိရိုင်ရန်ကစဦးဆောင်ပြီး လျှို့ဝှက်စုံစမ်းမှုတွေပြုလုပ်ပြီး လိန်းကိုဝိုင်းတိုက်ခိုက်ကြပါတယ်။စုံစမ်းမှုကနေ လိန်းကောလိပ်ကျောင်းသူဘ၀မှာ လိင်ကိစ္စကြမ်းရမ်းခဲ့တဲ့ပုံတွေပါ ပေါ်ပေါက်လာတဲ့အခါ လိန်းတစ်ယောက် ကော်မတီမှာ ဘယ်လိုခုခံမလဲ စိတ်၀င်တစားကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe Thiri swe ဖြစ်ပါတယ်။)File size…(5 GB) / (1.6 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Drama,Thriller Duration….02:06:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Soe ...
movie
The Contender (2000)
2000
6.9
Hitman’s Wife’s Bodyguard (2021)
Hitman's Wife's Bodyguard (2021)IMDb Rating (6.9)ရုံတင်တုန်းက မပါတဲ့အခန်းတွေကို ပြန်ထည့်ပေးထားတဲ့ BluRay Extended Version နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ဒီကားကတော့ မြေနိုးကြီးရဲ့သက်တော်စောင့် ဇာတ်လမ်း အပိုင်း ၂ ဖြစ်ပါတယ်။ ရှေ့မှာထွက်ထားတဲ့ အပိုင်း ၁ ရုပ်ရှင်ကား The Hitman’s Bodyguard (2017) ကိုကြည့်ထားရင်တော့ ပိုချိတ်ဆက်မိပါမယ်။ဒီအပိုင်းမှာတော့ ကင်ကိတ်ကြီးက ထောင်ကထွက်ပြေးပြီး မိန်းမနဲ့အကြည်ဆိုက်နေချိန်၊ သက်တော်စောင့် လိုင်စင် မရှိတော့တဲ့ ဘရိုက်စ်က တိုင်ပတ်နေပါတယ်။ဒါနဲ့ စိတ်ပြေလက်ပျောက် အနားယူဖို့ ထွက်လာချိန်မှာပဲ ကင်ကိတ်ကြီးကိုမာဖီးယားတွေဖမ်းထားတယ်ဆိုပြီး သူ့မိန်းမ ဆိုညာက လာခေါ်တဲ့အချိန်မှာ လူသတ်သမား၊ သက်တော်စောင့်၊ လူလိမ်မ သုံးယောက်တွဲပြီး ပေါက်ကရတွေလုပ်ရင်းနဲ့ ကမ္ဘာကြီးကို ကယ်တင်ရမယ့် လမ်းစပေါ် ရောက်သွားပြန်ပါတော့တယ်။ပထမကားက သရုပ်ဆောင်တွေဖြစ်တဲ့ Ryan Reynolds နဲ့ မားသားဖက်ခါ Samuel L. Jackson နဲ့ Salma Hayek တို့အဓိကပါဝင်ထားပြီး ဒီကားမှာတော့ Morgan Freeman လဲအားဖြည့်ထားပါသေးတယ်။ ဝါရင့်တွေချည်း ...
