Channel Myanmar

Frank Grillo

Captain America: The Winter Soldier (2014)

Captain America: The Winter Soldier (2014)

4K HEVC
Ida Red (2021) 5.8
Ida Red (2021) Ida Red (2021)*****************IMDb... 5.8 ဇာတ်လမ်းအစမှာ ပြည်နယ်အစိုးရဲ့ ဆေးကုန်ကားကိုလူတစ်ချို့ရဲဟန်ဆောင်ပြီးwsae mqmလုယက်ကြတယ်။အဖော်ပါလာတဲ့တစ်ယောက်က သေပြီးတော့ ကားမောင်းသမားကတော့ အိုင်စီယူထဲရောက်သွားတယ်။ကျူးလွန်တဲ့သူတွေကို သက်သေမခိုင်လုံတဲ့အတွက် ဘော်ဒီကစောင့်ကြည့်နေတယ်။သူစောင့်ကြည့်နေရတဲ့သူက ယောက်ဖဖြစ်သူ ဝက်ထ်ဖြစ်နေတယ်။အကြောင်းက ကိစ္စကြီးကြီးမားမား တစ်ခုခုဖြစ်တိုင်း လူသတ်မှုထောင်ကျနေတဲ့ သူရဲ့ယောက္ခမကြီးအက်ဒါရဲ့နာမည်ကအမြဲပါနေတယ်။ ဝက်ထ်ကလည်း သူစောင်ကြည့်ခံနေရပြီဖြစ်လို့ ဦးလေးဖြစ်သူဒဲလတ်စ်နဲ့တိုင်ပင်တယ်။ လက်ရဲဇက်ရဲ ဘာကိုမှမကြောက်တဲ့ ဒဲလတ်စ်က ဝက်ထ်ရဲ့အမေအက်ဒါခိုင်းတဲ့အတိုင်း ဒီအမှုမှာပါခဲ့လူတိုင်းကိုရှင်းပစ်ဖို့ကြိုးစားတဲ့အခါမှတော့.... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်) File Size : 1.91GB/ 670MB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…01:52:00 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Tiff
movie

Ida Red (2021)

Hitman’s Wife’s Bodyguard (2021) 6.9
Hitman’s Wife’s Bodyguard (2021) Hitman's Wife's Bodyguard (2021)IMDb Rating (6.9)ရုံတင်တုန်းက မပါတဲ့အခန်းတွေကို ပြန်ထည့်ပေးထားတဲ့ BluRay Extended Version နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ဒီကားကတော့ မြေနိုးကြီးရဲ့သက်တော်စောင့် ဇာတ်လမ်း အပိုင်း ၂ ဖြစ်ပါတယ်။ ရှေ့မှာထွက်ထားတဲ့ အပိုင်း ၁ ရုပ်ရှင်ကား The Hitman’s Bodyguard (2017)  ကိုကြည့်ထားရင်တော့ ပိုချိတ်ဆက်မိပါမယ်။ဒီအပိုင်းမှာတော့ ကင်ကိတ်ကြီးက ထောင်ကထွက်ပြေးပြီး မိန်းမနဲ့အကြည်ဆိုက်နေချိန်၊ သက်တော်စောင့် လိုင်စင် မရှိတော့တဲ့ ဘရိုက်စ်က တိုင်ပတ်နေပါတယ်။ဒါနဲ့ စိတ်ပြေလက်ပျောက် အနားယူဖို့ ထွက်လာချိန်မှာပဲ ကင်ကိတ်ကြီးကိုမာဖီးယားတွေဖမ်းထားတယ်ဆိုပြီး သူ့မိန်းမ ဆိုညာက လာခေါ်တဲ့အချိန်မှာ လူသတ်သမား၊ သက်တော်စောင့်၊ လူလိမ်မ သုံးယောက်တွဲပြီး ပေါက်ကရတွေလုပ်ရင်းနဲ့ ကမ္ဘာကြီးကို ကယ်တင်ရမယ့် လမ်းစပေါ် ရောက်သွားပြန်ပါတော့တယ်။ပထမကားက သရုပ်ဆောင်တွေဖြစ်တဲ့ Ryan Reynolds နဲ့ မားသားဖက်ခါ Samuel L. Jackson နဲ့ Salma Hayek တို့အဓိကပါဝင်ထားပြီး ဒီကားမှာတော့ Morgan Freeman လဲအားဖြည့်ထားပါသေးတယ်။ ဝါရင့်တွေချည်း ...
movie

Hitman’s Wife’s Bodyguard (2021)

