Channel Myanmar

Fred Durst

Y2K (2024) 5.2
Y2K (2024) Y2K (2024) IMDb Rating – 5.2 /10၁၉၉၉ ဒီဇင်ဘာအကုန် ၂၀၀၀ အကူးမှာ ကွန်ပြူတာတွေအကုန် ပျက်ပြီး ကမ္ဘာကြီးတစ်ခုလုံးထိခိုက်မယ်ဆိုတဲ့သတင်း ပြန်ခဲ့တာကို ၉၀ ဖွားတွေအကုန်မှတ်မိကြမယ်ထင်ပါတယ်။အဲ့သတင်းကို ကျောရိုးယူပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကားမှာတော့ မင်းသား Jaeden Martell နဲ့ အခုတလော လူတော်တော်များများ မေတ္တာပို့နေကြတဲ့ စနိုးဝှိုက်မင်းသမီးလေး Rachel Zegler တို့ရဲ့ Horror/ Comedy ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။အထက်တန်းကျောင်းသားတွေဖြစ်ကြတဲ့ ‘အီလိုင်’နဲ့ ‘ဒန်နီ’တို့ သူငယ်ချင်းနှစ်ယောက်က ၁၉၉၉ ခုနှစ်ရဲ့ နှစ်သစ်ကူးညကို ရုပ်ရှင်တွေပဲ ကြည့်ရင်း အတူတူကုန်ဆုံးကြဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ အဲ့နေ့မနက်မှာပဲ အီလိုင်ရဲ့ ခရပ်ရှ်/ တစ်ကျောင်းလုံးရဲ့ အချောအလှကွင်းလေး/ ‘လော်ရာ’က အီလိုင်ကို နှစ်သစ်ကူးပါတီတစ်ခုကို လာရောက်ဖို့အတွက် ဖိတ်သွားတဲ့အခါ သကောင့်သားနှစ်ယောက်က အိမ်မှာမနေကြတော့ဘဲ ပါတီကိုသွားကြပါတော့တယ်။သူတို့တွေ ပါတီရောက်လို့ ၂၀၀၀ ပြည့်နှစ်ကိုကူးပြောင်းသွားပါမှ ကမ္ဘာပျက်ကိန်းနဲ့ကြုံရတဲ့အခါ...(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw က တင်ဆက်ထားပါတယ်။) File size… 1.5 GB / 815 MB Quality…WEB DL ...
movie

Y2K (2024)

I Saw the TV Glow (2024) 6.0
I Saw the TV Glow (2024)   ဒီကားကတော့ A24 production က ထုတ်ထားတဲ့ Horror/Drama ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ Horror ကားဆိုပေမယ့် လူတွေကို အတင်းဖြဲခြောက်တဲ့ကားတွေထဲမှာတော့ မပါပါဘူး။ သေချာတာကတော့ ဒီဇာတ်ကားကြည့်ရတာ တော်တော်လေး Trippy ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ သုံးထားတဲ့ အရောင်တွေ ရိုက်ချက်တွေကတော့ ကြည့်လို့လှပြီး တစ်မူထူးခြားပါတယ်။အိုဝန် ဆိုတဲ့ကောင်လေးဟာ သူ့ရဲ့ကျောင်းမှာ တစ်နေ့ မက်ဒီဆိုတဲ့ ကောင်မလေးနဲ့ တွေ့ခဲ့ပါတယ်။ မက်ဒီဟာ အိုဝန်ကို သူကြည့်နေကြ ဇာတ်လမ်းတွဲတစ်ခုနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ဒီဇာတ်လမ်းတွဲလာတဲ့အချိန်ဟာ အိုဝန်ရဲ့ အိပ်ယာဝင်ချိန်ထက်နောက်ကျတဲ့ အတွက် သူ့ရဲ့ မိဘတွေက ပေးမကြည့်ခဲ့ပါဘူး။ အဲဒါကြောင့် မက်ဒီဟာ ဇာတ်လမ်းကို တိပ်ခွေထဲသွင်းပြီး အိုဝန်ကို ပေးကြည့်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်ဟာ ရင်းနှီးလာပြီး နှစ်တွေကြာလာတော့ ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး ထူးဆန်းတာတွေ ဖြစ်လာတဲ့အခါ... File size…(1.8 GB)/(790 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Drama, ...
movie