movie
Hitman’s Wife’s Bodyguard (2021)
2021
4K HEVC
6.9
The Hitman’s Bodyguard (2017)
The Hitman's Bodyguard (2017)IMDb Rating (6.9)2017 ရဲ့ အကောင်းဆုံး Action Comedy တွေထဲက တစ်ခုပါ။ IMDb 6.9 နဲ့ Box Office မှာ ထိပ်ဆုံးရောက်နေပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘီလာရု သမ္မတဟောင်း ဗလာဒီဆလက် ဒူကိုဗစ်ချ်ကို နိုင်ငံတကာရာဇဝတ်မှုတရားရုံးက တရားစွဲထားချိန်မှာ သူ့ကို အပြစ်ရှိကြောင်း သက်သေထွက်ဆိုမယ့်သူ မရှိပါဘူး။ ဒူကိုဗစ်ချ်ရဲ့လူတွေက သက်သေမှန်သမျှကို လိုက်ပြီး နှုတ်ပိတ်နေလို့ပါ။ ဝါရင့်ကြေးစားလူသတ်သမားကြီး ဒဲရီးယပ် ကင်ကိတ်ကတော့ နောက်ဆုံးမှာ အပေးအယူလုပ်ပြီး သက်သေထွက်ဖို့ သဘောတူလိုက်ပါတော့တယ်။အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့ အေသုံးလုံးအဆင့် အထူးသက်တော်စောင့် မိုက်ကယ် ဘရိုက်စ်ကို အကူအညီတောင်းရတဲ့အခါမှာ လူသတ်သမားနဲ့သက်တော်စောင့် ရန်သူဟောင်းကြီး နှစ်ယောက် အတူလက်တွဲရပါတော့တယ်။သူတို့အတိတ်မှာ ပြဿနာခဏဏတက်ထားတာမို့ လုံးဝမတည့်ပဲ ရန်တစောင်စောင်နဲ့ ထောင်ကနေ တရားရုံးခရီးကို ဒူကိုဗစ်ချ်ရဲ့ လူသတ်သမားများစွာကို ဖြတ်ကျော်ပြီး အရောက်သွားရတဲ့အခါ......သက်တော်စောင့်ဘရိုက်စ်ဟာ အရာရာကို တွက်ဆပြီး ပြင်ဆင်လုပ်တတ်သူ၊ ကင်ကိတ်ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်နည်းလမ်းက ပိုကောင်းတယ်ယူဆသူ၊ သူတို့ နှစ်ယောက်ရဲ့ အလွဲတွေ ဟာသတွေနဲ့ အက်ရှင်ခပ်ကြမ်းကြမ်းတွေကို တစ်ကားလုံး အလန်းစား ...
movie
The Hitman’s Bodyguard (2017)
2017
4K HEVC
7
Tinker Tailor Soldier Spy (2011)
Tinker Tailor Soldier Spy (2011) ********************************* IMDb - 7.0/10_____Rotten - 83% Tinker Tailor Soldier Spy ဇာတ်ကားကလည်း စပိုင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်..စပိုင်တွေရဲ့ ထုံးစံအတိုင်း လျှို့ဝှက်တယ် အနေအထိုင်ကျစ်လစ်တယ်...သူ့တို့ဟာ တခြားဘက်ကလူဆိုတာကို မသိနိုင်လောက်အောင် လျှို့ဝှက်တတ်ကြတယ်...အရမ်းတော်တဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့ လျှို့ဝှက်အေဂျင်စီတစ်ခုရှိတယ်....ဒီအေဂျင်စီခေါင်းဆောင်ဟာ သူ့အဖွဲ့ထဲမှာ စပိုင်တစ်ယောက်ပါနေတယ်လို့သံသယရှိနေတယ်...ဒါကြောင့် ခေါင်းဆောင်ဖြစ်သူဟာ စပိုင်ကိစ္စကိုစုံစမ်းဖို့ သူယုံကြည်ရတဲ့ သူတစ်ယောက်ကိုစုံစမ်းဖို့ ဘူတာပက်စ်ကို လွှတ်ခဲ့ပါတယ်။ သို့ပေမယ့် သူလွှတ်လိုက်တဲ့သူဟာ ဘူတာက်စ်မှာ ပစ်သတ်ခံခဲ့ရပါတယ်...စပိုင်တွေရဲ့ နေထိုင်မှုပုံစံတွေနဲ့ အလုပ်တစ်ခုမှာ ယုံကြည်မှုဆိုတာ ဘယ်လိုမျိုးလဲ ကောင်းကောင်းပြထားတဲ့ကားပါ...ဒီကားထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့သူတွေက နာမည်ကြီးမင်းသားတွေဖြစ်တဲ့အပြင် IMDb, Rotten ရောအကောင်းဆုံးအနေအထားမှာရှိနေပါတယ်....ကျွန်တော်တို့ရဲ့ doctor strange ကြီးလည်း ပါဝင်ထားပါတယ်... File Size : 3.46GB/ 670MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:08:00 Genre : Drama, Mystery, Thriller Subtitle : Myanmar ...
