Channel Myanmar

Gabriel Daniels

Aberdeen (2024) 7.2
Aberdeen (2024) Aberdeen 2024 ============= ငယ်ဘဝခက်ခဲမှုတွေ ရုန်းကန်ရမှုတွေက ကိုယ့်ဘဝကိုပုံဖော်ရာမှာ ဘယ်လောက်အတိုင်းအတာထိ သက်ရောက်မှုရှိမယ်လို့ယူဆနိုင်လောက်လဲဒီဇာတ်ကားမှာဆိုရင် အထိရောက်ဆုံးနဲ့က်ရှိုင်းစွာခံစားမိစေမှာက ဇာတ်ဆောင်မင်းသမီး Aberdeen ရဲ့မျက်နှာသွင်ပြင်ခံစားမှုသရုပ်ဆောင်ချက်တွေက ဇာတ်လမ်းအရှိန်အတက်အကျအတိုင်း ခံစားသက်ဝင်မှုကိုပေးစွမ်းနိုင်သူပါသူဟာအလိုမကျမှုတွေ ဘဝရဲ့ခါးသီးမှုလိုအပ်ချက်တွေကို ပေါက်ကွဲတဲ့ဘက်နဲ့ ပြန်ဖြေလျှော့ရင်း ဘဝကြီးကိုနေချင်သလိုနေချလိုက်တာ ဆေးသမားလုံးလုံးဖြစ် လျှောက်သွားပြီး ဖြစ်သလိုနေတဲ့ဘဝတစ်ခုထိရောက်သွားတော့တယ်သူ့မိသားစု သူ့သမီး သူ့မြေး သူ့မောင် ဒါတွေဟာလဲ ဝေးကွာရင်းဝေးကွာလာလိုက်တာ တစ်ရက်ကျ အစိတ်စိတ်ကွဲနေတဲ့သူ့မိသားစုလေးကိုပြန်လည်ဆုံစည်းဖို့ မလုပ်တတ်လုပ်တတ်နဲ့ ပိုဆိုးမယ့်ဆီလုပ်ချပစ် စိတ်ဓာတ်တွေကျရင်းနဲ့ လောကဓံကိုကောင်းကောင်းရင်ဆိုင်ခုခံရင်းသူ့ဘဝကြီးပြောင်းလဲဖို့အမြင်မှန်ရလာပုံကို အခက်အခဲနဲ့ဟိုးအောက်ဆုံးရောက်ချိန် အနားမှာရှိပေး စောင့်ရှောက်ပေးတဲ့သူတွေရဲ့နွေးထွေးမှုတွေနဲ့ ဆက်ပြီးရှင်သန်သွားပုံကိုကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ် File size…1.1 GB / 549 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 23min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Kira
movie

Aberdeen (2024)

Fractured (2019) 6.5
Fractured (2019) Fractured (2019)IMDb Rating (6.5)ဒီဇာတ်လမ်းလေးကတော့ Mystery/ Thriller ပရိသတ်တွေ အကြိုက်တွေ့မယ့် psychological thrillers ရုပ်ရှင်ကားပါ။ဇာတ်လမ်းလေးကတော့ မိသားစုသုံးယောက် ခရီးထွက်လာချိန်မှာသမီးဖြစ်သူက ထိခိုက်ဒဏ်ရာရသွားပါတယ်။ ဆေးရုံကိုအပြေးမောင်းလာခဲ့ပေမယ့် ဆေးရုံရဲ့အခြေအနေက ထူးဆန်းနေပါတယ်။ သူနာပြုတွေရဲ့ထူးဆန်းတဲ့အမူအရာတွေ၊ ဆေးရုံကိုရောက်လာတဲ့လူနာတွေ စတာတွေကြောင့် ဖခင်ဖြစ်သူက စိတ်ပူခဲ့ပေမယ့် သမီးဇောနဲ့ လက်ရှိဆေးရုံမှာပဲကုသခဲ့ပါတယ်။ ဒါပေမယ့်ကုသနေရင်းနဲ့ ဇနီးနဲ့ သမီးဖြစ်သူ ပျောက်ဆုံးသွားချိန်မှာတော့..။ဆေးရုံက ဘယ်လိုဆေးရုံမျိုးလဲ? ဘာကြောင့် ပျောက်ဆုံးသွားရတာလဲ? ဖခင်ဖြစ်သူက သမီးနဲ့ဇနီးသည်ကို လိုက်လံရှာဖွေတဲ့အခါမှာဘယ်လိုဟာတွေဆက်လက်ကြုံတွေ့လာရမလဲဆိုတာ ကြည့်ရင်းကြည့်ရင်း စိတ်ဝင်စားဖို့ကောင်းကောင်းလာတဲ့ ဒီကားလေးက မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ လုံးဝအကြိုက်တွေ့စေမှာပါ။ File size…(1.9 GB )/(840 MB) / (670 MB) Quality….BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Trasnlated by Aye Mon Kyaw
movie

