Channel Myanmar

Gaius Charles

Takers(2010) 6.5
Takers(2010) Takers (2010)လူ(၄)ယောက် အခန်းတစ်ခုထဲမှာ ဆုံကြတယ်...စကားအနည်းငယ်ပြောပြီးတာနဲ့ အသင့်ပါလာတဲ့ အနက်ရောင်ဝတ်စုံတွေလဲလိုက်ကြသလိုမျက်နှာဖုံးစွပ်အနက်တွေလည်း ဝတ်ဆင်လိုက်ကြတယ်...M4A1 Carbine နဲ့ Glock စီးရီးအလိုက် လက်နက်ငယ်တွေလည်း ကိုင်ဆောင်ထားကြတယ်...သူတို့ကြည့်ရတာ အချိန်အကြာကြီးစီစဉ်ထားကြသလို အကုန်လုံးကလည်းသွေးအေးတည်ငြိမ်လွန်းနေကြတယ်... သိပ်မကြာဘူး..လောစ့်အိန်ဂျလိစ်မြို့တွင်းက ဘဏ်တစ်ခုကို ဓားပြဝင်တိုက်ကြတယ်....ဘယ်လောက်တောင် ရဲတင်းလွန်းသလဲဆိုတော့ ဘဏ်စာရေးမကိုတောင် ရဲစခန်းကိုဓားပြတိုက်ခံနေရကြောင်း ဖုန်းဆက်ခိုင်းလိုက်ပါသေးတယ်....ကိုင်း ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး....ဘဏ်ဓားပြတွေက ဘယ်သူတွေဖြစ်မလဲ.... LA ရဲတွေကရော အမိဖမ်းနိုင်ပါ့မလား...ဒီလောက်သွေးအေးပြီး အစီအစဉ်တကျ ဓားပြမှုကျူးလွန်နိုင်လောက်အောင် ဒီလူတွေဘယ်လောက်တော်နေလဲ...ဒီကားကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Fast & Furious မင်းသား Paul Walker နဲ့Idris Elba တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်....အမိုက်စား ဘဏ်ဓားပြကားထဲက တစ်ကားအပါအဝင်ဖြစ်လို့ ခပ်လန်းလန်း စဆုံး Tempo မကျတဲ့ကားတွေမှသဘောကျတဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်ပါကြောင်း ညွှန်းဆိုပါရစေ.... File Size : 2.33GB & 880MB Quality : Blu-Ray 1080p ...
movie

Takers(2010)

Batman: Bad Blood (2016) 6.7
Batman: Bad Blood (2016) Batman: Bad Blood (2016) IMDb - 6.7/10 Genre - Animation/Action/Adventure ကာတွန်းကားလို့တောင်ပြောဖို့မတန်တဲ့DCရဲ့ကားကောင်းတစ်ခုဖြစ်ပြီးဇာတ်လမ်းအတက်အကျကြမ်းလွန်းတဲ့batmanရဲ့ကားကောင်းတစ်ခုဖြစ်ပါတယ်။Batwomanနဲ့Electrocutioner, Blockbuster, Firefly,Killer Mothတို့လိုvillainအကြမ်းစားတွေချနေတာနဲ့ဇာတ်လမ်းကိုစဖွင့်ထားပြီးBatmanကဝင်ကူပေးတဲ့အခန်းမို့သူ့ရဲ့hero introကိုကောင်းကောင်းခံစားကြရမှာပါ။Hereticလို့ခေါ်တဲ့villainရောက်လာကာအဆောက်အဦးကိုပေါက်ကွဲစေခဲ့ပါတယ်။BatmanဟာBatwomanကိုကယ်ပြီးလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။ရက်သတ္တပတ်တွေကြာပြီးတဲ့အခါမှာတော့AlfredဟာNightwingကိုအချက်ပြမှုတွေပေးပို့ခဲ့ပါတယ်။Damian Wayneဟာလည်းသူပျောက်သွားတာကိုသတင်းကနေကြည့်ရပြီးတော့Gothamကိုပြန်လာဖို့လုပ်နေပါပြီ။ဒါပေမယ့် သူဘာလို့ပျောက်သွားခဲ့တာလဲ...NightwingကBatman suitဝတ်ထားတာကိုရောDamian Wayneလေးကအမြင်ကြည်ပါ့မလား...Hereticကရော ဘာတွေကြံနေတာလဲဆိုတာကိုတော့...File size…    1 GB /  442 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 12m Genre ..... Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Tariq L Walker
movie

