Channel Myanmar

Gabriel Spahiu

The Legend of Ochi (2025) 6.3
The Legend of Ochi (2025) The Legend of Ochi (2025)IMDb Rating (6.3) / Rotten Tomatoes (77%) ဒီနောက်ပိုင်း ထုတ်လုပ်ရိုက်ကူးရေးပိုင်းမှာ အတော်လေး နာမည်ရပြီး ရုပ်ရှင်ကောင်းတွေ ဖန်တီးလာတဲ့ A24 Studio ရဲ့ ဇာတ်ကားအသစ်လေးပါ။နာမည်ကြီး မင်းသားကြီး William Dafoe , Stranger Things ထဲက ကလေးသရုပ်ဆောင် Finn Wolfhard တို့ဦးဆောင်ပါဝင်ထားတဲ့The Legend of Ochi ဆိုတဲ့ စိတ်ကူးယဉ်စွန့်စားခန်း ရုပ်ရှင်အသစ်ဖြစ်ပါတယ်။ပင်လယ်နက်ထဲက ကာပါသီယာကျွန်းမျောတွေပေါ်မှာ နေကြတဲ့ မက်ဆင်းတို့မိသားစုဟာ အိုချီဆို ဒဏ္ဍာရီလာ သတ္တဝါကို မျိုးဆက်အလိုက်ကြောက်ရွံ့ပြီး အမဲလိုက်နေခဲ့တာဖြစ်ပါတယ်။တစ်နေ့မှာတော့ အဲ့ဒီမိသားစုက ယူရီဆိုတဲ့ကလေးမလေးက ဒဏ်ရာရနေတဲ့ အိုချီအကောင်ပေါက်လေးကိုတွေ့ပြီး ခင်တွယ်သွားရာကနေသူ့မိသားစုရှိရာ တောနက်ကြီးထဲကို ပြန်ပို့ဖို့အတွက် ခရီးကြမ်းကို နှင်ခဲ့ရင်း စိတ်မချတဲ့ ဖခင်ဖြစ်သူ မက်ဆင်းကလည်းလိုက်ပါလာခဲ့ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thiha Yan Naing ...
movie

The Legend of Ochi (2025)

2025
The New Year That Never Came aka Anul Nou care n-a fost (2024) 8.4
The New Year That Never Came aka Anul Nou care n-a fost (2024) Anul.Nou.care.n-a.fost (2024)ဇာတ်ကားရဲ့ နာမည်နဲ့ အဓိပ္ပာယ်ကတော့ ရိုမေးနီးယားဘာသာစကားကို မြန်မာလိုပြန်ရရင် နှစ်သစ်မဟုတ်တဲ့ နှစ်သစ်လို့ပဲ မြန်မာလိုအနီးစပ်ဆုံးပြန်ရပါလိမ့်မယ်။ ဘယ်လိုအရာတွေက ကမ္ဘာတစ်ဝှမ်းနှစ်စဉ်ဆင်နွှဲနေတဲ့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးအခါသမယတို့ကို အကျည်းတန်စေခဲ့တာလဲ?ဇာတ်လမ်းအကျဉ်းရိုမေးနီးယားရဲ့ အချုပ်အချာအာဏာကို ဆိုရှယ်လစ်လမ်းစဉ်အရ အုပ်ချုပ်မှုထိန်းသိမ်းအပြီးမှာ တိုင်းပြည်တစ်ဝှမ်းနဲ့ မြို့ကြီးအချို့မှာ ရုတ်ရုတ်သဲသဲတွေဖြစ်လို့နေပါတယ်။ခရစ္စမတ်ဆုတောင်းစကားပြောဖို့ ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုထဲက မင်းသမီးတစ်ဦးဟာ ဘက်ပြောင်းသွားတာမို့ နိုင်ငံတော်ရုပ်သံတီဗီလိုင်းမှာ ထည့်သွင်းလွှင့်တင်ဖို့ မဖြစ်နိုင်တာကြောင့် အစားထိုးဖို့ ရုပ်ချင်းဆင်တဲ့ အမျိုးသမီးတစ်ဦးနဲ့အစားထိုးဖို့လိုလာပါတယ်။တစ်ဖက်မှာလည်း နိုင်ငံတော်အကြီးအကဲကို တီဗီမှာကြည့်ရင်း ရုတ်ရင်းကြမ်းတမ်းစွာ မိန်းမဖြစ်သူနဲ့အတင်းအဖျင်းပြောရင်းက သားဖြစ်သူကြားသွားပြီး ဖာသာတစ်ယောက်ဆီစာထဲ ထည့်ရေးလိုက်တဲ့အခါ.... File size…3.1 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