Fractured (2019)

2019
4K HEVC
Abducted by My Teacher: The Elizabeth Thomas Story (2023) 5.8
Abducted by My Teacher: The Elizabeth Thomas Story (2023)  ဒီကားလေးကတော့ ကလေးတွေအတွက်ပညာပေးကားတစ်ကားလို့ပြောရမလား လူတိုင်းကြည့်သင့်တဲ့ဇာတ်လမ်းတစ်ခုလို့ပြောရမလားပါပဲ ဇာတ်လမ်းလေးကတော့ မဖြစ်သင့်တာတွေမဖြစ်ရအောင်ကြိုတင်ကာကွယ်ရမဲ့ဟာတွေ ကလေးတစ်ယောက်အတွက် မိသားစုဆိုတာ ဘယ်လောက်အရေးပါလည်းဆိုတာတွေကိုဖော်ပြထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးအကျဉ်းချုပ်ပြောရရင်တော့ အသက်၁၅နှစ်အရွယ်ကျောင်းသူလေးနဲ့ အသက်၅၀ကျော်ဆရာတို့ မေတ္တာလွန်ပြီး မဖြစ်သင့်တာတွေဖြစ်တဲ့ဇာတ်လမ်းလေးပေါ့ မေတ္တာလွန်တယ်ဆိုတာထက် ရွံစရာလို့ပြောရမလားပါပဲ အဲလစ်ဇဘက်ဆိုတဲ့မိန်းကလေးက မိသားစုထဲမှာ ၁၅နှစ်တည်းနဲ့ အရွယ်နဲ့မလိုက်အောင်ကို မသားစုအခြေနေကြောင့်ရင့်ကျက်နေသူတစ်ယောက်ပါသူ့ဘဝလေးက အဖေနဲ့ညီအစ်မတွေရှိနေပေမဲ့ အဖေဖြသ်သူကအလုပ်ကြောင့်မအား ညီအစ်မဖြစ်သူတွေကလည်းတစ်ယောက်တစ်မျိုးဆိုတော့ သူကိုယ်တိုင်ကပဲ အဖေမရှိရင် မိသားစုကိုကြည့်ရတာပါ အဲဒါကြောင့်ပဲ သူ့မှာစကားပြောဖော်မရှိ ရင်ဖွင့်ဖော်မရှိဖြစ်နေရာက ကျောင်းအသစ်မှာ ဆရာတစ်ယောက်ဖြစ်သူနဲ့တွေ့ပါတော့တယ် စစချင်းမှာတော့အင်မတန်သဘောကောင်းပြီး ကာကွယ်သယောင်လုပ်ပေးခဲ့လို့သူယုံခဲ့ရတယ်ဆရာက အချိန်ကြာလာတာနဲ့အမျှပြောင်းလဲလာပြီး သူနဲ့ချစ်ကျွမ်းဝင်သလိုတွေဖြသ်လာပါတော့တယ် ဒီလိုနဲ့ကျောင်းထဲမှာပဲမဖြစ်သင့်တာတွေဖြစ်ရာကနေ အမြင်မတော်လို့ကျောင်းသူတစ်ယောက်ကရဲတိုင်ပါတော့တယ် အဲဒါကြောင့်ပဲ ကလေးမဖြစ်သူကိုဆရာဖြစ်သူကပြန်ပေးဆွဲပြီး ဒုက္ခပေါင်းစုံနဲ့သူနဲ့တူတူနေခိုင်းခဲ့ပါတယ် အဲ့လိုတွေကြောင့် သူ့ခံစားခဲ့ရတဲ့ဒဏ်ရာတွေကရောပျောက်ကင်းနိုင်ပါ့မလား ပြန်ပေးဆွဲခံရာကနေရောဘယ်လိုတွေကြောင့်လွတ်မြောက်သွားမလဲဆိုတာတွေအပြင် လူ့လောက လူ့သ‌ဘာဝကိုသေချာဖော်ပြပေးထားလို့ အေးအေးဆေးဆေးလေးကြည့်လို့ကောင်းမဲ့ရုပ်ရှင်လေးဖြစ်ပါတယ် File size…(1.4 GB)/(630 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:01:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M.Minhtike
movie

