Channel Myanmar
François Cluzet
A Real Job (2024) 6.6
A Real Job (2024) A Real Job (2024)IMDb Rating (6.6) ဒီဇာတ်ကားလေးက ဒီနေ့ခေတ် ကျောင်းဆရာ၊ဆရာမတွေရဲ့ လူမှုဘဝမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်တွေ အခက်အခဲတွေကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာတော့ ဘန်ဂျမင်ဆိုတဲ့ Ph.D ဘွဲရထားတဲ့ကျောင်းသားလေးက ပိုက်ဆံအခက်အခဲဖြစ်နေတာကြောင့် အလယ်တန်းပြ ဆရာအသစ်အဖြစ်နဲ့ ကျောင်းတစ်ကျောင်းကို ရောက်လာခဲ့ပါတယ်။ဇာတ်လမ်းထဲမှာ ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေရဲ့ နေ့စဉ်ဘဝ၊ တိုးတက်မှုဆိုင်ရာ ကြိုးပမ်းမှုတွေနဲ့ ကိုယ့်တက်လမ်းကိုရှာနေတဲ့ ဆရာ၊ဆရာမတွေအကြောင်း အထူးအလေးပေးပြီးရိုက်ထားတာပါ။ဘန်ဂျမင်တစ်ယောက် ကျောင်းဆရာ ဖြစ်ရတာ ဘယ်လောက်ခက်ခဲကြောင်းနဲ့ ပြဿနာတွေကိုဘယ်လို ကိုင်တွယ်မလဲဆိုတာ သဘာဝကျလှတဲ့ သရုပ်ဆောင်မှုတွေနဲ့ အတည်းအဖြတ်မှန်တဲ့ နောက်ခံသီချင်းလေးတွေကြားမှာမျှောပါရင်း ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ KarmT ပဲဖြစ်ပါတယ်) File size… (1.7 GB) / (910 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:41:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by KarmT
movie
A Real Job (2024)
2024
A Monster in Paris (2011) 6.7
A Monster in Paris (2011) ဒီ animation လေးက ပြင်သစ်ကထွက်ရှိထားတဲ့ musical fantasy ဇာတ်ကားလေးဖြစ်ပြီးIMDb 6.7နဲ့ RT 86%အထိ ရထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အီမီနဲ့ ရာအူးလ်ဆိုတဲ့ သူငယ်ချင်းနှစ်‌‌ယောက်ကအိမ်အရောက် ပစ္စည်းလိုက်ပို့တဲ့ အလုပ်လုပ်ရင်း သိပ္ပံပညာရှင်ကြီးတစ်ဦး အိမ်ကိုအရောက်စပ်စုလိုစိတ်နဲ့ ပညာရှင်ကြီးတီထွင်ထားတဲ့ ပစ္စည်းတွေကို ဆတ်ဆော့ကြည့်မိရာမှ မတော်တဆမှုတစ်ခု ဖြစ်သွားပြီးအိမ်ထဲကသန်းတစ်ကောင်ကို ဧရာမသန်းကြီး တစ်ကောင်အဖြစ် ပြောင်းလဲပေးလိုက်မိပါတယ်။အဲဒီသန်း မကောင်းဆိုးဝါးကြီးက ထွက်ပြေးလွတ်မြောက်သွားပြီး ရာအူးလ်ရဲ့crushပြဇာတ်အဆိုတော်မလေးဆီ ရောက်သွား ခဲ့ပါတယ်။အဲဒီအဆိုတော်မလေးကို ပိုးပမ်းနေတဲ့ အစိုးရ ကော်မရှင်နာတစ်ဦးလည်း ရှိပြီးအဲဒီအရာရှိက ထောက်ခံမှု ကျဆင်းနေတဲ့ သူ့ရာထူးအတွက် မျက်နှာကောင်းရနိုင်မယ့် အခွင့်အရေးကို စောင့်နေခဲ့တာပါ။အဲဒါကြောင့် ပဲရစ်မြို့ထဲမှာ မကောင်းဆိုးဝါးရှိနေတယ်ဆိုတဲ့ ပြည်သူတွေရဲ့စကားကို အခွင့်ကောင်းယူအဲဒီသန်းကောင်ကြီးကို ရှင်းပစ်လိုက်ပြီး လူတွေဆီက မျက်နှာကောင်းရချင်နေတာပါ။ဒါပေမဲ့ အဲဒီ သန်းသတ္တဝါက ဘယ်သူ့ကိုမှ အန္တရာယ်မပြုမှန်း သိနေကြတဲ့အဆိုတော်မလေးနဲ့ အီမီ ရာအူးလ်တို့အဖွဲ့ကကော်မရှင်နာရဲ့ လက်ထဲကနေ သူ့ကိုကယ်တင်ဖို့ ကြိုးစားရပုံတွေကိုသီချင်းမြူးမြူးလေးတွေနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ File ...
