Channel Myanmar

Fumiko Orikasa

Children Who Chase Lost Voices (2011) 7.1
Children Who Chase Lost Voices (2011) Children Who Chase Lost Voices (2011) -------------------------------------------------- IMDb - 7.1/10, MyAnimeList - 7.5/10 Anime လောကမှာ ဆြာတစ်ပါးဖြစ်တဲ့ Makoto Shinkai ကို နာမည်မကြားဘူးရင်တောင်Your Name တို့ Weathering With You တို့ကို သိကြလိမ့်မယ် ထင်ပါတယ်။ အခုရုပ်ရှင်လေးကဒီဆရာသမားရဲ့ 2011 ထွက် ရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဒီတော့ ဇာတ်လမ်း ဇာတ်ညွန်းရိုက်ချက် နောက်ခံတေးဂီတတွေ ပြောစရာမလိုအောင်ကောင်းမယ်ဆိုတာ သိပြီးသားဖြစ်မှာပါနော်။ဇာတ်လမ်းအကျဉ်းလေးကတော့ Asuna ဆိုတဲ့ကျောင်းသူ‌လေးကစာတော်တဲ့ စာဂျပိုး‌ ကလေးမလေးပါ။အဖေဖြစ်သူကဆုံးပါးသွားပြီး အမေဖြစ်သူက သူနာပြုအလုပ်တစ်ဖက်နဲ့ Asuna ကိုအချိန်မပေးနိုင်ပါဘူး။ဒီတော့ Asuna ဟာ ညနေဆိုရင် Mimi ဆိုတဲ့ ကြောင်လေးတစ်ကောင်နဲ့ တောင်ကုန်းတစ်ခုပေါ်တက်ပြီးအဖေလက်ဆောင်ပေးခဲ့တဲ့ အသံလှိုင်းဖမ်းရေဒီယိုလေးနားထောင်လေ့ရှိပါတယ်။ တစ်နေ့မှာတော့သူမတစ်ခါမှမကြားဖူး‌ပေမဲ့ ရင်ထဲမှာစွဲကျန်နေခဲ့တဲ့ သံစဉ်တစ်ခုကိုကြားလိုက်ရပြီး အဲဒီအကြောင်းပဲတွေးနေမိတယ်။ နောက်ရက်မှာတော့ Asuna တို့မြို့ထဲမှာ ဝက်ဝံလိုအကောင်ကြီးလွတ်နေတယ်ဆိုပြီးသတင်းတွေပျံ့နေပါတော့တယ်။ ...
movie

Children Who Chase Lost Voices (2011)

Street Fighter IV: The Ties That Bind (2009) 5.3
Street Fighter IV: The Ties That Bind (2009)  Street Fighter IV: The Ties That Bind (2009)IMDb Rating (5.3) ဇာတ်လမ်းအစမှာတော့ ကမ်မီဝှိုက်ပါဝင်တဲ့ Delta Red အဖွဲ့အစည်းဟာအမေဇုန်တောအုပ်ထဲကနေ စွမ်းအင်ထုတ်လွှင့်မှုတွေရဲ့ အရင်းအမြစ်ကို စုံစမ်းနေခဲ့ပါတယ်။ ကမ်မီဝှိုက်ကတော့ ဒါက Shadowlaw (ခ) Shadaloo ရာဇဝတ်အဖွဲ့အစည်း ရဲ့ လက်ချက်လို့ တစ်ထစ်ချယုံကြည်နေပါတယ်။အားလုံးကတော့ Shadaloo ပြန်ရှင်သန်လာတာကို လက်ခံဖို့ ငြင်းဆန်နေဆဲပါ။တစ်ဘက်မှာတော့ ချွန်းလီ နဲ့ ကပ္ပတိန်ဂိုင်းလ်တို့ Duo က ကမ္ဘာတလွှားက ထိပ်သီးကိုယ်ခံပညာရှင်တွေထူးဆန်းစွာ ပျောက်ဆုံးနေမှုကို စုံစမ်းစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။ ကိုယ်ခံပညာရှင်တွေရဲ့ အရေးကိစ္စပေါ်လာတိုင်းမှာမေ့ထားလို့မဖြစ်တဲ့ သိုင်းလောကထိပ်သီးလို့ ဆိုရမယ့် "ရူ" ကို မသမာသူတွေ လက်မဦးခင် ရှာဖွေဖို့ ကြိုးစားလာရပြန်ပါတယ်။ထိုအချိန်မှာ "ရူ"က သူ့ရဲ့အသွေးအသားထဲမှာ ဖြစ်တည်နေတဲ့ အမှောင်စွမ်းအား တစ်ခုဖြစ်တဲ့ "Satsui no Hado" ကိုလက်ခံအရှုံးမပေးလိုက်ဖို့ အသည်းအသန် ကြိုးစားလေ့ကျင့်နေပါတယ်။ ...
movie

