Channel Myanmar

Gage Marsh

Festival of the Living Dead (2024) 4.3
Festival of the Living Dead (2024)  Festival of the Living Dead (2024)1968 ခုနှစ်လောက်က ဖြစ်ခဲ့တဲ့ ဇွန်ဘီးကပ်ဆိုးမှာ သေဆုံးခဲ့သူတွေအတွက် အထိမ်းအမှတ်အနေနဲ့ ကျင်းပပေးတဲ့ Living Dead ပွဲတော်ကြီး..ဒီပွဲတော်ကြီးကို သွားရောက်ဖို့အတွက် လက်မှတ်ကို အက်ရှ်ရဲ့ မွေးနေ့လက်ဆောင်အဖြစ် သူ့ကောင်လေး ကယ်ဗင်က ပေးလိုက်တဲ့အခါ..ကယ်ဗင်နဲ့ အက်ရှ်တို့နဲ့အတူ သူတို့သူငယ်ချင်းတွေအဖွဲ့လိုက် ပွဲတော်ကို သွားရောက်ခဲ့ကြတယ်..ဇွန်ဘီးကပ်ဆိုးမှာ သေဆုံးခဲ့သူတွေအတွက် ကျင်းပပေးတဲ့ပွဲကြီးမှာ တကယ့်ဇွန်ဘီးတွေ ပါဝင်လာတဲ့အခါ..အက်ရှ်တို့အဖွဲ့ဟာ ဒီကပ်ဆိုးကနေ လွတ်မြောက်ဖို့ တကယ့်ဇွန်ဘီးအစစ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်..တဖန်ပြန်လည်ဖြစ်ပေါ်လာတဲ့ ဇွန်ဘီးကပ်ဆိုးကြီးကနေ ဘယ်သူတွေ လွတ်မြောက်သွားမလဲ? ဘယ်သူတွေ သေဆုံးသွားမလဲ? ဆိုတာကြည့်ရှုလိုက်ကြပါဉီး.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.5 GB) / (870 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:28:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon
movie

Festival of the Living Dead (2024)

2024
Calamity Jane (2024)
Calamity Jane (2024)  ရှေးခေတ်ကောင်းဘွိုင်ကားတွေကြည့်လိုက်ရင် Cowboy ဆိုတဲ့အတိုင်း အမျိုးသားတွေကပဲကြမ်းပြနေပြီး အမျိုးသမီးတွေကြမ်းပြတယ်ဆိုတာ ခပ်ရှားရှားပါပဲ။အဲ့ဒါကြောင့် သာမန်ကောင်းဘွိုင်ကားတွေနဲ့မတူပဲ အမျိုးသမီးတစ်ယောက် ကြမ်းပြတဲ့ကားကိုကြည့်ချင်ရင်တော့အခုတင်ဆက်ပေးမဲ့ Calamity Jane ဆိုတဲ့ ကားက ရှယ်ပဲဖြစ်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ ဇာတ်ကားနာမည်ထဲကကလမ်မတီဂျိန်းဆိုတာက ကောင်းဘွိုင်သမိုင်းကြောင်းမှာ တကယ်ရှိခဲ့တဲ့ ခပ်ကြမ်းကြမ်းအမျိုးသမီးတစ်ယောက်ဖြစ်နေလို့ပါပဲ။သေနတ်ပစ်ရာမှာ ယောက်ျားတွေထက်ပိုကြမ်းသလို လုပ်ခဲ့တဲ့ရာဇဝတ်မှုတွေကြောင့် သူ့နာမည်ကြားရုံနဲ့ကို ရှိန်နေရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။၁၉၅၃ ခုနှစ်တုန်းကလည်း ဒီနာမည်နဲ့ပဲဇာတ်ကားတစ်ကားထွက်ခဲ့ပြီး အခုကတော့ခေတ်သစ်မှာပြန်လည်ဆန်းသစ်ရိုက်ကူးထားတယ်လို့ပြောရမှာပါပဲ။အထက်မှာပြောခဲ့တဲ့အတိုင်းပဲ အဲ့လိုကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ကလမ်မတီဂျိန်းဆိုတဲ့အမျိုးသမီးရဲ့ ယောက်ျားကို ဖဲဝိုင်းတစ်ဝိုင်းမှာစကားများပြီးလူတစ်ယောက်က သတ်လိုက်တာကိုသိလိုက်ရတဲ့အခါမှာတော့ရေဆုံးမြေဆုံးထိ လိုက်ပြီးပြန်လည်လက်စားချေပုံတွေ သူ့ဘ၀ရဲ့ဘ၀ဇာတ်ကြောင်းအစုံအလင်ကို သေနတ်ပစ်ခန်းတွေအများအပြားနဲ့ကြည့်ရှုရမဲ့အက်ရှင်ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။  File size…1.69GB / 716 MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 35m Genre ….. Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Calamity Jane (2024)

It Lives Inside (2023) 5.4
It Lives Inside (2023)  Horror ပရိတ်သတ်ကြီးအတွက် လောလောလတ်လတ် ထွက်ရှိထားတဲ့Horrorဇာတ်ကားလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်ကားလေးကတော့ အမေရိကားမှာ ပြောင်းရွေ့နေထိုင်နေတဲ့ဟိန္ဒူမိသားစုကိုဇာတ်အိမ်တည်ထားတာပါ။ အဓိကဇာတ်ကောင် ဆမီဒါဟာအထက်တန်းကျောင်းသူလေးဖြစ်ပြီး အထက်တန်းကျောင်းမှာ သူ့လိုပဲတာမီရာဆိုတဲ့ဟိန္ဒူမလေး တစ်ယောက်ရှိပါတယ်။ အဲ့ဒီ တာမီရာဟာအရင်ကနဲ့မတူပဲ တစ်ယောက်တည်းသီးသန့်နေပြီး ထူးထူးဆန်းဆန်းတွေပြုမူလို့နေပါတယ်။ တစ်နေ့မှာတော့ တာမီရာဟာ ထိတ်လန့်သွေးပျက်နေဟန်နဲ့အတူဖန်ပုလင်းတစ်လုံးကိုကိုင်ကာ ဆမီဒါဆီ အကူအညီလာတောင်းပါတော့တယ်။သူကိုင်ထားတဲ့ဖန်ပုလင်းထဲမှာ ဘယ်လိုအရာရှိနေတာလဲ၊ ဆမီဒါကရောသူ့ကိုကူညီပေးလိုက်ပါ့မလား၊ ဘယ်လိုအရာတွေဆက်ဖြစ်လာမှာလဲ စတာတွေကိုဇာတ်ကားထဲမှာပဲ ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…1.01GB / 434MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
movie

It Lives Inside (2023)