movie
A Monster in Paris (2011)
2011
Scribe (2016)
Scribe (2016) ၂၀၁၆ခုနစ်ကထွက်ရှိခဲ့တဲ့ ပြင်သစ်-ဘယ်လ်ဂျီယံလျှို့ဝှက်သည်းဖိုဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ ကုမ္ပဏီကနေ ရုတ်တရက်အနားပေးခံလိုက်ရတဲ့ စာရင်းကိုင်ဒူဗယ်။ ဖေးမပေးမဲ့သူတစ်ယောက်မှမရှိဘဲ စိတ်ကျရောဂါခံစားနေရတာမို့ နလန်ထူဖို့ကြိုးစားရင်း အလုပ်ထပ်ရှာပါတယ်။ အလုပ်နားထားတာကြာတာရော အသက်ကြီးနေတာရောမို့ သင့်တော်တဲ့အလုပ်ရှာမတွေ့ခဲ့။တစ်ရက် ညအချိန်မတော်ကြီးမှာ အင်တာဗျူးလာဖြေဖို့ ဖုန်းဆက်လာပါတယ်။ အလုပ်လိုချင်နေတဲ့ ဒူဗယ်တစ်ယောက် အင်တာဗျူးသွားဖြေတဲ့အခါ သူလုပ်ရမှာက ဖုန်းပြောတာတွေကိုကြားဖြတ်အသံဖမ်းထားတဲ့ တိပ်ခွေတွေနားထောင်ပြီး လက်နှိပ်စက်နဲ့ စာပြန်ရိုက်ပေးရမှာ။ ရမဲ့ပမာဏကိုမက်ပြီးဝင်လုပ်ရာကနေ သူအကျွမ်းတဝင်မရှိတဲ့ နိုင်ငံရေးလောကနဲ့ အရှုပ်တော်ပုံကြီးတစ်ခုထဲကို ရောက်သွားတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်။)File size…(776 MB)/(503 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Action, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Pyae Phyo
movie
Scribe (2016)
French Kiss (1995) 6.6
French Kiss (1995) When Harry meets Sally, You've got mail, Sleepless in Seattle လိုမျိုး90s romantic movies တွေရဲ့ ပင်တိုင်စံ မင်းသမီးကြီး တစ်ယောက်ဖြစ်တဲ့Meg Ryan ရဲ့ romance ကားကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ကိတ်ဆိုတာက ဘ၀မှာ ဘာမှ မစွန့်စားရဲသာမန်ရိုးကျလိုပဲ နေတတ်လွန်းတဲ့သူပေါ့။သူ့ရဲ့ စေ့စပ်ထားသူဖြစ်တဲ့ ချာလီနဲ့ အတူတူ အိမ်လေးတစ်လုံး၀ယ် အခြေချဖို့ပဲ မျှော်လင့်ထားပြီးအချစ်မြို့တော် ပါရီမြို့ကို ချာလီနဲ့အတူတူလေယာဉ်စီးလိုက်ခဲ့ဖို့ကိုတောင် မဝံ့ရဲတဲ့သူ‌‌လေးပါ။ ဒီလိုမျိုးကိုမှ ပါရီကို ထွက်သွားတဲ့ ချာလီတစ်ယောက်ကပြင်သစ်သူ တစ်ယောက်နဲ့ ငြိပြီး လမ်းခွဲဖို့တွေပြောလာတဲ့အခါမှာတော့ ကိတ်တစ်ယောက်ဘာကိုမှမကြောက်နိုင်တော့ပဲ ချာလီ့ကိုရှာဖို့ ပြင်သစ်ကို ထွက်လာရပါတော့တယ်။ကိတ်ရဲ့ ပြင်သစ်တခွင် ချာလီ ရှာပုံတော်ခရီးမှာ ပါလာတဲ့သူကတော့"လု"လည်းမဟုတ် "လယု"လည်းမဟုတ်တဲ့ "လျုခ်" တက်ဆီယာဆိုတဲ့ပြင်သစ်သား သူခိုးတစ်ယောက်ပေါ့။ ကိတ်ကို အသုံးချပြီး ပြင်သစ်နိုင်ငံထဲ ပစ္စည်းခိုးသွင်းခဲ့တာကနေပဲသူမရဲ့ ရှာပုံတော်ခရီးကို လိုက်ကူညီပေးဖို့ ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ပဲ ...