Street Fighter IV: The Ties That Bind (2009)

2009
Gintama: The Very Final (2021) 8.5
Gintama: The Very Final (2021) IMDB – 8.5/10, MyAnimeList – 9/10Gintama တို့ Anime စီးရီးမှာ ဇာတ်သိမ်းသွားတဲ့အခန်းကနေ ပြန်ဆက်ပေးထားတဲ့ တကယ့်နောက်ဆုံးအပိတ် Movie ဖြစ်ပါတယ်။Edo ကြီးကို Tendoshuu တွေ ဝင်တိုက်ခိုက်တာကို ပြန်ခုခံအပြီး ကြုံရာကျပန်းအဖွဲ့သားတွေ ကိုယ်စီလမ်းခွဲခဲ့ကြတယ်။Utsuro ပြန်လာမှာကို ကြိုမြင်နေတဲ့ Gin တစ်ယောက် စုံစမ်းစရာရှိတာတွေကို ထွက်စုံစမ်းနေတဲ့အချိန်မသေခြင်းတရားကို လိုချင်နေကြတဲ့ Tendoshuu တွေ Edo မှာ နောက်တစ်ခါ ပြဿနာလာရှာနေတာမို့ဆရာ Shoyo ရဲ့ တပည့်ကျော် ၃ ယောက်သား ပြန်စည်းလုံးပြီး အသေဖြုတ်ကြမှာပဲ ဖြစ်ပါတယ်။ဒီလောက်များတဲ့လူတွေကို မနိုင်တော့ ထုံးစံအတိုင်း Gintama အဖွဲ့သားတွေလည်းကိုယ်စီဆေးစက်ကျရာကနေ အုပ်လိုက်ကြီးနဲ့ ရုပ်ရှင်တစ်ကားစာ ထိုင်ချကြတာကို အားရပါးရ ကြည့်ရမှာပဲ ဖြစ်ပါတယ်။Gintama ထုံးစံအတိုင်း ဟာသအဖောက်တွေ တခြား Anime တွေကို Reference ယူပြီး ပြောင်တာတွေ4th ...
movie

Gintama: The Very Final (2021)

