Channel Myanmar

Gábor Nagypál

Monte Carlo (2011) 5.8
Monte Carlo (2011) Monte Carlo (2011)အဆိုတော် Selena Gomez တယောက် ၁၈ နှစ်အရွယ်လောက်က ရိုက်ကူးထားတဲ့ ရှားရှားပါးပါးချစ်စရာရုပ်ရှင်ကားလေးပါ။ ဆလီနာဂိုးမက်ဇ်အပြင် Katie Cassidy ၊ Leighton Meester တို့လို မမကြီးတွေပါ ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့... Grace (Selena Gomez) ဟာ တက္ကဆက်က ဆင်းရဲတဲ့ စားပွဲထိုးကောင်မလေးတယောက်ဖြစ်ပြီး ပါရီမြို့ကိုအလည်သွားဖို့ဆိုတာ သူမရဲ့အိမ်မက်ဖြစ်ပါတယ်... ဒီလိုနဲ့ အထက်တန်းလဲအောင်မြင်ပြီးတာနဲ့ သူမနဲ့ သူငယ်ချင်း Emma (Katie Cassidy)၊ အစ်မ Meg (Leighton Meester) တို့ဟာ ပါရစ်မြို့ကို အလည်အပတ်ခရီးထွက်ကြပါတယ်။ ဖြစ်ချင်တော့ ပါရီမှာ Grace နဲ့ တထေရာထဲတူတဲ့ သူဌေးသမီး Cordelia Winthrop Scott ကို တွေ့ပြီး မတော်တဆ အစားထိုးဝင်ရောက်သွားတဲ့အခါ တက္ကဆက်က စားပွဲထိုးကောင်မလေးဟာ Monte Carlo က သူဌေးသမီး ဇိမ်ခံဘဝကို တမုတ်ဟုတ်ချင်းရောက်သွားပါတော့တယ်။ "တစ်ခါတလေ လူတစ်ယောက်ရဲ့ဘဝကို ခဏနေကြည့်ဖို့ ...
movie

Monte Carlo (2011)

House of Spoils (2024)
House of Spoils (2024) ဒီဇာတ်ကားကတော့ မကြာသေးခင်ကမှထွက်ရှိထားပြီး IMDbမှာ 4.8/10အထိရရှိထားတဲ့ဇာတ်ကားလေးတစ်ကားပါ။ဒီဇာတ်ကားထဲမှာတော့ ရည်မှန်းချက်ပြည့်ဝပြီး တက်လမ်းတွေကိုအမြဲရှာနေတဲ့စားဖိုမှူးတစ်ယောက်ဟာ သူအလုပ်လုပ်နေတဲ့နာမည်ကြီးစားသောက်ဆိုင်ကထွက်ခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်းစဖို့ကြိုးစားပါတယ်။ ဒါပေမဲ့ ဘဝဆိုတာအမြဲတမ်းလွယ်ကူနေတာမဟုတ်လေတော့ ပြဿ‌နာပေါင်းစုံနဲ့ ဒုက္ခတွေတွေ့ရပါတော့တယ်။သူ့ကိုအမြဲသံသယဝင်နေတဲ့ စီးပွားရေးတွဲဖက်၊ ရင်းနှီးမြုပ်နှံသူတွေ‌ကြားထဲမှာ သူ့ကိုယ်သူပြန်အဖတ်ဆယ်ဖို့ကြိုးစားရင်း ဆက်တိုက်ဆိုသလို သူပြောင်းလာတဲ့အိမ်မှာ မကျွတ်သေးတဲ့ဝိဉာဉ်တစ်ကောင်ကပါ အမျိူးမျိုးဒုက္ခပေးလာတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုပေးကြပါဦး။File size…(2.1 GB)/(875 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...  Thriller, Horror  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero 
movie

House of Spoils (2024)