movie
Tinker Tailor Soldier Spy (2011)
7.9
True Romance (1993)
True Romance (1993)~ IMDb - 7.9/10, Rotten Tomatoes - 93% ~True Romance ဆိုတာက Boomers တို့ခေတ်တုန်းက နာမည်ကြီးခဲ့တဲ့ သဲထိတ်ရင်ဖို အက်ရှင် ဒရာမာ အချစ်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ဆောင်တွေအနေနဲ့ သူ့ခေတ်သူ့အခါက နာမည်ကြီးခဲ့တဲ့ မင်းသား Christian Slater နဲ့ Beyond Rangoon လိုကားနဲ့ မြန်မာပရိသတ်တွေ သိကြလောက်မယ့် မင်းသမီး Patricia Arquette တို့ ပါဝင်ထားတာဖြစ်ပြီး ယနေ့ခေတ်ရဲ့ ဝါရင့်ဂန္ထဝင်သရုပ်ဆောင်တွေဖြစ်တဲ့ Val Kilmer, Brad Pitt, Samuel L. Jackson, Gary Oldman နဲ့ Christopher Walken တို့က ဇာတ်ဆောင်အနေနဲ့ ပါဝင်အားဖြည့်ထားပေးပါတယ်။ ၁၉၈၆ ထွက် Tom Cruise ရဲ့ ပထမဆုံး ...
movie
True Romance (1993)
1993
8.5
Léon: The Professional (1994)
Leon: The Professional (1994) IMDb: 8.5/10 Genre: Action, Crime, DramaThe Fifth Elementတို့ Lucyတို့ La Femme Nikitaတို့လို Annaတို့လို အက်ရှင်ကားတွေကို ရိုက်ခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ Luc Bessonရဲ့ နာမည်အကျော်ဆုံးရုပ်ရှင်လို့ ပြောရမယ်။ဒီရုပ်ရှင်က ကောင်းသောနာမည်ကျော်ခြင်းရော မကောင်းသောနာမည်ကျော်ခြင်းရော နှစ်ခုလုံးကို ရရှိခဲ့တဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ မကောင်းသောနာမည်ကျော်ခြင်းကတော့ သိကြသလိုပဲ ၁၃နှစ်ကလေးနဲ့ သံယောဇဉ်ထက်ပိုတဲ့အရာတွေကို ရိုက်ပြခဲ့တော့ paedophileဇာတ်တော်တော်ဆန်သွားလို့ပါပဲ။ ဘာပြောပြော Leon: The Professionalဟာ အက်ရှင်စီနီမာမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သလို အခုထိလည်းကိုးကားနေကျ ရုပ်ရှင်တစ်ခုဖြစ်နေပါပြီ။ မကြာသေးခင်ကထွက်ခဲ့တဲ့ The Boysရဲ့အပိုင်းတစ်ပိုင်းထဲတောင် ထည့်ပြောသွားပါသေးတယ်။ သရုပ်ဆောင်တွေကတော့ Jean Reno, Natalie Portmanနဲ့ Gary Oldmanတို့တွေပါဝင်ထားတယ်။ သုံးယောက်စလုံးက သရုပ်ဆောင်တော်တော်ကောင်းတဲ့ ဒိတ်ဒိတ်ကြဲတွေချည်းပဲ။ဇာတ်ကတော့ Leonဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ သူ့နာမည်အတိုင်း ပရော်ဖက်ရှင်နယ် မတရားကျတဲ့ ကြေးစားလူသတ်သမားပေါ့။ မြန်တယ်။ တိကျတယ်။ မလိုတာမလုပ်ဘူး။ မဆိုင်တာ ဝင်မပါတတ်ဘူး။ ဒီလိုနဲ့ သူနေတဲ့တိုက်ခန်းမှာ မိသားစုတစ်စုကို ...