movie
French Kiss (1995)
Masquerade (2022) 6.5
Masquerade (2022) Masquerade (2022) =============== IMDb Rating - 6.5/10The Untouchable ထဲကမင်းသားကြီး Francois Cluzet ပါဝင်ထားတဲ့ နောက်ထပ်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Mascarade ဆိုတဲ့အတိုင်း ဟန်ဆောင် မှုတွေပြည့်နေတဲ့ကားပေါ့။ အချစ်ကိုကိုးကွယ်မိသူတွေ ကိုယ် ကျင့်တရားဖောက်ဖျက်မှုတွေ၊ ကိုယ်ကျိုးပဲကြည့်သူတွေ အ ကြောင်းကို သိပ်လည်း ဒရာမာမချိုးဘဲ ဟာသလေးစွက်ပြီး ရိုက်ထားတာပါ။ ဒါပေမဲ့ အိပ်ရာပေါ်ကအခန်းတွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါဘူး။ဇာတ်လမ်းကတော့ ဒီလိုပါ။ အက်ဒရီယမ်က Dancer တစ်ယောက်။ ဆိုင်ကယ်တိုက်ခံရပြီး သူ့ဝါသနာ၊ သူ့အလုပ်၊ သူ့ချစ်သူကိုရော ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ဆေးချလိုက်အရက်သောက်လိုက်နဲ့ ဖြစ်သလိုနေပါတော့တယ်။ ဒါပေမဲ့ ဒီလိုနေဖို့က ငွေရှိမှရမှာကိုး။ အဲဒီမှာပဲ အက်ဒရီယမ်က အသက်ကြီးကြီးချမ်းသာတဲ့မိန်းမတွေကို ချူစားပါလေရော။ တစ်နေ့မှာတော့ သူ့လိုမျိုး ပိုင်းလုံးဖြစ်တဲ့ မိန်းမချောလေးမာဂေါ့နဲ့ ချစ်မိသွားကြပါတယ်။ ချစ်ကြပေမဲ့ တူနှစ်ကိုယ်တဲအိုပျက်မှာ မနေနိုင်တာကြောင့် နှစ်ယောက်သားက အလိမ်အညာပြဇာတ် ကြီးကို ကပြကြတဲ့အချိန်မှာ ဘယ်လိုဇာတ်သိမ်းသွားမလဲ။ ဟန်ဆောင်မျက်နှာဖုံးတွေရဲ့နောက်ကွယ်က အမှန်တရားတွေက ဘာဖြစ်မလဲ။ ခံစားချက်တွေကို ခုတုံးလုပ်အသုံးချတဲ့ သူတို့နှစ် ယောက်ကိုရော ဘယ်သူတွေက သစ္စာဖောက်မလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို EL မှ ရေးသားပေးပြီး ဘာသာပြန် ရေးသားပေးသူများကတော့ EL နဲ့ June တို့ ဖြစ်ပါတယ်)File ...