Gintama: The Movie 2: The Final Chapter: Be Forever Yorozuya (2013) 8.3
Gintama: The Movie 2: The Final Chapter: Be Forever Yorozuya (2013) IMDB – 8.3/10, MyAnimeList – 8.9/10ဆရာသမား Gintama တို့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ဒီကားကျ ဇာတ်လမ်းစထားတာကိုက တော်တော်လေး ထူးခြားတာပါ ထုံးစံအတိုင်း အဖောက်ပေါ့။စစချင်း ရုပ်ရှင်ရုံမှာ ခိုးမရိုက်ရဘူးတို့ လုပ်သင့်လုပ်ထိုက်တဲ့ ရုပ်ရှင်ပညာပေးတွေကို ဆုံးမနေကြတာ။နောက်ကျ မဆီမဆိုင် ပုံစံနဲ့ ဇာတ်လမ်းကြီးကို ဝုန်းခနဲ အစပျိုးပြသွားတာတော့ အမိုက်စားပါ။ဒီကားကျ ကိုယ့်ဆရာတွေက Time Travel တွေ ပါလာပြီ ဖြစ်ပါတယ်။Gintama တစ်ယောက် ရုပ်ရှင်ရုံထဲက ခိုးရိုက်ကောင်ကို ဖမ်းပြီး အပြစ်ပေးရာကနေအူတိအူကြောင်နဲ့ နောင် ၅ နှစ် အနာဂတ်ကို ရောက်သွားပါတော့တယ်။အဲဒီမှာ သူဆိုတာလည်း သေဆုံးနေပြီး သူတို့ကမ္ဘာကြီးက အဖြူရောင်ပလိပ်ဆိုတဲ့ ကပ်ဘေးဒုက္ခကြောင့်ပျက်စီးယိုယွင်းပြီး သုဿန်တစ်စပြင် ဖြစ်လို့နေပါပြီ။အဲဒါကြောင့် ဘုမသိဘမသိတဲ့ Gintama တစ်ယောက် ဒါတွေကို ဘယ်လိုပြုပြင်သွားမလဲသူ့တပည့်ကျော်နှစ်ယောက်ကလည်း ဘယ်လိုတွေ ဖြစ်နေမလဲ စသဖြင့် Gintama ထုံးစံအတိုင်းဟာသတွေ ...
movie

Gintama: The Movie 2: The Final Chapter: Be Forever Yorozuya (2013)

Gintama: The Movie (2010) 7.6
Gintama: The Movie (2010) IMDB – 7.6/10, MyAnimeList – 8.5/10Anime လောကမှာတော့ Gintama ဆိုရင် မသိကြတဲ့လူ တော်တော်ကို ရှားပါတယ်။ဒီကောင်က သူများ Anime တွေကို ခဏခဏ Reference ယူယူပြီး ဟာသလုပ်လေ့ရှိတဲ့အပြင်Deadpool တို့လိုလည်း 4th Wall Breaking လုပ်ပါသေးတယ်။နောက်ပြီး သူ့ရဲ့ဟာသတွေက တော်တော်ကို ရယ်ရတဲ့ထဲမှာ ပါဝင်တာပါ။ဟာသဆိုလို့ ဟာသတွေပဲပါတာမဟုတ်ပါဘူး ချကြပြီဆိုရင် တကယ်ဖိုက်ကြပါတယ်။ဒါကတော့ သူတို့ရဲ့ ပထမဆုံး ထွက်ရှိလာတဲ့ Movie ပဲ ဖြစ်ပါတယ်။အစမှာတင် ဇာတ်လမ်းက မစသေးဘူး ဟောလိဝုဒ်က Warner Bros ကို ထိုင်ဖြုတ်နေကြတာ အခွီတစ်လိုင်းပါ။ဒီ Movie မှာတော့ Series မကြည့်ဖူးလည်း ဇာတ်လမ်းက သီးခြားလေးဖြစ်နေတော့ အဆင်ပြေပါတယ်။Gintama ဆိုတာက အနာဂတ်ခေတ်လွန်ကာလ Edo က ဆာမူရိုင်းတွေအကြောင်းကို ဇာတ်တည်ထားတာပါ။MC လုပ်တဲ့ ခေါင်းဖြူကြီး ...
movie

Gintama: The Movie (2010)