movie
Léon: The Professional (1994)
1994
7.6
Interstate 60 (2002)
လူတွေ ဘာလို့ဆုတောင်းကြသလဲ…ဆုတောင်းလိုက်တဲ့အခါ လူတွေက စိတ်ခွန်အားတွေ ၊ ငြိမ်းချမ်းမှုတွေရလို့ ဆုတောင်းကြတယ်လို့တော့ ဖတ်ရဖူးပါတယ်။ဒါပေမဲ့ ကျွန်တော်ကတော့ ဆုတောင်းတွေထက် ကိုယ်တိုင်လုပ်ယူရတာကို ယုံကြည်တဲ့သူမျိုးဆိုတော့ ဆုတောင်းတွေဟာ ပြည့်တယ်လို့ မယုံကြည်ထားပါဘူး။ ကျွန်တော့်တစ်ဦးတည်းအမြင်ကိုပြောတာပါ။ဒီဇာတ်ကားထဲမှာ ဆုတောင်းတစ်ခုကို ဖြည့်ပေးနိုင်တဲ့သူ တစ်ယောက်ကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ သူက တော်ရုံလူတွေတွေ့နိုင်တဲ့သူမျိုးမဟုတ်ဘဲ ကံကောင်းလွန်းတဲ့သူမျိုးမှ ကြုံရတွေ့ရ ဆုတောင်းခွင့်ရကြတဲ့ သူမျိုးပါ။ ဒီထဲမှာ ဇာတ်ကောင် နီးလ်က ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့ အခိုက်အတန့်တွေမှာ အဖြေတစ်ခုလိုချင်တယ်လို့ ဆုတောင်းလိုက်မိရာကနေ လိုချင်တောင့်တမှုတွေ ၊ လွတ်လပ်ခွင့်တွေ ၊ အဖြစ်ချင်ဆုံး ဆန္ဒဆိုတာတွေကို သိမြင်လာရတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး လူငယ်တွေကြည့်လို့ကောင်းမယ့် fantasy, comedy, drama ရောထားတဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ။ဒီကားကြည့်ပြီးတဲ့အခါ ခင်များတို့ရော ဆုတစ်ခုတောင်းခွင့်ရမယ်ဆို ဘာကိုတောင်းမလဲ ၊ ဒါမှမဟုတ် ခင်များတို့ ကိုယ်တိုင်ရော လက်ရှိမှာ ရှာဖွေနေတဲ့ အဖြေတစ်ခုကို ရှာတွေ့သွားမလား ကျွန်တော်တော့ ...
movie
Interstate 60 (2002)
5.1
The Unborn (2009)
The Unborn (2009) =================သာမန် မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ကေစီဟာ ဘဝကို အေးအေးလူလူ ဖြတ်သန်းနေသူတစ်ယောက်ပါ... တစ်နေ့မှာ အိမ်နီးချင်းအတွက် ကလေးထိန်းလုပ်ပေးရင်း ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကို ကြုံတွေ့လိုက်ရပါတော့တယ် အဲ့နောက်ပိုင်းက စပြီး သူမရဲ့ မျက်ဝန်းအရောင်က ပြောင်းလဲလာတယ် မမြင်အပ်တာတွေ မြင်လာရတယ်...သူမရဲ့ အမေဟာလည်း ဘာမှန်းသေချာမသိရတဲ့အကြောင်းအရာတစ်ခုကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်... ဘာမှန်းမသိတဲ့အရာတစ်ဟာ သူမကိုနေ့ရော ညပါခြောက်လှန့်လာပါတော့တယ်ဒါတွေကို ရင်ဆိုင်ဖို့အတွက် အကြောင်းရင်းကို လိုက်လံရှာဖွေရင်း တစ်ဘဝလုံးဖုံးကွယ်ခံထားရတဲ့ အရာကို သိလိုက်ရချိန်မှာတော့....ကိစ္စတွေကို သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ Jump scare အများကြီးနဲ့ ရင်တစ်ထိတ်ထိတ်နဲ့ ကိုယ်တိုင်ခံစားကြည့်လိုက်ကြပါဦး ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thu Thu ပါ )File size_(1.3GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:32:00 Genre_Horror, Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thu Thu
movie
The Unborn (2009)
6.8
A Christmas Carol(2009)
A Christmas Carol(2009) IMDb....6.8, ,,,, ဒီAnimation,ဇာတ်ကားကို တစ်ဝက်လောက်ပဲကြည့်ရသေးတယ် .. အံအားသင့်လောက်စရာတွေတွေ့လို့ ဒီကားနဲ့ ပတ်သက်တာတွေစုံစမ်းကြည့်တော့ Charles Dickens ရဲ့နာမည်ကြီးဝတ္ထုဖြစ်နေတဲ့အပြင် ဒါရိုက်တာကလည်းForrest Gump ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ဖြစ်နေတယ်......ဒါကြောင့်လည်း Best Animated Film ဆန်ကာတင်စာရင်းဝင်ခဲ့သလိုအခြားဆု(၃)ဆုလည်းရရှိခဲ့တယ်...Jim Carrey အသံပိုင်းသရုပ်ဆောင်ထားပါတယ်......Ebenezer Scrooge ဆိုတဲ့အဘိုးကြီးတစ်ယောက်ရှိတယ်... ...