movie
Masquerade (2022)
2022
Kitchen Brigade (2022) 6.3
Kitchen Brigade (2022) Kitchen Brigade (2022)~ IMDb - 6.3/10, Rotten Tomatoes - 89% ~ဒီဇာတ်ကားရဲ့ တစ်ချို့အပိုင်းတွေဟာ ဖြစ်ရပ်မှန်တွေလို့ ပြောလို့ရပါတယ်။ ပင်မဇာတ်လမ်းကျောရိုးကြီးကို ပြောတာမဟုတ်ဘဲ ဥရောပနိုင်ငံတွေမှာ ခိုလှုံဖို့ကြိုးစားကြတဲ့ လူငယ်လေးတွေရဲ့ ရုန်းကန်မှုနဲ့ အခက်အခဲပေါ့။ လက်ရှိ ဥရောပမှာ မပြီးနိုင်မစီးနိုင် နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ ပြဿနာဟာ ခိုလှုံသူပြဿနာပါပဲ။ အချက်အပြုတ်ကို အကြောင်းကို ရှေ့မှာပြပြီး အဲဒီပြဿနာကို စိန်ခေါ်မီး‌မောင်းထိုးပြသွားတဲ့ ဒီကားလေးဟာတော့ ပြောရမယ်ဆိုရင် ပူပူနွေးနွေး ဟင်းကောင်းတစ်မယ်ပါပဲ။ကက်သီဟာ နာမည်ကြီး တီဗီမှာ လူသိများတဲ့ စာဖိုမှူးကြီးတစ်ယောက်ရဲ့ လက်ထောက်စာဖိုမှူးဖြစ်ပါတယ်။ ဒါပေမဲ့ ကားအစမှာပဲ ဟင်းမယ်ထဲထည့်မယ့် အမွှေးအကြိုင်ကိစ္စနဲ့ စကားများပြီး အလုပ်ထွက်လိုက်ရပါတယ်။ အလုပ်ကတော့ လွယ်လွယ်ပြန်ရှာမရခဲ့သလို နောက်ဆုံး ရလာပြန်တော့လည်း တစ်ပတ်ရိုက်ပြီး အခေါ်ခံရတဲ့ နေရာ ဖြစ်နေပါတယ်။ အဲဒီနေရာကတော့ ရွှေ့ပြောင်းလူငယ်လေးတွေကို ထားပေးတဲ့ အဆောင်တစ်ခုပဲ ...
movie
Kitchen Brigade (2022)
2022
Rose Island (2020) 6.9
Rose Island (2020) Rose Island (2020)================IMDb Rating - 6.9/10#UnicodeNetflix ကအသစ်ထွက်လာတဲ့ adventure/ comedy/ drama အမျိုးအစား အီတလီဇာတ်ကားလေးဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကို ရိုက်ကူးထားပြီး တော်တော်လေးကို ကြည့်လို့ကောင်းပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျော်ဂျီရို ရိုဆာက  အီတလီလူမျိုး အင်ဂျင်နီယာတစ်ယောက်ပေါ့...သူက အားအားရှိ ပစ္စည်းပေါင်းစုံ လျှောက်ထွင်ပြီးတစ်ချိန်လုံး အဖမ်းခံနေရတဲ့သူပါ...ဂတ်ဘရီအယ်လာက သူ့ရည်းစားဟောင်း ရှေ့နေမလေးပေါ့ တော်တယ် ထက်မြက်တယ်...ရိုဆာကို ချစ်ပေမယ့် လက်တွေ့ဆန်တဲ့ ဂတ်ဘီက ရိုဆာနဲ့တွဲရတာ စွန့်စားလွန်းရာကျတယ်ဆိုပြီး ပြတ်ခဲ့ကြတာပေါ့။တစ်ရက် သူတို့ပြန်ဆုံပြီး ကမောက်ကမတွေဖြစ်ကုန်တော့ ဂတ်ဘီက စိတ်ဆိုးပြီး ရိုဆာ့ကိုပြောတယ် သီးသန့်ကိုယ်ပိုင်ကမ္ဘာဆိုတာ မရှိကြောင်း လိုက်လျောညီထွေနေတတ်ဖို့လိုကြောင်းတွေပေါ့။ အဲဒီမှာ ရိုဆာက လက်မခံပဲ သီးသန့်ကိုယ်ပိုင်ကမ္ဘာ ဖန်တီးပြမယ်ဆိုပြီး သူငယ်ချင်းဖြစ်သူ မော်ရီဇီရိုနဲ့အီတလီရေပိုင်နက်အပြင်မှာ နှင်းဆီကျွန်းလို့ အမည်ရတဲ့လူလုပ်ကျွန်းတစ်ခု ဆောက်ပြီး လွတ်လပ်တဲ့ပြည်ထောင်စုအဖြစ်ကြေငြာပစ်လိုက်တော့တယ်။ အဲဒီကျွန်းကို အီတလီအစိုးရက မျက်စိစပါးမွှေးစူးလာချိန်မှာတော့... ဘာတွေဆက်ဖြစ်မှာလဲဆိုတာ ဆက်လက်ရှုစားကြပါနော်...ဒီဇာတ်လမ်းလေးမှာ တီထွင်မှုတွေ . ...
