Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gabrielle Union
She’s All That (1999)
IMDb Rating 5.9/10ဆယ်ကျော်သက်အချစ်ရုပ်ရှင်ကားတစ်ကားပေမဲ့ ပုံမှန်ဆယ်ကျော်သက်ကားတွေနဲ့ မတူညီတဲ့ ရှုထောင့်ကနေ ခံစားသက်ဝင်ပြီး ကြည့်ရှုရမယ့် She’s All That ……………. မင်းသားချောလေး Freddie Prinze Jr ပါဝင်ထားတဲ့ ကြည်နူးစရာအချစ်ကားလေးတစ်ကားဖြစ်ပြီး ဒီကားမှာ ဖရတ်ဒီက ကျောင်းရဲ့ နာမည်ကျော် King ဇက်ဆိုင်လာအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်....ကျောင်းရဲ့ နာမည်ကျော် King ဇက်ဆိုင်လာက Queen တေလာဗန်ဟာရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီး အသဲကွဲနေသောအခါ... သူ့သူငယ်ချင်းတွေက အသဲကွဲနေတဲ့သူ့ကို နှစ်သိမ့်ကြရင်း အလောင်းအစားတစ်ခုကို လောင်းကြဖို့ အခြေအနေတစ်ခုဖြစ်လာပါတယ်.... အဲ့အလောင်းအစားကတော့ ဒီကျောင်းက တစ်ယောက်ယောက်ကို ရွေးချယ်ပြီး ဇက်ဆိုင်လာက Queen ဖြစ်အောင် ဖန်တီးပေးရမှာ ဖြစ်ပါတယ် သူတို့ဖန်တီးပေးရမယ့် သားကောင်က ကျောင်းက လူထူးဆန်းမလေး လန်နီဖြစ်နေတဲ့အခါ......သူ့ရဲ့အလောင်းအစားကို အနိုင်ရဖို့ ဇက်ဆိုင်လာက လန်နီကို ချဉ်းကပ်ခဲ့ရင်း တစ်ယောက်နဲ့ တစ်ယောက်နီးစပ်သွားတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ကြမလဲ? ...
movie
She’s All That (1999)
6.0
Riff Raff (2024)
တကယ့်ဒိတ်ဒိတ်ကြဲ နာမည်ကြီးသရုပ်ဆောင်ကြီးတွေပဲပါဝင်သရုပ်ဆောင်ထားတဲ့ မိသားစုဟာသဇာတ်ကားကောင်းလေးတစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။မိသားစုဟာသကားဆိုလို့ နူးနူးညံ့ညံ့တော့မထင်လိုက်ပါနဲ့။မိသားစုတွေကြားထဲကအချစ်အကြောင်းကို ကြမ်းကြမ်းတမ်းတမ်း အပစ်အခတ်တွေနဲ့ပုံဖော်ထားတာဖြစ်ပြီးဇာတ်လမ်းကကောင်းလွန်းလို့ တစ်ကားလုံးမပျင်းရဘဲပရိသတ်ကိုစီးမျောခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Riff Raff ဖြစ်ပြီး လက်ရှိIMDb Rating 6.0 အထိရရှိထားပါတယ်။သရုပ်ဆောင်တွေကလည်း လူငယ်ဘ၀မှာတင်မကဘဲအခုအသက်ကြီးတဲ့အထိ ကြမ်းနေဆဲဖြစ်တဲ့ အက်ရှင်လူကြမ်းမင်းသားကြီး Ed Harris တို့ American PieSeries မှာနာမည်ကြီးခဲ့တဲ့ Jennifer Coolidge တို့ နာမည်ကြီးကလေးဟာသသရုပ်ဆောင် Miles J. Harvey တို့အပြင်တခြားသော နာမည်ကြီးတွေများစွာပါဝင်ထားတဲ့အတွက်တစ်ခါလောက်တော့ မကြည့်မဖြစ်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။ဇာတ်လမ်းက မိသားစုအကြောင်းဖြစ်တဲ့အတွက် ဒီဇာတ်ကားရဲ့အဓိကမိသားစုအကြောင်းစပြောရမှာပါပဲ။ဒီဂျေဆိုတဲ့ကောင်လေးက သူ့အမေဆန်ဒီနဲ့အတူတူ သူ့ပထွေးဆိုပေမဲ့ အဖေအရင်းလိုချစ်ရပြီး အဖေလို့ပဲခေါ်တဲ့ဗင်းဆင့်တို့နဲ့အတူတူ ပျော်ရွှင်တဲ့မိသားစုလေးကိုထူထောင်ပြီးနေထိုင်ကြပါတယ်။အခုလည်း နှစ်သစ်ကူးနေ့မှာအပန်းဖြေဖို့အတွက်ကျေးလက်က သူတို့ရဲ့အပန်းဖြေအိမ်မှာသွားရောက်နေထိုင်နေကြပါတော့တယ်။ဒါပေမယ့် အဲ့ဒီညမှာပဲ သူတို့ဆီကို မထင်မှတ်ထားတဲ့ ဧည့်သည်တွေရောက်ချလာပါတော့တယ်။အဲ့ဒီဧည့်သည်တွေကဘယ်သူတွေလဲဆိုရင်တော့ ဗင်းဆင့်ရဲ့သားအရင်း ရော့ကို သူ့ကောင်မလေးနဲ့ သူ့အရင်မိန်းမ ရုသ်တို့ပဲဖြစ်ပါတယ်။ရောက်လာတဲ့ပုံစံကတော့ ရေးကြီးသုတ်ပျာဖြစ်နေပြီးဘာအကြောင်းအရင်းကြောင့်လဲဆိုတာလည်း သေချာမသိရသေးပါဘူး။ဒါပေမယ့် အဖေဖြစ်တဲ့ဗင်းဆင့်ကတော့ သူ့သားတစ်ကောင် ပြဿနာရှာလာပြီမှန်း တန်းသိလိုက်ပါတော့တယ်။ဒီလိုနဲ့ဒီအိမ်မှာ မိသားစု ...