2021
4K HEVC
Zero Dark Thirty (2012) 7.4
Zero Dark Thirty (2012) Zero Dark Thirty (2012)IMDb Rating (7.4) / Rotten Tomatoes (91 %)“အိုစမာ ဘင်လာဒင် ” ဆိုတဲ့ကမ္ဘာကျော် နာမည်ကိုအားလုံးကြားဖူးကြမှာပါ။ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တာဝါ ၂ ခုကို အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့က ပြန်ပေးဆွဲထားတဲ့ လေယာဉ်နဲ့ ဝင်တိုက်ခဲ့တာကြောင့် လူ ၃၀၀၀ ကျော် သေဆုံးခဲ့တဲ့ (၉/၁၁) ဖြစ်စဉ်ကို အဓိကကြိုးကိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ဒီဖြစ်ရပ်အပြီးမှာ အိုစမာ ဘင်လာဒင်ဟာ ကမ္ဘာ့အလိုရှိဆုံး အကြမ်းဖက်ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ၉/၁၁ ဖြစ်စဉ်အပြီး ဆယ်စုနှစ်တစ်ခုနီးပါးကြာတဲ့အထိ ဘင်လာဒင်ရဲ့အရိပ်အယောင်ကို အမေရိကန်တွေ ရှာမတွေ့ခဲ့ကြပါဘူး။ကမ္ဘာ့အကောင်းဆုံးနည်းပညာတွေ ပိုင်ဆိုင်ထားတဲ့ အမေရိကန်ရဲ့လက်ကနေ နှစ်အများကြီးလွတ်အောင် ဘင်လာဒင် ဘယ်လိုပုန်းကွယ်ခဲ့လဲ။ အဲဒီလိုပုန်းကွယ်နေရင်း အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဘယ်လိုချိတ်ဆက်ပြီး အမေရိကန်ကိုဆက်လက်အထိနာစေတဲ့အကြမ်းဖက်လုပ်ရပ်တွေလုပ်ခဲ့လဲ။အပုန်းကောင်းသူကြီး အိုစမာ ဘင်လာဒင်ရဲ့ နေရာကို အမေရိကန်တို့ ဆယ်နှစ်ကြာအောင် ဘယ်လို စတေးမှုတွေနဲ့ ဘယ်လိုခက်ခက်ခဲခဲရှာဖွေခဲ့ရပြီး သုတ်သင်ခဲ့ရလဲ ဆိုတာတွေကို ဒီရုပ်ရှင်မှာ ...
movie

Zero Dark Thirty (2012)

2012
4K HEVC
Werewolves (2024) 5.5
Werewolves (2024)  Werewolves (2024)  ဒါကတော့ ထူးထူးခြားခြားဝံပုလွေလူသား horror လေးလို့ပြောရမှာပါ။ပုံမှန်၀တ္ထု‌တွေ ဇာတ်လမ်းတွေမှာ ဒါမှမဟုတ် ဆယ်ကျော်သက်တွေကြားရေပန်းစားတဲ့ A/B/O trope အနေနဲ့လည်းတွေ့ဖူးကြမှာပါ။ဒီ Movie မှာတော့ ပုံမှန်နဲ့ကွာခြားတဲ့လပြည့်ညတစ်ညကြောင့် လရောင်နဲ့ထိတွေ့မိတဲ့သူတိုင်း ဝံပုလွေလူသားတွေအဖြစ်သန္ဓေပြောင်းကုန်ပြီး သူတို့ချစ်ရတဲ့သူတွေမိသားစုဝင်တွေကိုမှတ်မိနိုင်စွမ်းမရှိ‌တော့ပဲ ပြန်အမဲလိုက်ကြပါတော့တယ်။ဒါကြောင့်အစိုးရက ညမထွက်ရအမိန့်ထုတ်ပြန်ပြီး လူတွေကိုမိမိတို့အိမ်မှာလုံခြုံစွာနေကြဖို့မှာကြားထားတယ်။လူတွေကလည်း အိမ်ခြံ၀န်းတွေကိုလုံခြုံအောင်ကာပြီး လရောင်သာမယ့်ညကိုရှင်သန်နိုင်ဖို့အတွက်အတတ်နိုင်ဆုံးပြင်ဆင်ကြရတော့တယ်။အဲ့ဒီလိုထူးခြားဖြစ်စဉ်ကိုအဖြေရှာဖို့ကြိုးစားနေကြတဲ့အဖွဲ့တစ်ဖွဲ့ကနေပြီး မွန်းစခရင်ဆိုတဲ့သူတို့ဖော်ထုတ်ထားတဲ့ဆေးဟာ လရောင်နဲ့လူသားအ‌ရေပြားထိတွေ့မှုမှာမျိုးရိုးဗီဇပြောင်းလဲမှုကိုကာကွယ်နိုင်ရဲ့လားဆိုတာ စမ်းသပ်ခံတွေနဲ့စစ်ဆေးကြဖို့လုပ်တော့ အက်စီးဒင့်တစ်ခုဖြစ်ပြီး ဓာတ်ခွဲခန်းအဆောက်အဦးကြီးတစ်ခုလုံးကသန္ဓေပြောင်းဝံပုလွေတွေနဲ့ပြည့်သွားတဲ့အခါ အသက်ရှင်ကျန်ရစ်တဲ့ပညာရှင်နှစ်ဦးက ဘယ်လိုလွတ်မြောက်အောင်ကြိုးစားကြမလဲ။ထိုနှစ်ဦးထဲက ဝေစလေမာရှယ်ဆိုတဲ့အငြိမ်းစားစစ်သားကရော ကွယ်လွန်သွားတဲ့အစ်ကိုဖြစ်သူရဲ့ဇနီးနဲ့သမီးလေးကို ကာကွယ်ဖို့ရန်အချိန်မှီအိမ်ပြန်နိုင်ပါ့မလားဆိုတာရင်တထိတ်ထိတ်နဲ့ကြည့်ရှူ့ကြရမှာဖြစ်ပါတယ်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။)File size…(1.7 GB) / (910 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Horror,Thriller Duration….01:34:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phu Thet Khin
movie