The New Year That Never Came aka Anul Nou care n-a fost (2024)

Amen. (2002)
Amen. (2002) 2002ကထွက်ရှိခဲ့ပြီး ဒုတိယကမ္ဘာစစ်ကာလက ဂျာမန်အရာရှိတစ်ယောက်အကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့ကားပါ။ IMDb 7.2/10ရရှိခဲ့ပြီး Rotten tomatoes 67%ရရှိခဲ့ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ နာ-ဇီအရာရှိတစ်ယောက်ဖြစ်တဲ့ "ကတ် ဂါစတိုင်း"ဟာဓာတုဗေဒပညာရှင်တစ်ယောက်ဖြစ်ပြီး ရှေ့တန်းကစစ်သားတွေဟာ အမြဲတမ်းရေဆိုးရေညစ်တွေကိုပဲသောက်နေရတာကြောင့် ရေတွေကိုပိုးသတ်ပေးတဲ့အပြင် သန့်စင်သွားနိုင်တဲ့ပိုးသတ်ဆေးတစ်မျိုးကို ဦးဆောင်ပြီးဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ နောက်မှသိလိုက်ရတာက နာ-ဇီတွေဟာအဲဒီပိုးသတ်ဆေးကိုသုံးပြီးတော့ ဂျူးတွေကိုလူမျိုးတုံးသတ်ဖြတ်နေတယ်ဆိုတာပါပဲ။ ဒီလိုနဲ့သူဟာအရမ်းလန့်သွားပြီး အဲဒီလုပ်ရပ်တွေကိုတားပေးနိုင်မယ့်သူတွေဆီအကူအညီတောင်း‌ခဲ့ပေမယ့် ငယ်ရွယ်ပြီးဖြောင့်မတ်တဲ့"ရီကာဒို ဖွန်တာနာ"ဆိုတဲ့ ဘုန်းကြီးတစ်ပါးကလွဲပြီး ဘယ်သူမှအရေးမလုပ်ခဲ့ပါဘူး။ဒီလိုနဲ့ ဂါစတိုင်းနဲ့ ရီကာဒိုတို့ဟာ အကူအညီ‌လိုက်ရှာရင်းနောက်ဆုံး ပုပ်ရဟန်းမင်းကြီးဆီရောက်သွားတဲ့အခါမှာတော့... အဲဒီလုပ်ရပ်တွေကို သူတို့အောင်မြင်စွာတားနိုင်မလားဆိုတာကို ကြည့်ရှုအားပေးကြပါဦး။File size…(1.9 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama, History  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero 
movie

Amen. (2002)