movie
Riff Raff (2024)
6.2
Bring It On (2000)
Bring It On (2000)IMDb Rating (6.2) / Rotten Tomatoes (65%) ဒီဇာတ်ကားလေးကတော့ ၂၀၀၀ ပြည့်နှစ်ကျော်တွေက trend တစ်ခုလိုမျိုး အများအပြား ထွက်ရှိခဲ့တဲ့ အမေရိကန် Teen/Comedy ရုပ်ရှင်ကားတွေထဲက ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။Toby Mcguire ရဲ့ Spider-Man ရုပ်ရှင်တွေမှာ MJ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးက ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင် Torrence အဖြစ် ပါဝင်ထားပါတယ်။90s born တွေအနေနဲ့ ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးကို ကြည့်ရင်း လွမ်းဆွတ်ဖွယ် ခံစားချက်တစ်ခုကို ရရှိမယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Torrence ဟာ အထက်တန်းကျောင်း ကိုယ်စားပြု နာမည်ကျော် Cheerleader အသင်းတစ်ခုရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ Big Red က ကောလိပ်တက်ရမှာ ဖြစ်တဲ့အတွက် လစ်လပ်သွားတဲ့ ...
movie
Bring It On (2000)
2000
4.8
Abandon (2002)
Abandon (2002)IMDb Rating (4.8) နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားပြီး ဇာတ်ညွှန်းရေးသားသူနဲ့ဒါရိုက်တာကစတီဖန်ဂက်ဟန်(Stephen Gaghan)ဖြစ်ပါတယ်။ရဲအရာရှိ ဝိတ်ဟန်ဒလာ(ဘင်ဂျမင်ဘရတ်)ကို လွန်ခဲ့တဲ့နှစ်နှစ်က ပျောက်သွားတဲ့ကောလိပ်ကျောင်းသား အမ်ဘရီလားကင်(ချာလီ ဟန်နမ်)ရဲ့အမှုကိုစုံစမ်းဖို့တာဝန်ပေးလိုက်ပါတယ်။ဝိတ်ဒ်ကအမ်ဘရီရဲ့ရည်းစားကောလိပ်ကျောင်းသူကေတီဘာ့ခ်(ကေတီဟုမ်း) နဲ့သူငယ်ချင်းတွေကို မေးမြန်းစုံစမ်းရင်းတစ်ဖြည်းဖြည်းကေတီနဲ့ တော်တော်ရင်းနှီးလာပါတယ်။ကေတီက အိပ်ပျော်ဖို့ခက်ခဲတာရယ် စိတ်ဖိစီးမှုရှိတာရယ်ကြောင့် ဒေါက်တာဒေ့ဗ်ဆီမှာသွားပြနေရပါတယ်။ကေတီက အမ်ဘရီ့ကိုအမြဲအိပ်မက်မက်နေတတ်ပါတယ်။ကေတီ့အပြောအရ အမ်ဘရီပြန်လာပြီဆိုတာကိုဝိတ်ဒ်နဲ့ကေတီ့သူငယ်ချင်းဆမန်သာသိလိုက်ရပါတယ်။အမ်ဘရီပြန်ရောက်လာတဲ့အခါရဲအရာရှိဝိတ်ဒ်ကိုရော သူငယ်ချင်းဟာရစ်ဆင်ကိုပါ မနာလိုဖြစ်နေပါတယ်။ကြားထဲမှာဟာရစ်ဆင်ပျောက်သွားလို့ အမ်ဘရီကတစ်ခုခုလုပ်လိုက်တယ်ထင်ပြီး ကေတီက အမ်ဘရီ့ကျေးလက်အိမ်ထိလိုက်မေးပါတယ်။အမှုအတွက်ရလာတဲ့ သက်သေခံပစ္စည်းတစ်ချို့ကို ကျွမ်းကျင်သူဆီမှာစစ်ခိုင်းတာမှာ ထူးဆန်းတဲ့အချက်တွေပေါ်လာပြန်ပါတယ်။နှစ်နှစ်ကြာပြီးမှအမ်ဘရီဘာလို့ ပြန်ပေါ်လာသလဲ ဟာရစ်ဆင်ဘာဖြစ်သွားလဲဝိတ်ဒ်နဲ့ အမ်ဘရီတွေ့မလား? ကေတီနဲ့ပြန်ပေါင်းထုပ်မှာလား။ရုပ်ရှင်က လှည့်စားချက်ကလေးတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြထားတဲ့အတွက် အဆုံးကျမှဇတ်ရည်လည်ပြီး ခေါင်းထဲစွဲကျန်စေမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။အမေရိကန်နိုင်ငံက ကောလိပ်ကျောင်းတက္ကသိုလ်တွေရဲ့ အလေ့အထတစ်ချို့နဲ့ကျောင်းသူကျောင်းသားတွေရဲ့ကျောင်းသားဘဝ ပညာရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်းမြင်ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။)File size…(1.6 GB) / (780 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery, Romance, Thriller Duration….01:39:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin ...