Abducted by My Teacher: The Elizabeth Thomas Story (2023)

Polarized (2023) 6.6
Polarized (2023)  ဒီတစ်ခါ cm ပရိသတ်ကြီးကို ဒရာမာ ရိုမန့်ကားကောင်းလေးတစ်ကားဖြစ်တဲ့ Polarized ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီကားက IMDB မှာ 6.7 အထိ ရရှိထားပါတယ်။ဇာတ်ကြောင်းကတော့ လီဆာဆိုတဲ့ ဝါသနာအရ ကိုယ်ပိုင်သီချင်းတွေရေးရင်း တီးခတ်နေတဲ့ ကောင်မလေးဟာ တစ်ဘက်မှာလည်းမိဘတွေပိုင်တဲ့ ယာတောကို ဘဏ်က အသိမ်းခံလိုက်ရပြီးဘဝအခက်အခဲတွေနဲ့ ရင်ဆိုင်နေရသူပါ။ ဖခင်ဖြစ်သူကလည်းကင်ဆာရောဂါ နောက်ဆုံးအဆင့်နဲ့ ရင်ဆိုင်နေရပြီး သူမဟာမြို့ပြစတိုင်စိုက်ပျိုးရေး တစ်ခုမှာ အလုပ်ဝင်နေပါတယ်။တစ်နေ့တော့ လုပ်ငန်းခွင် မတော်တဆတစ်ခု ဖြစ်ရာကနေမန်နေဂျာဖြစ်တဲ့ ဒါလီယာဆိုတဲ့ ကောင်မလေးကို လူမျိုးရေးခွဲခြားတဲ့ စကားတွေ ပြောမိပြီး ပြဿနာတက်ကြပါတယ်။ဒါလီယာက ပါလက်စတိုင်းက ရွှေ့ပြောင်းအခြေချလာတဲ့မိသားစုဝင်တစ်ဦး ဖြစ်ပြီး လီဆာအလုပ်လုပ်နေတဲ့ စိုက်ပျိုးရေးအလုပ်ကို သူတို့မိသားစုက ပိုင်ဆိုင်တာပါ။အရှေ့အလယ်ပိုင်း ရှေးရိုးစွဲ အယူအဆတွေကြားမှာ ကြီးပြင်းလာခဲ့ပေမယ့် ခေတ်အမြင်ပွင့်လင်းတဲ့ ဒါလီယာနဲ့ လီဆာတို့နှစ်ယောက် မတူညီမှုတွေကြားထဲကနေ တူညီတဲ့ ခံစားချက်တွေဖြစ်လာချိန်မှာတော့...။ဒီဇာတ်ကားလေးက အမျိုးသမီး နှစ်ဦးကြားက ပြောင်းလဲလို့မရတဲ့သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာကို မြင်သာအောင် ဖော်ကြူးထားနိုင်တာမို့ ...
movie

Polarized (2023)

