Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gary Cairns
5.0
Operation Blood Hunt (2024)
အခုတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့Action/Horror အမျိုးအစားရုပ်ရှင်ကားလေးဖြစ်ပါတယ်.ဒီကားလေးမှာဆိုရင် မသေမျိုးအဖြစ်ပြောင်းသွားတဲ့ ဘုန်းတော်ကြီးတစ်ပါးနှင့် လက်မရွံ့အဖွဲ့တို့ဟာ ကျွန်းတစ်ကျွန်းပေါ်မှာပျောက်သွားတဲ့ စစ်သားများကို လိုက်လံရှာဖွေရတဲ့အကြောင်းရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်..အကြောင်းကြောင်းကြောင့် မသေမျိုးဖြစ်သွားတဲ့ ဘုန်းတော်ကြီးတစ်ပါးဟာ ဇာတ်မြှုပ်ရင်း နေထိုင်နေစဉ်မှာ စစ်ဗိုလ်နှစ်ယောက်ရောက်ရှိလာပြီး အပေးအယူလုပ်ကာ အသေခံစစ်ဆင်ရေးလုပ်ရမယ့် ကျွန်းသို့ ပို့ဆောင်ခြင်း ခံခဲ့ရပါတယ်..သို့သော်လည်း ၎င်းနှင့်အတူပါလာတဲ့ အဖွဲ့သားများဟာတကယ့်စစ်ဆင်ရေးရဲ့ သရုပ်သကန်အမှန်ကို မသိထားဘဲစစ်သားပျောက်ရှာဖွေရေးအနေနဲ့သာ သိရှိခဲ့ပါတယ်..ရွာတစ်ရွာအရောက် စစ်သားများအကြောင်း စုံစမ်းမေးမြန်းရာအနီးအနားရှိ အမေရိကန်စစ်စခန်းတစ်ခုရှိကြောင်း သိရ၍သွားရောက်ကြတဲ့အခါမှာတော့ ရုပ်ပျက်ဆင်းပျက်အလောင်းများကို နေရာအနှံ့တွေ့ရပြီး တိုက်ပွဲဒဏ်ရာမဟုတ်မှန်းသတိထားမိကာ ထိတ်လန့်ကြရပါတော့တယ်..ထိုသို့ ထိတ်လန့်ခြင်းနဲ့အတူ ရှိနေကြစဉ်မှာပဲ သွေးစုပ်ဖုတ်ကောင်များရုတ်တရက် ပေါ်ပေါက်လာချိန်မှာတော့ ဘုန်းတော်ကြီးနှင့်အဖွဲ့သားတို့ အသက်ဘေးအန္တရာယ်ရှိလာပါတော့တယ်..ထိုအသက်ဘေးကို လက်မရွံ့အဖွဲ့သားများ လွတ်မြောက်နိုင်ကြမလား...သေချင်နေတဲ့ မသေမျိုးဘုန်းတော်ကြီးရော ဆန္ဒပြည့်သွားမလား....အသက်နဲ့ခန္ဓာကို သွေးစုပ်ဖုတ်ကောင်တို့လက်ထဲပဲ ဝကွက်အပ်လိုက်ရသလားဆိုတာကိုတော့ ဇာတ်ကားလေးကို ကြည့်ရှုခံစားရင်း အဖြေရှာကြည့်ကြစေချင်ပါတယ်...ဒီကားလေးမှာဆိုရင် အက်ရှင်ကားချစ်သူများအတွက် သေနတ်ပစ်ခန်းများပါရှိသလို သည်းထိတ်ရင်ဖိုရုန်းရင်းဆန်ခတ် သွေးစုပ်ဖုတ်ကောင်များနှင့်နပန်းလုံးကြတဲ့အခန်းများ ပါရှိတဲ့အတွက် ပရိသတ်များ မြည်းစမ်းကြည့်နိုင်ကြဖို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ.... File size… (1.31 GB) / (787 ...