movie
Abandon (2002)
2002
6.6
The Public (2018)
The Public(2018)IMDb ...... 6.6နိုင်ငံခြားက အိမ်ခြေယာမဲ့တွေကတော့ တချို့တလေက သူတောင်းစားတွေပါ...တချို့တလေကတော့ အလုပ်လုပ်ကြပါတယ်...ဒါပေမဲ့ အိမ်ခြေယာမဲ့ကတော့ အိမ်ခြေယာမဲ့ပါပဲ...သူတို့တွေ ဘယ်အချိန်မှာ ဒုက္ခအရောက်ဆုံးလဲဆိုရင် ရာသီဥတုဖောက်ပြန်တဲ့အချိန်လို့ပဲပြောရမှာပါ...နွေရာသီအရမ်းပူတဲ့အချိန်...မိုးရာသီ မိုးအရမ်းကြီးတဲ့အချိန်...ဆောင်းရာသီ အရမ်းအေးတဲ့အချိန်မျိုးပေါ့...ဒီဇာတ်ကားထဲမှာတော့ Ohio ပြည်နယ် Cincinnati မြို့ကိုအအေးလှိုင်းဖြတ်တဲ့အခါမှာ အိမ်ယာမဲ့တွေ ဒုက္ခရောက်တဲ့အကြောင်း ရိုက်ကူးထားတာပါ...အအေးဒဏ်ကြောင့် မြို့တွင်း အိမ်ယာမဲ့ဂေဟာတွေမှာ လူတွေပြည့်လျှံလာခဲ့ပါတယ်ဒီလိုနဲ့ အခြေအနေပိုမိုဆိုးရွားလာပြီး အသေအပျောက်တွေရှိလာတဲ့အခါမှာတော့ အိမ်ယာမဲ့တွေဟာတစ်ညတာခိုနားနိုင်မယ့် နေရပ်အဖြစ် မြို့လယ်ခေါင်က အများပိုင် စာကြည့်တိုက်ကြီးကို ရွေးချယ်လိုက်ပါတော့တယ်...ဒါပေမဲ့လည်း အာဏာပိုင်တွေက ဒီကိစ္စကို ခွင့်မပြုဘဲ တားဆီးလာချိန်မှာတော့ အစိုးရအဖွဲ့များနဲ့ အိမ်ခြေယာမဲ့တို့အကြားပဋိပက္ခ ပြဿနာတွေဖြစ်ပွားလာခဲ့ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကတော့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်..... File Size : 1.97GB / 800MB Quality : Blu-Ray 1080p / Blu-Ray 720p Format…mp4 Duration…02:00:00 Genre : Drama Subtitle : Myanmar Subtitle ...
movie
The Public (2018)
6.6
Bad Boys II (2003) Bad Boys 2
Bad Boys 2 (2003)==============IMDb Rating - 6.6/10Bad Boys ဇာတ်ကားရဲ့ဒုတိယမြောက်ဇာတ်ကားလေးပါ။ ဒီဇာတ်ကားရဲ့ထုံစံအတိုင်း မင်းသားတွေဖြစ်တဲ့Will Smith နဲ့ Martin Lawrence တို့ပဲဆက်လက်သရုပ်ဆောင်ထားပါတယ်။ ရှေ့ဇာတ်ကားနဲ့မတူကွဲပြားတဲ့ပုံစံမျိုးနဲ့ရိုက်ပြထားတာလည်းတွေ့ရပါတယ်။ ဒီဇာတ်ကားမှာတော့ ကျူးဘားက မူးယစ်မှောင်ခိုလုပ်တဲ့ တမီယာဆိုတဲ့သူက သူ့ဆေးတွေကိုအမေရိကမှာရောင်းပြီး ကျူးဘားဆီကို ငွေပြန်ပို့တာပါ မူးယစ်ငွေမဲတွေဖြစ်တဲ့အတွက်ဘဏ်တွေကနေတစ်ဆင့်ပို့လို့မရတဲ့အတွက် ရေကြောင်းသင်္ဘောတွေကို သုံးပြီးပို့ပါတယ်။ အဲ့ဒါကိုသိတဲ့အမေရိကန်တွေက ရေကြောင်းမှာ လုံခြုံရေးတင်းကျပ်ပြီး လိုက်ပေမယ့် ဖမ်းလို့မမိပါဘူး။ မိရင်လည်းနည်းနည်းသာဖြစ်ပြီးတပီယာကိုတရားစွဲလို့မရပါဘူး။ အဲ့အတွက် ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးတွေက ဝင်ပြီးဖမ်းဆီးပေးတာကိုခပ်မိုက်မိုက်ကြည့်ရမယ့်ဇာတ်ကားမျိုးပါ။Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys ကြည့်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File size…(13 GB)/(1.5 GB ) / (1 GB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:26:45 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM,Ka Naung Translated ...
