Channel Myanmar

Gareth Williams

The Cell (2000) 6.4
The Cell (2000)  ဒီရုပ်ရှင်လေးက ၂၀၀၀ခုနှစ်ထွက် Sci-Fi Horrorကားလေးပါ...။သရုပ်ဆောင်တွေအနေနဲ့က Jennifer Lopez၊ Vince Vaughnတို့ပါဝင်ပြီး ဆုတံဆိပ်တွေအများကြီးရရှိခဲ့သလို Makeupနဲ့ Hairstyleပိုင်းမှာအော်စကာဇကာတင်အဖြစ်ပါခဲ့ပါသေးတယ်။ရုံဝင်ငွေကလည်း ဘတ်ဂျက်၃၃မီလီယံမှာ ၁၀၄မီလီယံအထိရရှိခဲ့တဲ့ကားလေးဖြစ်ပြီး အဲ့ဒီခေတ်အဲ့ဒီအခါက ဒီလိုဇာတ်အိမ်မျိုးကို ဒီလိုရိုက်ပြခဲ့ပါလားဆိုပြီး မြင်တွေ့ရမယ့်ကားလေးလည်းဖြစ်ပါတယ်...။ဇာတ်လမ်းအကြောင်းလေးကလည်း ခပ်ဆန်းဆန်း၊ တိုတိုရှင်းရှင်းပြောရရင်ကိုမာဝင်နေတဲ့လူရဲ့စိတ်ထဲကဝင်ပြီး ကိုယ်သိချင်တဲ့အချက်အလက်တွေဝင်ရှာပြီးရာဇဝတ်အမှုလိုက်သွားတဲ့ကားလေးပါ...။Inceptionလို မူဗီမျိုးကိုကြိုက်တတ်ရင်တော့ ဒီကားလေးကလည်းအရသာတစ်မျိုးတွေ့ဦးမှာပါ၊ ထပ်ပြီးထူးတာက ဒီကားထဲမှာhorror vibeကိုလည်းခံစားရဦးမှာပါ....၊ဇာတ်လမ်းအကျဥ်းလေးက ကွင်းဆက်လူသတ်သမားတစ်ယောက်ရှိတယ်...သူ့သတ်ဖြတ်နည်းက ခပ်ဆန်းဆန်း၊အမျိုးသမီးတွေကိုပဲ ပြန်ပေးဆွဲကာတစ်နေရာမှာဖွက်ထားပြီး ရေနှစ်သေအောင်လုပ်တယ် ပြီးမှ အရုပ်မဖြစ်အောင်အရောင်ချွတ်ဆေးတွေနဲ့မွမ်းမံပြီး ရဲတွေတွေ့အောင်ပစ်သွားတာ...။ရဲတွေကသူ့ကိုတော်တော်နဲ့မဖမ်းနိုင်ခဲ့ဘူး...။ဘယ်အချိန်မှ ဖမ်းမိသွားလဲဆိုတောအဲ့ဒီလူသတ်သမားကိုမာဝင်သွားမှ ဖမ်းမိတယ်...။အဖမ်းခံရတဲ့အချိန်မှာလည်း အမျိုးသမီးတစ်ယောက်ကို ပြန်ပေးဆွဲပြီးသား...၊ဒီတော့ ပြန်ပေးဆွဲခံတဲ့အမျိုးသမီးရဲ့တည်နေရာကို သူ့ကိုမေးဖို့အတွက်ခုနကပြောတဲ့ တစ်ဖက်လူရဲ့စိတ်ထဲဝင်လို့ရတဲ့နည်းပညာတွေလိုလာပြီပေါ့။အဲ့ဒီနည်းပညာတွေနဲ့ လူသတ်သမားရဲ့စိတ်ထဲကိုဝင်ကြည့်မိတဲ့အခါမှာတော့....။အဲ့ဒီခေတ်အခါက ဇာတ်အိမ်ဆန်းဆန်းနဲ့ ရိုက်ကွင်းရိုက်ကွက်တွေကိုတစ်ဖန်ပြန်ခံစားချင်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းလေးဖြစ်မှာပါ။  File size…1.90 GB / 840 MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 47m Genre ….. Crime , Horror , Sci-Fi Subtitle….Myanmar Subtitle ...
movie

The Cell (2000)

20th Century Women (2016) 7.3
20th Century Women (2016) 20th Century Women (2016) ~IMDb - 7.3/10, RT - 88%, Meta - 83%~20th Century Women ရဲ့ အပေါ်ယံကြောကို ဖြတ်လျှောက်ကြည့်တဲ့အခါ အများအားဖြင့်တော့ ကောင်လေးတစ်‌ယောက်ရဲ့ Coming of Age အခြေအနေကို မြင်ရမှာပေမဲ့ ဒီရုပ်ရှင်ဟာ အဲဒီကောင်လေးကို ဗဟိုပြုပြီး ၂၀ရာစုမိန်းမသားသုံးယောက်ရဲ့ အရွယ်သုံးမျိုးကို ပုံဖော်သွားတယ်။သက်ကြီးပိုင်း ၂၀ရာစုမိန်းမသားတစ်ယောက်ရဲ့ အထီးကျန်ခြင်းတွေ၊ သက်လတ်ပိုင်း ၂၀ရာစု မိန်းမသားတစ်ယောက်ရဲ့ ဘဝဒဏ်တွေ၊ သက်ငယ်ပိုင်း ၂၀ရာစုမိန်းမသားတစ်ယောက်ရဲ့ လိုအင်တွေကို Coming of Age ဆန်ဆန် Vibe နဲ့ ချိတ်ဆက်ပုံဖော်ထားခဲ့တယ်။ နောက်ပြီး ဆယ်ကျော်သက်သား​လေး ဘဝရဲ့အချိုးအဆစ်အခက်အခဲတွေ၊ မိခင်တစ်‌ယောက်ရဲ့ အတွေးအမြင်တွေကိုင်တွယ်ပုံ​တွေ၊ အသက်ကြီးမှ ကလေးရတာမို့ generation gap ​ကြောင့် သားကို နားလည်​ပေးဖို့ ကြိုးစားတဲ့ သက်ကြီးပိုင်း ...
movie

20th Century Women (2016)

2016