သူကတစ်ကိုယ်တည်းသမားကြီးဖြစ်ပြီး အတ္တလည်းအလွန်ကြီးတယ် ..ငွေကလွဲလို့ တခြားဘာကိုမှမမြင်...ခရစ်စမတ်ကာလမှာပျော်ပါးနေတဲ့သူတွေကို အရူးတွေ သေတာမှကောင်းလိမ့်မယ်လို့တောင်တွေးတတ်တဲ့သူ....ဒီလိုအယူအဆတွေ ပိုင်ဆိုင်ထားတဲ့ အဘိုးကြီးဟာ တစ်နေ့မှာတော့ သူတစ်သက်မှာ လုံးဝမမျှော်လင့်တာတွေဖြစ်တော့တာပဲ...ဒီကားက ခလေးသူငယ်တွေအတွက်တင်မဟုတ်ဘဲ လူကြီးတွေလည်း ကြည့်ပြီးကြိုက်သွားမှာပေါ..ပြောရရင်လူကြီးတွေအတွက်က ပိုပြီးတောင်ရသမြောက်လိမ့်မယ်ထင်ပါတယ်..ခလေးတွေအတွက်တော့ ကြည့်လို့လှတဲ့ကားတစ်ကားပေါ့ဗျာ...ကိုင်းခံစားကြည့်လိုက်ပါဦးနော်...File Size : (735MB/1.6GB) Quality : Blu-Ray 720p/1080p Format…mp4 Duration…01:36:00 Genre : Animation, Drama, Family | Subtitle : Myanmar Subtitle (Hard Sub) Translated by Thaw Thaw Wai Oo Encoded by Heather ...
movie
A Christmas Carol(2009)
2009
7.6
Dawn of the Planet of the Apes (2014)
Dawn of the Planet of the Apes (2014) IMDb - 7.6/10_____Rotten - 90% ဒီဇာတ်ကား အကြောင်းမပြောခင်မှာ Planet of the Apes အကြောင်း နည်းနည်းပြောပြချင်ပါတယ်။ Planet of the Apes ဇာတ်လမ်းတွေက ၁၉၆၈ ထဲက စတင် ရိုက်ကူးခဲ့တာဖြစ်ပြီး၊ Planet of the Apes (February 8, 1968), Beneath the Planet of the Apes (May 27, 1970), Escape from the Planet of the Apes (May 21, 1971), Conquest of the Planet of the Apes (June 29, 1972), Battle for ...
movie
Dawn of the Planet of the Apes (2014)
2014
4K HEVC
8.7
Oppenheimer (2023)
Oppenheimer (2023)IMdb Rating (8.5) / Rotten Tomatoes (93%)ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို 4K IMAX HDR/SDR Quality တွေနဲ့ တင်ဆက်လိုက်ပါတယ်။Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr., Emily Blunt, Matt Damon, Rami Malekတို့ အစုံပါဝင်ထားပါတယ်။ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး ...
movie
Oppenheimer (2023)
2023
4K HEVCHDR
7.2
State of Grace(1990)
IMDb 7.2I am Sam (2001) ရုပ်ရှင်မှာ အော်တစ်ဇင် ဖြစ်နေတဲ့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုကြည့်ရှုသူ ရင်ထဲရောက်အောင် အကောင်းဆုံး ပုံဖော်သွားနိုင်ခဲ့တဲ့ မင်းသားကြီး Sean Penn ရဲ့မှုခင်းဇာတ်ကားကောင်းလေး တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်မွေးရပ်မြေမှ ထွက်သွားပြီး ဆယ်နှစ်ကြာမှ ပြန်လည်ရောက်ရှိလာတဲ့ ရဲအရာရှိ ထယ်ရီနူနန်တစ်ယောက်ငယ်စဥ်က ဆိုးတူပေါင်းဖက် ပေါင်းသင်းလာခဲ့တဲ့ သူငယ်ချင်းနဲ့ ငယ်ချစ်ဦးရဲ့ အစ်ကိုဖြစ်သူ ဦးဆောင်းတဲ့လူဆိုးဂိုဏ်းကို ထောက်လှမ်းဖို့ သူလျှိုအဖြစ် ရောက်ရှိသွားတဲ့အခါ ကိုယ့်မျက်စိရှေ့မှာ သူငယ်ချင်းအရင်းကြီးတွေ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီး တရားခံတွေကို သိနေတာတောင်မိမိဟာ တရားဥပဒေဘက်တော်သားဖြစ်နေတဲ့အတွက် တရားဥပဒေအရ လက်ပိုက်ကြည့်နေရတဲ့အခါဥပဒေအထက်မှာ ပုဂ္ဂိုလ်ပေါင်းများစွာရှိနေတဲ့ သူတို့မြို့လေးမှာထယ်ရီနူနန်တစ်ယောက် သူငယ်ချင်းတွေအတွက် တရားမျှတမှု ဘယ်လိုပြန်ယူမလဲဆိုတာစိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Action / Crime / Drama ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…2.81GB / 941.9MB Quality…Blu-Ray 1080p / ...