movie
Bad Boys II (2003) Bad Boys 2
2003
4K HEVC
Space Cadet (2024)
ဖလော်ရီဒါသူ ရက်စ်ကတော့ ဘားမှာ အလုပ်လုပ်ပြီး မိချောင်းတွေနဲ့ နပမ်းလုံးရင်း ဘဝကိုပျော်ပျော်ဖြတ်သန်းနေတဲ့သူပါ။ နည်းပညာကျောင်းတက်ဖို့ စကော်လားရှစ်ရခဲ့ပေမဲ့လည်း အမေဖြစ်သူရဲ့ ကျန်းမာရေးကြောင့် မတက်ဖြစ်ခဲ့ပါဘူး။တစ်နေ့မှာတော့ အထက်တန်းကျောင်းပြန်လည်တွေ့ဆုံပွဲကိုသွားရင်း အတွေးပေါက်လာခဲ့ပြီး သူငယ်ငယ်ကဖြစ်ချင်တဲ့ အာကာသယာဉ်မှူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်ပါတော့တယ်။ ဘွဲ့လည်းမရှိ၊ အထက်တန်းပဲအောင်ပြီး တခြား လိုအပ်ချက်တွေလည်း မပြည့်မှီပေမဲ့ သူ့ငယ်ငယ်ကအိပ်မက်အကြောင်းကို လျောက်လွှာထဲရေးထည့်လိုက်တာပါ။ ဒါပေမဲ့လည်း လျောက်လွှာကို သူငယ်ချင်းဖြစ်သူ နာဒင်းက အင်ထုပြီး ပြန်ပြင်ရေးလိုက်တာကနေ နာဆာရဲ့ အာကာသယာဉ်မှူအစီအစဉ်မှာ ရက်စ်တစ်ယောက်အရွေးခံလိုက်ရပါတော့တယ်။လိုအပ်တဲ့ စွမ်းရည်အပြည့်အဝမရှိပဲ ဖြတ်ထိုးဉာဏ်ကောင်းပြီး အိပ်မက်တစ်ခုနဲ့ ရက်စ်တစ်ယောက် နာဆာရဲ့သင်တန်းကျောင်းကအခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie
Space Cadet (2024)
6.5
Think Like a Man (2012)
2009 ခုနှစ်ကထုတ်ဝေထားပြီး review ကောင်းတွေနဲ့နာမည်ကျော်တဲ့ Steve Harvey ရဲ့ "Act like a lady, think like a man" ဆိုတဲ့မိန်းမတွေအတွက်ယောက်ျားတွေရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ် IMDb 6.5/10. Rotten tomatoes 54%ထိရရှိထားပြီးဗျူဟာအသစ်တွေနဲ့အချစ်စမ်းကြမဲ့အမျိုးသမီးတွေနဲ့ အမျိုးသားထုကြီးအကြောင်းကိုဟာသဆန်ဆန်ရိုက်ကူးထားတာကိုတွေ့ရမှာပါ Kevin Hart နဲ့သူငယ်ချင်းတွေကတော့အမျိုးသားထုကြီးကိုကိုယ်စားပြုထားတာဖြစ်ပြီး Steve ရဲ့စာအုပ်ကြောင့်သူတို့ရဲ့အချစ်ရေးကိစ္စတွေမှာပရမ်းပတာတွေဖြစ်သွားပါတော့တယ် စာအုပ်ဖတ်ပြီးတစ်ကွက်ကြိုမြင်နေတဲ့အမျိုးသမီးတွေဖက်ကစစချင်းတစ်ပန်းသာနေခဲ့ပေမဲ့ ကစားပွဲအလှည့်အပြောင်းတစ်နေရာအရောက်မှာတော့... နည်းဟောင်းတွေနဲ့တိုက်လို့မရတော့တဲ့အတွက်အမျိုးသားထုကြီးကလည်းဗျူဟာအသစ်တွေထုတ်သုံးရပါတော့တယ် ဒီလိုနဲ့အမြဲတမ်းလွန်ဆွဲနေတဲ့အချစ်စစ်ပွဲမှာဘယ်သူတွေကအနိုင်ရသွားမလဲဆိုတာကိုပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် File size…(1.5 GB)/(780 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:02:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Think Like a Man (2012)
6.7
The Perfect Find(2023)