Werewolves (2024)

2024
Die Alone (2024) 6.0
Die Alone (2024)  လူသားတွေမှီခိုအားထားပြီးနေထိုင်နေရတဲ့ကမ္ဘာကြီးကလူသားတွေကြောင့်ပဲ တစ်နေ့တစ်ခြားပိုပိုပျက်စီးယိုယွင်းလာတာကိုကိုယ်တွေ့မျက်မြင်မြင်တွေ့ရမှာပါ။ရာသီဥတုပြောင်းလဲတာရေမြေတွေညစ်ညမ်းလာတာတွေအပြင် ကမ္ဘာကြီးအဆိပ်သင့်လာရတာတွေကလည်းလူသားတွေရဲ့လောဘတွေကြောင့်ပါပဲ။အဲ့ဒါတွေအတွက်ကမ္ဘာကြီးကကိုယ့်ကိုယ်ကိုယ်ပြန်လည်ရယူတဲ့အနေနဲ့ ဇွန်ဘီတွေလိုဖြစ်သွားစေမဲ့ဗိုင်းရပ်စ်တစ်ခုကိုလူသားတွေဆီပေးသနားလိုက်တဲ့ပုံစံမျိုးနဲ့ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Die Alone ဖြစ်ပြီး လက်ရှိ IMDb Rating 5.6 အထိရရှိထားပါတယ်။ဇာတ်လမ်းအစမှာတော့ အထက်မှာပြောထားခဲ့တဲ့ဗိုင်းရပ်စ်ကကမ္ဘာပေါ်မှာပျံ့နှံ့နေပြီး လူတွေလည်း အသက်ရှင်သန်နိုင်ဖို့အတွက်ကြိုးစားရုန်းနေကြရပါတယ်။အဲ့ဒီထဲမှာအီသန်နဲ့အမ်မာဆိုတဲ့လူငယ်စုံတွဲလေးလည်း အပါအဝင်ဖြစ်ပါတယ်။သူတို့က ကားတစ်စီးနဲ့ဘေးကင်းရာကိုထွက်ပြေးလာခဲ့ကြပေမဲ့လမ်းမှာကားမှောက်ပြီးလူကွဲသွားပါတော့တယ်။အီသန်နိုးလာတဲ့အခါမှာ အမ်မာ့ကိုမတွေ့ရတော့ဘဲ ကမ္ဘာကြီးပေါ်မှာဘာတွေဖြစ်နေတယ်ဆိုတာကိုပါ မေ့ပျောက်နေခဲ့ပါတယ်။အဓိကပြဿနာကတော့ သူ့မှာအတိတ်မေ့ရောဂါရှိနေလို့ပါပဲ။ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ မေလို့ခေါ်တဲ့အဖွားကြီးတစ်ယောက်နဲ့တွေ့ခဲ့ပြီး သူ့အိမ်မှာ လိုက်ပါနေထိုင်ခွင့် ရခဲ့ပါတော့တယ်။မေက ဒီလောကကြီးထဲမှာကျင်လည်နေတာကြာပြီဆိုတော့ သူ့အတွက်အသက်ရှင်သန်နေထိုင်ဖို့ဆိုတာ ခက်ခဲတယ်တော့မဟုတ်တော့ပါဘူး။ဒါပေမယ့် အီသန်ကတော့ သူ့ကောင်မလေးအမ်မာကိုပဲ သွားရှာချင်စိတ်တွေတဖွားဖွားဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့ အီသန်တစ်ယောက် အမ်မာ့ကိုရှာဖို့ကြိုးစားရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ မေကရောသူ့ကိုကူညီပေးပါ့မလားဆိုတာတွေကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size… 1.49GB / 814MB Quality…WEB-DL  1080p HEVC / 720p Format…mkv / mp4 Duration….1h 31m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Die Alone (2024)

