Channel Myanmar

Forrest Bothwell

Sunrise (2024) 5.5
Sunrise (2024)  ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့Horror / Thriller  အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်..ဒီဇာတ်ကားလေးမှာဆိုရင် ရွှေ့ပြောင်းအခြေချသူတွေရဲ့ခွဲခြားဆက်ဆံခံရတဲ့ အခြေအနေကို မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာကြတဲ့ ယုံတမ်းပုံပြင်တစ်ပုဒ်နဲ့ ရောစပ်တင်ပြထားတာပဲဖြစ်ပါတယ်..ပစိဖိတ်အနောက်မြောက်ပိုင်းဒေသတစ်ခုက တောအုပ်တစ်မှာကုတ်နီကြီး (The Red Coat) အမည်ရ နတ်ဆိုးကြီးတစ်ကောင်ဟာဒေသခံတို့ရဲ့ စိတ်နှလုံးအတွင်းနှင့် ပါးစပ်ဖျားမှာ နေရာယူထားသူဖြစ်ပါတယ်.. ယုံတမ်းစကားယောင်ယောင် တကယ့်အစစ်အမှန်ယောင်ယောင်နဲ့ မျိုးဆက်ပေါင်းများစွာ ယုံကြည်လာခဲ့တဲ့ ဒီနတ်ဆိုးကြီးအကြောင်းဟာ ပစိဖိတ်အနောက်မြောက်ပိုင်း သစ်တောအတွင်းရက်ရက်စက်စက်သတ်ဖြတ်ခံရတဲ့ တိရိစ္ဆာန်လေးတွေအရေးဖြစ်ပေါ်လာချိန်မှာတော့ ကုတ်နီကြီးအကြောင်းဟာ ပိုပြီးကျယ်ကျယ်လောင်လောင်ဖြစ်လာခဲ့ပါတယ်..ထိုကာလမတိုင်မီမှာပဲ ကိုယ်ပိုင်တရားဝင်မြေနေရာမှာ ရိုးရိုးကုပ်ကုပ်လယ်မြေလုပ်ကိုင်ရင်း အခြေချနေထိုင်သူ တရုတ်မိသားစုဟာ၎င်းတို့အားမလိုလားသူ ဒေသခံအမျိုးသားရေးဝါဒီတစ်ယောက်ရဲ့ထွက်ခွာသွားရန် အတင်းအကြပ်ဖိအားပေးမှုနဲ့ ကြုံကြိုက်နေခဲ့ရပါတယ်အိမ်ထောင်ဦးစီးဖြစ်သူကို မြေရောင်းချပေးရန် အတင်းအကျပ်စေခိုင်းရင်း ငြင်းဆန်သဖြင့် စိတ်မထိန်းနိုင်ဖြစ်သွားတဲ့ လက်ယာစွန်းအမျိုးသားရေးဝါဒီဟာ စိတ်လိုလက်ရပဲ သတ်ဖြတ်အလောင်းဖျောက်လိုက်ပါတော့တယ်..သို့သော်လည်း ဒေသတွင်းတရားဥပဒေဟာ လူရယ်စရာသက်သက်ဖြစ်နေတဲ့အတွက် လူသတ်မှုဟာ အမှန်အတိုင်းထွက်ပေါ်မလာဘဲမိသားစုကိုစွန့်ခွာထွက်ပြေးသွားတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်အဖြစ်သာ ပုံဖျက်ခံခဲ့ရပါတယ် ကျန်ရှိနေခဲ့သူ ဇနီးရဲ့ မိသားစုကိုပါထပ်မံဖိအားပေးဖို့အတွက် ရှို့မီးတစ်ခုဖန်တီးနေစဉ်မှာပဲ မအောင်မြင်လိုက်ဘဲရှိရာ ထိုအခိုက်မှာပဲ တရုတ်မိသားစုပိုင်ခြံဝန်းထဲသို့ ဒဏ်ရာဒဏ်ချက်တွေနဲ့ လူစိမ်းတစ်ယောက်ရောက်ရှိလာပြီး ကုတ်နီကြီးဖြစ်ကြောင်းသိရှိသွားချိန်မှာတော့…ဒီရုပ်ရှင်ကားလေးဟာဆိုရင် ဒေသအလိုက်ဖြစ်တည်နေတဲ့ ...
movie

Sunrise (2024)

Mothering Sunday (2021) 6,0
Mothering Sunday (2021)        ဗြိတိန် အချစ် ဒရာမာ ကားကောင်းလေးတစ်ခုလောက် ကြည့်လိုက်ရအောင်။ Graham Swift ရဲ့ နာမည်ကျော် ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ရုပ်ရှင်နာမည် Mothering Sunday ဆိုတဲ့အဓိပ္ပါယ်ကတော့ အိမ်အကူတွေ ဝန်ထမ်းတွေကို အားရက်ပေးပြီး မိဘ၊ မိသားစုနဲ့ ပြန်လည်တွေ့ဆုံခွင့်ပေးတဲ့နေ့ပါပဲ။ဂျိန်းဆိုတဲ့ အိမ်အကူမိန်းကလေးနဲ့ ပေါလ်ဆိုတဲ့ လူချမ်းသာအသိုင်းအဝိုင်းက လူငယ်တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းရယ် ဂျိန်းရဲ့ အိမ်ထောင်ဘက်ဖြစ်လာတဲ့ ဒေါ်နယ်နဲ့ အချစ်ဇာတ်လမ်းတွေရယ်ကို အခြေပြုပြီး ပြသထားတာပါပဲ။ ဘာတွေဖြစ်လာမလဲတော့ ဆက်ကြည့်လိုက်ပါဦး။ အိပ်ရာခန်းတွေ တုံးလုံးအခန်းအချို့ကိုအနုပညာအသားပေး ရိုက်ကူးထားတာတွေပါဝင်လို့ မိသားစုနဲ့ကြည့်လို့တော့ မသင့်တော်ပါဘူး။ File size…(2.2GB)/(1.08gb)/(518 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama /  Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chevy
movie

Mothering Sunday (2021)