movie
State of Grace(1990)
7.6
The Fifth Element(1997)
The Fifth Element(1997) အညွှန်း****************************IMDb - 7.6/10, Rotten Tomatoes - 71%ဒီဇာတ်ကားကတော့ မင်းသားကြီး Bruce Willis နဲ့ မင်းသမီး Milla Jovovich တို့နှစ်ယောက်နဲ့ မင်းသားများဖြစ်တဲ့ Chris Tucker၊ Gary Oldman နဲ့ Ian Holm တို့ပါဝင်အားဖြည့်ထားပြီး ဒါရိုက်တာ Luc Besson ရိုက်ကူးထားတဲ့ သိပ္ပံအက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားထဲမှာတော့ စစ်တပ်ကနေ အငြိမ်းစားယူပြီး အငှားယာဉ်မောင်းအဖြစ်လုပ်ကိုင်နေတဲ့ ကော်ဘန်ဒဲလပ်စ်(Bruce Willis) ဟာကမ္ဘာကြီးကို မိစ္ဆာတွေလက်ကကယ်တင်ဖို့အတွက် ဓာတ်ကြီးငါးပါးကို သွားယူဖို့ တာဝန်ရလာပါတယ်။တစ်ချိန်တည်းမှာပဲ ဓာတ်ကြီးငါးပါးထဲက တစ်ပါးအပါအဝင်ဖြစ်တဲ့ လီလူ(Milla Jovovich)ကိုလည်း ချစ်မိသွားပြီး သူ့ကိုကယ်တင်ဖို့ ကြိုးစားရပါသေးတယ်။ အဲ့ဒီလို ဓာတ်ကြီးငါးပါးကို သွားယူတဲ့လမ်းခရီးမှာကြုံတွေ့ရတဲ့အခက်အခဲတွေ၊တခြားအပြိုင်အဆိုင် လိုက်စုနေတဲ့ အဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေနဲ့ မင်းသားရဲ့ မင်းသမီးအပေါ်မှားထားတဲ့ခံစားချက်တွေကို စုံစုံလင်လင်တင်ပြထားပါတယ်။နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရထားတဲ့အပြင် တင်ဆက်ပုံကလည်းကောင်းမွန်တာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File Size : (5.1GB) (1.1 GB) and (348 MB) Quality : ...
movie
The Fifth Element(1997)
8.5
The Dark Knight Rises (2012)
The Dark Knight Rises (2012) IMDb Rating (8.4) ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။ Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight ...
movie
The Dark Knight Rises (2012)
2012
4K HEVC IMAXHDR
9.0
The Dark Knight (2008)
The Dark Knight (2008)===================IMDb Rating 9.0/10 မှာ ဗိုလ်စွဲထားတုန်းပါပဲ။ဒီတစ်ခါတော့ Superhero တွေထဲမှာ လူကြိုက်အများဆုံးလည်း ဖြစ်သလို၊ Superhero အားလုံးရဲ့ ရှေ့ဆောင် လမ်းပြလည်း အဖြစ် Superman နဲ့ အတူ သတ်မှတ်ခံထားရတဲ့ Batman ဇာတ်လမ်း နဲ့မိတ်ဆက်ပေးပါရစေ။The Dark Knight လို့တင်စားခံထားရတဲ့ Batman ကားတွေက ၁၉၈၉ မှာထဲက ရုပ်ရှင် အဖြစ်နဲ့ စင်မြင့်ထက်မှာ နေရာယူထားပေမယ့် ၂၀၀၅ ခုနှစ်ရောက် မှာ Christopher Nolan ရဲ့ Batman Begins နဲ့ အတူ လူရိုသေရှင်ရိုသေဖြစ်လာခဲ့ပါတယ်။ Batman လို့ပြောလိုက်ရင် Director Tim Burton ရဲ့ Batman (1989) Batman Returns (1992) တို့နဲ့ နာမည်ရလာပေမယ့်၊ Joel ...
movie
The Dark Knight (2008)
2008
4K HEVC IMAXHDR
1
2
3
Next