Hounds of War (2024) 5.5
Hounds of War (2024)  ဇာတ်ပို့အဖြစ်ကနေ ခေါင်းဆောင်မင်းသားအဖြစ်ကို အောင်မြင်စွာကူးပြောင်းလာခဲ့တဲ့ မင်းသားကြီး Frank Grillo ရဲ့အက်ရှင်ကားအသစ် Hounds Of War ကိုတင်ဆက်ပေးလိုက်ပါတယ်။သူသရုပ်ဆောင်ထားတဲ့ကားဆိုတော့ အပစ်အခတ်တွေနဲ့ကြမ်းတမ်းတဲ့အက်ရှင်တွေကိုတွေ့ရမယ်ဆိုတာတော့ တန်းသိကြမှာပါ။ဇာတ်လမ်းဇာတ်ကွက်တွေကလည်း ကြည့်တာတောင်မကြာသေးဘူး ဟာခနဲဟင်ခနဲဖြစ်သွားစေမဲ့ဇာတ်လမ်းမျိုးဆိုတော့ အက်ရှင်ချစ်သူတွေကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ရိုက်ဒါကကြေးစားစစ်သားတစ်ယောက်ဖြစ်ပြီး အမေရိကန်အစိုးရရဲ့ လျှို့ဝှက်လုပ်ကြံရေးစစ်ဆင်ရေးတွေကိုလုပ်ခဲ့တဲ့ အငြိမ်းစားယူထားသူတစ်ယောက်ဖြစ်ပါတယ်။အငြိမ်းစားယူထားပေမဲ့လည်း အလုပ်ကမဖြစ်မနေ လှမ်းခေါ်တဲ့အပြင် တစ်ဖွဲ့တည်းသားချင်းဖြစ်တဲ့ညီဖြစ်သူကပါခေါ်တော့ ရိုက်ဒါလည်းနောက်ဆုံးတစ်ခေါက်စစ်ဆင်ရေးထပ်လုပ်ခဲ့ပါတော့တယ်။ဒါပေမယ့် သစ္စာဖောက်ခံလိုက်ရပြီးသူ့ညီအပါအဝင်တစ်ဖွဲ့လုံး သေဆုံးခဲ့ရတဲ့အခါမှာတော့ သစ္စာဖောက်ဖြစ်တဲ့သူတို့အထက်လူကြီးကိုပညာသားပါပါလက်စားချေဖို့စီစဉ်ပုံတွေကိုစိတ်ဝင်စားစရာကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1.46GB / 813MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Hounds of War (2024)

Long Gone Heroes (2024) 5.7
Long Gone Heroes (2024) အက်ရှင်ကားကောင်းကောင်းတွေကို မျှော်လင့်စောင့်စားနေတဲ့လူတွေအတွက်စိတ်ဝင်စားစရာကောင်းကောင်းနဲ့ Gun Fighting ခန်းတွေကိုရှယ်ကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Long Gone Heroes ဖြစ်ပြီး လက်ရှိIMDb Rating 5.7 အထိရရှိထားပါတယ်။သရုပ်ဆောင်တွေအနေနဲ့ Five Nights At Freddy's တို့ The HungerGames တို့မှာပါဝင်သရုပ်ဆောင်ထားတဲ့ Josh Hutcherson နဲ့Captain American တို့ The Purge တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့အက်ရှင်မင်းသားကြီး Frank Grillo တို့အပြင်တခြားသောနာမည်ကြီးသရုပ်ဆောင်တွေပါ ပါဝင်ထားတာဖြစ်တဲ့အတွက်ရှယ်ကြည့်ကောင်းမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းကိုတော့ ဗင်နီဇွဲလားမှာရေနံတွေအများကြီးထွက်ရှိခဲ့တဲ့အတွက်ပြည်တွင်းကအာဏာရှိသူတွေနဲ့ အမေရိကန်ကအာဏာရှိသူတွေပူးပေါင်းပြီးရေနံတွေကိုတရားမဝင်တင်ပို့တဲ့လုပ်ငန်းတွေလုပ်နေကြတဲ့အကြောင်း စတင်မိတ်ဆက်ထားပါတယ်။အထက်ကလူတွေကိုယ်ကျိုးအတွက်လုပ်နေကြပေမဲ့အောက်ခြေကဗင်နီဇွဲလားပြည်သူတွေကတော့ ငွေကြေးဖောင်းပွမှုတွေ စီးပွားရေးကျဆင်းမှုတွေကြောင့်ဒုက္ခများစွာကြုံတွေ့နေရပါတော့တယ်။ အဲ့ဒါကြောင့်ဒီမတရားမှုတွေကိုအဆုံးသတ်ဖို့ ဂျူလီယာဆိုတဲ့ သတင်းထောက်မလေးတစ်ယောက်က ဗင်နီဇွဲလားကိုသွားပြီးလိုအပ်တဲ့အချက်အလက်တွေကိုစုံစမ်းပါတော့တယ်။အကုန်ပြည့်စုံပြီးဖွင့်ချလို့ရပြီဆိုမှ အမှန်တရားတွေပေါ်သွားမှာကိုကြောက်နေတဲ့လူတစ်စုက ဂျူလီယာ့ကိုဖမ်းခေါ်သွားပါတော့တယ်။အဲ့ဒါကြောင့်ဂျူလီယာရဲ့အမေဖြစ်တဲ့ လွှတ်တော်အမတ်ကြီးက ဂျူလီယာ့ကိုသွားကယ်ဖို့အဖွဲ့တစ်ခုစေလွှတ်ခဲ့ပြီး ဂျူလီယာ့ကိုကယ်ထုတ်တဲ့ခရီးစဉ်တစ်လျှောက်မှာ ကြုံတွေ့ရမဲ့အရာတွေများစွာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.84GB / 1.09GB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. ...
movie

Long Gone Heroes (2024)