Batman: Bad Blood (2016)

2016
Land of Dreams (2021) 5.2
Land of Dreams (2021) Land of Dreams (2021)2021 ထွက် Land of Dreams ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ လတ်တလော အချိန်ကာလမှာ အစိုးရရဲ့ သန်းခေါင်စာရင်းဌာနဟာ စီမံကိန်းတစ်ခုအနေနဲ့ လူတွေရဲ့ အိပ်မက်တွေကိုပါ စစ်တမ်းကောက်လာကြပါတယ် နိုင်ငံသားတွေကို ပိုမို ထိန်းချုပ်လာနိုင်ဖို့ သူတို့အချက်အလက်တွေကို ပိုပြီး စီမံကွပ်ကဲလာနိုင်ဖို့ပါ အဲဒီထဲမှာတော့ စီမင်ဆိုတဲ့ကောင်မလေးဟာ သန်းခေါင်စာရင်းဌာနမှာ အလုပ်လုပ်ပြီး သူတို့အတွက် အိပ်မက်တွေ လိုက်စစ်တမ်းကောက်ပေးရပါတယ် သရုပ်ဆောင်ပိုးပါတဲ့ စီမင်တစ်ယောက်အနေနဲ့ သူကြိုက်နှစ်သက်တဲ့ အိပ်မက်ရှိပြီဆိုရင် ဖမ်းယူထားပြီး အဲဒီအတိုင်း ပြန်လည်သရုပ်ဆောင်လေ့ရှိပါတယ် ဒီလိုနဲ့ စီမင်ရဲ့ အိပ်မက်စစ်တမ်းကောက်တဲ့ခရီးမှာ မာ့ခ်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ အယ်လန်ဆိုတဲ့ ခပ်ရင့်ရင့် ဘဲတစ်ဗွေပါ ပါလာပါတယ် အစိုးရရဲ့ ရှုပ်ထွေးမှုတချို့နဲ့ စီမင်ရဲ့ အိပ်မက်လား လက်တွေ့လားမသိတဲ့ ခပ်ရေးရေး ဇာတ်လမ်းမှာ ကိုယ်ကိုယ်တိုင်ရဲ့ အိပ်မက်တွေကိုလည်း မှတ်မိမလားဆိုတာ ပြန်တွေးကြည့်လိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Chuck ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.1GB ...
movie

Land of Dreams (2021)