movie
Rose Island (2020)
2020
The Intouchables (2011) 8.5
The Intouchables (2011) (Unicode)မင်းသားကြီးမော်ဂန်ဖရီးမန်းပါဝင်ထားတဲ့ ‘Driving Miss Daisy’ ဇာတ်ကားရဲ့ Spin off အဖြစ်ထွက်ရှိထားတဲ့ပြင်သစ်ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ မီလံနာသူဌေးကြီးဖီးလစ်ဟာ လေထီးခုန်ရင်း မတော်မဆဖြစ်ပြီး ကျောရိုးမကြီးထိသွားတာကြောင့် သူ့လက်ကျန်တစ်ဘဝလုံးကို ဝှီးချဲပေါ်မှာပဲကုန်ဆုံးရတော့မှာပါ..ဒရစ်ကတော့ လူမည်း ထောင်ထွက်လူမိုက် များပြားလှတဲ့မောင်နှမတစ်စုနဲ့ မိခင်တို့အတွက် ဝမ်းစာကို အစိုးရထောက်ပံ့ငွေနဲ့ပဲဖြေရှင်းရုန်းကန်နေရသူ...တစ်နေ့ ဖီးလစ်ရဲ့လူနာစောင့်အလုပ်ခေါ်တဲ့နေရာကို ဒရစ်တစ်ယောက် ယောင်ချာချာနဲ့ရောက်လာပြီးနောက်မှာတော့...သံဃောဇဉ်ဆိုတာ ဆွေရယ်မျိုးရယ်မှမဟုတ်ပဲနဲ့ လူတစ်ဦးနဲ့တစ်ဦး စိတ်ရင်းနဲ့ဆက်ဆံတဲ့အခါ သူ့အလိုလိုပေါက်ဖွားလာတာမျိုးပါ...နူးညံ့လှပတဲ့ဘာသာစကားနဲ့အတူ တကယ့်ကိုရင်ထဲထိတဲ့ဇာတ်ကားလေးမို့ကြည့်ရှုလိုက်ပါလို့တိုက်တွန်းရင်း... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Myat Thu ပဲဖြစ်ပါတယ်…… (Zawgyi)မင်းသားကြီးမော်ဂန်ဖရီးမန်းပါဝင်ထားတဲ့ ‘Driving Miss Daisy’ ဇာတ်ကားရဲ့ Spin off အဖြစ်ထွက်ရှိထားတဲ့ပြင်သစ်ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ မီလံနာသူဌေးကြီးဖီးလစ်ဟာ လေထီးခုန်ရင်း မတော်မဆဖြစ်ပြီး ကျောရိုးမကြီးထိသွားတာကြောင့် သူ့လက်ကျန်တစ်ဘဝလုံးကို ဝှီးချဲပေါ်မှာပဲကုန်ဆုံးရတော့မှာပါ..ဒရစ်ကတော့ လူမည်း ထောင်ထွက်လူမိုက် များပြားလှတဲ့မောင်နှမတစ်စုနဲ့ မိခင်တို့အတွက် ဝမ်းစာကို အစိုးရထောက်ပံ့ငွေနဲ့ပဲဖြေရှင်းရုန်းကန်နေရသူ...တစ်နေ့ ဖီးလစ်ရဲ့လူနာစောင့်အလုပ်ခေါ်တဲ့နေရာကို ဒရစ်တစ်ယောက် ယောင်ချာချာနဲ့ရောက်လာပြီးနောက်မှာတော့...သံဃောဇဉ်ဆိုတာ ...
movie
The Intouchables (2011)
2011
One Wild Moment (2015) 6.3
movie
One Wild Moment (2015)
2015