Wheelman (2017) 6.4
Wheelman (2017)  လူတစ်ယောက်၊ ညတစ်ည၊ ကားတစ်စီး၊ အိတ် ၂ အိတ်၊ဖုန်း ၁ လုံး။ ဒါတွေနဲ့ပဲ ဇာတ်လမ်းဆင်ထားတဲ့ Netflix ကThriller ကားကောင်းလေးပါ။ဇာတ်ကားနာမည်အတိုင်း မင်းသားက ဘဏ်ဓားပြတိုက်တဲ့လူတွေကို ကားမောင်းပို့ပေးရတဲ့ အမောင်းသမား ဝှီးမန်းပါ။တစ်ညကျ ခါတိုင်းလိုပဲ သူ့အလုပ်သူ လုပ်မယ့်အချိန်မှာသူနဲ့ တွဲလုပ်နေကြ သူ့ဘော်ဒါမဟုတ်ပဲ ဒီအလုပ်အပ်တဲ့လူဆိုသူက ဖုန်းဆက်လာပြီး ခု ဓားပြတိုက်နေတဲ့ကောင်တွေကားထဲကို ပိုက်ဆံထည့်ပြီးတာနဲ့ ပစ်ထားခဲ့လိုက် အဲဒီကောင်တွေက မင်းကို သတ်မှာ ဘာညာဆိုပြီးပြောနေတော့ယုံရခက် မယုံရခက်နဲ့ နောက်ဆုံး အသက်သေမှာကိုကြောက်တော့ ပိုက်ဆံတွေ ကားထဲရောက်တာနဲ့ ဟိုလူတွေကိုထားခဲ့ပြီး မောင်းပြေးလာခဲ့တယ်။ပြီးတာနဲ့ ဒီ ထူးဆန်းတဲ့ဖုန်းပေါ်ကလူက မင်းသားကို အကျပ်ကိုင်တာတွေ ခြိမ်းခြောက်တာတွေ ပေါင်းစုံနဲ့ သူခိုင်းတဲ့အတိုင်းတွေလုပ်ရင်း ပြဿနာကြီးတစ်ခုထဲကို မဆီမဆိုင် ဝင်ရောက်သွားတဲ့အခါမှာတော့ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲဆိုတာကိုစိတ်လှုပ်ရှားစွာနဲ့ ကြည့်ရမှာပါ။ဒီကားထဲက အဓိက သရုပ်ဆောင်ကတော့ ဟောလိဝုဒ်အက်ရှင်ကားတော်တော်များများမှာ အရန်နေရာတို့ လူဆိုးနေရာတို့ပါနေကြ ဖြစ်ပြီး အထင်ရှားဆုံးပြောရရင် ကပ္ပတိန်အမေရိကကားထဲက ...
movie

Wheelman (2017)

Homefront (2013) 6.5
Homefront (2013) ဒီတစ်ခါတော့ အက်ရှင်ပရိတ်သတ်အကြိုက် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Transporter မင်းသား Jason Statham ရဲ့ကားဆိုတော့ ပရိတ်သတ်ကြီးသိတဲ့အတိုင်း အက်ရှင်ကြမ်းကြမ်းရမ်းရမ်းတွေ ကြည့်ရမှာပါ။မင်းသားက ဒီကားမှာ DEA Agent ဖြစ်ပြီး ဇာတ်လမ်းအစမှာတင် သူက Undercover ဝင်လုပ်နေရာကနေ သူဖမ်းရမယ့် လူဆိုးကိုလည်း မိသွားသလို လူဆိုးရဲ့သားလည်း သေသွားပါတယ်။ အဲ့ဒီမှာ မင်းသားက Undercover အလုပ်ကို စိတ်ကုန်ပြီး အလုပ်က နုတ်ထွက်သွားပြီး တောရွာလေးတစ်ရွာမှာသွားနေပါတယ်။ အဲ့ဒီရွာမှာ လူဆိုးဗိုလ်အဖြစ် James Franco က သရုပ်ဆောင်ထားပြီး သမရိုးကျ အက်ရှင်ကားတွေအတိုင်း မင်းသားနဲ့ ဒေသခံတစ်ချို့နဲ့ ပြသ၁နာဖြစ်ကြရာကနေ James Franco က မင်းသားကို DEA မှန်းသိသွားတဲ့ တဲ့အခါမှာ မင်းသားဖမ်းပေးခဲ့တဲ့ လူဆိုးရဲ့ တပည့်တွေကို သတင်းပေးပြီး မင်းသားကို အပြတ်ရှင်းခိုင်းပါတယ်။ အလဲအလှယ်အနေနဲ့ သူရဲ့ ဘိန်းတွေကို လူဆိုးတွေက ...
movie

Homefront (2013)