Ordinary Angels (2024) 7.6
Ordinary Angels (2024) Ordinary Angels (2024)Drama ရုပ်ရှင်ကောင်း ကြိုက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ Rotten Tomatoes – 85%, IMDb rating – 7.8 ရရှိထားပါတယ်။ ၁၉၉၄ ခုနှစ် ကန်တက်ကီ ပြည်နယ်၊ လူးဝစ်ဗေးလ်မြို့က အသည်းရောဂါသည် ကောင်မလေးကို အသည်းအစားထိုးကုသနိုင်ဖို့ ရန်ပုံငွေရှာဖွေ ပေးခဲ့တဲ့ အမျိုးသမီးတစ်ယောက်အကြောင်း တကယ့်ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ အက်ဝါ့ဒ်ရှမစ်ဟာ ဇနီးဖြစ်သူထရီဆာ ရောဂါနဲ့ သေဆုံးပြီးနောက် သမီးလေး၂ယောက်နဲ့ ဘဝကို ရုန်းကန်နေရသူပါ။ ပိုပြီး ကံဆိုးတာက သမီးအငယ်လေး မီရှဲလ်ဟာ အသည်းရောဂါကို ခံစားနေရပြီး အစားထိုးကုသမှုခံယူဖို့ လိုအပ်နေပါတယ်။ သမီးလေးရဲ့ ရောဂါကို ကုပေးရင်း အကြွေးနွံထဲမှာ နစ်နေခဲ့ပါတယ်။ ထရီဆာရဲ့ အသုဘကို သိလည်းမသိဘဲ ယောင်လည်လည်နဲ့ ရောက်လာတဲ့ ရှာရွန်ဆိုတဲ့ အမျိုးသမီးနဲ့တွေ့ဆုံခဲ့ပါတယ်။ ရှာရွန်ဟာလည်း မြို့ထဲမှာ ဆံပင်အလှပြင်ဆိုင်ဖွင့်ထားပေမယ့် အရက်စွဲတဲ့ ပြဿနာရှိနေသူပါ။ လိုနဲ့ ရှာရွန်လည်း အက်ဒ်တို့ မိသားစုကို သနားသွားပြီး ကူညီပေးဖို့ ရန်ပုံငွေ ရှာဖို့ ...
movie

Ordinary Angels (2024)

2024
Hunter Hunter (2020) 6.3
Hunter Hunter (2020) Hunter Hunter (2020)=================IMDb Rating - 6.3/10 နာမည်ကို ကြည့်လိုက်တာနဲ့ အမဲလိုက်တဲ့ကား ဆိုတာ သိကြမှာပါ။ ဆိုတော့ ..... အမဲလိုက်တဲ့ကားတွေကြိုက်တတ်တဲ့လူတွေ သဘောကျမယ့်ကားမျိုးပါပဲ။ ဘဝဟာ မုဆိုးတစ်လှည့် သားကောင်တစ်လှည့်ပါပဲ။လေးဖြူရဲ့အမဲလိုက်မုဆိုး သီချင်းထဲကလိုပေါ့ဗျာ။ မုဆိုးကြီး ဂျိုးဆက်တို့ သားအမိသားအဖ ၃ ယောက်ဟာတောထဲမှာ အိမ်ကလေးဆောက်ပြီး နေကြပြီး အမဲလိုက်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုကြတာပါ။သူတို့ကို ခြိမ်းခြောက်နိုင်တာကတော့ ဝံပုလွေတစ်ကောင်ပါပဲ။ ပုံမှန်ဆိုရင် လူက မုဆိုး တိရစ္ဆာန်က သားကောင်ပါ။တိရစ္ဆာန်က မုဆိုး ဖြစ်ပြီး လူက သားကောင်ဖြစ်တဲ့အချိန်မှာတော့ ..... Horror, Thriller ကြိုက်သူများအသည်းတယားယား ရင်တဖိုဖိုနဲ့ ဇာတ်ကို အဆုံးထိ ရောက်လို့ ရောက်မှန်းမသိအောင် ွဲခေါ်သွားမယ့် ဇာတ်ကားမျိုးပါပဲ။ IMDb Rating - 6.3/10 ရရှိထားပြီး . Thriller ကား ကြိုက်နှစ်သက်သူတွေအတွက်တော့ကြည့်ကောင်းမယ့်ကားမျိုးဖြစ်ပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို August ...
movie

Hunter Hunter (2020)

2020