Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Fritz Manes
6.1
Firefox (1982)
Firefox (1982)*******************Clint Eastwood ဆိုတဲ့ ဒါရိုက်တာလည်းလုပ် မင်းသားလည်းလုပ်တဲ့ ဒီဘိုးတော်ကြီးကို တော်တော်များများသိကြမယ်ထင်ပါရဲ့...ခပ်ဆန်းဆန်း ဇာတ်ကားတွေကြီးပဲ ဖန်တီးတတ်သလို သူ့ကားတွေကြည့်ပြီးတိုင်း အတွေးတွေ ကျန်ခဲ့အောင် လုပ်နိုင်စွမ်းလည်းရှိပါတယ်...ဒီရုပ်ရှင်ဇာတ်ကားက ၁၉၈၂ ခုနှစ်ကဆိုပေမယ့် ခုချိန်ပြန်ကြည့်လည်း သည်းထိတ်ရင်ဖို ခံစားနေရတုန်းမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...ဆိုဗီယက် ရုရှားမှာ အသံထက်မြန်အောင်ပျံနိုင်တဲ့အပြင် ရေဒါမှာ မပေါ်ဘဲနဲ့ စိတ်နဲ့ထိန်းချုပ်ပြီး ဒုံးကျဉ်ပစ်လို့ရတဲ့ Firefox ဆိုတဲ့ တိုက်လေယာဉ်ကို ဖန်တီးလိုက်ပါတယ်။ တိုက်လေယာဉ်ရဲ့ နည်းပညာက အဆင့်မြင့်လွန်းလို့ ဗြိတိန်တွေက စစ်ရေးအရ စိုးရိမ်ပြီး အမေရိကန် တိုက်လေယာဉ်မှူး မစ်ရှယ် ဂန် ကို လေယာဉ်သွားခိုးဖို့ ရုရှားနိုင်ငံထဲ ခိုးသွင်းပါတော့တယ်။ အဲ့ဒီမှာ ဇတ်လမ်းက စတော့တာပဲ...မင်းသားကြီး Clint Eastwood ရဲ့ ပရိတ်သတ်ဆိုရင်တော့ မဖြစ်မနေကြည့်သင့်တဲ့ ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကို Htet Wai Lwin မှ ရေးသားထားပါတယ်)File Size : (3.45GB) and (937 MB) Quality : Blu-Ray ...
movie
Firefox (1982)
7.6
Escape From Alcatraz (1979)
Escape from Alcatraz (1979)~ IMDb- 7.6/10, RT - 96%, Meta - 76%အပြင်လောကမှာလူမိုက်တွေက "ထောင်အပြင်မှာ တန်းမရှိဘူးကွ"လို့ ကြွေးကြော်ရင်း မိုက်ဂုဏ်ပြလေ့ရှိပါတယ်။ ဟုတ်ကဲ့၊ ထောင်အပြင်မှာသာတန်းမရှိတာပါ။ ထောင်ထဲမှာတော့ တန်းလည်းရှိတယ်၊ တိုက်လည်းရှိတယ်၊ မိုက်ပေ့ဆိုတဲ့ငနဲတွေအထဲရောက်လာရင် ဦးကျိုးသွားအောင်ချိုးပြမယ့်သူတွေကလည်းအသင့်စောင့်နေတာပါ။ ဆရာကျော်မြသန်းတို့၊ ဆရာရန်အောင်မောင်မောင်တို့ရဲ့ဝတ္ထုတွေကိုဖတ်ရင်း ထောင်လောကအကြောင်း မြည်းစမ်းကြည့်ဖူးသူတွေအတွက်တော့ အခုတင်ပြမယ့်ဇာတ်ကားဟာ စွဲမက်ဖွယ်ရသအပြည့်ပေးပါလိမ့်မယ်။ ထောင်ဆိုတာဘာလဲ မသိသေးသူတွေအတွက်လည်း