Visul (2023) 7.2
Visul (2023) Visul (2023)၂၀၂၃ ခုနှစ်တုန်းကထွက်ရှိထားတဲ့ ပြင်သစ် Comedy ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ IMDb 7 အထိရရှိထားပြီးတော့ ရှိတ်စပီးယားရဲ့ အိုင်ဒီယာဖြစ်တဲ့ Behind The Bar ဆိုတာကိုရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ အကျဉ်းသားတွေကို နိုင်ငံတိုင်းက ပြန်လည်ပြုပြင်ရေးနဲ့ ပြန်လည်ရပ်တည်နိုင်ရေးတို့အတွက်ဆိုပြီး ပညာသင်ကြားခွင့် အသက်မွေးဝမ်းကြောင်းပညာရပ်တွေ သင်ကြားခွင့်တွေပေးထားကြပါတယ်။ ဒီလိုပညာရေးဘက်တွင်သာမက အားကစားပိုင်းမှာလဲ အကျဉ်းသားများကို အမျိုးမျိုးသောအားကစားတွေ ဝါသနာပါရာ စာရေးစာဖတ်အမျိုးမျိုးတို့ကို လေ့လာသင်ကြားခွင့်တွေပေးထားကြပါတယ်။ ဒါ့အပြင် ရှိတ်စပီးယားက အကျဉ်းသားတွေအတွက် ပြဇာတ်ကိုလဲကြည့်ရှု ကပြခြင်းဖြင့် လူ့လောကကြီးနဲ့ အဆက်သွယ်မပြတ်ပဲ လူ့ဘောင်ထဲပြန်ဝင်ရောက်နိုင်မယ်လို့ယုံကြည်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ပြင်သစ်အကျဉ်းဦးစီးကနေ ဦးစီးပြီးတော့ အကျဉ်းသားများရဲ့ပြဇာတ် အစီစဉ်ကိုအကောင်ထည်ဖော်ထားပါတယ်။ဇာတ်လမ်းလေးကလဲ ဒီအကျဉ်းသားပြဇာတ်ကိုဦးတည်ပြီး ဟာသလေးနှောရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အဲလက်စ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင်အရံလူအနေနဲ့ပဲ အနှပညာလောကထဲမှာကျင်လည်နေရတဲ့သူပါ။ ပြောရရင်တော့ ပြဇာတ်လောကမှာ သူ့အတွက် နေရာမရှိသလို သူ့ရဲ့ကြိုးစားမှုတွေကိုလဲ အသိမှတ်ပြုမဲ့သူမရှိပါဘူး။ ပြောရရင် သူနဲ့အတူတွဲနေတဲ့ကောင်မလေးကတောင်ဇာတ်ကားတစ်ကားမှာပါခွင့်ရပြီး ကော်ဇော်နီလျှောက်နေရပြီ သူကတော့ ပြဇာတ်ရုံတစ်ခုမှာခိုကပ်ပြီး ရှေ့မထွက်ရတဲ့ အရံမင်းသားပေါ့။ အိမ်ငှားခကအစ ကောင်မလေးကပဲရှင်းပေးနေရတာ။ ဒီလိုနဲ့ စိတ်ကူးပေါက်ရာလုပ်ရင်း အကျဉ်းသားတွေအတွက် ပြဇာတ်လုပ်ပေးဖို့ ဗော်လန်တီယာအဖြစ်ပါဝင်လိုက်ပြီးတော့ ဒီပြဇာတ်ရုံတောင်မရောက်ဖူးတဲ့ ရာဇဝတ်သားတွေကို ဘယ်လိုသရုပ်ဆောင်တတ်အောင် သင်ပေးရမလဲ ပြဇာတ်ကကောချောချောမွေ့မွေ့ဖြစ်ပါ့မလားဆိုတာ ရယ်စရာမောစရာလေးတွေနဲ့ကြည့်ရှုအားပေးလိုက်ကြပါဦး။အညွှန်း ...
movie

Visul (2023)

2023
High Tension (2003) 6.7
High Tension (2003) High Tension (2003)သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အဲလက်စ်နဲ့ မာရီတို့ဟာ ပိတ်ရက်မှာစာလုပ်ဖို့အတွက် နယ်မြို့လေးမှာရှိတဲ့ အဲလက်စ်ရဲ့ အိမ်ကို ခရီးထွက်လာခဲ့ပါတယ်။ အဲလက်စ်ဟာ ယောက်ျားတွေကို စိတ်ဝင်စားသူဖြစ်ပေမယ့် မာရီကတော့ အဲလက်စ်ကို တစ်ဖက်သက် စိတ်ဝင်စားနေသူဖြစ်ပြီး အဲလက်စ်ကိုလည်းပိုင်ဆိုင်ချင်နေသူပါ။အဲလက်စ်တို့အိမ်ကိုရောက်ပြီး နေရာတကျဖြစ်တဲ့အချိန်မှာတော့ မထင်မှတ်ထားတဲ့ဧည့်သည်တစ်ဦး ရောက်လာပါတော့တယ်။ အဲ့ဒီဧည့်သည်ကလည်း အဲလက်စ်ကို လိုချင်နေတဲ့သူဖြစ်နေတဲ့အခါ အဲလက်စ်ကိုရဖို့ ဘယ်လောက်အထိလုပ်သွားမလဲ။မာရီကရောအဲလက်စ်ကို ဘယ်လိုကယ်တင်မလဲ။ အဲ့ဒီဧည့်သည်ရဲ့သရုပ်အမှန်ကရော ဘယ်သူလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ သွေးသံရဲရဲအခန်းများစွာပါဝင်တဲ့အတွက် ကလေးသူငယ်များနဲ့ နှလုံးမကောင်းသူများ ကြည့်ရှုဖို့မသင့်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ APP ပါ။)File Size          : 1.9GB, 693MB, 352MB Quality            :1080p Blu-ray 5.1CH, 720p Blu-ray, 480p Format          ...
movie