Mother’s Day (2010) 6.2
Mother’s Day (2010)  ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို၂၀၁၀ ကထွက်ရှိထားတဲ့ Mother ‘s Day ဆိုတဲ့ဇာတ်ကား ကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်. ဒီဇာတ်ကားကို ဒါရိုက်တာ Darren LynnBousman ကရိုက်ကူးပုံဖော်ထားပြီး rating 6.2/10 အထိရရှိထားပါတယ်..ဒီဇာတ်ကားမှာ မင်းသား Shawn Ashmore , PartrickJohn Flueger , Warren Kole စတဲ့နာမည်ကြီးမင်းသားတွေနဲ့ မင်းသမီး Rebecca De Mornay , Jaime Kingစတဲ့နာမည်ကြီးအနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားတဲ့ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်..ဇာတ်လမ်းအစက ဆေးရုံတစ်ခုမှာ မိန်းမကြီးတစ်ယောက်ကလေးလိုက်ခိုးနေပုံနဲ့ စတင်ထားပါတယ် ဒီလိုနဲ့ နောက်ထပ်နှစ်ပေါင်းများစွာ ကြာပြီးတဲ့ တစ်ညမှာတော့ လူသုံးယောက်ဘဏ်ကိုဓားပြတိုက်မှုနဲ့ ထွက်ပြေးနေရပါတယ် သူတို့ကတော့ အိုက်, အက်ဒ်လေ နဲ့ ဂျွန်နီတို့ ညီအစ်ကိုသုံးယောက်ပဲဖြစ်ပါတယ် သူတို့ရဲ့ညီအငယ်ဆုံးလေးဖြစ်တဲ့ ဂျွန်နီကလည်းဘဏ်ဓားပြ တိုက်မှုအတွင်းမှာ သေနတ်နဲ့အပစ်ခံထားရပါတယ်ဒီကြားထဲ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်က သစ္စာဖောက်သွားတာကိုခံလိုက်ရပြီး တိုက်ရာပါပစ္စည်းတွေ ပိုက်ဆံတွေအားလုံးကလည်းပါသွားပြန်ပါတယ် ...
movie

Mother’s Day (2010)

MR-9: Do or Die (2023) 5.5
MR-9: Do or Die (2023)  MR9 Do or Die ဇာတ်ကားဟာ 2023 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့အမေရိကန်-ဘင်္ဂလားဒေ့ရှ် သူလျှိုအက်ရှင် သည်းထိတ်ရင်ဖိုဇာတ်လမ်းကောင်းတခုဖြစ်ပြီး ဒါရိုက်တာ Asif Akbar ကရိုက်ကူးထားတာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ ၁၉၆၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်စာရေးဆရာ Qazi Anwar Hussain ရဲ့ ဝတ္ထုဖြစ်တဲ့Dhongsho Pahar ကို အခြေခံထားထားဖြစ်ပြီး မင်းသားABM Sumon က MR9 ဆိုတဲ့ သူလျှို Masud Ranaနေရာကနေ အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။R&R စက်ရုပ်ကုမ္ပဏီက ဘီလျံနာ ညီအကိုနှစ်ဦးဟာနည်းပညာကိုအသုံးချပြီး ညီဖြစ်သူရဲ့ အမြင်အာရုံကိုအကောင်းအတိုင်းဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့အခါနည်းပညာမြင့် တိုက်ခိုက်ရေးပစ္စည်းတွေကို ကမ္ဘာအနှံ့ဖြန်ချိတင်သွင်းဖို့ ကြံစည်ခဲ့ပါတော့တယ်။လူမြင်ကောင်းအောင် နည်းပညာကုမ္ပဏီကြီးကို ဗန်းပြပြီးကန့်လန့်ကာနောက်ကွယ်မှာတော့ ပါဘလို အက်စ်ကိုးဘားလိုမြေအောက်ဒုစရိုက်မှုတွေကို တသီတတန်းကြီး ‌လုပ်ဆောင်တော့တဲ့ ဘီလျံနာညီအကိုနှစ်ဦးကို MR9 ဆိုတဲ့ထိပ်သီးဘင်္ဂလားဒေ့ရှ် သူလျှိုတဦးဟာ CIA နှင့် ပူးပေါင်းပြီးနိုင်ငံတကာ ရာဇ၀တ်မှုအဖွဲ့အစည်းကို ဘယ်လိုဖြိုခွင်းသွားမလဲဆိုတာအက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့အတူ သည်းထိတ်ရင်ဖိုစောင့်ကြည့်ကြရမှာဖြစ်ပါတယ်။   File ...
movie

MR-9: Do or Die (2023)

Donnybrook (2018) 5.5
Donnybrook (2018)  Jarhead Earl ဆိုတဲ့လူဟာ ဇနီးသည်နဲ့ကလေးနှစ်‌ယောက်နဲ့အတူ အိမ်ငှားနေရာကနေတစ်နေ့မှာ အိမ်ပြောင်းပေးရဖို့ဖြစ်လာပါတော့တယ်...ကလေးတွေနဲ့မိန်းမအတွက် အိမ်ပိုင်တစ်လုံးဝယ်ပေးချင်တဲ့သူ့ရဲ့ဆန္ဒကို ဖြည့်ဖို့အတွက်"နပန်းထိုးပွဲ"လိုပြိုင်ပွဲကိုဝင်ပြိုင်ပြီး ဒေါ်လာ၁သိန်းရအောင်ကြိုးပမ်းဖို့လုပ်ပါတော့တယ်...တစ်ဖက်မှာလည်း မိန်းမဖြစ်သူက Angus ဆိုတဲ့လူအပေါ်အကြွေးအများကြီးတင်နေပါတယ်..ရေစက်ကပါလာတော့ သူယှဉ်ပြိုင်တိုက်ခိုက်ရမယ့်ပြိုင်ဘက်က သူ့မိန်းမအကြွေး‌တင်နေတဲ့ Angusဖြစ်လာတဲ့အခါမှာတော့.... File size…1.37GB / 610MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 41m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric
movie