The Perfect Find(2023)********************** ဂျန်နာဂျုံးစ်ဟာ တစ်ချိန်က နာမည်ကျော် ဖက်ရှင်မော်ဒယ်ဖြစ်ပေမယ့် ချစ်သူဖြစ်သူက (၁၀)နှစ်တာ အချစ်ရေးကိုတစ်ဖက်သတ် တစ်ခန်းရပ်လိုက်တာကြောင့် အသည်းကွဲရုံသာမက အလုပ်ကပါအထုတ်ခံလိုက်ရပြီးအမေ့အိမ်မှာ သောင်တင်နေတာပါ။ အသက်ကလည်း ၄၀ကျော်ဖြစ်နေပြီဖြစ်တဲ့အပြင် အသည်းကွဲပြီး ၁နှစ်လောက် စားလိုက်သောက်လိုက်နဲ့ အလုပ်မလုပ်ဘဲနေနေတဲ့အတွက် အမေဖြစ်သူက အိမ်ကနေ အတင်းနှင်ထုတ်ပြီး အလုပ်ပြန်လျှောက်ခိုင်းပါတော့တယ်။ကြံရာမရတော့ တချိန်က ပြိုင်ဘက်လည်းဖြစ်၊ ရည်းစားလုဘက်လည်းဖြစ် တဲ့ ဒါစီရဲ့ ဖက်ရှင်မဂ္ဂဇင်းတိုက်မှာ လစ်လပ်နေတဲ့ ကြော်ငြာကဏ္ဍမှာ အလုပ်ဝင်လုပ်ပါတယ်။ သိပ်မကြာခင်မှာပဲ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ သူ့ဆီကို မောင်လေးတစ်ယောက်၊အစ်ကိုကြီးတစ်ယောက်နဲ့ တချိန်က ပလစ်သွားတဲ့ ရည်းစားဟောင်းတို့က တပြိုင်နက်တည်း ချဉ်းကပ်လာပါတော့တယ်။ ကဲ သူ ဘယ်သူ့ကို လက်ခံမှာ လဲ၊ အချစ်ရေးကို စိတ်ပျက်သွားတဲ့ သူ့အတွက် ဒါဟာ အကောင်းလား၊ အဆိုးလား၊ ပြိုင်ဘက်ဖြစ်သူဆီမှာ ခေါင်းငုံ ပြီးအလုပ်ဝင်လုပ်တာ အဆင်ပြေပါ့မလား၊ သူ့ဘဝတက်လမ်းဘက်ကိုပဲဦးတည်မှာလားဆိုတာတွေကို ရယ်စရာ မောစရာအဖြစ်တွေနဲ့ ...
movie
The Perfect Find(2023)
7.2
The Inspection (2022)
The Inspection (2022)~ IMDb - 7.2/10, Rotten Tomatoes - 89% ~ရွှေကမ္ဘာလုံးဆု ဆန်ကာတင်ဝင်ခဲ့တဲ့ ဖြစ်ရပ်မှန် မရိန်းတပ်တွင်း ဒရာမာ ရုပ်ရှင်ဖြစ်ပါတယ်။ဒါရိုက်တာကတော့ မရိန်းတပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး သူ့ရဲ့ ကိုယ်တွေ့ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတာပါပဲ။ အကြောင်းအရာကတော့... လိင်တူချစ်သူတွေကို မုန်းတတ်တဲ့ စိတ်ရောဂါရှိတဲ့ အမေဟာ သူ့ရဲ့သားဖြစ်သူ ဖရန့်ကို အိမ်ကနှင်ချခဲ့တာကြာပါပြီ။ ဖရန့်ဟာ မရိန်းတပ်ထဲကိုဝင်သွားပြီးတော့ သင်တန်းကာလမှာ လိင်တူမုန်းတဲ့လူတွေနဲ့ ကြုံဆုံရပုံ အခက်အခဲတွေကို ပြသထားတာဖြစ်ပါတယ်။အမေရိကန်စစ်တပ်ဟာ လိင်တူတွေနဲ့ပတ်သက်ပြီး မမေးနဲ့မပြောနဲ့ ဆိုတဲ့ တရားဝင်ပေါ်လစီ ရှိပါတယ်။ ၁၉၉၃ လောက်မှာစတင်ခဲ့တာပါ။ အဓိပ္ပါယ်ကတော့ စစ်တပ်ထဲမှာ တားမြစ်ထားတဲ့လိင်တူကိစ္စတွေ မပြုမူမချင်း စစ်သားတစ်ယောက်ကို လိင်တူချစ်သူဟုတ်မဟုတ် လိုက်စုံစမ်းခွင့်မရှိပါဘူး။ ဒါပေမဲ့ လိင်တူချစ်သူပါဆိုပြီး တရားဝင် ထုတ်ဖော်ပြောဆိုခွင့်လည်းမပေးထားပါဘူး။ အဲဒီသဘောပါပဲ။ ဒီတော့ ဒီပေါ်လစီတွေနဲ့ စစ်သားတွေရဲ့ ကွဲပြားတဲ့သဘောထားတွေကြားမှာ ဖရန့်တစ်ယောက်ဘယ်လိုအသက်ရှင်မလဲဆိုတာကတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. ...