Naruto Shippuden the Movie(2007) 8.7
Naruto Shippuden the Movie(2007) Naruto shippuden the movie=========================Narutoဆိုတဲ့ animeဟာ ၂၀၀၀ခုနှစ်ဝန်းကျင်ကနာမည်အကြီးဆုံးကြီးသုံးကြီးမှာ(One piece, bleach, naruto)ပါခဲ့ပြီး သူ့​ခေတ်သူ့အခါအချိန်တုန်းက ကြည့်ရှုသူ​တွေရဲ့ပါးစပ်ဖျားမှာnever give up, this is my way of ninja, Dattebayo 😅ဆိုပြီးရွတ်ဆိုခဲ့ကြတဲ့အထိ moti​ပေးနိုင်ခဲ့တာပါ။ရုပ်ရှင်အ​နေနဲ့လည်း က​လေးဘဝကို ၃ကားထွက်ခဲ့ပြီးshippudenလူငယ်ဘဝက​တော့ ၇ကားအထိထွက်ခဲ့ပါတယ်။ဒီကားက​တော့ shippuden ရုပ်ရှင်​တွေထဲမှာပထမဆုံးကားဖြစ်ပြီးIMDb 6.7/10 My anime list 7.3/10ရထားပါတယ်ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​​​​တော့Demon countryမှာ အနာဂတ်ကိုကြိုမြင်နိုင်တဲ့နတ်ဆရာမတစ်ပါးရှိပါတယ်။ တ​နေ့မှာ​တော့ချိတ်ပိတ်ချုပ်​နှောင်ထားတဲ့ မိစ္ဆာဘုရင်ကြီးဟာမသာမာသူမအလ​တွေ​ကြောင့်လွတ်လာခဲ့ပြီးကမ္ဘာကိုအုပ်စိုးဖို့ပဲလုပ်​ဆောင်လာပါ​တော့တယ်။မိစ္ဆာဘုရင်ကြီးကိုတားဆီးနိုင်တဲ့သူဟာလည်းနတ်ဆရာမပဲရှိတာမလို့ နတ်ဆရာမကိုကာကွယ်​ပေးရမယ့်တာဝန်ဟာ Narutoတို့တာဝန်ဖြစ်လာပါတယ်။ဒါ​ပေမဲ့ Narutoဟာ ​​သေရ​​တော့မယ်လို့နတ်ဆရာမကြီးက ​ဟောလိုက်တဲ့အချိန်မှာ​တော့......နတ်ဆရာမ​ဟောတာ​တွေက အမြဲမှန်မှာလားNarutoဟာ တကယ်​သေရ​​တော့မှာလားဆိုတာကိုကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါ။ File size…1.25GB / 632MB Quality…1080p  / 720p Format…mp4 Duration….1h 34m Genre ..... Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Dr ...
movie

Naruto Shippuden the Movie(2007)

Doraemon: Nobita’s Treasure Island (2018) 6.5
Doraemon: Nobita’s Treasure Island (2018) Doraemon: Nobita's Treasure Island (2018) ------------------------------------------------------------------- အခုတစ်ခေါက်မှာတော့ 2018 ခုနှစ်မှာ ထွက်ခဲ့တဲ့ ၃၈ကားမြောက် ဒိုရေမွန်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းလေးက ၁၈၈၃ခုနှစ်ကထွက်ရှိခဲ့တဲ့ Treasure Island ဝတ္ထုကိုအခြေခံရိုက်ကူးထားပြီး Your Name Anime ရဲ့ ထုတ်လုပ်သူ Genki Kawamura ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ ပင်လယ်ဓားပြပုံပြင်တွေဖတ်ပြီး ရတနာကျွန်းရှာဖို့ရူးသွပ်နေတဲ့ နိုဘီတတစ်ယောက် သတင်းမီဒီယာကနေ အမည်မသိကျွန်းတစ်ခုပေါ်လာကြောင်း ကြေညာချိန်မှာတော့ ရတနာသွားရှာချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပါတော့တယ်။ဒါကို သူငယ်ချင်းတွေက ဝိုင်းလှောင်ကြတော့ စိတ်တိုတိုနဲ့ကျွန်းကို တွေ့အောင်ရှာမယ်လို့အလောင်းအစားပြုလုပ်ပြီး ထုံးစံအတိုင်း ဒိုရေမွန်ကိုအကူညီတောင်းပါတယ်။ ဥပေက္ခာမပြုနိုင်တဲ့ ဒိုရေမွန်ကလည်း နိုဘီတအလိုကျအတိုင်း အဲဒီကျွန်းကို သွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ ပင်လယ်ဓားပြတွေနဲ့ ဘယ်လိုစခန်းသွားရမလဲ ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုခံစားပေးကြပါဦးနော်။ File size…1.7GB / 894MB Quality…1080p BluRay / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Doraemon: Nobita’s Treasure Island (2018)