2021
Alice (2022) 6.5
Alice (2022) Alice (2022) ဇာတ်လမ်းအညွှန်း"တော်လှန်ရေးသမားတွေကိုထောင်ချလို့ရချင်ရမယ်...တော်လှန်ရေးကိုတော့ထောင်ချလို့မရနိုင်ပါဘူး။"အမေရိကားလို နိုင်ငံကြီးမှာ ဟိုးအရင်ကတည်းက ကျွန်စနစ်တွေ၊ လူဖြူလူမည်းပြဿနာတွေ ရှိခဲ့တာ အားလုံးအသိပါပဲ။ သမ္မတ လင်ကွန်း လက်ထပ်မှာတော့ ဒီလိုကိစ္စတွေကြောင့်ပဲ မြောက်ပိုင်းနဲ့ တောင်ပိုင်း နှစ်ခြမ်းကွဲကာ အမေရိကန်ပြည်တွင်းစစ်ကြီး ထဖြစ်တဲ့အထိပါပဲ။ နောက်ပိုင်းမှာတော့ လူ့အခွင့်အရေးတွေ၊ တန်းတူညီမျှမှုတွေကို အလေးထားပြီး ယဥ်ကျေးတဲ့ လူအဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့အတွက် ဦးတည်လာကြကာ ကျွန်စနစ်ဆိုတာကြီးကို တိုက်ဖျက်နိုင်ခဲ့ကြပါတယ်။ဟုတ်ပြီ၊ ဒါဆိုရင် ကျွန်တော်တို့ ဒီဇာတ်ကားလေးအကြောင်းကို နည်းနည်းလောက် မြည်းစမ်းကြည့်ကြရအောင်။ဂျော်ဂျီယာပြည်နယ် ကျေးလက်ဒေသ တစ်ခုရဲ့ အိမ်ကြီးတစ်လုံးမှာတော့ အခုချိန်ထိ ကျွန်စနစ်ပျက်သွားတာကိုမသိဘဲ ကျွန်ပြုခံထားရသူတွေ ရှိနေသေးပါတယ်။ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ဖြတ်ထားတာ ကို ခံနေရပြီး၊ အပြင်လောကကြီးအကြောင်း ဘာမှကို မသိသူတွေပါ၊ အဲဒီအိမ်ကြီးရဲ့ ကျွန်ပြုခံထားရတဲ့ လူတွေထဲမှာ အဲလက်စ်ဆိုသူ အမျိုးသမီးဟာ ဒီနေရာကနေ ထွက်ပြေးပြီးတော့ လွတ်လပ်မှုကိုရှာဖွေချင်သူတစ်ဦးပါ။သူတို့ကို ပိုင်ဆိုင်ထားသူ သခင်ရဲ့ရက်စက်မှုတွေကို တော်လှန်ချင်သူပါ။ တစ်နေ့မှာတော့ ...
movie

Alice (2022)

Salt (2010) 6.4
Salt (2010) Salt (2010)=========IMDb Rating - 6.4/10#Unicode2010 မှာ ထွက်ခဲ့တဲ့ Action, Mystery, Thriller ကားလေးပဲဖြစ်ပါတယ်။ မင်းသမီးကတော့ ပရိတ်သတ်အချစ်တော် အချောစား အလန်းစား Angelina Jolie ဖြစ်ပြီး IMDB 6.4/10 ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အယ်ဗလင်းဆော့တ်က အမေရိကန် စီအိုင်အေ အေးဂျင့်တစ်ယောက်ဖြစ်ပြီးသူမရဲ့ အရည်အချင်းကို အသိုင်းအဝိုင်းက အသိအမှတ်ပြုထားတဲ့သူတစ်ယောက်ပါ။ သူမ မြောက်ကိုရီးယားမှာ အဖမ်းခံရတုန်းက လာကယ်ဖို့ကြိုးစားခဲ့တဲ့ ဂျာမန်လူမျိုး ပင့်ကူမုဆိုး မိုက်ခ်နဲ့ချစ်ကျွမ်းဝင်ပြီး လက်ထပ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့ဆီကို ရရှားတစ်ယောက်ရောက်လာပြီး ဆော့တ်ဟာ ရရှားသူလျှိုတစ်ယောက်ဖြစ်ကြောင်း ပြောသွားတဲ့အခါမှာတော့ဆော့တ်တစ်ယောက် ထွက်ပြေးရတော့ပါတယ်။ မိုက်ခ်လည်း ပျောက်နေပါပြီ။သူ တကယ်ရရှားသူလျှိုဟုတ်မဟုတ် မိုက်ခ်နဲ့ပြန်ဆုံမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြပါဦး။၂၀၁၀ မှာထွက်ရှိထားပြီ။ မတင်ရသေးတဲ့ ဇာတ်လမ်းကောင်းလေးမို့ ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu  ပဲဖြစ်ပါတယ်။)#Zawgyi2010 မွာ ထြက္ခဲ့တဲ့ Action, ...
movie

Salt (2010)