movie
The Inspection (2022)
2022
Strange World (2022)
ဒီနှစ်ထဲမှာထွက်ရှိထားတဲ့ ဝေါ့လ်ဒ်ဒစ္စနေးရဲ့ သိပ္ပံစိတ်ကူးယဉ် animation ဇာတ်ကားကောင်းလေးတစ်ကားလာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေဂါကလေ့ဒ်ဟာ အဗာလိုနီးယားဆိုတဲ့ပြည်က နာမည်ကြီးစူးစမ်းရှာဖွေသူတစ်ယောက်ပါ။ အဗာလိုနီးယားဟာ တောင်အထပ်ထပ်ကာရံထားတဲ့ တိုင်းပြည်တစ်ခုဖြစ်ပြီး အဲ့ဒီတောင်တွေရဲ့ဟိုဘက်မှာ ဘာတွေရှိမလဲဆိုတာ ဘယ်အဗာလိုနီးယားပြည်သူမှမသိကြသလို သိရအောင်စူးစမ်းတဲ့ စူးစမ်းရှာဖွေသူတိုင်းဟာလည်း မအောင်မြင်ခဲ့ကြပါဘူး။ အဲ့လိုခက်ခဲကြမ်းတမ်းပြီး မရေရာတဲ့စိတ်ကူးအိပ်မက်ကို မက်နေသူကတော့ ဂျေဂါကလေ့ဒ်ပဲဖြစ်ပါတယ်။ ဂျေဂါကလေ့ဒ်ဟာ ဇွဲကြီးကြီးထားကြိုးစားပြီး တောင်တန်းတွေကို ဖြတ်ကျော်နိုင်ဖို့ ကြံစည်အားထုတ်ခဲ့ရမှာ တစ်နေ့မှာတော့ မထင်မှတ်ထားတာတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ တောင်တန်းတွေကိုကျော်နိုင်မယ့် မိုးကုပ်စက်ဝိုင်းကို လှမ်းမြင်ရချိန်မှာ သူ့ရဲ့လက်ထောက်လည်းဖြစ်၊ သားလဲဖြစ်တဲ့ ဆာချာကလေ့ဒ်ဟာ ထူးဆန်းပြီးလက်လက်ထနေတဲ့ အပင်တစ်မျိုးကိုတွေ့ခဲ့ပါတယ်။ အဲ့ဒီမှာပဲ ဂျေဂါရဲ့အိပ်မက်ကို အကောင်အထည်မဖော်သေးပဲ အဆိုပါအပင်ကို အဗာလိုနီးယားဆီပြန်ပို့သင့်၊ မပို့သင့် အငြင်းပွားရာကနေ သားအဖနှစ်ယောက် သဘောထားကွဲလွဲပြီး ဂျေဂါကတစ်ဘက်၊ သားဖြစ်သူ ဆာချာနဲ့ အဖွဲ့သားတွေကတစ်ဘက် ဖြစ်သွားကြပါတော့တယ်။ အဲ့ဒီမှာပဲ ခေါင်းမာတဲ့ဂျေဂါဟာသူတစ်ဦးတည်း ခရီးဆက်ထွက်ပြီး သားဖြစ်သူနဲ့အဖွဲ့သားတွေကို အိမ်ပြန်စေပါတယ်။ အဲ့နောက်ပိုင်း ဂျေဂါရဲ့သတင်းမကြားရတော့သလို သားဖြစ်သူဆာချာဟာလည်း သူတွေ့ရှိခဲ့တဲ့ အဆိုပါလက်လက်ထနေတဲ့ ...