Donnybrook (2018)

Collision (2013) 5.9
Collision (2013)  ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ရုပ်ရှင်လေးကတော့ နာမည်အတိုင်းပဲကားမတော်တဆမှုတစ်ခုကနေ အစပြုတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ ။စကော့ထ်နဲ့ တေလာတို့ ကြင်စဦးဇနီးမောင်နှံဟာမော်ရိုကို နိုင်ငံကို ဟန်းနီးမွန်းထွက်လာရင်း သဲကန္တာရထဲမှာကားမတော်တဆဖြစ်ခဲ့ပါတယ် ။ဒီလိုကနေ ကားမတော်တဆဖြစ်ပြီး ကန္တာရထဲမှာသောင်တင်နေခဲ့ရတာတော့ သူတို့လင်မယားနှစ်ယောက်တည်းမဟုတ်ပါဘူး ။ သူတို့ကားကို အသည်းအသန် ကပ်လိုက်လာတဲ့ထရားဗစ် ၊ မီးလောင်နေတဲ့ကားထဲက အော်ဒရေ ၊ပေတိပေစုတ်ပုံစံနဲ့ လူထူးဆန်း အိုမာ ၊ ဆိုင်ကယ်ပျက်ပြီးကန္တာရထဲမှာ သောင်တင်သွားရတယ်ဆိုတဲ့ ဆလာ တို့နဲ့အတူသူတို့လင်မယားဟာ ကန္တာရထဲက ထွက်ရဖို့ ကြိုးစားပါတော့တယ် ။ နောက်ကြောင်းမသိတာမို့ အချင်းချင်းမယုံကြတဲ့သူတို့တွေဟာ ဘယ်လို စခန်းသွားကြမလဲ ။ကန္တာရထဲကနေရော ဘယ်သူတွေက ထွက်သွားနိုင်ကြမှာလဲ ။သေချာတာတော့ အဲဒီလူငါးယောက်ရဲ့ နောက်ကွယ်မှာဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတာပါပဲ ။ ဒါ့အပြင် ဂွကျကျနဲ့ဆရာလုပ်တတ်တဲ့ လူထူးဆန်း အိုမာဆီမှာ စိန်ရိုင်းတုံးတွေလည်းရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ... အိုမာဟာ ဘယ်လိုလူလဲ ။စိန်တုံးတွေက ဘယ်သူ့ဆီရောက်သွားမလဲ ။ စကော့ထ်နဲ့တေလာတို့ လင်မယားကရော ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ...
movie

Collision (2013)

Lights Out (2024) 5.2
Lights Out (2024) Lights Out (2024)Boyka မင်းသား Scott Adkins နဲ့ MCU မှာ Crossbone အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Frank Grillo တို့လိုမျိုး ဝါရင့် အက်ရှင်မင်းသား ၂ ယောက် ပါဝင်ထားတဲ့ ၂၀၂၄ ခုနှစ် အသစ်ထွက်ရှိလာတဲ့ အက်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ကြိုတင်ပြီး ပြောချင်တာက ဒီဇာတ်ကားဟာ B အဆင့်ပဲ ရှိတဲ့ low budget အက်ရှင်ကားမျိုးပါ။ Budget အများကြီးသုံးထားတဲ့ A အဆင့် ရုပ်ရှင်လိုမျိုးတော့ မျှော်လင့်ပြီးမကြည့်ပါနဲ့ စိတ်ပျက်သွားပါမယ်။ ဒါပေမယ့် နာမည်ကြီးမင်းသားမင်းသမီးတွေသုံးပြီး ပေါတောနေတဲ့ ရုပ်ရှင်တွေထက်တော့ အပုံကြီးသာပါတယ်။ တချို့ အားမရစရာအပိုင်းတွေ ရှိပေမယ့် ဇာတ်လမ်းပိုင်းကတော့ မဆိုးပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ဒက်ဖ်ဟာ တာဝန်ကနေ အနားယူထားတဲ့ စစ်သားဟောင်းတစ်ယောက်ပါ။ သူဟာ လျှောက်ပြီးလေလွှင့်နေရင်း ကြုံတဲ့ဘားတွေမှာ လောင်းကစားလိုက်လုပ်ပြီး ခရီးစရိတ်ရှာနေခဲ့ပါတယ်။ သူ့မှာ မပြီးဆုံးသေးတဲ့ ကိစ္စလေး တစ်ခုအတွက် အယ်လ်အေမြို့ကို ပြန်လာခဲ့တာပါ။ ဘားတစ်ခုမှာ ဖဲရိုက်ရင်း ...
movie

Lights Out (2024)