မြည်းစမ်းကြည့်သင့်ပါတယ်။အလ်ကာထရက်ဇ်ဆိုတာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုပင်လယ်အော်နားက ကျောက်ဆောင်တွေပြည့်နေတဲ့ကျွန်းတစ်ခုပါ။ အစက စပိန်တွေပိုင်ခဲ့တယ်၊ သူ့နာမည်ကိုက ငှက်ကြီးဝန်ပိုကျွန်းလို့ စပိန်လိုခေါ်ရာကနေအမည်တွင်လာတာပါ။ အမေရိကန်ပိုင်ကျွန်းတစ်ခုဖြစ်လာပြီးတဲ့နောက် ၁၈၆၁ခုနှစ်မှာ အဲဒီကျွန်းကို စစ်ပြေးတွေ၊ သူပုန်တွေကိုအကျဉ်းချတဲ့နေရာအဖြစ်စအသုံးပြုခဲ့ပါတယ်။ ၁၉၃၄မှာတော့ ခေတ်မီအဆောက်အဦတွေနဲ့အတူ တစ်နိုင်ငံလုံးမှာ လုံခြုံရေးအတင်းကျပ်ဆုံးထောင်အဖြစ်နဲ့စတင်ခဲ့ပါတယ်။ အလ်ကာထရက်ဇ်ကို အဆိုးဆုံး၊ အကြမ်းဆုံးရာဇဝတ်ကောင်တွေထားတယ်ဆိုတာထက် စည်းကမ်းအဖောက်ဆုံးထောင်သားတွေပို့လေ့ရှိတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ သူတို့ကို တစ်ယောက်တစ်ခန်းစီခွဲပြီးချုပ်ထားတယ်။ အဲဒီနေရတဲ့အခန်းကလည်း အလျားဆယ်ပေ၊ အနံလေးပေခွဲသာကျယ်ပါသတဲ့။ တစ်နေ့ကို ...
movie
Escape From Alcatraz (1979)
1979
7.3
Pale Rider (1985)
Pale Rider (1985) ~ IMDb - 7.3/10, Rotten Tomatoes - 93% ~ချစ်ရတဲ့သူ ပြောတဲ့စကားကို ချစ်ခြင်းအားဖြင့် ယုံကြည်ပေးမှ အချစ်စစ်တယ်တဲ့။ အဲဒီစကားက သူတို့နှစ်ယောက်ကို ထာဝရ မဆုံဆည်းနိုင်မယ့် စကားဖြစ်နေရင်တောင်မှပဲပေါ့။ - ဘုန်းတော်ကြီး (ဘွဲ့တော်မရှိ)အမျိုးသမီးတစ်ယောက်အတွက် သူချစ်မြတ်နိုးရတဲ့ယောက်ျားရယ်၊ အနားမှာ အမြဲရှိနေမယ့် ယောက်ျားရယ် နှစ်ယောက်ထဲက တစ်ယောက် ရွေးရတော့မယ်ဆိုရင် ဆင်းရဲအတူ ချမ်းသာမခွဲ နေပေးမယ့် ယောက်ျားကိုပဲ ကျွန်မရွေးမယ်။ - ဆဲရာ ဝီလာအံ့ချီးဖွယ် ကံကြမ္မာကို ကိုယ်တော်ဆီ ဆုတောင်းခဲ့ဖူးတယ်။ ရှင်ရောက်လာတဲ့နေ့မှာ အဲဒီဆုတောင်း ပြည့်ခဲ့တယ်။ - မယ်ဂန် ဝီလာနာမည်မရှိသော ကောင်းဘွိုင်ကြီး Clint Eastwood ကို နာမည်မရှိသော သေနတ်သမားဟောင်း ဘုန်းတော်ကြီးအဖြစ် ခံ့ခံ့ညားညားကြီး ပြန်လည်မြင်တွေ့ရတဲ့ ဇာတ်လမ်းပေါ့။ချွေးစက်တွေကို ရွှေမှုန်အဖြစ် ပြောင်းသူ ရွှေကျင်သမားတစ်အုပ်ရဲ့ ဘဝအဖုံဖုံမှာ တခဏတာ လာပတ်သက်သွားတဲ့ ...
movie
Pale Rider (1985)
1985