movie
Strange World (2022)
4.1
Cheaper by the Dozen (2022)
Cheaper by the Dozen (2022)Walt Disney Pictures ကနေထုတ်လုပ်တဲ့ မိသားစုဟာသ ကားသစ်လေးထွက်လာပါပြီ နာမည်ကြီး မင်းသားမင်းသမီးကြီးတွေ casts ပေါင်းများစွာသုံးပြီး ရိုက်ကူးထားတဲ့ ဒါရိုက်တာဇာတ်ညွှန်းရေးဆရာမ Gail Lerner ရဲ့ ကားသစ်လေး~ "Cheaper by the Dozen"... ကလေးရောလူကြီးရော ကြည့်နိုင်တဲ့ ကားကောင်းလေးဖြစ်တဲ့အပြင် ဒီကားသစ်လေးကို အရင် ၁၉၅၀ နဲ့ ၂၀၀၃ ကထွက်ခဲ့တဲ့ နာမည်တူ ကားဟောင်းကြီးတွေကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါတယ် အရင်ကားတွေနဲ့မတူဘဲ ခေတ်အလိုက်ပြောင်းလဲသွားတဲ့သဘာဝတွေကိုမြင်တွေ့ရမှာဖြစ်ပြီး တကယ့်လူနေမှုဘဝကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ် လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပါတယ် လူတိုင်းနီးပါး ကိုယ့်အိပ်မက်ကို တစ်နေ့မှာ ဖြစ်လာအောင် အကောင်အထည်ဖော်ချင်ကြမှာပါပဲ ဒီကားလေးမှာလည်း မိသားစုဝင်တွေအကုန် ကိုယ်စီအိပ်မက်ရှိကြပြီး ကိုယ့်အိပ်မက်အတွက် ရေကုန်ရေခမ်းကြိုးစားကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ် ဒါပေမဲ့ တစ်ခါတလေမှာတော့ ကိုယ်တွေးထားတဲ့ အိပ်မက်က ကိုယ်တွေနဲ့ မကိုက်တဲ့ အရာတစ်ခု/ ဖြစ်လာတာတောင် မပျော်ရွှင်ရတဲ့ အရာတစ်ခုဖြစ်လာတတ်ပါတယ် ဒီလိုအချိန်မျိုးမှာ ကိုယ်ချစ်တဲ့သူတွေ မိသားစုတွေနဲ့ တိုင်ပင်ပြီး စည်းလုံးမှုကိုပြထားတဲ့ ကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့Paul Baker (Zach Braff) နဲ့ Kate ...
movie
Cheaper by the Dozen (2022)
2022
7.3
10 Things I Hate About You (1999)
10 Things I Hate About You (1999) IMDb - 7.3/10_____Rotten - 69%ဒီရုပ်ရှင်မှာ မင်းသားကြီး Health Ledger နဲ့ မင်းသမီး Julia Stiles တို့ အဓိကပါဝင်ထားပြီးသူတို့နှစ်ယောက်ဘယ်လောက်တောင် တွဲဖတ်ညီခဲ့လဲဆိုရင် ဇာတ်ကားရိုက်ကူးနေစဉ်မှာပဲ တကယ်တွဲဖြစ်ခဲ့ကြပါတယ်....ဇာတ်ဝင်ခန်းမှာ Julia ရဲ့တောင်းဆိုချက်ကြောင့် Frankie Valli ရဲ့"Can't take my eyes off you" သီချင်းကို Health Ledger ကိုယ်တိုင် သီဆိုခဲ့ပြီး ဒီ Scene ဟာ လူတိုင်းရင်ကို ကြည်နူးစေခဲ့ပါတယ်။ဒီရုပ်ရှင်ဟာ နိုင်ငံတကာက လူငယ်တွေကြား အခုချိန်ထိ အသည်းစွဲနေတဲ့ဇာတ်ကားဖြစ်ပြီး Rating မြင့်တဲ့ Romance Comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့...ကမ်မရွန် ဆိုတဲ့ ကျောင်းသားလေး ပါဒွာ ဆိုတဲ့ ကျောင်းတော်ကြီးမှာကျောင်းစတက်တဲ့ နေ့မှာဘဲ ဘီယန်ကာဆိုတဲ့ စော်ချောချောလေးကို ...
movie
10 Things I Hate About You (1999)
1999
4K HEVC Web-DL
4.7
Fearless 2020
2020 မှာ ပူပူနွေးနွေးထွက်ရှိထားတဲ့ animated comedy လေးပါ ရိဒ် ဆိုတဲ့ ကောင်လေးဟာ Planet Master ဂိမ်းကို အင်မတန် စွဲမက်သူပါ။ Fearless ဆိုတဲ့ နာမည်နဲ့ ဂိမ်းလောကမှာ ဆရာကြီးဆိုရင်လည်း မပါဘူးပေါ့။ ရိဒ်ဆော့နေတဲ့ ဂိမ်းထဲက ကာရိုက်တာကတော့ ကပ္ပတိန် လိုက်ဒ်စပိဒ်ပါ ကပ္ပတိန်ရဲ့ သားသမီးတွေဆိုပြီး ကီရာ၊ ဇန်ဒါ၊ တိုင်တပ်စ် ဆိုပြီး ကလေးကာရိုက်တာ သုံးယောက်လည်းရှိပါသေးတယ်။ အာကန်းနစ်ဆိုတာကတော့ ကပ္ပတိန်ရဲ့ ရန်သူ ကာရိုက်တာပါ။ အာကန်းနစ်ဟာ ဂိမ်းထဲက ကာရိုက်တာဆိုပေမယ့် ဘာအစွမ်းမှမရှိပါဘူး။ ဒါပေမယ့် ကပ္ပတိန်ရဲ့ ကလေးသုံးယောက်ကို အရယူနိုင်မယ်ဆိုရင်တော့ အစွမ်းတွေရလာပါလိမ့်မယ်။ တစ်နေ့ ရိဒ်ဟာ နောက်ဆုံးအဆင့်ကို တက်ဖို့အတွက် warning တစ်ခုရခဲ့ပါတယ်။ Warning ကတော့ ဖြစ်လာတဲ့ရလဒ်တွေကို လက်ခံမှာလား ဆိုတာပါပဲ။ အဆင့်တက်ချင်နေတဲ့ ရိဒ်ဟာ warning ...