2018
Millennium Actress (2001) 7.9
Millennium Actress (2001) Millennium Actress (2001) =============== IMDb Rating - 7.9/10 Directed By Satoshi Konဘယ်လောက်ထိရောက်ခဲ့ပြီး ဘာကောင်ကြီးဖြစ်ခဲ့ကြတယ်ဆိုတာထက် ဘာအတွက်သွားခဲ့သလဲက ပိုအရေးကြီးတယ်မဟုတ်လား။ ဒီခရီးဟာ ဘယ်တော့မှဆုံးတယ်မရှိတော့ ဘာအတွက်သွားတယ်ဆိုတဲ့ မျှော်လင့်ချက်က အထားအသိုမမှားဖို့ လိုတယ်။ တစ်စုံတစ်ရာအပေါ် ချစ်တဲ့စိတ်သာ မှန်နေပါစေလေ သေအောင်ကြိုးစားပြီး ဘာမှဖြစ်မလာခဲ့တဲ့ အကြောင်းတရားကလည်း ယုံကြည်မျှော်လင့်ခြင်း‌များကို ဖျက်စီးမပစ်နိုင်ဘူး။ဘယ်လောက်ထိသွားပြီး ဘာဖြစ်ခဲ့တယ်ဆိုတာတွေထက် တစ်စုံတစ်ရာအတွက်သွားပြီး ဘယ်မှမရောက်ခဲ့ရဘူးဆိုတဲ့ ဇာတ်လမ်းတွေက ပိုခမ်းနားတယ်လို့ ကျွန်တော်တော့ တစ်ထစ်ချယုံတယ်။ ဂျပန်ဝတ္တုကလေးတစ်ပုဒ်ထဲကလို တစ်ချိန်မှာ တောင်ကြောလေးတစ်ခုကနေ အိမ်ကလေးကိုမျှော်ငေးပြီး တစ်စုံတစ်ရာကိုလုပ်ဖို့ဆုံးဖြတ်ရာမှာ နှလုံးသားနဲ့ဆုံးဖြတ်ရင်း မှန်ကန်ခဲ့တဲ့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကို ပြန်ကျေနပ်မိပြီး တစိမ့်စိမ့်အရသာခံနိုင်ဖို့ ဘာအတွက် ဒီခရီးကိုသွားခဲ့တာလဲဆိုတဲ့ အချက်ဟာ အတော်လေးအရေးပါတယ်။ Millennium Actressဟာ ဂျပန်ဂန္တဝင် သရုပ်ဆောင်၂ယောက်ရဲ့ဘဝကို ကိုးကားရိုက်ထားတဲ့ အလားတူ အကြောင်းအရာတစ်ခုအကြောင်းပါပဲ။Millennium Actressဟာ ကူရိုဆာဝါရဲ့Ran, Seven Samurai,Yojimbo,Throne Of Bloodနဲ့ Godzillaရုပ်ရှင်အပြင် တခြားရုပ်ရှင်ပေါင်းများစွာက ဇာတ်ဝင်ခန်းတွေကို ကိုးကား ထည့်ထားပြီး Perfect Blueနဲ့ Millennium Actressကို ညီအစ်မရုပ်ရှင်တွေအဖြစ် စတိုရှိခွန်က ...
movie

Millennium Actress (2001)