2010
The Messenger(2009) 7.1
The Messenger(2009) The Messenger(2009)IMDb.....7.1,,,,,,Rotten.......89%စစ်ကားဟေ့ဆိုလျှင်  BLACK HAWK DOWN ၊AMERICAN SNIPER၊LONE SURVIVOR၊ SAVING PRIVATE RYANတို့လို  ကျည်ဆံသံတဝီဝီ  အမြောက်ဆံတဝုန်းဝုန်းတွေပါတဲ့ကားမျိုးမှ သဘောကျတဲ့ ကျွန်တော့်အဖို့  ယ္ခုThe Messenger(2009) ဇာတ်ကားကိုကြည့်ဖို့အတော်ကြီးကို အားမွေးရပါတယ်....ဘာလို့လဲဆိုတော့ ဒီဇာတ်ကားက WAR အမျိုးအစားဖြစ်ပေမယ့်Drama ဘက်ကိုဦးစားပေးထားလို့ပါပဲ... WAR အမျိုးအစားဖြစ်လို့ ခဏတော့ကြည့်လိုက်မှဆိုပြီး မြည်းကြည့်လိုက်တာ ကျွန်တော်အထက်ကပြောခဲ့တဲ့စစ်ကားကောင်းတွေမှာမပါခဲ့တဲ့ ရှုထောင့်ကိုရိုက်ပြထားတယ်....အစပိုင်း၁၅မိနစ်လောက်ပဲကြည့်ရသေးတယ် ...အဆုံးထိ ကြည့်ဖြစ်သွားသလို အတွေးတွေလည်း တစ်ကိုယ်လုံးထုံလွှမ်းကျန်ခဲ့တယ်...အမေရိကန်စစ်တပ်မှ တပ်ကြပ်ကြီးတစ်ယောက်ဟာ  ရှေ့တန်းမှာ လက်နက်ကြီးထိခဲ့လို့ မျက်လုံး ခြေထောက်တို့မှ ဒဏ်ရာရရှိသွားတယ်..ဒါကြောင့်သူ့ကို စစ်တပ်ကနေ ပင်စင်ပေးဖို့ ပြုလုပ်ပေးတယ်..မပေးခင်ကာလ (၃)မှာ ပေါ့ပါးတဲ့တာဝန်တစ်ခုကိုခိုင်းလိုက်တယ်....သူလုပ်ရတဲ့အလုပ်မှာ အထက်အရာရှိတစ်ယောက်ရှိတယ်...သူ့အလုပ်က လွယ်ကူလွန်းတယ်လို့ ယူဆတယ်...တိုက်ခိုက်ရေးစစ်သားတစ်ယောက်အနေနဲ့ ဒီအလုပ်က သူ့အတွက်စိတ်ပျက်စရာဖြစ်နေတယ်...သို့ပေမယ့် သူထင်သလောက် မလွယ်ကူမှန်း (၃)ခါလောက်လုပ်ပြီးတဲ့အချိန်မှာသိလိုက်ရတယ်...ခင်ဗျားတို့လည်း ဇာတ်ကားကြည့်နေရင်း သူတို့လုပ်တဲ့အလုပ်နေရာကို ဝင်ရောက်ခံစားရင်းအဆိုးတကာ့အဆိုးဆုံးစစ်ပြေပြင်ကိုသွားနေသလိုခံစားရလိမ့်မယ်...ဘာအလုပ်ဆိုတာရယ် ...ဘယ်လိုတွေ တွေ့ကြုံရမယ်ဆိုတာရယ်တော့ စပွိုင်လာမဖြစ်စေလို့တဲ့အတွက်ကြောင့်မပြောတော့ပါဘူး...သို့ပေမယ့် စစ်ကားကောင်းကြိုက်တဲ့သူတွေအဖို့ ဒီကားကိုကြည့်စေချင်တယ်....ခင်ဗျားတို့အတွက် ရုပ်ရှင်ကားကြည့်ရတာ အချဉ်းနှီးမဖြစ်စေပါ့လားဆိုတဲ့အတွေးမျိုးရစေတဲ့ကားစာရင်းထဲမှာ ဒီကားလည်း စာရင်းဝင်သွားလိမ့်မယ်လို့အာမခံတယ်...ဒီကားက ဇာတ်ညွှန်းဆု၊ဇာတ်ပို့ဆုအတွက် အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့သလို  အခြားဆု(၁၇)ဆုလည်းရရှိခဲ့တယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye ...
movie

The Messenger(2009)

2009