High Tension (2003)

2003
Adam Resurrected (2008) 6.1
Adam Resurrected (2008) Adam Resurrected (2008)===================IMDb Rating - 6.1/10ဒုတိယကမ္ဘာစစ်အတွင်း နာဇီစစ်သုံ့ပန်းစခန်း​တွေနဲ့ နာဇီ​တွေရဲ့ စစ်သုံ့ပန်း​တွေအ​ပေါ်ကျူးလွန်ခဲ့တဲ့ လူမဆန်တဲ့စမ်းသပ်မှု​တွေ၊ ဖိနှိပ်ဆက်ဆံမှု​တွေဟာ အ​တော်​​လေး အရုပ်ဆိုးအကျည်းတန် ခဲ့သလို နာမည်ဆိုးလည်း တွင်ခဲ့ပါတယ်၊ သူတို့ဒဏ်ကို များစွာ ခံစားခဲ့ရတာက​တော့ ဂျူးလူမျိုး​တွေပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားက​တော့ နာဇီစစ်စခန်း​တွေက​နေ အသက်ရှင်လျက် လွတ်​မြောက်လာသူ​တွေနဲ့ သူတို့ရဲ့ စိတ်ဒဏ်ရာ​တွေအ​ကြောင်း အဒမ်စတိုင်းဆိုတဲ့ ဂျူးလူမျိုးတစ်​ယောက်နေရာက​နေ ရိုက်ကူး ပြမှာဖြစ်ပါတယ်၊ Main Cast၂​ယောက်က​တော့ old school မင်းသားကြီး​တွေဖြစ်တဲ့ Jeff Goldblum နဲ့ William Dafoe တို့ပဲဖြစ်ပါတယ်။အဒမ်စတိုင်းဟာ စစ်ကြီးမတိုင်ခင်က ဆပ်ကပ်တစ်ခုပိုင်သလို ဂျာမနီရဲ့လူသိအများဆုံး လူပြက်clownတစ်​ယောက်ဆိုလည်း မမှားပါဘူး၊ ဒါ​ပေမဲ့ ဒုတိယကမ္ဘာစစ်ဖြစ်ပြီး နာဇီ​အင်အားစုကြီး တန်ခိုးထွားလာချိန်မှာ​တော့ ဂျူးလူမျိုးဖြစ်​နေတဲ့ အဒမ်လည်း နာဇီ​တွေလက်က​နေ မလွတ်နိုင်ခဲ့ပါဘူး၊ သူ့ကို ဖမ်းဆီးသွားသူ က​တော့ ကွန်မန်ဒါကလိုင်းဆိုတဲ့ ဂျာမန်ဗိုလ်ချုပ်တစ်ဦးပါ။ကွန်မန်ဒါကလိုင်းက သူ့ကို တခြားဂျူး​တွေလို နှိပ်စက်စမ်းသပ် တာမျိုးမလုပ်ဘဲ တစ်မူထူးတဲ့အရာတစ်ခုကို လုပ်ခိုင်းခဲ့ပါတယ်၊ အဲဒါက​တော့ သူ့ရဲ့လက်စွဲ​တော်​ခွေးရက်ဇ်အတိုင်း ​ခွေးလို​နေပြီး ​ခွေးလို ကျင့်ကြံခိုင်းတာပါ၊နှစ်​ပေါင်းများစွာ ​ခွေးတစ်​ကောင်လို ပုံစံသွင်းခံလာရတဲ့ အဒမ်ဟာ စစ်ပြီး​​ခေတ်မှာ​တော့ အပြင်ပိုင်း လူစိတ်ဆို​ပေမယ့် မသိစိတ်ထဲမှာ ​ခွေးဗီဇစွဲကပ်​နေခဲ့ပါပြီ။အဆိုပါဗီဇကို စစ်ပြီး​ခေတ် ...
movie

Adam Resurrected (2008)

2008