movie
Operation Blood Hunt (2024)
5.0
Over The Red River (2024)
ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့Western အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးမှာဆိုရင် လင်ဖြစ်သူက အသတ်ခံရညီမဖြစ်သူကဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ညီမပျောက်ရှာဖွေရေး ကန္တာရစွန့်စားခန်းခရီးကို ရှုစားရမှာဖြစ်ပါတယ်..Worthinton ဟာ ကံကောင်းစွာလား ကံမကောင်းစွာလားမသိဘဲ ခြောက်လုံးပြူးကိုင်လူရမ်းကားများလက်ကနေအသက်ဘေးလွတ်ကင်းခဲ့ရသူ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်သို့သော်လည်း သူဟာ ယောက်ျားဖြစ်သူရဲ့ရှေ့မှာတင် အကြိမ်ကြိမ်မုဒိန်းပြုကျင့်ခံရပြီး ယောက်ျားဖြစ်သူဟာလည်း ထိုမြင်ကွင်းကိုမြင်အပြီးမှာပဲ နားထင်ကိုဖောက်ဝင်လာတဲ့ ကျည်တစ်တောင့်ကြောင့်အသက်ပျောက်ခဲ့ရပါတယ်..မပဋာတစ်ယောက်ဟာ လင်ကိုဆုံးရှုံးရရုံနဲ့ မပြီးသေးဘဲ ညီမဖြစ်သူကိုပါ လူရမ်းကားများက ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့်အရူးမီးဝိုင်းနေခဲ့ရပါတယ်..ဒေသခံအာဏာပိုင်ဟာလည်း လူအင်အား လက်နက်အင်အားမမျှသဖြင့် အာဏာမပိုင်ဘဲဖြစ်နေရာ သနားဖွယ်အမျိုးသမီးကိုကူညီပေးနိုင်ဖို့မဆိုထားဘိ သူ့အသက်သူတောင် ရှင်အောင်မွေးနေရသူပီပီ အမျိုးသမီးရဲ့ တိုင်တန်းမှုကို အန်ကယ်ကတော့ နိုးပါတစ်ခွန်းနဲ့ ပြောရိုးပြောစဉ်ပြုကာ အကူအညီမဖြစ်စွာဘဲ ကူညီပေးလိုက်ပါတယ်.. သို့သော်လည်း ကူညီပါရစေ ဆိုတဲ့ အာဏာပိုင်ဟာ နည်းနည်းဖြစ်ဖြစ်အသုံးဝင်လိုစိတ်ရှိတာကြောင့် သူ့မှာတော့အသက်အပိုမပါလို့ မကူညီနိုင်ဘူး သေမှာမကြောက်လို့ ပေတစ်ရာလျှောက်ချင်တယ်ဆိုရင်တော့ နင့်ဘာသာနင်သွားလို့ ဆိုကာခြောက်လုံးပြူးကိုင်ဒေသခံ လူရမ်းကားများအခြေချရာဆီရောက်ဖို့မြစ်နီမြစ်အထက်က Jackson Trail လမ်းအတိုင်းလိုက်ဖို့ ညွှန်ပေးလွှတ်လိုက်ရာမှာတော့ မပဋာတစ်ယောက် သွေးရူးသွေးတမ်းနဲ့ကန္တာရခရီးကို ထွက်ခွာဖို့ဖြစ်လာပါတယ်..ကန္တာရခရီးမှာတော့ အောင်လသီချင်းလို တံလျှပ်တို့ရေထင်ပြီးမှားခဲ့တဲ့ ...
movie
Over The Red River (2024)
5.4
The Channel (2023)
The Channel (2023) " Subtitles error FIXED!!! " ~ Rotten Tomatoes - 67% ~Crime, Thriller အမျိုးအစားကိုမှ ညီအကို မိသားစုသံယောဇဉ်တွေနဲ့ ဒရာမာပါးပါး ရောထည့်ထားတဲ့ Action ဇာတ်ကြမ်းတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ New Orleans မှာ အခြေတည်ပြီး ရိုက်ထားတာပါ။ဂျိမ်းနဲ့ မစ်တို့ ညီအကို ၂ယောက်က Irish Channel မှာ ကြီးပျင်းခဲ့ပြီး အမေရိက မရိန်းတပ်ဖွဲ့က စစ်သားဟောင်းတွေဖြစ်ပါတယ်။ ဂျိမ်းက ဉာဏ်ပြေးပြီး ဆင်ခြင်နိုင်တဲ့ ညီဆိုရင် မစ်ကတော့ သွေးဆူလွယ်ပြီး ထိန်းချုပ်ရခက်တဲ့ အကိုလို့ပြောရမှာပါ။ စစ်ကထွက်လာပြီးတဲ့ နောက်ပိုင်းမှာလည်း ပြစ်မှုတွေ ကျူးလွန်ထားပါတယ်။ ဂျိမ်းမှာက ဘဏ်၀န်ထမ်း ဇနီး အေဗာ နဲ့ မွေးရာပါနှလုံးရောဂါသည် လသားအရွယ် သမီးလေးရှိပါတယ်။ နှလုံးခွဲစိတ်ဖို့ ကုန်ကျစရိတ်က ဈေးကြီးလွန်းတဲ့အတွက် ဘဏ်ခွဲတစ်ခုကို ...
movie
The Channel (2023)
2023
One Ranger (2023)
One Ranger(2023)တက္ကဆက်ပြည်ရဲ့ ထိတ်ထိတ်ကြဲ တက္ကဆက် ရိန်းဂျားကြီးကို ဗြိတိန်ထောက်လှမ်းရေးက လန်ဒန်ရွှေမြို့တော်ဆီ ပင့်ဖိတ်ပြီး ကမ္ဘာ့အဆိုးဝါးဆုံး အကြမ်းဖက်မှုကြီးကို ကာကွယ်ကြမယ့် ဇာတ်ကားပါ။တက္ကဆက်ရိန်းဂျားအဖြစ် ဝါရင့် အက်ရှင်မင်းသားကြီး Thomas Janes က သရုပ်ဆောင်ထားပြီး John Malkovich ကတော့ လန်ဒန်ထောက်လှမ်းရေးအေဂျင်စီရဲ့ ကြီးကြပ်ရေးမှူးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဗြိတိန်မင်းသမီး Dominique Tipper လည်း အားဖြည့်ထားပါသေးတယ်။ Thomas Janes ရဲ့ ထီမထင်ဟန်ပန်နဲ့ John Malkovich ရဲ့ အေးတိအေးစက် အပြောတွေနဲ့တင် ကြည့်ရကျိုးနပ်တဲ့ ဇာတ်ကားပါ။ဆိုတော့… Thomas Janes တစ်ယောက် ကောင်းဘွိုင်ဦးထုပ်ကြီးဆောင်းပြီး လန်ဒန်မှာ ဘယ်လိုတွေ ကြမ်းပြမလဲဆိုတာ ရှုစားလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 670MB | 379MB Format… ...
movie
One Ranger (2023)
2023