movie
Fearless 2020
5.8
Cradle 2 the Grave (2003)
Cradle 2 the Grave (2003)______IMDb - 5.8/102003 က ထွက်ရှိခဲ့တဲ့ Cradle 2 the Grave ဇာတ်ကားမှာ မင်းသားကြီး ဂျက်လီ နဲ့အတူ ပါရာနာဝေးလို့ ပရိတ်သတ်တွေ သိကြတဲ့ Mark Dacascos တို့အတူတွဲဖက်သရုပ်ဆောင်ထားပါတယ် IMDb 5.8 ရရှိထားပြီး Action ကားကောင်းကောင်းကြည့်လိုသူ တွေအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့.. ကျွမ်းကျင်သူခိုးအဖွဲ့တစ်ဖွဲ့က အဖိုးတန်ကျောက်တုံးလေးကို ခိုးယူမိပြီးသူတို့ထင်သလိုလည်းမဖြစ်လာခဲ့ဘူး..သူတို့လက်ထဲကနေ အဆင့်ဆင့်လုယူချင်နေတဲ့သူတွေကလည်းပေါများနေပါတယ် ဒီကျောက်တုံးအနက်လေးဟာ ဘယ်လိုများတန်ဖိုးရှိနေတာလဲ ပြီးတော့ အဲ့အရာကိုလက်ဝယ်ပိုင်ဆိုင်ထားတဲ့သူခိုးအဖွဲ့ကရော ဘယ်လိုမျိုး အခက်အခဲတွေကြုံမလဲ..ဆိုတာကို တစ်ကားလုံးစွန့်စားခန်း ဖိုက်တင်ခန်းတွေအပြည့် နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဘာသာပြန် နဲ့ အညွှန်းကတော့ Phyo Zaw ဖြစ်ပါတယ် File Size - 1 GB Quality - Blu-Ray 720p Duration - 01:41:13 Translator - Phyo Zaw Encoder - LK
movie
Cradle 2 the Grave (2003)
2003
5.0
Breaking In (2018)
Breaking In ဆိုတဲ့ကားလေးကတော့ ရဲရင့်တဲ့ အမေ တစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါရှောင်ကတော့ နာမည်ကျော် စီးပွားရေးသမားတစ်ဦးရဲ့ သမီးဖြစ်ပါတယ်ဒါပေမဲ့ သူ့အဖေနဲ့ စကားမပြောဖြစ်တာလည်း အတော်ကြာခဲ့ပါပြီသူ့အဖေကလည်း အခွန်ရှောင်မှု့ ငွေခဝါချမှု့ တွေကြောင့် အစွပ်စွဲခံနေရတာပါဒီလို အစွပ်စွဲ အစစ်ဆေးခံနေရချိန်မှာပဲ ရှောင်ရဲ့ အဖေကသေဆုံးသွားပါတယ်ဒီတော့ရှောင်က သူ့ အဖေဆီကနေ မြို့ပြင်က အိမ်တစ်လုံးကို အမွေဆက်ခံရတာပေါ့အဲ့အိမ်မှာပဲ သူကြီးပြင်းခဲ့ရသလို အဲ့အိမ်မှာပဲ သူနာကြည်းရတဲ့ သူ့အဖေကို မုန်းရတဲ့ အငွေ့အသက်တွေက ကျန်ရှိနေသေးတာမို့ သူက အဲ့အိမ်ကို ရောင်းဖို့ ပြင်ပါတယ်ဒါကြောင့် ပိတ်ရက်တစ်ရက်မှာ သူ့သားသမီး နှစ်ယောက်နဲ့ အတူ ရောင်းဖို့ ပြောင်းရွှေ့ ဖို့သွားတာပေါ့သူတို့ အဲ့အိမ်ကို ရောက်မှ သိရတာက အဲ့အိမ်ကြီးက အဆင့်မြင့် ဒိုင်းကာတွေ အပူအာရုံခံ ကိရိယာတွေ လှုပ်ရှားမှု့ အာရုံခံကိရိယာတွေတပ်ဆင်ထားတယ် ဆိုတာပါပဲအဲ့အချိန်မှာပဲ သူတို့အိမ်ကို လူတစ်သိုက်က ဖောက်ဝင်ပြီး သူ့ကလေးတွေကို ထိန်းသိမ်းထားပါတော့တယ်လူဆိုးတစ်သိုက်က ...
movie
Breaking In (2018)
2018