2024
Lay the Favorite (2012) 4.8
Lay the Favorite (2012) Lay the Favorite (2012) ==================အရက်စားပွဲထိုး ဖြစ်ချင်နေတဲ့ အကသမား မိန်းကလေး ဘတ်က Las Vegas ကို ပြောင်းလာပြီးတဲ့နောက်မှာ ဒင့်ခ်ဆိုတဲ့ လောင်းကစားသမားတစ်ယောက်နဲ့ တွေ့ခဲ့ တယ်။ ဘတ်က ကိန်းဂဏန်းတွေလည်းတော်ပြီး ဉာဏ်ကောင်းတာမို့ အလုပ်ရှာနေ ရာက ဒင့်ခ်ရဲ့ လောင်းကစားဒိုင်မှာ အလုပ်ရသွားတယ်။ နောက်တော့ ဘတ်က သူ့ရဲ့ အလုပ်ရှင် ဒင့်ခ်ကိုပါ ကြွေလာတယ်။ ဒါပေမဲ့ ဒင့်ခ်မှာက ဘာအလုပ်မှမလုပ်ဘဲ သူ့ ယောကျ်ားပိုက်ဆံပဲ လိုက်ဖြုန်းနေတဲ့ ကျူးလစ်ဆိုတဲ့ မိန်းမရှိနေတယ်။နောက်တော့ ဘတ်က ဒင့်ခ်ကို ဆွဲဆောင်ပြီး ကျူးလစ်နဲ့သူနဲ့ကြား ရွေးချယ်ခိုင်းပါ တော့တယ်။ နောက်ပိုင်းမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ စိတ်ဝင်တစား ဆက်ကြည့်ရှုရမယ့် လောင်းကစား၊ အချစ်ဟာသဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက Beth Raymer ဆိုတဲ့ မိန်းကလေးရဲ့ တကယ့်ဖြစ်ရပ် မှန်ကို ရိုက်ကူးထားတာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.69 GB) / (679 ...
movie

Lay the Favorite (2012)

2012
King of Killers (2023) 6.0
King of Killers (2023)  ဂယ်ရန်လို့ခေါ်တဲ့ လူတစ်ယောက်ကကြေးစား လူသတ်သမားတစ်ယောက်ဖြစ်ပြီးသူ့ကိုသတ်ဖို့ တာဝန်ပေးတဲ့လူတွေကို လိုက်သတ်ပေးရတဲ့လူဖြစ်ပါတယ်။ပြီးတော့သူက အဲ့လိုလုပ်ကြံတဲ့နေရာမှာလဲ အရမ်းကိုထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်တစ်နေ့မှာတော့ သူအလုပ်လုပ်ဖို့သွားနေတုန်း သူ့မိန်းမက အဲ့ဒီကိုလိုက်လာခဲ့ပါတယ်။ ဒီလိုနဲ့သူ့မိန်းမ သေနတ်မှန်သွားပြီးတော့ သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီကနေစပြီး ဘဝကလဲပျောက်ဆုံးသွားပြီးတော့ ကျန်ရစ်သူဖြစ်တဲ့ သူ့သမီးကိုတောင်ဂရုမစိုက်ဖြစ်ခဲ့ပါဘူး။ဒါပေမဲ့ နောက်ပိုင်းမှာ သမီးဖြစ်သူက နှလုံးရောဂါဖြစ်ပြီးတော့ နှလုံးခွဲစိတ်အစားထိုးဖို့ဖြစ်လာပါတော့တယ်။ ဒါပေမယ့် သူ့မှာရှိတဲ့ပိုက်ဆံနဲ့ မလောက်မငှဖြစ်နေတဲ့အချိန်မှာ သူ့ကိုကမ်းလှမ်းထားတဲ့ ဒေါ်လာဆယ်သန်းတန်ပစ်မှတ်တစ်ခုကို လက်ခံလိုက်ရပါတော့တယ်။အဲ့ဒီပစ်မှတ်ကတော့ တခြားသူမဟုတ်ပါဘူးသူတို့ရဲ့ လုပ်ကြံရေးသမားလောကထဲမှာ အတော်ဆုံးဆိုတဲ့ လူသတ်သမားတွေရဲ့ဘုရင် ဒရေကိုဆိုတဲ့ လူကိုသတ်ဖို့ပါပဲ။ဒါပေမယ့် သူ့ကိုသတ်ဖို့က ပုံမှန်အလုပ်တွေလိုရိုးရှင်းမနေပဲနဲ့ တခြားလူတွေနဲ့ပြိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ အဲ့ထက် ပိုထူးဆန်းတာကဒရေကိုကိုသတ်ဖို့ သူတို့ကို ဒရေကိုကိုယ်တိုင်ကငှားထားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဂယ်ရန်နဲ့ တခြားလူသတ်သမားတွေ ဒရေကိုကို သတ်ဖို့ကြိုးစားပြီးတော့ နောက်ဆုံးမှာလူသတ်သမားတွေရဲ့ ဘုရင်ဆိုတဲ့ဂုဏ်ပုဒ်ကို သူတို့ထဲက တခြားလူတွေက ပိုင်ဆိုင်သွားမလား ဒရေကိုကပဲ ဆက်ထိန်းသိမ်းထားနိုင်မလားဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.24GB / 491MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Action , ...
movie

King of Killers (2023)