I Saw the TV Glow (2024)

Zoolander (2001)
Zoolander (2001) IMDB 6.5/10 ရရှိထားတဲ့ Comedy ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် မင်းသမီး Christine Taylor နဲ့ မင်းသားကြီး Will Ferrell တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ထူးခြားတဲ့အကြည့်တွေနဲ့ ဆွဲဆောင်နိုင်စွမ်းရှိသူ ဒဲရစ်ဇူးလန်ဒါက ဖက်ရှင်လောကရဲ့ အောင်မြင်တဲ့ အမျိုးသားမော်ဒယ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ သူ့ရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကို အစွန်းအထင်းဖြစ်စေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြီး သူက မော်ဒယ်လောကကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အနားယူဖို့ ဆုံးဖြတ်ပြီး မကြာခင်မှာပဲ ဖက်ရှင်လောကရဲ့ အကျော်အမော်ဒီဇိုင်နာကြီး မူဂါတူက အလုပ်အတူလုပ်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် ရိုးရိုးသားသား လက်ခံခဲ့ပေမဲ့ တကယ်တမ်း မူဂါတူရဲ့အကြံက သူ့ကို ...
movie

Zoolander (2001)

Be Cool (2005) 5.6
Be Cool (2005) ဂျွန်ထရာဗိုသာနဲ့ အူမာသာမန်းတို့လို ဝါရင့်တွေပါဝင်ထားတဲ့ဇာတ်ကားပါ။ငွေတိုးချေးပြီးရင် ဂိုဏ်းစတားဆန်ဆန် အကြွေးလိုက်တောင်းရတဲ့ အလုပ်ကို စိတ်ကုန်လို့ ရုပ်ရှင်လောကထဲဝင်ပြီး ထုတ်လုပ်သူလုပ်ခဲ့တဲ့ ချီလီပါးလ်မား (John Travolta) တစ်ယောက် ကြာလာတော့ ရုပ်ရှင်လုပ်ငန်းကို စိတ်ကုန်လာလို့ အလုပ်ဟောင်းဆီပဲပြန်သွားရမလား တွေးနေမိပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမှ "မရိုးသားတဲ့အလုပ်ကို ရိုးရိုးသားသားလုပ်နိုင်သေးလို့" ပါတဲ့။ဒါပေမဲ့ သူစိတ်ဝင်စားသွားတာက ဂီတလောကပါ။ တကယ်ပါရမီရှိတဲ့ အဆိုတော်ဖြစ်ချင်သူ လင်ဒါမွန်း ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါ သူ့ကိုကြယ်တစ်ပွင့်ဖြစ်တဲ့အထိ မြေတောင်မြှောက်ပေးဖို့ ချီလီ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လင်ဒါ့မှာ တဖက်သတ်ချုပ်ဆိုခံထားရတဲ့ သဘောတူစာချုပ်က ရှိနေတယ်။ သူ့ကိုချုပ်ကိုင်ထားကြသူတွေက မန်နေဂျာလိုလို ထုတ်လုပ်သူလိုလိုနဲ့ ဂီတလောကမှာ ဖြတ်စားလျှပ်စားလုပ်နေတဲ့ သူတွေပေါ့။တဖက်မှာလည်း ချီလီ ရဲ့သူငယ်ချင်း လူရှုပ်တစ်ယောက်က ရုရှားမာဖီးယားတွေနဲ့ငြိလို့ ပစ်သတ်ခံလိုက်ရချိန်မှာ သူငယ်ချင်းရဲ့ဇနီး မုဆိုးမလှလှလေးက သူ့ရဲ့တေးသံသွင်းလုပ်ငန်းမှာ အကြွေးတွေဗရပွေနဲ့ ကျန်ရစ်ခဲ့ရှာတာကို ကူညီပေးဖို့ကလည်း ရှိနေသေးတယ်။အာဖရိကန်-အမေရိကန် (ဇာတ်ကားထဲမှာသူတို့ကို လူမည်းလို့ပြောရင် ပစ်မှာမို့လို့) ...
movie

Be Cool (2005)