Inferno (2016) 6.4
Inferno (2016) Dan Brown ရဲ့ စာအုပ် Inferno ကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာလဲဇာတ်ကောင် Robert Langdon အဖြစ် တွမ်ဟန့်ကပဲဆက်လက်ပါဝင်ထားပြီးသူ့ရှေ့ကထွက်ခဲ့တဲ့ The Da Vinci Code (2006) နဲ့ Angels & Demons (2009) တို့ရဲ့ Sequel အဖြစ်ထွက်ရှိခဲ့တာပါ။ဇာတ်လမ်းအကျဉ်းကတော့...ပါမောက္ခလန်ဂ်ဒန်ဟာ ဆေးရုံတစ်ခုမှာ မှတ်ဉာဏ်တွေပျောက်ဆုံးပြီးမှ ခေါင်းဒဏ်ရာကြီးနဲ့ နိုးလာခဲ့ပါတယ်...မီးလောင်မြိုက်နေတဲ့ ကမ္ဘာကြီးရဲ့ မြင်ကွင်းကလွဲလို့ ဘာကိုမှသတိမရတော့ဘဲ အတိတ်နဲ့အဆက်အသွယ်ပြတ်သွားတာကြောင့်သူဘာကြောင့်ဆေးရုံရောက်တယ် သူဘာတွေလုပ်ခဲ့တယ် မေ့နေခဲ့ပါပြီ..ဒါကြောင့်သတိရဖို့ကြိုးစားနေတုန်းမှာပဲ သူ့ကိုသတ်မယ့်ဖြတ်မယ့်လူတွေအပြင်အစိုးရအဖွဲ့တွေကပါ သူ့နောက်ကို အသည်းအသန်လိုက်နေတာကို သိလိုက်ရပါတယ်.....သူ့လက်ထဲမှာလဲ ငရဲရဲ့မြေပုံနဲ့ ပဟေဠိတစ်ခု...သူဘာတွေရှုပ်ထားမိပြီလဲ......ဒီလိုနဲ့လူသတ်သမားတွေရန်က ပြေးရင်းလွှားရင်း မှတ်ဉာဏ်တွေ တဖြည်းဖြည်းပြန်ပေါ်လာရင်းသဲလွန်စတွေနောက်ကိုလိုက်ရင်း ကမ္ဘာကြီးရဲ့ သေရေးရှင်ရေးဟာ ဒီပဟေဠိအပေါ်မူတည်နေမှန်း သိလိုက်ရတဲ့အချိန်မှာတော့.....။ File size…(4 GB)/(2.5 GB)/ (1.3 GB) Quality….BluRay DS4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:01:35 ...
movie

Inferno (2016)

2016
Ruben Brandt, Collector(2018) 7.2
Ruben Brandt, Collector(2018) Ruben Brandt, Collector(2018)****************************သင်ဟာ now you see me တို့လို့ money heist တို့လို အဖွဲ့လိုက်လှုပ်ရှားတဲ့ မှုခင်းကားမျိုးကိုသဘောကျတယ်ဆိုရင်တော့ ဒီကားဟာ တကယ့်ကိုကြည့်သင့်တဲ့ကားပါပဲ၊ ဒါ့အပြင် inceptionလိုမျိုး vibeလည်းခံစားရမှာပါ၊ ဇာတ်လမ်းရဲ့ animationပုံစံကနည်းနည်းတော့ ဆန်းတယ်ဗျ။ဇာတ်လမ်းထဲက လူတွေဟာ မျက်နှာနှစ်ခုတွေ၊ပါးစပ်ငါးခုတွေ၊ မျက်လုံးသုံးလုံးငါးလုံး ၊two-dimensional တွေ စတဲ့ ပီကာဆိုရဲ့ပန်းချီကားတွေထဲကလိုခပ်ဆန်းဆန်းမြင်ရမှာပါ။ ဘာလို့ဆို ဇာတ်လမ်းရဲ့ ဒါရိုက်တာဟာဘယ်အပိုင်းမှာပဲရပ်လိုက်ရပ်လိုက် ပန်းချီကားတစ်ချပ်ကြည့်ရသလို့ အရသာမျိုး၊တစ်ခုခုကြည့်စရာရှိနေစေချင်လို့ပါတဲ့။ ပန်းချီကားမကြည့်တတ်တဲ့သူတောင် ငေးကြည့်နေရမယ့်ဇာတ်ကားမျိုးပါပဲ။ ဒါ့အပြင် စုံထောက်စတိုင်တွေ၊actionတွေလည်း ခပ်မိုက်မိုက်အကွက်တွေနဲ့ ပါဝင်ပြီးဇာတ်လမ်းကို စိတ်ပညာလေးနဲ့ရောကာ တစ်ကားလုံးမငြီးငွေ့အောင်ဆွဲဆောင်သွားနိုင်တာက အသက်ပါပဲ၊ Plotကတော့ ပန်းချီကား ၁၃ချပ်ကိုခိုးတဲ့အကြောင်းပါပဲ...File Size :(1.1GB) and (418 MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:36:00 Genre : Crime , Animation , Action Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded ...
movie

Ruben Brandt, Collector(2018)